Home 2023 September

Month: <span>September 2023</span>

Post
ပြည်တွင်းထုတ်သဘာ၀မြေဩဇာများကို တောင်သူများ ပိုမိုအသုံးပြုလာ

ပြည်တွင်းထုတ်သဘာ၀မြေဩဇာများကို တောင်သူများ ပိုမိုအသုံးပြုလာ

ရွှေမန်း စိုက်ပျိုးရေးလုပ်ငန်းသုံး သွင်း အားစု ဓာတ်မြေဩဇာများ ဈေး ကြီးမြင့်နေချိန် ပြည်တွင်းထုတ် သဘာ၀မြေဩဇာများကို ပိုမို အသုံးပြုလာကြောင်း သဘာ၀ မြေဩဇာထုတ်လုပ်ရောင်းချသည့် စိမ်းစိုမြေဩဇာကုမ္ပဏီမှ သိရ သည်။ မြန်မာနိုင်ငံအောက်ပိုင်း၊ ဧရာ၀တီတိုင်းဒေသကြီး၊ရန်ကုန် တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး တို့တွင် မိုးစပါးရာသီချိန် မိုးရွာ သွန်းမှုများ အဆက်မပြတ်ရှိနေ သောဒေသများတွင် စပါးစိုက်ပျိုး ရန်အတွက် အောက်ခံဓာတ်မြေ ဩဇာ သုံးခြင်းအားဖြင့် ကြာရှည် အကျိုးမပြုနိုင်တာကြောင့် သဘာ ၀ဓာတ်မြေဩဇာများကို ပိုမို အသုံးပြုလာခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် စပါး တစ်ဧကအတွက် ၁၅ပတ်လည် တစ်လုံး ငွေကျပ် ၁၃၀၀၀၀ ကျော်၊ ပုလဲမြေဆီတစ်အိတ် ငွေကျပ် ၈၅၀၀၀ ကျော်ဖြင့် နှစ်လုံး ငွေကျပ် ၁၇၀၀၀၀ခန့်၊ ဖော့စဖိတ်တစ်လုံး ငွေကျပ် ၁၀၀၀၀၀၊ စုစုပေါင်း...

Post
ယခုနှစ် တရုတ်နိုင်ငံသို့ ပြည်တွင်းမှ ဖရဲသီးတန်ချိန် တစ်သိန်းကျော် တင်ပို့ခဲ့

ယခုနှစ် တရုတ်နိုင်ငံသို့ ပြည်တွင်းမှ ဖရဲသီးတန်ချိန် တစ်သိန်းကျော် တင်ပို့ခဲ့

ရွှေမန်း ပြည်တွင်းမှ တရုတ်ဈေးကွက် သို့ ဖရဲသီးများတင်ပို့ခဲ့ရာတွင် ယခုနှစ်၌ ဖရဲသီးတန်ချိန် တစ် သိန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း သစ်သီး၀လံကုန်စည်ဒိုင်(မူဆယ်) မှ သိရသည်။ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လကုန်ထိ ၈ လတာအတွင်း မူဆယ်နယ်စပ်ကုန်သွယ်ရေးမှ တရုတ်ဈေးကွက်သို့ ဖရဲသီးတန် ချိန် ၁၁၃၀၀၀ ကျော်ကို ကုန်တင် ယာဉ် အစီးရေ ၇၀၀၀ ကျော် တင်ပို့ခဲ့ခြင်း ဖြစ်သည်။ “ဖရဲသီးကို ပြည်တွင်းကနေ တရုတ်ဘက်တင်ပို့ရာမှ လက်ရှိ အခြေအနေအရ ဈေးကွက်က မကောင်းဘူး။ ဘာလို့လဲဆိုတော့ တရုတ်ဘက်ကလည်း ဖရဲသီးတွေ အထွက်များနေတာကြောင့် ကျွန် တော်တို့ဘက်က ဖရဲသီးက ဈေး ကောင်းမရတာဖြစ်ပါတယ်´´ဟု (မူဆယ်)ဖရဲသီးပွဲရုံ တစ်ခုမှ ပြော သည်။ ပြည်တွင်း၌ နိုဝင်ဘာမှ ဇူလိုင်လအတွင်း...

