ရွှေမန်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေဈေးပြိုင်လေလံနဲ့ အမေရိကန်ဒေါ်လာသန်း ၃၀ ကို ယခုလအတွင်း တတိယအကြိမ်မြောက် အောက်တိုဘာ ၂၆ ရက် မွန်းလွဲပိုင်းတွင် ထပ်မံထုတ်ရောင်းလိုက်ကြောင်းသိရသည်။အောက်တိုဘာ ၂၆ ရက်နေ့တွင်ပြင်ပငွေကြေးဈေးကွက်မှာ အမေရိကန်ဒေါ်လာပေါက်ဈေး ၁၈၈၀ ကျပ်ဖြစ်ပေါ်နေချိန် ဗဟိုဘဏ်က ဈေးပြိုင်လေလံအတွက် ငွေလဲလှယ်နှုန်းကို ၁၇၉၀ ကျပ် သတ်မှတ်ထုတ်ရောင်းချခြင်းဖြစ်သည်။ယခုလ အောက်တိုဘာ ၁၈ ရက်ကလည်း ဗဟိုဘဏ်က အမေရိကန်ဒေါ်လာသန်း ၅၀ ၊ အောက်တိုဘာ ၂၂ ရက်မှာ သန်း ၃၀ တို့ကို ဈေးပြိုင်လေလံနဲ့ ရောင်းချခဲ့ပြီး ယခုလအတွင်း ဗဟိုဘဏ်ရဲ့ ကန်ဒေါ်လာရောင်းချမှုက သန်း ၁၁၀ အထိ ရှိခဲ့ပြီဖြစ်ကြောင်းသိရသည်။ဗဟိုဘဏ်အနေဖြင့် ယခုလို ဈေးပြိုင်လေလံနှင့် ရောင်းချသည့် အမေရိကန်ဒေါ်လာသန်းချီကို AD လိုင်စင်ရဘဏ်တွေကတစ်ဆင့် စက်သုံးဆီတင်သွင်းသူများ၊ စားအုန်းဆီတင်သွင်းသူများနှင့် ဆေးပစ္စည်းတင်သွင်းသူများထံ...
FlashNews:
ဒေါ်လာဈေးကျဆင်းမှု ကြောင့်ပဲ၊နှမ်းဈေးကွက် တစ်ခုလုံး ဈေးကျဆင်းနေ
ကန်စွန်းဥများဈေးကောင်းရသောကြောင့် တစ်ဧက ငွေကျပ် သိန်း ၄၀ ခန့် အကျိုးအမြတ်ရနေ
၂၀၂၅ ခုနှစ် ပဲစင်းငုံအသစ်များ နယ်ဈေးကွက်တွင် အဝယ်သွက်နေ၊ရက်ပိုင်း အတွင်း ကျွန်းစားတော်ပဲများ ဝင်ရောက်လာမည်
၂၀၂၅ ခုနှစ် ကြံရာသီ သကြားစက်များ စတင်လည်ပတ်
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်တိုက် တည်ငြိမ်နေ
ပို့ကုန်၊ သွင်းကုန်အပေါ် အခွန်ကောက်ခံမှု မူဝါဒအပြောင်းအလဲကြောင့် ပြောင်းဈေး အနည်းငယ်ကျဆင်းလာ
တရုတ်နှစ်သစ်ကူး မတိုင်မီ နှမ်းနက်ဝယ်လိုအားကောင်း ဈေးကောင်းရနေ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တည်ငြိမ်နေ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း စျေးအနည်းငယ်ပြန်တက်
ဘဏ္ဍာနှစ် ရှစ်လအထိ ပို့ကုန်များတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀ဘီလီယံနီးပါးရရှိထား
စားအုန်းဆီတင်သွင်းမှုများပြားနေခြင်းကြောင့် ပြည်တွင်းဆီစက်ပိုင်များ ပဲဆီရောင်းချရမှုကျဆင်းနေဟု ဆို
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း အနည်းငယ် ကျဆင်း တစ်ပိဿာ ငွေကျပ် ၇၂၅၀ ဖြစ်လာ
ပို့ကုန်ပြောင်းကုန်သည်များအနေဖြင့် ပြောင်း ဈေးကောင်းပေးဝယ်ယူတင်ပို့နေ
တရုတ်နိုင်ငံသို့ တင်ပို့ရန် နှမ်းနက်နှင့် ပဲတီစိမ်း အဝယ် ကောင်းနေသော ကြောင့် ဈေးမြင့်တက်လာ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း အနည်းငယ် ကျဆင်း တစ်ပိဿာ ငွေကျပ် ၇၂၅၅ ဖြစ်လာ
