မိုးစပါးဆန်(ဆန်ဟောင်း)လက်ကျန်နည်းလာသဖြင့် အောက်တိုဘာလတွင် ဈေးတက်နိုင်ဖွယ်ရှိ

ရွှေမန်း

ယခုလတွင် Export တင်ပို့သည့် ဆန်/ဆန်ကွဲ အကျဘက်ရှိနေပြီးဈေးကွက်အေးနေချိန်တွင် မိုးစပါးလက်ကျန် မှာ ပြည်တွင်းစားသုံးမှု ဆန်ဟောင်းဝယ်လိုအားဖြည့်ဆည်းပေးနိုင်ရန် ယခင်နှစ် ကာလတူနှိုင်းယှဉ်ပါက လက် ကျန် နည်းပါးနေသဖြင့် လာမည့်အောက်တိုဘာတွင် ဈေးတက်နိုင်ဖွယ်ရှိ ကြောင်း ဆန်ကုန်သည်များထံ က သိရသည်။
“၂၀၂၁ ၊မိုးစပါးသုခဆန်က ပြည်တွင်းမှာ စားသုံးမှုအများဆုံးဖြစ်ပြီး အရောင်းအ၀ယ် ဖြစ်နေတယ်။ Export ဆန်ဈေးအကျဘက်ရှိပေမယ့် ပြည်တွင်းစားသုံးတဲ့ ဆန်ဈေးမကျနိုင်ဘူး။လက်ရှိမှာ မိုးစပါး လက်ကျန်က ကာလ တူနှိုင်းယှဉ်ရင် အများကြီးလျော့နေလို့ပါ။ညောင်လေးပင်မှာ မိုးစပါးသုခက တင်းတစ်ရာကို လက်လီ ဈေးကျပ်တစ်သောင်း ပြန်တက်တယ်” ဟု ဆန်ကုန်သည် ဦးကြိုင် ကပြောသည်။

ပြီးခဲ့သည့် လများက မိုးစပါး လုံးတီးဆန်များ အရောင်းအ၀ယ်သွက်ခဲ့ရာက လက်ကျန်ပစ္စည်းနည်းသွားချိန်တွင် စားသုံးသူဝယ်လိုအားကြောင့် ဈေးမြင့်တက်လာဖွယ်ရှိ ကြောင်း၊ မကြာမီ ၂၀၂၂ ခုနှစ် မိုးစပါးဆန်အသစ်များ ထွက် ရှိတော့မည်ဖြစ်သော်လည်း ၂၀၂၁ ခုနှစ်က မိုးစပါးဆန်(ဆန်ဟောင်း)ကိုသာ စားသုံးမှုများပြားကြောင်း သိရသည်။
“ပြောင်းဈေးတွေ မြင့်လာတော့ တိရိစ္ဆာန်အစာစပ် ကုမ္ပဏီတွေက ဈေးသက်သာတဲ့ ဆန်လုံးတီးတွေကို အများ အပြားဝယ်သုံးကြလို့ အ၀ယ်လိုက်လာတော့ မိုးစပါးလှောင်လက်တွေက စောစောစီးစီး ကြိတ်ခွဲ ရောင်းကြရာက ၂၀၂၁ ၊မိုးစပါးလက်ကျန် အတော်နည်းသွားပြီ”ဟု ဆက်လက်ပြောကြားသည်။
ပြည်တွင်းဆန်ဈေးကြမ်းကွက်၌ ၁၀၈ ပေါင်တစ်အိတ်လျင် ရွှေဘိုပေါဆန်း(ဟောင်း) ၆၅၀၀၀ ကျပ်ဝန်းကျင်၊ ပုသိမ်ပေါ်ဆန်း ၅၀၀၀၀ ကျပ်ဝန်းကျင်၊ငစိန်ဆန် ၃၂၀၀၀ ကျပ်ဝန်းကျင်၊မြီးတုန်းဆန် ၄၀၀၀၀ ကျပ်ဝန်းကျင်၊ ဧည့်မထဆန် ၃၂၀၀ ကျပ်ဝန်းကျင်၊ရွှေဘိုမနော်(ဟောင်း) ၄၂၀၀၀ ကျပ်ဝန်းကျင်၊ဧရာမင်း(ဟောင်း) ၆၁၀၀၀ ကျပ်ဝန်းကျင်၊အရှေ့တောမဂျမ်း(ဟောင်း) ၆၆၀၀၀ ကျပ်ဝန်းကျင်၊ ပေါက်ဈေးရှိကြောင်းသိရသည်။
ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုမြင့်တက်လာခြင်း၊တရုတ်ပြည်တွင် ပိုးကျသဖြင့်အထွက်နုန်း ၁၀ ရာခိုင်နိုင်းကျ ဆင်းခြင်း၊ဖိလစ်ပိုင်တွင် ပြည်ပမှ ဆန်ဝယ်ယူမှု မြင့်လာခြင်း၊စိုက်ပျိုးထုတ်လုပ်မှုစရိတ် မြင့်လာခြင်းတို့သည် ကမ္ဘာ့ဆန်ဈေးကွက်အတက်ဘက် ရောက်လာကာ ပြီးခဲ့သည့်တနင်္လာနေ့က ဆန်မက်ထရစ်တစ်တန်လျင် အမေရိကန်ဒေါ်လာ ၃၂၉ ဒသမ ၈ ဒေါ်လာပေါက် ဈေးရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published.