Month: <span>May 2020</span>

Post
တောင်တွင်းကြီးပြည်သူ့ဆေးရုံကြီးသို့ တပ်မတော်က ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်း

တောင်တွင်းကြီးပြည်သူ့ဆေးရုံကြီးသို့ တပ်မတော်က ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်း

တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို ကျန်းမာ ရေးသုံးကာကွယ်ရေး ပစ္စည်းများအား ဒေသအခြေစိုက် အမှတ်(၇)စစ်အခြေခံလေ့ကျင့်ရေးတပ် ၊တပ်မှူးဗိုလ်မှူး ကြီး ကျော်သန်းဆွေ နှင့် အရာရှိ စစ်သည်များက ယနေ့ မေ ၂၇ ရက် နံနက် ၁၀ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေး ရုံကြီး၊ကုသရေးဦးစီးဌာနရုံးခန်း၌ ကာကွယ်ရေးပစ္စည်း ခေါင်းစွပ် (၂၀၀)ခု၊မျက်နှာကာ(၂၀၀)ခု၊Sogal mark (၈၀၀)ခုတို့အားပေးအပ်လှူဒါန်းရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ဒေါ်ကြည်ကြည်မာကလက္ခံရယူခဲ့ပြီး ကျေးဇူး တင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။ ဟင်္သာ (တောင်တွင်ကြီး)

Post
ဆေးဝါးကုသမှုခံယူနေသူများနှင့်ကျန်းမာရေးဝန်ထမ်း များအား တပ်မတော်က အာဟာရဖြစ်စေသောအစား သောက်များ လှူဒါန်း

ဆေးဝါးကုသမှုခံယူနေသူများနှင့်ကျန်းမာရေးဝန်ထမ်း များအား တပ်မတော်က အာဟာရဖြစ်စေသောအစား သောက်များ လှူဒါန်း

တောင်တွင်ကြီးမြို့ပြည်သူဆေးရုံကြီးတွင် ဆေးဝါးကုသ မှုခံယူနေသူများနှင့်ကျန်းမာရေး ပြုစုစောင့်ရှောက်၊ကုသ ပေးလျှက်ရှိသောဝန်ထမ်းများအား မေ ၂၆ ရက် နေ့လည် ၂ နာရီအချိန်က ဒေသအခြေစိုက် အမှတ်(၇)စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ တပ်မှူး ဗိုလ်မှူးကြီးကျော်သန်းဆွေ ၏လမ်းညွန်မှုဖြင့် တပ်အုပ်ချုပ်ရေးဌာနမှ ဗိုလ်မှူး သက် ခိုင်ထွန်း၊ဗိုလ်ကြီးသူရိန်နှင့်တပ်မတော်သားများက မြို့နယ်ပြည်သူ့ဆေးရုံးကြီးတာဝန်ရှိသူထံ အာဟာရဖြစ် စေသည့် နွားနို့အချိန်(၅၀)ပိသာ၊ကြက်ဥအလုံး(၂၀၀) အား ဒုတိယအကြိမ်မြောက် ပေးအပ်လှူဒါန်းရာ ကျန်းမာ ရေးဌာန ဒုဦးစီးမှူး ဒေါ်မို့မို့နိုင်က လက်ခံရယူခဲ့ကြောင်း သိရှိရသည်။ ဟင်္သာ (တောင်တွင်းကြီး)

Post
ဆင်ဖြူကျွန်းမြို့ပေါ် Mask မတပ်သည့်အတွက် ဒဏ်ငွေရိုက်ခံရသူ ၃ ရက်အတွင်း ဦးရေ၂၀၀ ကျော်ရှိ

ဆင်ဖြူကျွန်းမြို့ပေါ် Mask မတပ်သည့်အတွက် ဒဏ်ငွေရိုက်ခံရသူ ၃ ရက်အတွင်း ဦးရေ၂၀၀ ကျော်ရှိ