20404
ဆောင်းဖရဲသီးများ တရုတ်နိုင်ငံသို့ တင်ပို့နေသော်လည်း ဈေးကောင်းမရရှိသေး
ပြည်တွင်းသုံး ကျွန်းစားတော်ပဲ ဈေးမြင့်တက်လာ၊ ကုလားပဲအုပ်စု စားသုံးမှုလျော့ကျနေ
ပြည်တွင်းစားသုံးမှုများသည့် ဆန်အမျိုးအစားများ ရည်ညွှန်းဈေးအတိုင်းရောင်းချရန် ထပ်မံနှိုးဆော်
သီတင်းကျွတ်လပြည့်ကျော် အခါရက်များတွင် နှစ်စဉ် ပဲ၊နှမ်း စျေးကွက် အေးနေကျဖြစ်သော်လည်း နှမ်းနက်တစ်မျိုး တည်းသာ ထူးထူးခြားခြား အမြင့်စျေး ပြန်လည်ရောက်ရှိလာ
ရွှေမန်း သီတင်းကျွတ်လပြည့်ကျော် အခါရက်များတွင် နှစ်စဉ် ပဲ၊နှမ်း စျေးကွက် အေးနေကျဖြစ်သော်လည်း နှမ်းနက်တစ်မျိုး တည်းသာ ထူးထူးခြားခြား စျေးကွက်ကောင်း အ၀ယ်လိုက်နေ တာကြောင့် အမြင့်စျေး ပြန်လည်ရောက်ရှိလာ ကြောင်းသိရသည်။ အောက်တိုဘာ လကုန်ပိုင်း သီတင်းကျွတ်ပိတ်ရက်များ အတွင်း နှစ်စဉ် ပဲမျိုးစုံစျေးကွက်မှာ အရောင်းအ၀ယ် အေးကျဆင်းသွားသော်လည်း နှမ်းနက်တစ်မျိုးတည်းသာ တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းမှ တင်ပို့နိုင်ရန် တရုတ်၀ယ်လက်များ အ၀ယ်လိုက်သဖြင့် ယခင် အမြင့်ဆုံးစျေး သုံးတင်း၀င်တစ်အိတ်ကျပ် ၂၇၀၀၀၀ ကျော်စျေးကို မရောက်ရှိသေးသော်လည်း အောက်တိုဘာ ၂၄ ရက်နေ့တွင် သုံးတင်း၀င်တစ်အိတ် ကျပ် ၂၅၀၀၀၀ ထိ အမြင့်စျေးသို့ တဖြေးဖြေးရောက်ရှိလာကြောင်း ၊လက်ရှိအချိန်တွင် အသစ်၀င်နှမ်းများ နည်းလာသလို အတ်စစ်လွတ်ထိပ်စနှမ်းနက်များစျေးကောင်းလာသလို အတ်စစ်မလွတ်သည့် နှမ်းများလည်း အရည်အသွေးအလိုက် စျေးမြင့်တက်လာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း...
ကိုဗစ်နှင့် လူထု ကျန်းမာရေး မူဝါဒ
လူထု ကျန်းမာရေး မူဝါဒကို ကျနော် အနည်း အကျဉ်း လေ့လာဖူးပါတယ်။ ဆေးပညာသမားတွေ အဖို့ လူထု ကျန်းမာရေး မူဝါဒကို သိဖို့ လိုအပ်လို့ လေ့လာ ဖြစ်တာပါ။အရင်က ဆေးပညာ ဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝ ဖြစ်စဉ်ကို လေ့လာတာလို့ပဲ နားလည်ကြပါတယ်။ လူတယောက် ဖျားနာ၊ နာမကျန်း ဖြစ်ရင် ခန္ဓာကိုယ် ဇီဝ ဖြစ်စဉ်မှာ ဘာဖြစ်လို့လဲ ဆိုတာပဲ အဖြေရှာကြတာပါ။နောက်ပိုင်းမှာ လူတယောက် သို့မဟုတ် လူ့တစုရဲ့ ကျန်းမာရေးကို ပတ်ဝန်းကျင်ကလည်း လွှမ်းမိုးတယ် ဆိုတာ သဘောပေါက် လာကြပါတယ်။ ဥပမာ- အပူပိုင်း ဒေသမှာသာ ဖြစ်တတ်တဲ့ ရောဂါမျိုးတွေ ရှိပါတယ်။နောက်ထပ် ပိုကျယ်ပြန့်လာတာက လူတယောက်ရဲ့ ကျန်းမာရေးကို အဲဒီလူရဲ့ အသက်မွေးမှုနဲ့ လူမှု အဆင့်အတန်းကလည်း...