Post
အောက်တိုဘာမှစပြီး ပြည်ပသို့ ဆန်တင်ပို့မှု အားကောင်းမည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းဆို

အောက်တိုဘာမှစပြီး ပြည်ပသို့ ဆန်တင်ပို့မှု အားကောင်းမည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းဆို

ရွှေမန်း လာမည့် အောက်တိုဘာလမှ စတင်ပြီး ပြည်ပဈေးကွက်ထံ မြန်မာ့ဆန်တင်ပို့မှု ပြန်လည်အား ကောင်းလာမည်ဖြစ်ကြောင်းမြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်(MRF) တာဝန်ရှိသူက ပြောသည်။ “တကယ်တင်ပို့မယ့် အချိန် ကတော့ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဒီ ၆ လက ဆန်စပါး တင်ပို့ မယ့် အားအကောင်းဆုံး အချိန် ကာလပဲ ဖြစ်ပါတယ်´´ဟု (MRF) ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြော သည်။ လက်ရှိ မိုးတွင်းကာလမှာ ဆန်ပြည်ပတင်ပို့မှု လျော့နည်း နေပြီး တစ်ဖက်မှာလည်း သင်္ဘော တင်ဖြစ်သလို သိုလှောင်မှုအပိုင်း မှာလည်း အစိုဓာတ်ဖြစ်ပေါ်မှုတွေ ရှိနေသည်။ ၂၀၂၃ ခုနှစ် မေ၊ ဇွန်၊ ဇူလိုင်၊ ဩဂုတ်မှာတော့ ဆန်၊ ဆန်ကွဲ...

Post

ပဲနှမ်းဈေးကွက်အတွင်း မြေပဲဆန်တစ်မျိုးသာ ပေါက်ဈေးအတိုင်း အရောင်းအဝယ်ကောင်းနေ

ရွှေမန်း ပဲ၊နှမ်းဈေးကွက်အတွင်း မြေပဲ ဆန်တစ်မျိုးသာ ပေါက်ဈေး အတိုင်း အရောင်းအဝယ်ကောင်း နေကြောင်း ပဲနှမ်းကုန်သည်များ ထံက သိရသည်။ ပြည်တွင်းကုန်ဈေးနှုန်းကျဆင်း ရေး ကြီးကြပ်မှုအဖွဲ့၏ ပြည်တွင်း လုပ်ငန်းများစစ်ဆေးမှုများနှင့် အတူ ပြည်တွင်းပဲ၊နှမ်းဈေးကွက် တွင် ပို့ကုန်ပဲများအပါအဝင် ဈေး ကွက်တစ်ခုလုံး အနည်းငယ်ဈေး နှုန်းများ ကျဆင်းလာခြင်းဖြစ်သည်။ စက်တင်ဘာလကုန်ပိုင်းရက် များတွင် ပြည်တွင်းပဲ၊ နှမ်းဈေး ကွက်မှာ အသစ်ဝင်ရောက်လာ သောနှမ်းနှင့် ပဲတီစိမ်းဝင်ရောက် လာမှုရှိသော်လည်း ပေါက်ဈေး အနည်းငယ်ကျဆင်းနေကြောင်း ပဲနှမ်းဈေးကွက်တစ်ခုလုံး အရောင်း အဝယ်အေးပေမယ့် မြေပဲဆန် တစ်မျိုးသာ ပေါက်ဈေးအတိုင်း အရောင်းအဝယ်ကောင်းနေသည်။ နိုင်ငံခြားငွေ ဝန်ဆောင်မှုလုပ်ငန်း များ အရေးယူမှုများနှင့်အတူ ပို့ကုန်ပဲနှမ်းဈေးကွက်မှာ အရောင်း အဝယ်အေးခြင်းဖြစ်ကြောင်း ရွှေစင် သိန်းပွဲရုံမှ ဦးကျော်သွင်က ပြော သည်။...