မကွေးတိုင်းစလင်းမြို့နယ် ၊ ဆင်ဖြူကျွန်းမြို့ပေါ်တွင် ၃ ရက်အတွင်း Maskမတပ်ဘဲ ခရီးသွားလာနေသူ ဦးရေ၂၀၀ကျော်အား ၁ဦးလျှင် ဒဏ်ငွေ၅၀၀ကျပ်ရိုက်ပြီး Mask၁ခုစီ ပေးဝေခဲ့ကြောင်း မေလ ၁၈ ရက်နေ့က မကွေးတိုင်းလွှတ်တော်ကိုယ်စားလှယ် စလင်းမဲဆန္ဒနယ် အမှတ် (၂)မှ ဦးသက်ခိုင်ကပြောပါတယ်။ ဆင်ဖြူကျွန်းမှာ Maskမတပ်ပဲ ခရီးသွားလာတဲ့သူတွေကို ဖမ်းနေပါတယ်၊ Maskမတပ်သူတွေကို ဒဏ်ငွေ၅၀၀ကျပ်စီ ရိုက်ပြီးတော့ Maskတပ်ခိုင်းလိုက်တာဖြစ်ပါတယ်လို့ ဦးသက်ခိုင်က ဆိုပါတယ်။ ဆင်ဖြူကျွန်းတွင် စက်ဘီး၊ ဆိုင်ကယ် ကားနဲ့အပါအဝင် ခြေချင်လျှောက်သူများ အားလုံး Maskတပ်ရတယ်၊ မတပ်ဘူးဆိုရင် Mask၁ခုတပ်ပေးတယ်၊ ပြီးလိုရှိရင် ဒဏ်ငွေ၅၀၀ကျပ်ရိုက်ပါတယ်၊ Maskမတပ်လို့ ဖမ်းဆီးတာ ဒီနေ့နဲဆို ၃ရက်ရှိပါပြီ၊ ဖမ်းဆီးတဲ့အချိန်တော့ Maskတပ်ကြပါတယ်၊ သွားလာသူ တော်တော်များများတော့ Maskတပ်လာကြပါတယ်၊ ၃ရက်အတွင်းMaskမတပ်လို့ ဖမ်းဆီးဒဏ်ရိုက်တာ လူဦးရေ၂၀၀ကျော်ရှိပါတယ်လို့ ဦးသက်ခိုင်က ပြောပါတယ်။...

Post
မကွေးတိုင်းမှာ ဒုတိယမြောက် Covidပိုးတွေ့ရှိသူမှာ မလေးရှားပြန်ဖြစ်

မကွေးတိုင်းမှာ ဒုတိယမြောက် Covidပိုးတွေ့ရှိသူမှာ မလေးရှားပြန်ဖြစ်

မြန်မာနိုင်ငံအတွင်းသို့ ယခုရက်ပိုင်း မလေးရှားနိုင်ငံကနေ ပြန်ရောက်လာသူများထံက COVID-19 ရောဂါ တွေ့ရှိနေကြောင်း၊ မကွေးတိုင်းမှာ ဒုတိယမြောက်ပိုးတွေ့ရှိသူမှာ မလေးရှားကပြန်လာသူဖြစ်ကြောင်း ကျန်းမာရေးနှင့်အားစကားဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရပါတယ်။ မေလ ၁၉ ရက်နေ့ ထုတ်ပြန်ချက်အရ Covidဗိုင်းရပ်စ်တွေ့ရှိသူ ၃ ဦးသည် မလေးရှားပြန်များဖြစ်ကြောင်း၊ ယင်း ၃ ဦးတွင် မကွေးတိုင်း တောင်တွင်းကြီး မြို့! တောင်ပြင် ၂ ရပ်ကွက်မှ အသက်၅၀အရွယ်အမျိုးသား၁ ဦးပါဝင်ကြောင်း သိရပါတယ်။ အဆိုပါ အတည်ပြုလူနာ အပါအဝင် မလေးရှားနိုင်ငံမှ ပြည်တော်ပြန် (၁၂၀)ဦးသည် မေလ (၁၁)ရက်နေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိလာပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက မိမိတို့ဒေသတွင် ခေါ်ဆောင်၍ အသွားအလာကန့်သတ်ထားတယ်လို့ မကွေးတိုင်းကျန်းမာရေးဦးစီးဌာနက သိရပါတယ်။ ရန်ကုန်လေဆိပ်ကို သွားကြိုရတဲ့မလေးရှားပြန်ပါ၊ သူနေတဲ့နေရပ်က တောင်တွင်းကြီးမြို့နယ်ကပေါ့၊...

