Home 2020 June

Month: <span>June 2020</span>

Post
“မကွေးမှာ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းပြည်သူနဲ့ စည်ပင် ပူးပေါင်းပြီးလမ်းပေါင်း(၈၇)လမ်းကျော် ခင်းမည်”

“မကွေးမှာ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်းပြည်သူနဲ့ စည်ပင် ပူးပေါင်းပြီးလမ်းပေါင်း(၈၇)လမ်းကျော် ခင်းမည်”

  မကွေး ဇွန် ၉ရက် “၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်အတွင်း မကွေးမြို့မှာ ပြည်သူနဲ့ စည်ပင်သာယာပူးပေါင်းပြီး ကွန်ကရစ်လမ်းပေါင်း ၈၇လမ်း ကျော် ခင်းသွားမှာဖြစ်တယ်လို့ မကွေးမြို့နယ် စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။ “စည်ပင်သာယာရေးကော်မတီနဲ့ ပြည်သူတွေပူးပေါင်းခင်းတဲ့လမ်းတွေမှာ ပြည်သူက ၄၀ရာခိုင်နှုန်း၊ စည်ပင်က၆၀ရာခိုင်နှုန်း ထည့်ဝင်ပြီး မြို့ပေါ်ရပ်ကွက်လမ်းသွယ်၊လမ်းကြားတွေကို ကွန်ကရစ်လမ်းခင်းပေးတာဖြစ်တယ်လို့ သိရပါတယ်။ “စည်ပင်သာယာရေးကော်မတီနဲ့ ပြည်သူတွေပူပေါင်းခင်းတဲ့လမ်းတွေကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကစပြီးခင်းခဲ့တာပါ၊ စတင်ဆောင်ရွက်ခဲ့တဲ့နှစ်မှာ ၂လမ်းခန့်သာဆောင်ရွက်နိုင်ခဲ့ပေမယ့် ပြည်သူတွေ စိတ်ဝင်စားမှုမြင့်တက်လာတဲ့အတွက် တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်ဆောင်ရွက်နိုင်ခဲ့ပါတယ်၊ ပြည်သူပါဝင်မှုများလာဖို့ စည်ပင်ကော်မတီအနေနဲ့ တော်တော်လေးကိုစည်းရုံးခဲ့ရပြီး ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်နဲ့ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် (၂)နှစ်အတွင်း လမ်းပေါင်း (၁၀၀)ကျော် ခင်းနိုင်မှာဖြစ်တဲ့အတွက် အောင်မြင်မှုမှာကြီးမားတယ်လို့ မကွေးမြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးဖိုးနီက ပြောပါတယ်။ “လမ်းမကြီးတွေကိုတော့ အစိုးရကခင်းပေးနေတာပါ၊ ကျွန်တော်တို့အနေနဲ့ အစိုးရကမခင်းပေးနိုင်သေးတဲ့ ရပ်ကွက်အတွင်းလမ်းသွယ်၊ လမ်းကြားတွေကို ပြည်သူနဲ့ စည်ပင်အချိုးကြပါဝင်ပြီး...