Month: <span>May 2023</span>

Post
ပြည်တွင်းသုံး ကုလားပဲအုပ်စု လက်ကျန်နည်းလာတာကြောင့် အမြင့်ဈေးတန်းဖြစ်လာ

ပြည်တွင်းသုံး ကုလားပဲအုပ်စု လက်ကျန်နည်းလာတာကြောင့် အမြင့်ဈေးတန်းဖြစ်လာ

ရွှေမန်း ပြည်တွင်းသုံး ကုလားပဲ အုပ်စုလက်ကျန်နည်းလာတာကြောင့် အမြင့်ဈေးတန်းဖြစ်လာကြောင်း ပဲနှမ်းကုန်သည်များထံက သိရ သည်။ ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေးဆက်လက်မြင့်တက်နိုင်ခြင်း မရှိသော်လည်း ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ မေလဆန်းပိုင်း ထက် ဈေးမြင့်တက်လာရာ ကု လားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၄၀၀၀၀ နီးပါးထိဈေးမြင့်တက် လာကြောင်း ပို့ကုန်မတ်ပဲဈေးမှာ အနည်းငယ်ပြန်လည်အေးသွားပြီး တစ်အိတ်လျှင် ငွေကျပ်၂၂၀၀၀၀ ခန့်ဖြင့် ဈေးတည်ငြိမ်နေသည်။ မိုခါမုန်တိုင်းကြောင့် နှမ်းစိုက်ခင်း အချို့ ပျက်စီးမှုရှိတာကြောင့် နှမ်း မျိုးစုံဈေးကွက် ပြန်လည်မြင့်တက် လာရာ နှမ်းသုံးတင်းဝင် တစ် အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ အထက် ပြန်လည်ရောက်ရှိလာ ကြောင်း မြေပဲအနီလုံးဆန်မှာ တစ်ပိဿာလျှင် ငွေကျပ် ၈၀၀၀၊ ၈၅၀၀ခန့်ဖြင့် ဈေးတည်ငြိမ်နေ ကြောင်း ဦးကျော်သွင်(ရွှေစင်...

Post
တရုတ်ဈေးကွက်တွင် ပြည်တွင်းမှ တင်ပို့သည့် သရက်သီးများ တင်ပို့မှုများနေတာကြောင့်စျေးကျဆင်းနေ

တရုတ်ဈေးကွက်တွင် ပြည်တွင်းမှ တင်ပို့သည့် သရက်သီးများ တင်ပို့မှုများနေတာကြောင့်စျေးကျဆင်းနေ

ရွှေမန်း ပြည်တွင်းမှ တရုတ်ဘက်သို့ ယခုရက်ပိုင်းတင်ပို့သည့် စိန်တလုံး၊ ရွှေဟင်္သာသရက်သီးများမှာ ဝမ်တိန်သစ်သီးအရောင်းကွင်း ဈေးကွက်သို့ ဝင်ရောက်မှုများပြား သောကြောင့် ဈေးထက်ဝက်ခန့် ကျဆင်းကြောင်း မူဆယ်(၁၀၅)မိုင် သစ်သီးပွဲရုံများမှ သိရသည်။ ဈေးကွက်တွင် ရောင်းလိုအား ဝယ်လိုအားသဘောတရားအရ ဝယ်လိုအားနည်းပါးနေပြီး အရည် အသွေးပိုင်းအားနည်းမှုများရှိခြင်း ကြောင့် ယခုကဲ့သို့ ဈေးကျဆင်း ခြင်းဖြစ်သည်ဟု ဆိုသည်။ “ Green Channel လမ်း ကြောင်း ပွင့်သွားတော့ အသီးအဝင် များလာတာရယ်၊ အရည်အသွေး၊ အရွယ်အစား၊ အရောင်အသွေးနဲ့ လတ်ဆတ်မှုနည်းတာလည်းပါ တယ်။ရွှေဟင်္သာသရက်သီး အသေးစားတွေက စရိတ်တောင် ပြန်မရကြဘူး။အသီးတင်မယ်ဆို ရင်ပွဲရုံတွေနဲ့ ချိတ်ဆက်စုံစမ်းပြီး မှတင်ကြဖို့ပါ}ဟု မူဆယ် (၁၀၅) မိုင်မှ သစ်သီးပွဲရုံတစ်ခုက ပြော သည်။စိန်တလုံးသရက်သီးမှာ ပုံမှန် အရည်အသွေးအထက်ဆိုပါက တရုတ်ယွမ်ငွေ ၈၀မှ...