Post
မီးလောင်မှုစတင်ခဲ့သည် အိမ်ရှင်ကို အမှုဖွင့်အရေးယူထား

မီးလောင်မှုစတင်ခဲ့သည် အိမ်ရှင်ကို အမှုဖွင့်အရေးယူထား

ယနေ့ မေလ ၁၈ရက်နေ့ နံနက်ပိုင်းက မကွေးတိုင်း သရက်ခရိုင် ကံမမြို့တွင် ဖြစ်ပွားခဲ့သော မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မီးလောင်မှုစတင်ဖြစ်ပွားသည့် အိမ်ရှင်ဦးအောင်မိုးလွင်ကို မြို့နယ်မီးသတ်ဦးစီးဌာနက တရားလိုပြုလုပ်ကာ ကံမမြို့မရဲစခန်းမှာ ( ပ)၇၃/၂၀၂၀ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်ထားကြောင်း သိရပါတယ်။ ဖြစ်စဥ်မှာ ယနေ့ နံနက် ၁၀နာရီ၃၀မိနစ်ခန့်က ကံမမြို့ အမှတ်(၃)ရပ်ကွက် ဥယျာဉ်တန်းလမ်းနေ ဦးအောင်မိုးလွင် စတိုးဆိုင်က မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး နေအိမ်၆လုံးလောင်ကျွမ်းခဲ့ပြီး၊ လူ၊ တရိစ္ဆာန် ထိခိုက်မှုမရှိဘူးလို့ သိရပြီး၊ လူဦး ရေ(၁၈)ဦး အိုးမဲ့အိမ်မဲ့ဖြစ်သွားခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုဖြစ်ပွားရာ‌နေရာကို သရက်ခရိုင် မီးသတ်စခန်းက မီးသတ်ယာဉ်(၂)စီး၊ ကံမမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်(၄)စီး၊ရေနံ့သာနယ်မြေမီးသတ်စခန်း၊ကြို့ပင်နယ်မြေမီးသတ်စခန်း၊ သရက်မီးသတ်စခန်း၊ မင်းတုန်းနယ်မြေမီးသတ်စခန်းမှ မီးငြိမ်းသတ်ရေယာဉ် (၁)စီး၊ ပြည်မြို့မှ အရံမီးသတ်တပ်ဖွဲ့ နှင့် ပရဟိတအဖွဲ့တိို့ လာရောက်ငြိမ်းသတ်ခဲ့ကြပြီး...

Post
ကံမမြို့တွင် မီးလောင်မှုဖြစ်ပွား၊ နေအိမ် (၆)လုံးဆုံးရှုံး၊ လူ၊ တရိစ္ဆာန် ထိခိုက်မှုမရှိ

ကံမမြို့တွင် မီးလောင်မှုဖြစ်ပွား၊ နေအိမ် (၆)လုံးဆုံးရှုံး၊ လူ၊ တရိစ္ဆာန် ထိခိုက်မှုမရှိ

မကွေးတိုင်း သရက်ခရိုင် ကံမမြို့ အမှတ်(၃)ရပ်ကွက် ဥယျာဉ်တန်းလမ်းမှာ ဒီနေ့မနက်က မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုစတင်ဖြစ်ပွားတာက မနက် ၁၀နာရီ၃၀မိနစ်ခန့်လောက်မှာ ဦးအောင်မိုးလွင် စတိုးဆိုင်က စတင်လောင်တာပါ၊ ဘာကြောင့်လောင်တယ်ဆိုတာ မြေပြင်ကို ကွင်းဆင်းစစ်ဆေးနေဆဲပါ၊ နေအိမ်၆လုံးလောင်ကျွမ်းခဲ့ပါတယ်၊ လူ၊ တရိစ္ဆာန် ထိခိုက်မှုမရှိဘူး၊ လူဦး ရေ(၁၈)ဦး အိုးမဲ့အိမ်မဲ့ဖြစ်သွားပါတယ်လို့ ကံမမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောပါတယ်။ မီးလောင်မှုဖြစ်ပွားရာ‌နေရာကို သရက်ခရိုင် မီးသတ်စခန်းက မီးသတ်ယာဉ်(၂)စီး၊ ကံမမြို့နယ်မီးသတ်စခန်းက မီးသတ်ယာဉ်(၄)စီး၊ရေနံ့သာနယ်မြေမီးသတ်စခန်း၊ကြို့ပင်နယ်မြေမီးသတ်စခန်း၊ သရက်မီးသတ်စခန်း၊ မင်းတုန်းနယ်မြေမီးသတ်စခန်းမှ မီးငြိမ်းသတ်ရေယာဉ် (၁)စီး၊ ပြည်မြို့မှ အရံမီးသတ်တပ်ဖွဲ့ နဲ့ပရဟိတအဖွဲ့တိို့ လာရောက်ငြိမ်းသတ်ခဲ့ကြပြီး နေ့လည် ၁၂နာရီခန့်လောက်မှာ မီးငြိမ်းသတ်နိင်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ မီးလောင်ရာနေရာသို့ သရက်ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်မီးသတ်တပ်ဖွဲ့မှူး၊ မြို့နယ်တာဝန်ရှိသူများနဲ့ လွှတ်တော်ကိုယ်စားးလှယ်များ လာရောက်ခဲ့ကြောင်း သိရပါတယ်။...

