7389

ပြည်တွင်းသုံး ကုလားပဲ အနည်းငယ်ဈေးမြင့်တက်လာပြီး ပဲစင်းငုံမှာ ဈေးကျဆင်းနေ

ရွှေမန်း

ပြည်တွင်းသုံးကုလားပဲအုပ်စု ဈေးပြန်မြင့်တက်လာပြီး ပို့ကုန် ပဲစင်းငုံဈေးကျဆင်းနေကြောင်း ပဲကုန်သည်များထံက သိရသည်။

ပို့ကုန်ပဲများဈေးကျဆင်းရာ ကနေ အနည်းငယ်သာဈေးပြန် တက်လာသလို ပြည်တွင်းသုံး ကုလားပဲအုပ်စုနှင့် မြေပဲဆန် ဈေးတက် အရောင်းအဝယ်သွက် နေခြင်းဖြစ်သည်။

ဈေးကွက်အတွင်း အသစ်ဝင် ပဲများ ဝင်ရောက်လာမှုကြောင့် ဈေး ကျဆင်းမှုများရှိနေပြီး လက်ရှိ ပေါက်ဈေးများမှာ လှောင်လက် သမားများအကြိုက် အဝယ် ကောင်းနေကြောင်း၊ တရုတ်လိုင်း လမ်းကြောင်း ပြန်ကောင်းလာ တာကြောင့် ပဲကြီး၊ ပဲထောပတ်၊ မြေပဲလုံးဆန်တို့သာ ဈေးကောင်း နေခြင်းဖြစ်ကြောင်း ရွှေစင်သိန်း ပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြော သည်။

“ ဈေးကျဆင်းနေတဲ့ ကုလား ပဲအုပ်စု ဈေးပြန်တက်လာပါတယ်။ ကုလားပဲအသစ်တွေကလည်း အဝင်များလာပေမယ့် ဈေးမကျဘဲ ခပ်မာမာရှိနေပါတယ်။ ကုလားပဲ ကို လှောင်လက်သမားတွေ အဝယ် ကောင်းနေသလို တရုတ်အဝယ် လိုင်းကို ထွက်နေပါတယ်။ ပို့ကုန် ပဲစင်းငုံကတော့ သီတင်းပတ်လုံး ဈေးကျဆင်းနေတာကနေ ပြန် တက်လာပါတယ်။ ပဲမာလိုင်းထဲ က မြေထောက်ပဲ၊ ပဲနီပြာ၊ ပဲကြီး၊ ထောပတ်ပဲတွေ ထူးထူးခြားခြား ဈေးကျဆင်းနေလို့ လှောင်လက် သမားအကြိုက်ဈေးတွေ ဖြစ်နေ ပါတယ်။ အသစ်ဝင် ပဲမာလိုင်း ဈေးကျဆင်းနေသော်လည်း အဝင် ရှိသလောက် အဝယ်ရှိနေပါတယ်။ မြေပဲဆန်တွေကတော့ တရုတ် လိုင်း အဝယ်ပြန်ကောင်းလို့ ဈေးကောင်းနေပါတယ်။ နှမ်းမျိုးစုံ ဈေးကွက်ကတော့ ပုံမှန်သာ အရောင်းအဝယ်ရှိပါတယ်´´ ဟု ၎င်းက ပြောသည်။

မတ် ၁၄ ရက်တွင် ပို့ကုန်ပဲ များ ဈေးပြန်မြင့်တက်လာရာ  မတ်ပဲတစ်အိတ်လျှင်  ငွေကျပ် ၂၈၀၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင်  ငွေကျပ် ၃၆၆၀၀၀ ပေါက်ဈေး ဖြစ်လာသည်။ ပဲတီစိမ်းအညာ တစ်အိတ်လျှင် ငွေကျပ် ၁၆၀၀၀၀ ပေါက်ဈေးဖြင့် ဈေးမြင့်တက်လာ သည်။      

 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ အနည်းငယ်ဈေးကျဆင်း နေရာက ပြန်တက်လာရာ  မတ် ၁၄ ရက်တွင် ကုလားပဲ V2 တစ် အိတ်လျှင် ငွေကျပ် ၂၅၇၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၅၈၀၀၀၊  ထိုင်ဝမ် ကုလားပဲတစ်အိတ်လျှင် ငွေကျပ် ၂၄၈၀၀၀၊ ၉၂၉ ကုလားပဲတစ်အိတ် လျှင် ငွေကျပ် ၂၅၂၀၀၀ ပေါက် ဈေးဖြစ်လာသည်။
ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ အသစ်ဝင်ရောက်မှုများလာတာ ကြောင့်လည်း ဈေးကျဆင်းနေရာ  ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀၊ ပဲထောပတ်တစ်အိတ် လျှင် ငွေကျပ် ၄၁၀၀၀၀၊ မြေ ထောက်ပဲတစ်အိတ်လျှင် ငွေကျပ် ၃၃၀၀၀၀၊ ကျွန်းစားတော်ပဲတစ် အိတ်လျှင် ငွေကျပ် ၂၈၅၀၀၀၊ ကနေဒါစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၄၅၀၀၀ ပေါက် ဈေးရှိ ပြီး တရုတ်လိုင်းအဝယ်ရှိလာတာ ကြောင့် မြေပဲအနီလုံးဆန်(မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၈၁၀၀-၈၃၀၀ ဈေးကျဆင်းနေသည်။

မတ် ၁၄ ရက်တွင် နှမ်းမျိုးစုံ အနည်းငယ် ဈေးမြင့်တက်လာရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၄၁၀၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ နှမ်းဝါတစ်အိတ်လျှင် ငွေကျပ် ၃၂၅၀၀၀၊ နှမ်းနက်စမုန် တစ်အိတ်လျှင် ငွေကျပ် ၄၁၀၀၀၀ အသီးသီးပေါက်ဈေးရှိလာကြောင်း သိရသည်။

Leave a Reply

Your email address will not be published.