Post
သကြားပေါက်ဈေးအရ ကြံတောင်သူများထံမှ ကြံတစ်တန်လျင် ငွေကျပ် တစ်သိန်းအထက် တောင်သူများရလို

သကြားပေါက်ဈေးအရ ကြံတောင်သူများထံမှ ကြံတစ်တန်လျင် ငွေကျပ် တစ်သိန်းအထက် တောင်သူများရလို

ရွှေမန်း ၂၀၂၂-၂၀၂၃ ခုနှစ်ကြံရာသီတွင် သကြားပေါက်ဈေးမှာ တစ်ပိဿာလျင် ငွေကျပ် ၃၀၀၀ ဝန်းကျင်ပေါက်ဈေး ရောက်ရှိသည့်အတွက် ယင်းဈေးကွက်အပေါ်မူတည်၍ စက်ရုံများမှ ကြံတစ်တန်လျင် ငွေကျပ် တစ်သိန်း အထက်ဈေးဖွင့် ဝယ်ယူသင့်ကြောင်း ကြံတောင်သူအချို့ထံက ပြောသည်။ သကြားတစ်ပိဿာ ငွေကျပ် ၂၀၀၀ ဝန်းကျင်ပေါက်ဈေးတွင် ကြံတစ်တန်လျင် ငွေကျပ် ၅၀၀၀၀ ဝန်းကျင် ဈေးဖွင့် ဝယ်ယူခဲ့ကြပြီးနောက် ၂၀၂၁-၂၀၂၂ တွင် သကြားဈေးမြင့်လာချိန် ကြံတစ်တန်လျင် ငွေကျပ် ၉၀၀၀၀ နှင့်အထက်ဝယ်ယူပေးခဲ့သည်ဟုဆိုသည်။ “စက်ရုံတွေက သကြားပေါက်ဈေးအပေါ်ကြည့်ပြီး ကြံဝယ်ဈေးသတ်မှတ်တယ်။ခုလိုတစ်ပိဿာ ၃၀၀၀-ဝန်း ကျင်ဈေးမှာ ကြံတစ်တန်ကို ငွေကျပ် ၉၀၀၀၀ လောက်ပေးတယ်။နယ်မြေအလိုက် တချို့က တစ်သိန်းလောက် ထိပေးတာလည်းရှိပါတယ်။ဒါပေမယ့် လက်ရှိ သကြားပေါက်ဈေးနဲ့ဆိုရင် ကြံတစ်တန်ကို တစ်သိန်းအထက်ပေး ဝယ်သင့်တယ်”ဟု ကသာခရိုင်၊မောင်းကုန်းဒေသမှ ကြံတောင်သူ ဦးချိုတူးကပြောသည်။...

