ရွှေမန်း ပြည်တွင်းမြေပဲနှင့် မြေပဲဆီ ဈေးကွက်သည် အမြင့်ဈေးတွင် ရှိနေပြီး မန္တလေးဈေးကွက်တွင် သာ လက်ကျန်ပစ္စည်းရှိတော့ ရာ တစ်ပိဿာလျှင် ငွေကျပ် ၈၅၀၀ အထိ ပေါက်ဈေး ရှိလာ သည်။ အဓိက မြေပဲလက်ကျန် နည်းပါးလာခြင်း ပြည်တွင်းဆီ စက်ပိုင်များ၏ ဝယ်လိုအားကောင်း နေခြင်းကြောင့် မြေပဲဆန်မှာ အမြင့် ဈေးတွင်ရှိနေခြင်း ဖြစ်သည်။ “ ဧပြီလဆန်းပိုင်းက ထွက်ရှိ ထားသည့် မြေပဲများနှင့် ကျွန်း မြေပဲများ လက်ကျန်နည်းပါးလာ ပါပြီ။ တချို့လည်း မရောင်းသေး ဘဲ မြေပဲအတောင့်လိုက် လှောင် ထားသူတွေကတော့ အခုချိန် အကျိုးအမြတ်များပါတယ်။ မြေပဲ ပေါ်ပေါ်ချင်းရောင်းတဲ့ တောင်သူ တွေကလည်း ဈေးကောင်းရခဲ့ ပါတယ်´´ ဟု မြေပဲစိုက်တောင်သူ တစ်ဦးက ပြောသည်။...
FlashNews:
ပြောင်းစျေးနှုန်းကောင်းမွန်နေပြီး မတ်ပဲ၊ပဲစင်းငုံ စျေးနှုန်းသိသိသာသာပြောင်း လဲမှုမရှိ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
ပြည်ပပို့ကုန်ပဲအမျိုးအစားများဖြစ်သည့် ပဲစင်းငုံနှင့် မတ်ပဲ စျေးနှုန်းတည်ငြိမ်နေ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
သူနဲ့ မေတ္တာ သံစဉ်၊ သူ့ရဲ့နှငါးဖြူလေး
၁၁ လတာအတွင်း ဆန်တင်ပို့မှုမှဒေါ်လာ ၁၀၈၇ သန်း ရရှိကြောင်း MRF ထုတ်ပြန်
ပို့ကုန်ပဲများ ဈေးပြန်မြင့်တက်လာသလို အသစ်ဝင် ကုလားပဲများ အဝယ်သွက်နေ
နွေသီးနှံအဖြစ် ကန်စွန်းဥများကို အများဆုံးပြန်လည်စိုက်ပျိုး
စိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များ အသုံးပြုသင့်
စိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များ အသုံးပြုသင့်
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း နှစ်ပတ်ဆက်တိုက်စျေးတည်ငြိမ်နေ
သူနဲ့ ကလေးပန်းချီ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၈၀ ကျပ် ထပ်မံစျေးကျဆင်း
ပြည်တွင်းသကြားထုတ်လုပ်မှု ပုံမှန်ရှိသော်လည်း ပြည်တွင်းသကြားစားသုံးမှု လျော့ကျနေ
မြန်မာမှုလူငယ်တေးသံရှင်ဝိုင်းရတီ
ဒေါ်လာဈေးတက်လာတာနှင့်အတူ ပို့ကုန်ပဲများ အတက်ဈေးဖြစ်လာ
ပန်းချီအးငြိမ်း
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၉၀ ကျပ် ထပ်မံစျေးကျဆင်း
ကုလားပဲသစ်များ ဝင်ရောက်လာသော်လည်း ဈေးကောင်း မရရှိသေး
မရွာ ရက်စက်၊ ရွာ ရက်ဆက်စေ
ကောင်းဇော် ပေါင်းနှုတ်ထားပြီးကာစ နှမ်းပင်ပျိုတွေက အလှပြင်ဆိုင်က ထွက်လာတဲ့ အပျိုပေါက်တသိုက်လို ယိမ်းသွဲ့ ပျော်မြူးသံလေးတွေ တလွင်လွင်နဲ့ ယာခင်းတွေထဲမှာ လှုပ်ခတ်ဆော့ကစားနေကြတယ်။ အပင်သန်ဆေးတွေ ပက်ဖြန်းထားတော့ နံသာရည်တွေလူးထားတဲ့ ငယ်ရွယ်သူတွေကို အားမာန်ထပ်ဖြည့်ထားသလိုဖြစ်နေတယ်။“မိုးက လိုနေတယ်။ အရမ်းကို လိုနေတာ။ ငါယာတင် ငါ့ရွာတင် လိုနေတာ မဟုတ်ဘူး။ တနယ်လုံး လိုနေတာ။ နောက်တပတ်မှ မရွာရင် တနယ်လုံး အထွက်ဆုတ်ပြီး ဒုက္ခ အကုန်ရောက်ပြီ”လို့ မကွေး အရှေ့ဘက်ရွာကြီးတရွာက တောင်သူကြီး တဦးက သူ့နှမ်းပင်ပျိုတွေကို ပြရင်း မျှော်လင့်ချက် အကြီးကြီးကို စိုးရိမ်စိတ်လွန်ကဲတဲ့ လေသံနဲ့ ရှင်းပြတယ်။“မျှော်လင့်တာပေါ့”လို့ အတော်ကြာနေပြီဖြစ်တဲ့ မရွာနိုင်အားတဲ့ မိုးကို မျှော်ရင်းပြောတယ်။မိုးအများကြီး မရွာလဲ ရေပါတဲ့မိုး ရက်ရှည်ရှည် ရွာဖို့လိုတယ်။ အခုတခါတလေ ရွာတဲ့ မိုးက ကွက်ကြားမိုးသာ ရွာတာဖြစ်တယ်လို့...