Home 2022 July

Month: <span>July 2022</span>

Post
ပြည်ပမှ စားအုန်းဆီတင်သွင်းမှုလျော့ကျလာတာကြောင့် ပြည်တွင်း ပဲ နှမ်းစျေး စျေးကွက်တွင်ဆီထွက်သီးနှံများစျေးတက်

ပြည်ပမှ စားအုန်းဆီတင်သွင်းမှုလျော့ကျလာတာကြောင့် ပြည်တွင်း ပဲ နှမ်းစျေး စျေးကွက်တွင်ဆီထွက်သီးနှံများစျေးတက်

ရွှေမန်း ပြည်ပမှ စားအုန်းဆီတင်သွင်းမှုလျော့ကျလာတာကြောင့် ပြည်တွင်း ပဲ နှမ်းစျေး စျေးကွက်တွင်ဆီထွက်သီးနှံများစျေးတက်လာကြောင်း ပဲနှမ်းကုန်သည်များထံ ကသိရသည်။ ပြည်တွင်းစျေးကွက်တွင် တစ်ပတ်အတွင်း ဆီထွက်သီးနှံစျေးမှာ သိသိသာသာ တက်သွား ရာ မြေပဲအနီလုံးဆန် တစ်ပိသာ ကျပ် ၅၄၀၀ ၊ ​မြေပဲဆီဆန် တစိပိသာ ၅၀၀၀ ခန့်ထိ မြင့်တက်လာကြောင်း သိရသည်။ “ဆီထွက်သီးနှံတွေ စျေးတက်သွားတယ်။ နှမ်းညို၊ နှမ်းဝါ၊ နှမ်းနီ၊ နှမ်းနက်နဲ့ မြေပဲလုံးဆန်၊ မြေပဲဆီဆန် စျေးတွေတက်သွားတာပါ။ နှမ်းတွေတစ်တင်းကို ကျပ်၄၀၀၀ နဲ့ ၅၀၀၀ လောက်အထိ တက်သွားတယ်။ မြေပဲလုံးဆန်နဲ့ ဆီဆန်တစ်ပိသာကျပ် ၅၀၀ လောက် တက်သွားတယ်” ဟု ပဲနှမ်းကုန်သည်တစ်ဦးကပြောသည်။ မြေပဲဆီဆန်နှင့် လုံးဆန်များ ယခုနှစ် ထွက်နှုန်းနည်းရာ အဝင်မရှိတော့သောကြောင့် စျေးတက်ရခြင်းဖြစ်ပြီး နှမ်းမျိုးစုံလည်း...

Post
ပြည်တွင်းဒေါ်လာဈေးနှင့် ပို့ကုန်မှုဝါဒအပြောင်းအလဲ ကိုစောင့်ကြည့်နေတာကြောင့် အရောင်းအဝယ်အေးသွားသော်လည်း မြေပဲဆန်ဈေးစံချိန်တင်မြင့်တက်နေ

ပြည်တွင်းဒေါ်လာဈေးနှင့် ပို့ကုန်မှုဝါဒအပြောင်းအလဲ ကိုစောင့်ကြည့်နေတာကြောင့် အရောင်းအဝယ်အေးသွားသော်လည်း မြေပဲဆန်ဈေးစံချိန်တင်မြင့်တက်နေ