Post
ပြည်တွင်း ဆန်/စပါးအမျိုးအစားအလိုက် ဈေးမြင့်လာရာ ဆန်/စပါးသိုလှောင်မှုအတွက် တင်ပြရမည့် လုပ်ငန်းအဖွဲ့ဖွဲ့စည်း

ပြည်တွင်း ဆန်/စပါးအမျိုးအစားအလိုက် ဈေးမြင့်လာရာ ဆန်/စပါးသိုလှောင်မှုအတွက် တင်ပြရမည့် လုပ်ငန်းအဖွဲ့ဖွဲ့စည်း

ရွှေမန်း ပြည်တွင်းဈေးကွက်၌ မေလဆန်းနောက်ပိုင်းဆန်/စပါးဈေးနှုန်းများ ဈေးအမြင့်ပိုင်းသို့ ရောက်ရှိလာပြီး ဆန်ဈေး ကွက်တွင် သမရိုးကျရောင်းဝယ်ခြင်းမဟုတ်သော လုပ်ငန်းများကို ထိန်းကျောင်းနိုင် ရန်အတွက် ဆန်/စပါးသို လှောင်မှုလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အစိုးရ-ပုဂ္ဂလိကလုပ်ငန်းအဖွဲ့ကို အစည်းလိုက် ကြောင်းသိရသည်။ လက်ရှိတွင် ဆန်တစ်ပိုင်းဈေးနှုန်းများအရ သစ်ဈေးမှာငွေကျပ် ၃၀၀၀ ၀န်းကျင်၊ဆန်အဟောင်းမှာ ငွေကျပ် တစ်သောင်းဝန်းကျင်နှင့် စပါးတင်းတစ်ရာလျင် ငွေကျပ် ၂၀၀၀၀၀ ၀န်းကျင် ဈေးမြင့်လာသည်ဟု ဆန်စပါး ကုန်သည်တစ်ဦးကပြောသည်။ “ဆန်စပါး သိုလှောင်မှုကို မှတ်ပုံတင်ဖို့ လုပ်ငန်းအဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း မေ ၉ ရက်နေ့က စာထုတ်ပြန်ထား တယ်။တကယ်လုပ်ပေးနိုင်ရင်ကောင်းပေမယ့် ဆန်/စပါးဈေးကွက်အပေါ် သက်ရောက်မှုရှိတယ်။ဈေးမြင့်လာ တာက မုန်တိုင်းအခြေအနေရော၊အခြေအနေအရပ်ရပ်ကြောင့် ဈေးမြင့်လာတယ်ထင်ပါတယ်”ဟု ၎င်းကပြော သည်။ ဆန်/စပါးဈေးကွက်တွင် ပြည်တွင်းစားသုံးမှုဆန်ကြမ်းနှင့် Export တင်ပို့နိုင်သည့် ဆန်နှင့် စပါးဈေးမှာ ပိုမို ဈေးကောင်းနေပြီး အခြားဆန်/စပါးဈေးများမှာလည်း...

Post
စားအုန်းဆီလက်ကားရည်ညွန်းဈေး ဆက်တိုက်ကျဆင်းလာ

စားအုန်းဆီလက်ကားရည်ညွန်းဈေး ဆက်တိုက်ကျဆင်းလာ

ရွှေမန်း ပြည်ပမှတင်သွင်းသည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွန်းဈေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊စာသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကောမတီအနေဖြင့် ဖြစ်သင့်ဖြစ်ထိုက် သည့် ဈေးနှုန်းသတ်မှတ်ပေးလျက်ရှိရာ ယခင်အပတ်ဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက ဆက်တိုက်ကျဆင်းလာပြီး မေ ၁၅ ရက်မှ ၂၁ ရက်နေ့ထိလက် ကားရည်ညွှန်းဈေးမှာ တစ်ပိသာ ၄၄၂၀ ဖြစ်ကြောင်းသိရသည်။ လက်ကားရည်ညွှန်းဈေးထုတ်ပြန်ချက်များအရ ပြီးခဲ့သည့် မေလ ၂ရက်မှ ၇ ရက်ထိ ၄၅၇၀ ၊၈ ရက်မှ ၁၄ ရက် နေ့ထိ ငွေကျပ် ၄၅၀၀၊မေ၁၅ရက်မှ၂၁ ရက်ထိ ၄၄၂၀ ဖြစ်ရာ မေလဆန်းထက် ငွေကျပ် ၁၃၀ ကျဆင်းခဲ့သည်။ “ပြည်တွင်းဈေးကွက်တည်ငြိမ်စေရေးနဲ့ ဈေးကစားဖို့ ရည်ရွယ်ပြီး သိုလှောင်တာမျိုးတွေရှိရင် အရေးကြီးကုန် စည်နှင့် ၀န်ဆောင်မှုဥပဒေအရ အရေးယူဆောငင်ရွက်မယ်လို့ အသိပေးထုတ်ပြန်ထားတာရှိပါတယ်။အပတ်စဉ် လက်ကားအထိုင်ရည်ညွှန်းဈေးထုတ်ပြန်ပေးရာမှာ သယ်ယူစရိတ်နဲ့ အခြားစရိတ်တွေ ကြောင့် အပြင်ပေါက် ဈေးနဲ့...