Post
ပြည်တွင်းထုတ်သည့်မြေပဲဆီဈေးများ အကျဘက်သို့ ဦးတည်လာ

ပြည်တွင်းထုတ်သည့်မြေပဲဆီဈေးများ အကျဘက်သို့ ဦးတည်လာ

ရွှေမန်း ပြည်တွင်းစားသုံးသူဈေးကွက် တွင် ပြီးခဲ့သည့် ဩဂုတ်လနောက် ဆုံးပတ်မှစတင်၍ မြေပဲဆန်ဈေး များကျဆင်းလာခြင်းနှင့်အတူ မြေပဲဆီစစ်စစ်ဈေးနှုန်းများ ကျဆင်းလာပြီး အကျဘက်သို့ ဦးတည်နိုင်ကြောင်း မြေပဲဆီစစ် စစ်ရောင်းချသည့် ဆီစက်ပိုင်တစ် ဦးကပြောသည်။ “အခုချိန်မှာ ပြည်တွင်းဒေသ အသီးသီးက မြေပဲအထွက်များ လာပြီ။ ဈေးကွက်မှာ မြေပဲဆန် ဈေးကျလာတော့ သစ်သားကြိတ် ဆုံနဲ့ ကြိတ်ရောင်းတဲ့ မြေပဲဆီ စစ်စစ်လည်း ဈေးချပေးပါတယ်။ကျနော်တို့အနေနဲ့က မြေပဲဆန် ဈေးကျရင် ဆီဈေးချပေးတယ်။အခြား အရောအနှောဆီတွေ ကတော့ သူတို့ဈေးနဲ့သူတို့ရောင်း ကြမှာပါ´´ဟု ၎င်းက ပြောသည်။ ကြိတ်ဆုံဖြင့် ကြိတ်သည့် မြေပဲဆီစစ်စစ် လက်ရှိပေါက်ဈေး မှာ တစ်ပိဿာ ငွေကျပ် ၁၄၀၀၀ ဖြစ်ရာ ငွေကျပ်တစ်ထောင်ဝန်း ကျင် ဈေးကျဆင်းခဲ့ကြောင်း၊ အချို့စက်များက မြေပဲဆီစစ်စစ် တစ်ပိဿာ ငွေကျပ်...

Post
ပို့ကုန်ပဲများအနည်းငယ်ဈေးမြင့်တက်လာသော်လည်း အရောင်းအဝယ်ခပ်အေးအေးသာရှိနေ

ပို့ကုန်ပဲများအနည်းငယ်ဈေးမြင့်တက်လာသော်လည်း အရောင်းအဝယ်ခပ်အေးအေးသာရှိနေ

ရွှေမန်း ဒေါ်လာဈေး၊ယွမ်ဈေး မြင့် တက်လာမှုနှင့်အတူ ပို့ကုန်ပဲများ အနည်းငယ် ဈေးမြင့်တက်လာသော် လည်း အရောင်းအဝယ် ခပ်အေး အေးသာ ရှိနေကြောင်း ပဲနှမ်း ကုန်သည်များထံက သိရသည်။ ပြည်တွင်း ပဲ၊ နှမ်းဈေးကွက် မှာ ပို့ကုန်ပဲများ အမြင့်ဈေး အတိုင်း ဆက်လက်ရှိနေမည်ဖြစ် သော်လည်း အရောင်းအဝယ် ခပ်အေးအေးသာ ရှိနေသည်။ စက်တင်ဘာ ၁၂ ရက်မှ စတင်ကာ ဒေါ်လာဈေး၊ ယွမ်ဈေး များ မြင့်တက်လာတာကြောင့် ပို့ကုန်ပဲများ ဈေးမြင့်တက်လာ သော်လည်း လက်ရှိမှာ အမြင့် ဈေးများဖြင့် ဈေးငြိမ်နေကြောင်း၊ လက်ကျန်နည်းလွန်းသည့် ပြည် တွင်းသုံးကုလားပဲများမှာလည်း ဈေးမြင့်ခြင်းမရှိသော်လည်း အရောင်းသမားထုတ်ရောင်းမှသာ ဝယ်လို့ရကြောင်း မြေပဲဆန်များ မှာ အသစ်ဝင်ရောက်မှုများကြောင့် ဈေးကျဆင်းနေပြီး အရောင်း အဝယ်သွက်နေကြောင်း ရွှေစင်...