ဒေါ်လာစျေးကျဆင်းမှုနှင့်အတူ ပြည်တွင်း ပို့ကုန်ပဲပေါက်စျေးများ ကျဆင်းသွားပြီး ဆောင်းသီးနှံစိုက်ပျိုးရန် ပဲမျိုးစျေးကွက်သာ အရောင်းအဝယ်ရှိနေ
ရွှေမန်း အောက်တိုဘာလဆန်းပိုင်းမှစတင်ကာ ကျဆင်းသွားသည့်ဒေါ်လာစျေးကြောင့် ပို့ကုန်ပဲစျေးများ ကျဆင်းသွားပြီး ဆောင်းသီနှံစိုက်ပျိုးရန် ပဲမျိုးစုံ မျိုးစျေးကွက်သာ အရောင်းအဝယ်ရှိနေကြောင်း ပဲ၊ နှမ်းကုန်သည်များထံမှ သိရသည်။ပြည်တွင်းဒေါ်လာစျေးများ မြင့်တက်မှုနှင့်အတူ အမြင့်စျေးသို့ ရောက်ရှိခဲ့သည့် ပဲ ၊ နှမ်းစျေးကွက်မှာ အောက်တိုဘာလဆန်းမှစတင်ကာ ဒေါ်လာစျေးပြန်လည်ကျဆင်းလာမှုကြောင့် စျေးကွက်ကျဆင်းလာရာ အောက်တိုဘာလ ဒုတိယသီတင်းပတ်တွင် ပိုမို သိသိသာသာ ကျဆင်းလာကာ ပို့ကုန်ပဲများမှာ ပြည်တွင်းလက်ကျန်နည်းသွားသကဲ့သို့ လက်ရှိအချိန်တွင် ဆောင်းသီးနှံအဖြစ် စိုက်ပျိုးမည့် ပဲတီစိမ်း ၊မတ်ပဲ ၊ကုလားပဲအုပ်စုများ၊ ပဲမာလိုင်းများမှာ မျိုးစေ့အတွက် အရောင်းအဝယ်သာ ရှိတော့ကြောင်း ဦးကျော်သွင်( ရွှေစင်သိန်းပွဲရုံ)က ပြောကြားသည်။ “ ပဲ၊ပြောင်း၊နှမ်းစျေးကွက်က အကုန်အေးပြီး စျေးတွေ ပြုတ်ကျကုန်တယ်။ မတ်ပဲ စျေးတစ်အိတ်ကို ကျပ် ၄,၀၀၀ လောက် ကျဆင်းသွားတယ်။ လက်ရှိမှာ ၁၅၀,၀၀၀ လောက်ပဲ...
တရုတ်နယ်စပ်ဂိတ်များ လုံးဝပိတ်သွားသည့် အခြေအနေများကြောင့် ပြည်တွင်း ပဲ၊နှမ်းဈေးကွက် ကျဆင်းလာသော်လည်း အိန္ဒိယပို့ကုန်ပဲများ ဖြစ်သည့် ပဲစင်းငုံ ၊မတ်ပဲ ၊ပဲတီးစိမ်း ဈေးများကျဆင်းမှု မရှိ တည်ငြိမ်နေ
ရွှေမန်း တရုတ်နယ်စပ်ဂိတ်များ အောက်တိုဘာ ၆ ရက်နေ့မှစတင်ကာ လုံးဝပိတ်သွားသည့် အခြေအနေများကြောင့် ပြည်တွင်း ပဲနှမ်းဈေးကွက် ကျဆင်းလာ ပြီး ဆက်လက်ကျဆင်းလာနိုင်သော်လည်း အိန္ဒိယပို့ကုန်ပဲများ ဖြစ်သည့် ပဲစင်းငုံ ၊မတ်ပဲ ၊ပဲတီးစိမ်း ဈေးများကျဆင်းမှု မရှိ တည်ငြိမ်နေ ကြောင်းသိရသည်။ အောက်တိုဘာ လဆန်း ရက်များတွင် ပုံမှန်အမြင့်ဈေးဖြင့်အရောင်းအ၀ယ်ဖြစ်နေသည့် ပဲ၊နှမ်းဈေးကွက်မှာ တရုတ်နယ်စပ်ဂိတ်များ အားလုံးပိတ်သွယ်သည့် အောက်တိုဘာ ၆ ရက်နေ့တွင် ပဲ၊နှမ်း အမျိုးအစားအလိုက် ဈေးကွက်ကျဆင်းသွားသော်လည်း အိန္ဒိယပို့ကုန်ပဲများမှာ ပြည်တွင်းလက်ကျန်နည်းပါးလာခြင်း ကြောင့် အပြောင်းအလဲ မရှိဈေးကွက်တည်ငြိမ်နေကြောင်း၊ တရုတ်ပို့ကုန် လိုင်းမှ မြေပဲ ဈေးမှာ တစ်ပိသာကျပ် ၁၀၀ ခန့်နှင့်အခြားပဲ နှမ်းများမှာသုံးတင်းဝင်တစ်အိတ်လျှက် အမျိးအစားအလိုက် ကျပ် ၅၀၀၀-၁၀၀၀၀ထိ ကျဆင်း သွား ကြောင်းနှင့် ဆက်လက်ကျဆင်းနိုင်ကြောင်း ရွှေစင်သိန်းပွဲရုံပိုင်...