Post
လာမည်ကြံရာသီ၌ သကြားဈေးကွက်တွင် လက်ရှိဈေးထက်နိမ့်ကျဖွယ်မရှိ

လာမည်ကြံရာသီ၌ သကြားဈေးကွက်တွင် လက်ရှိဈေးထက်နိမ့်ကျဖွယ်မရှိ

ရွှေမန်း ပြည်တွင်းသကြားစားသုံးမှုနှင့် ထုတ်လုပ်မှု လုံလောက်ပြီး ပြည်ပသို့တင်ပို့မှုများရှိရာ ကမ္ဘာ့သကြားဈေးမြင့် တက်လာခြင်းကြောင့် ယခုကဲ့သို့ အမြင့်ဈေးရောက်လာရာ လာမည့်သကြား ဈေးကွက်တွင် လက်ရှိပေါက်ဈေး ထက် နိမ့်ကျဖွယ်မရှိကြောင်း သိရသည်။ လက်ရှိ သကြားတစ်ပိသာဈေးနှုန်းများမှာ မန္တလေးတွင် ၃၁၈၀ ကျပ်နှင့် ရန်ကုန်တွင် ၃၂၀၀ ပေါက်ဈေး ရှိသည်ဟုဆိုသည်။ “ကမ္ဘာ့သကြားဈေးတက်လို့ ပြည်တွင်းသကြားလည်းဈေးမြင့်လာတာပါ။လာမယ့်နှစ် သကြားဈေးက အခုဈေး ထက်နိမ့်ကျဖို့မရှိနိုင်ဘူး။လာမယ့်နှစ်မှာ ကြံစိုက် တောင်သူတွေ အလားအလာကောင်းတယ်။ဒီနှစ်လည်း ကြံ စိုက်ဧကတိုးလာသလို သကြားထွက်ရှိမှုလည်းတိုးတယ်” မြန်မာနိုင်ငံ၊သကြားနှင့်ကြံထွက် လုပ်ငန်းရှင်များ အသင်းဒုဥက္ကဌ ဦးဝင်းဌေးကပြောသည်။ သကြားမှာ ပြည်တွင်းစားသုံးမှုပိုလျှံပြီး သကြားထုတ်လုပ်မှုမြင့်လာရာ ပြည်ပသို့ တင်ပို့မှုများလည်း ရှိပြီး လာမည့်နှစ်တွင် ယခုနှစ်ထက် ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း၊မြန်မာ့သကြားသည် ကမ္ဘာ့ဈေးကွက်တွင် ယခင်ကတည်းက တန်းဝင်သကြားဖြစ်သော်လည်း Modyfine Sugar အဖြစ် ထုတ်လုပ်နိုင်ခြင်းမရှိသေး...