ရွှေမန်း ပြည်တွင်းဒေါ်လာဈေးနှင့် ပို့ကုန်မှုဝါဒအပြောင်းအလဲ ကိုစောင့်ကြည့်နေတာကြောင့် ပြည်တွင်းပဲ နှမ်းဈေးကွက် အရောင်းအဝယ် အေးသွားသလို ပို့ကုန်ပဲများ ပေါက်ဈေးငြိမ်သွားကာ မြေပဲဆန်တစ်မျိုးတည်းသာ စံချိန်တင်ဆက်လက်မြင့်တက်နေ ကြောင်း ပဲနှမ်းကုန်သည်များထံက သိရသည်။ ပြည်တွင်း ဒေါ်လာဈေးနှင့် ပို့ကုန် မှုဝါဒအပြောင်းအလဲကို စောင့်ကြည့်နေတာကြောင့် ပို့ ကုန်ပဲများနှင့် တရုတ်လိုင်းသွားသည့် အဓိက ပဲတီစိမ်းတို့မှာ ယခင်သီတင်းပတ်ထက် ဈေးအနည်းငယ်ကျဆင်းသွားသလို ပြည်တွင်း သုံးကုလားပဲ အုပ်စုလည်း ဈေးကျဆင်းကြောင်း ပြည်တွင်း သို့ စားဆီလုံလောက်စွာ ရောင်းချနိုင်ခြင်းမရှိတော့သည့် အချိန်မှ စတင်ကာ ၃ လကျော် ကတည်းက မြေပဲဆန်ဈေးကောင်းမွန်းလာသည်မှာ ယနေစံချိန်တင်ဈေးတွေ ဖြစ်နေကြောင်း နှင့် အခြားပဲမာလိုင်းများမှာ ပုံမှန်ပေါက်ဈေးတွင်သာ ရှိနေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု အသင်း ဒုတိယဥက္ကဌ ဦးကျော်သွင်( ရွှေစင်သိန်းပွဲရုံ) က ပြောသည်။...

Post
တရုတ်နိုင်ငံသို့ မိုးဖရဲသီးအနည်းငယ်သာ တင်ပို့မှုရှိပြီး လာမည့် သစ်သီးရာသီကုန်သွယ်မှု အခြေအနေ ခန့်မှန်းရခက်

တရုတ်နိုင်ငံသို့ မိုးဖရဲသီးအနည်းငယ်သာ တင်ပို့မှုရှိပြီး လာမည့် သစ်သီးရာသီကုန်သွယ်မှု အခြေအနေ ခန့်မှန်းရခက်

ရွှေမန်း မြန်မာ-တရုတ်နယ်စပ်၊ မူဆယ်နယ်စပ်ကုန်သွယ်ရေးတွင် ဇူလိုင်လမှ စက်တင်ဘာလအတွင်း သီးနှံရာသီနား ချိန်ဖြစ်သော်လည်း တရုတ်သို့ ပြည်တွင်းမှ ထွက်ရှိသော မိုးဖရဲသီးတင်ပို့မှု အနည်းငယ်သာရှိပြီး လာမည့် သစ်သီးရာသီ ကုန်သွယ်မှုအခြေအနေကို ကြိုတင်ခန့်မှန်းရန်ခက်ခဲကြောင်း သိရသည်။ လာမည့် သီးနှံရာသီတွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးအခြေအနေမှာ တရုတ်နှင့် မြန်မာဘက်မှ နယ်စပ် ဖြတ် ကျော်မှုဆိုင်ရာ ပေါ်မူတည်သောကြောင့် ကြိုတင်ခန့်မှန်းနိုင်ခြင်းမရှိကြောင်း ခွာညိုသစ်သီးပွဲရုံပိုင်ရှင် စိုင်းခင်မောင်က ပြော သည်။ “လက်ရှိမှာတော့ မိုးရာသီစိုက်တဲ့ ဖရဲသီးထွက်တာနည်းနည်းပါးပါးရှိတော့ တရုတ်ဘက် ပို့တာရှိပေမယ့် တစ် ရက် ကားတစ်စီးလောက်ပဲရှိတယ်။သစ်သီးရာသီချိန်မဟုတ်တော့ သစ်သီးဝလံနဲ့ ပတ်သက်တဲ့ ကုန်သွယ်မှု မရှိသလောက်ပဲ။လာမယ့် စက်တင်ဘာလကုန်လောက်မှာ သစ်သီးရာသီစမှာပါ။”ဟု ၎င်းကပြောသည်။ ပြည်တွင်းမှ ဖရဲ သခွားများကို တရုတ်သို့ အဓိက တင်ပို့ခြင်းဖြစ်ပြီး ယခုကာလတွင် စိုက်ပျိုးရန် ပြင်ဆင်မှု...