Post
နိုင်ငံခြားပို့ကုန်ပဲများ ဈေးများမြင့်တက်နေသော်လည်း ပြည်တွင်းသုံးကုလားပဲများအပါအဝင် အားလုံး ဈေးတည်ငြိမ်နေ

နိုင်ငံခြားပို့ကုန်ပဲများ ဈေးများမြင့်တက်နေသော်လည်း ပြည်တွင်းသုံးကုလားပဲများအပါအဝင် အားလုံး ဈေးတည်ငြိမ်နေ

ရွှေမန်း နိုင်ငံခြားပို့ကုန်ပဲများ ဈေးများ မြင့်တက်လာနေသော်လည်း ပြည် တွင်းသုံးကုလားပဲများ အပါအဝင်အား လုံးဈေးတည် ငြိမ်နေကြောင်း ပဲ၊နှမ်းကုန်သည် များထံက သိရသည်။ ပြည်တွင်း ပဲ၊နှမ်းဈေးကွက် မှာ လက်ကျန်ပဲ စောစောကုန် တာကြောင့် အမြင့်ဈေးများဖြစ်နေ သော်လည်း လက်ရှိအချိန် မိုး ရာသီဖြစ်တာကြောင့် အနည်းငယ် ဈေးမြင့်နေခြင်းသာဖြစ်သော်လည်း အရောင်းအဝယ် ခပ်အေးအေးသာ ရှိနေသည်။ နိုင်ငံခြားပို့ကုန်ပဲများ ဈေး များ ပြန်လည်မြင့်တက်လာသော် လည်း ပြည်တွင်းသုံးကုလားပဲနှင့် နှမ်းမျိုးစုံဈေးကွက် ဆက်လက် ကျဆင်းနေကြောင်း၊စားအုန်းဆီ ဈေးကျဆင်းမှုနှင့်အတူ ပြည်တွင်း မြေပဲဆန်ဈေးမှာလည်း လိုက်ပါ ဈေးကျနေကြောင်း လက်ကျန် နည်းလာသည့် ပြည်တွင်းသုံး ကုလားပဲများမှာ အမြင့်ဈေးဖြင့် ဈေးတည်ငြိမ်နေကြောင်း လက်ရှိ အချိန်တွင် နိုင်ငံတော်အဆင့် ကုန်ဈေးနှုန်းကျဆင်းရေး ဆောင် ရွက်နေတာကြောင့် လာမည့်...

Post
စျေးကွက်အတွင်း စပျစ်သီးမှည့်များ စျေးနှုန်းကောင်းများရရှိနေ

စျေးကွက်အတွင်း စပျစ်သီးမှည့်များ စျေးနှုန်းကောင်းများရရှိနေ

ရွှေမန်း မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် ရွာတန်းဒေသတွင် စိုက်ပျိုးသော စပျစ်သီးများ အနယ်နယ်အရပ်ရပ် မှ ဝယ်ယူမှု ကောင်းမွန်နေခြင်းကြောင့် စျေးကွက်အတွင်း စျေးနှုန်းကောင်းများရရှိနေကြောင်းဒေသခံပျစ် စိုက်ပျိုးသူများထံကသိရသည်။ ရမည်သင်းမြို့နယ်တွင် စပျစ်သီးအမှည့် တစ်ပိသာလျှင် ၃၀၀၀ ကျပ်၊ လေးပိသာပါ တစ်ခြင်းလျှင် ၁၅၀၀ ကျပ် ရှိပြီး လက္ကားဝယ်ယူလျှင် တစ်ပိသာလျှင် ၂၅၀၀ ကျပ်နှုန်းရှိနေကြောင်းသိရသည်။ စပျစ်သီးကို စိုက်ပျိုးရာဒေသအထိ လာဝယ်ကြတာများတယ်၊ အဓိက ပွဲစားတွေကတဆင့် ဝယ်ယူကြတာမျိုး ပါ၊ လိုအပ်တဲ့ နယ်ကုန်သည်တွေက ပွဲစားကတဆင့် ဝယ်ယူကြတာပါ၊ အခုနှစ်ကတော့ အဝယ်လည်းကောင်းသ လို စျေးနှုန်းလည်းကောင်းမွန်ပါတယ်၊ ဟု ရမည်သင်းမြို့နယ် ရွာတန်းဒေသရှိ စပျစ်သီးစိုက်ပျိုးသူတစ်ဦးက ပြောသည်။ ရမည်သင်းမြို့နယ်ရှိ စပျစ်သီးမှည့်များကို ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ မကွေးစသည့် ဒေသများက အများဆုံးဝယ်ယူ...

  • 1
  • 2