မိုးစပါးရာသီ စပါးစတင်ရိတ်သိမ်းချိန် တွင် အခြေခံစပါးနှုန်းအထက် ပိုမိုရရှိ
ရွှေမန်း ယခုနှစ် မိုးစပါးရာသီရိတ်သိမ်းချိန်တွင် စပါးတင်း ၁၀၀ လျှင် ကျပ် ၆၀၀၀၀၀ခန့်ရောင်းချရပြီး ယခင်နှစ်ထက် ပိုမိုရရှိကြောင်း ၊ လက်ရှိအခြေခံစပါးဈေးနှုန်း တင်း၁၀၀လျှင် ကျပ် ၅၄၀၀၀၀ သက်မှတ်ချက်ထက်ပိုမိုရ ရှိ ကြောင်း တောင်သူများထံမှသိရသည်။ မနှစ်က မိုးစပါးသိမ်းချိန် စပါးအစိုဈေးမှာ ကျပ် ၄၅၀၀၀၀ ဈေးသာပေါက်ဈေးရှိသော်လည်း ယခုနှစ်စပါး ရိတ်သိမ်းချိန် အောက်တိုဘာလ ပထမသီတင်းပတ်တွင် ငစိန်စပါးမျိုးတင်း ၁၀၀ လျှင်ကျပ် ၅၈၀၀၀၀-၆၀၀၀၀၀ ပေါက်ဈေးရှိကြောင်း မနှစ်ကထက်ဈေးပိုမိုရရှိသော်လည်း စပါးရိတ်သိမ်းခ မှာ တစ်ဧက ကျပ် ၅၅၀၀၀ ပေးရတာကြောင့် ကျပ် ၁၀၀၀၀ ခန့်ဈေးမြင့်တက်သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ခရမ်း-သုံးခွမှ တောင်သူ ဦးကျော်ဝင်း က ပြောသည်။ “စပါးရိတ်ခ ကတော့ အရင် ၄၀၀၀၀-၄၅၀၀၀ ကနေ...
အလိမ်အညာ ပစ္စည်း၊ သတိပြု
ကိုဗစ်ရောဂါ ကာကွယ်တဲ့ လည်ဆွဲ ဆိုပြီး ဈေးကွက်ထဲ ဖြန့်နေကြတာကို သတိထားမိပါတယ်။ လုံးဝ လုံးဝ မကာကွယ်ပေးနိုင်ပါ။ အလိမ်အညာ ပစ္စည်း၊ သတိပြုကြပါ။ကိုဗစ်က အသက်ရှုလမ်းကြောင်းနဲ့ မျက်လုံး အမြှေးပါးတွေက တဆင့် ကူးစက်နိုင်ပါတယ်။ ဒီပစ္စည်းက လည်ပင်းမှာ ဆွဲထားတာပါ။ ခါးတောင်း ကျိုက်ရာ တခြား၊ ဖင်တခြားပါ။ဒါဆို၊ မျက်လုံးနဲ့ နှာခေါင်းနား ကပ်ထားလို့ ရမလားလို့ ကပ်သီးကပ်ဖဲ့ မေးစရာ ရှိပါတယ်။ မရပါ။ လည်ဆွဲအိတ် ကဒ်မှာ Chlorine Dioxide ဆေးရည် သုတ်ထားတာပါ။ ဒီဆေးရည်ကို ဆေးရုံ ကြမ်းခင်းလိုမျိုးတွေမှာ ပိုးသတ်ဖို့ သုံးပါတယ်။ မျက်လုံးနဲ့ အသက်ရှုလမ်းကြောင်းထဲတွေ ဝင်မိ၊ ထိမိရင်တော့ ဓါတ်မတည့်တာ၊ ယားယံတာ၊ အပူလောင်တာတွေ ဖြစ်တတ်ပါတယ်။နောက်တချက်က ကိုဗစ်က ဗိုင်းရပ်စ်ပိုးပါ။ သက်ရှိ...
- 1
- 2