Post
တပ်မတော်မိသားစုများက တန်းဖိုးသင့် ထ္မင်း/ဟင်းလျာ များရောင်းချပေး

တပ်မတော်မိသားစုများက တန်းဖိုးသင့် ထ္မင်း/ဟင်းလျာ များရောင်းချပေး

အလယ်ပိုင်းတိုင်း စစ်ဌာချုပ်၊မကွေးတပ်နယ်လက် အောက်ခံ တောင်တွင်းကြီးမြို့အခြေစိုက် အမှတ်(၁၀၃) ခြေမြန်တပ်မှ ဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူး ဆွေမောင်မောင် ဦးစီးသော တပ်မတော်မိသားစုများက တောင်တွင်ကြီး ပြည်သူ့ဆေးရုံးကြီး၌ ယနေ့ မေ (၁၈)ရက်နံနက်က တန် ဖိုးသင့် ထ္မင်း/ဟင်းလျာများကို တစ်ပွဲလျှင်(၄၀၀)ကျပ် နှုန်းဖြင့်ရောင်းချပေးလျှက်ရှိကြောင်းသိရသည်။ အလားတူ ဒေသအခြေစိုက် အမှတ်(၇)စစ်အခြေခံလေ့ ကျင့်ရေးတပ်မိသားစုများကလည်း ပြီးခဲ့သည့်ရက်ပိုင်းက မြို့နယ်စစ်မှုထမ်းဟောင်းရုံးရှေ့တွင် ရောင်းချပေးခဲ့ ကြောင်းသိရှိရသည်။ ဟင်္သာ (တောင်တွင်းကြီး)

Post
မင်းဘူးခရိုင်ဘိုးဘွားရိပ်သာပြီးစီးမှုအခြေအနေကို တိုင်းဝန်ကြီးချုပ်နဲ့ တိုင်းလွှတ်တော်ဥက္ကဌတို့ လာရောက်ကြည့်ရှု့

မင်းဘူးခရိုင်ဘိုးဘွားရိပ်သာပြီးစီးမှုအခြေအနေကို တိုင်းဝန်ကြီးချုပ်နဲ့ တိုင်းလွှတ်တော်ဥက္ကဌတို့ လာရောက်ကြည့်ရှု့

မကွေးတိုင်း မင်းဘူးမြို့အမှတ်၄ရပ်ကွက်‌မှာရှိတဲ့ ဆည်းဆာရိပ်တို့၏ခိုလုံရာ မင်းဘူးခရိုင်ဘိုးဘွားရိပ်သာပြီးစီးမှုအခြေအနေကို မေလ၁၇ရက်နေ့ နံနက်ပိုင်းက တိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုနဲ့ တိုင်းလွှတ်တော်ဥက္ကဌ ဦးတာတို့ လာရောက်ကြည့်ရှု့ခဲ့ပါတယ်။ အဘိုးအဘွားတွေ နေထိုင်မှာဆိုတော့အဆောက်အဦးတွေကို ကောင်းမွန်စွာတည်ဆောက်စေချင်ပါတယ်၊ အရိပ်ကောင်းမဲ့သစ်ပင်တွေလဲစိုက်ပျိုးစေချင်ပါတယ်၊ဆည်းဆာရိပ်တို့၏ခိုလုံရာ ဘိုးဘွားရိပ်သာအဆောက်အဦးကြီးပြီးသွားရင် ပထမဦးဆုံး မင်းဘူးမြို့ပေါ်မှာရှိတဲ့ မှီခိုရာမဲ့‌နေတဲ့အဘိုးအဘွား၃၂ဦးကို စတင်ထားရှိသွားမှာဖြစ်ပါတယ်၊ အဘိုးအဘွား၃၂ဦးရဲ့ စားဝတ်နေရေး၊ ကျန်းမာ‌ရေးကိစ္စအဝဝကိုလည်း တိုင်းအစိုးရက ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်လို့ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောပါတယ်။ အဆိုပါဘိုးဘွားရိပ်သာကို မကွေးတိုင်းအစိုးရအဖွဲ့၏ ပံ့ပိုးငွေကျပ်သိန်း၅၅၀၊ မင်းဘူး/စကုမြို့နယ်က အများပြည်သူလှူဒါန်းငွေ ကျပ်၁၇၆သိန်းနဲ့ စတင်တည်ဆောက်ခဲ့တယ်လို့ သိရပါတယ်။ ဆည်းဆာရိပ်တို့၏ခိုလုံရာ ဘိုဘွားရိပ်သာ တည်ဆောက်ရေးကော်မတီဥက္ကဌဦးမျိုးမင်းက အဘိုးအဆောင်၊ အဘွားအဆောင်၊အိမ်သာ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ ရေစဉ်ပြီးစီးသွားပါပြီ၊ ပေ၃၂၀ရှိတဲ့ ကွန်ကရစ်လမ်းကို စတင်ခင်းနေပါပြီ၊ ကွန်ကရစ်လမ်းက ၃ပုံ၂ပုံပြီးပါပြီ၊ ကွန်ကရစ်လမ်းခင်းတာ ကျပ်သိန်း၁၈၀ ကုန်ကျပါတယ်၊ ပထမဦးဆုံးရည်မှန်းထားတာကတော့ မင်းဘူးခရိုင်အတွင်းက မှီခိုရာမဲ့ အဘိုးတွေ၊ အဘွားတွေ...