Post
ပြည်တွင်းရှိ ပဲများ လက်ကျန်နည်းလာတာကြောင့် အိန္ဒိယကုန်သည်များ ဝယ်လိုအား မြင့်တက်လာ

ပြည်တွင်းရှိ ပဲများ လက်ကျန်နည်းလာတာကြောင့် အိန္ဒိယကုန်သည်များ ဝယ်လိုအား မြင့်တက်လာ

ရွှေမန်း ပြည်တွင်းရှိ ပဲများ လက်ကျန် နည်းလာတာကြောင့် အိန္ဒိယ ကုန်သည်များ ဝယ်လိုအားမြင့်တက် လာကြောင်း ပဲနှမ်းကုန်သည်များ ထံက သိရသည်။ ပြည်တွင်း ပဲမျိုးစုံအထွက် နှုန်း ၃၀ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ ရာ ပို့ကုန်ပဲများအပါအဝင် ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး အမြင့် ဈေးဖြင့် ရောင်းချခဲ့ရာ လက်ရှိ အချိန်တွင် ပြည်တွင်းလက်ကျန် ပဲသစ်များ ပစ္စည်းပြတ်လပ်ချိန် စောနိုင်သဖြင့် ပို့ကုန်ပဲသမားများ ဝယ်လိုအားကောင်းနေတာကြောင့် မတ်ပဲနှင့် ပဲစင်းငုံမှာ ဆက်လက် ဈေးမြင့်တက်နေကြောင်း တရုတ် လိုင်းတင်ပို့သည့် နှမ်း၊ မြေပဲများ မှာ တရုတ်နယ်စပ် အခွန်ဆိုင်ရာ ကိစ္စရပ်များ မရှင်းလင်းသေးတာ ကြောင့် အရောင်းအဝယ်အေးနေ ကြောင်း၊ ပို့ကုန်ပဲများနှင့်အတူ ပြည်တွင်းသုံး ကုလားပဲများနှင့် ပဲမာလိုင်းများလည်း လိုက်ပါ ဈေးမြင့်တက်လာကြောင်း ရွှေစင်...

Post
မြန်မာ သစ်သီးပို့ကုန်သမားများနှင့် တောင်သူများ တောင်းဆိုထားသော Green Channel တင်ပို့ခွင့် ကို တရုတ်က ခွင့်ပြုလိုက်ပြီ

မြန်မာ သစ်သီးပို့ကုန်သမားများနှင့် တောင်သူများ တောင်းဆိုထားသော Green Channel တင်ပို့ခွင့် ကို တရုတ်က ခွင့်ပြုလိုက်ပြီ

ရွှေမန်း မြန်မာ သစ်သီးပို့ကုန်သမားများနှင့် တောင်သူများ တောင်းဆိုထားသော Green Channel တင်ပို့ခွင့် ကို တရုတ်က ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း နယ်စပ်ကုန်၉ည်များထံက သိရသည်။ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးတွင် သစ်သီးဝလံများမှာ ရက်ကြာကြာ အထားမခံသောကြောင့် မေ ၉ ရက် နေ့မှစတင်ကာ Green Channel(အစိမ်းရောင်လမ်းကြောင်း)ဖြင့် တရုတ်ဘက်မှ လမ်းပိုင်းဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ပြည်ပရေးရာဌာနတို့ ချိတ်ဆက်ညှိနိုင်းပြီးနောက် ယခုကဲ့သို့ Green Channel ဖြင့် သစ်သီးဝလံကုန်စည်များအား စေလွှတ်ပေးခြင်းဖြစ်သည်ဟုဆိုသည်။ “တရုတ်ဘက် Border လိုင်းမှာ Normal Trade စနစ်ပြောင်းလိုက်တော့ သရက်သီးကားတွေက တရုတ် ဘက် စစ်ဆေးရေးဂိတ်မှာ ပိတ်မိနေတယ်။ရောင်းကွင်းထဲမရောက်ဘဲ ၅ ရက်လောက် ကားပေါ်မှာ ကြာသွား ရော။ အသီးတွေက မလတ်ဆတ်ရင် သူတို့ပေးဈေးပဲ ရတယ်။ကုန်စိမ်းဆိုတာက...

  • 1
  • 2