7958

ပြည်တွင်း သကြားဈေး မြင့်တက်လာတာနှင့်အတူ ကြံတစ်တန်ဈေး တိုးမြှင့်ပေးသွားမည်

ရွှေမန်း

ပြည်တွင်းသကြားဈေး မြင့် တက်လာတာနှင့်အတူ ကြံစိုက် တောင်သူများအား ကြံတစ်တန် ငွေကျပ် ၂၀၀၀၀ ခန့် တိုးမြှင့်ပေး သွားမည်ဖြစ်သည်။

မတ်လကုန်ပိုင်းက ပြည်တွင်း သကြားဈေးမှာ တစ်ပိဿာလျှင် ငွေကျပ် ၄၁၇၀ သာ ပေါက်ဈေး ရှိခဲ့သော်လည်း ဧပြီ ၂၀ ရက် တွင် သကြားတစ်ပိဿာလျှင်  ငွေကျပ် ၄၅၀၀ ထိ ပေါက်ဈေး ဖြစ်လာသည်။

ကြံရာသီအစတွင် တောင် သူများအား ကြံတစ်တန်လျှင် ငွေ ကျပ် ၁၃၀၀၀၀ သာ ဈေးဖြတ် ထားရာ ယခု ကြံရာသီမသိမ်းမီ ပြည်တွင်းသကြားဈေးမြင့်တက် လာတာကြောင့် တောင်သူများအား ကြံတစ်တန်လျှင် ငွေကျပ် ၁၅၀၀၀၀ခန့် တိုးမြှင့်ပေးစေချင် ကြောင်း ကြံစိုက်တောင်သူများ ထံက သိရသည်။

“ ကြံရာသီအစမှာ ကြံတစ်တန် ငွေကျပ် ၁၃၀၀၀၀ ပဲ ပေးထား တာပါ။ အခု ပြည်တွင်းသကြား ဈေးက မြင့်တက်လာတော့ ကြံ တစ်တန်ဈေးကိုလည်း တိုးမြှင့်ပေး စေချင်ပါတယ်။ တောင်သူများ အနေနဲ့ စက်သုံးဆီ၊ ကြံခုတ်ခနှင့် အခြားသွင်းအားစုများ ဈေးတွေက မြင့်တက်နေတော့ တောင်သူတွေ အနေနဲ့ စိုက်ပျိုးစရိတ် ပိုမိုကုန်ကျ ထားပါတယ်။ လက်ရှိမှာ သကြား စက်ကြီးတွေကလည်း ကြံစိုက် ဧကရဲ့ ၅၅ ရာခိုင်နှုန်းလောက်သာ ကြိတ်ဝါးနိုင်သေးတယ်၊ လာမယ့်   မေလကုန်အထိ မိုးရွာသွန်းမှု  မရှိဘဲ ကြိတ်ဝါးနိုင်မှသာ ကြံစိုက် ဧကများ အကုန် ကြိတ်ဝါးနိုင်မှာ ဖြစ်ပါတယ်´´ ဟု မောင်းကုန်း ဒေသ ကြံစိုက်တောင်သူတစ်ဦးက ပြောသည်။

ယခုနှစ်တွင် သကြားစက်ရုံ ကြီးများမှ ကြံရာသီကုန်သည်အထိ   ကြိတ်ဝါးပြီးသွားပါက တစ်နိုင်ငံ လုံးအနေဖြင့် သကြားတန်ချိန် ၅ သိန်းခန့်ထွက်ရှိလာမည်ဖြစ်ကြောင်း  ယခင်နှစ်ထက် ကြံတန်ချိန် တစ် သိန်းခန့် ပိုမိုထုတ်လုပ်နိုင်ပြီး နိုင်ငံ ခြားသို့လည်း တင်ပို့လျက်ရှိသည်။

ယခုနှစ် ပြည်တွင်း သကြား သုံးစွဲမှု မြင့်မားလာတာနှင့်အတူ   ပြည်ပတင်ပို့မှုများ ရှိနေတာကြောင့် ပြည်တွင်းသကြားဈေးက ကမ္ဘာ့ သကြားဈေးထက် မြင့်တက်နေ ခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့သကြား ဈေးကျဆင်းမှုရှိနေသော်လည်း နိုင်ငံခြားငွေလဲနှုန်း မြင့်မားနေ တာကြောင့် ပြည်တွင်းသကြား ဈေးမှာ ယခုလို မြင့်တက်လာခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြံနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးဝင်းဌေး က ပြောသည်။

မြန်မာတစ်နိုင်ငံလုံးအနေဖြင့်  ယခုနှစ် ကြံရာသီအပြီးတွင် သကြားတန်ချိန် ၅ သိန်းကျော် ထွက်ရှိနိုင်ပြီး ပြည်တွင်းသုံးစွဲမှု မှာလည်း တန်ချိန် ၄ သိန်းခန့် ရှိပြီး ပြည်ပသို့ တန်ချိန် ၁ သိန်း ဝန်းကျင်ခန့်တင်ပို့လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.