Post
မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ယခင်နှစ်နှင့် ကာလတူ ၃ လကြာ နှိုင်းယှဉ်သည့် ကုန်သွယ် မှုပမာဏ လျော့ကျ

မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ယခင်နှစ်နှင့် ကာလတူ ၃ လကြာ နှိုင်းယှဉ်သည့် ကုန်သွယ် မှုပမာဏ လျော့ကျ

ရွှေမန်း မြန်မာ-တရုတ် နစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင်း စီးပွား/ကူးသန်းမှ ထုတ်ပြန်သည့် အချက်အလက်များအရ ဧပြီ ၁ရက်မှ ဇွန် ၁၅ ရက်နေ့ထိ ၃ လကြာအတွင်း ယခင်နှစ်နှင့် ကာလတူ နှိုင်းယှဉ်ပါက ကုန်သွယ်မှုပမာဏ လျော့ကျခဲ့ကြောင်း သိရသည်။ အဆိုပါ နယ်စပ်ကုန်သွယ်မှု ကုန်သွယ်ရေးစခန်း ၅ ခုမှာ မူဆယ်၊ လွယ်ဂျယ်၊ချင်းရွှေဟော်၊ကံပိုက်တီးနှင့် ကျိုင်းတုံနယ်စပ်မြို့များတွင်ရှိပြီး ကံပိုက်တီးကုန်သွယ်ရေးစခန်းတွင် ကုန်သွယ်မှုပမာဏ လျော့နည်းမှုမရှိခဲ့ ဟုဆိုသည်။ “ပို့ကုန်/သွင်းကုန်မှာ မူဝါဒအပြောင်းအလဲနဲ့ ငွေလဲလှယ်နုန်းတွေက ကုန်သွယ်မှုအပေါ် သက်ရောက်မှုရှိတယ်။ နယ်စပ်ကုန်သွယ်ရေးမှာ နယ်စပ်ဖြတ်ကျော်မှု အစီအမံတွေကလည်း နှစ်နိုင်ငံကုန်သွယ်မှုမှာ အရေးကြီးတယ်။ တရုတ်အကောက်အခွန်ဗျူရိုရဲ့ထုတ်ပြန်ချက်အရ၂၀၂၂ခုနှစ်၊ဧပြီ၁ ရက်ကနေ ဇွန် ၁၇ ရက်ထိ မူဆယ်နယ်စပ် ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၃၅၃သန်းရှိခဲ့တယ်”ဟုနယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။ မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှု တန်ဖိုး(အမေရိကန်ဒေါ်လာသန်းပေါင်း)မှာ ဧပြီ...

Post
ဧပြီ မေ ဇွန် သုံးလကျော်တာကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံ တန် ၅ သိန်း ၂ သောင်းကျော် တင်ပို့ခဲ့ရာပဲတီစိမ််း ကိုအများဆုံးတင်ပို့

ဧပြီ မေ ဇွန် သုံးလကျော်တာကာလအတွင်း ပြည်ပသို့ ပဲမျိုးစုံ တန် ၅ သိန်း ၂ သောင်းကျော် တင်ပို့ခဲ့ရာပဲတီစိမ််း ကိုအများဆုံးတင်ပို့

ရွှေမန်း ယခုဘဏ္ဍာနှစ် ဧပြီ မေ ဇွန် (၃)လကျော်အတွင်း ပြည်ပကို ပဲမျိုးစုံ တန်ချိန် (၅သိန်း_၂သောင်း)ကျော် တင်ပို့ထားရာ ပဲတီစိမ်းကို အများဆုံးတင်ပို့ထားကြောင်း စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဧပြီလ (၁)ရက်ကနေ ဇူလိုင်လ (၈)ရက်နေ့အထိ ပင်လယ်ရေကြောင်းကနေ ပဲမျိုးစုံတန်ချိန် ၃၈၀၀၀၀ ကျော်နဲ့ နယ်စပ်ကနေ တန်ချိန် ၁၃၀၀၀၀ ကျော် တင်ပို့ထားရာပို့ကုန် ဝင်ငွေ အမေရိကန်ဒေါ်လာ သန်း(၃၉၀)ကျော် ရရှိထားပြီး သုံးလကျော်ကာလ အတွင်းမှာ ပဲတီစိမ်းကို အများဆုံး တင်ပို့ထားတာဖြစ်ပြီး တန်ချိန် ၂၆၀၀၀၀ ကျော်အထိ တင်ပို့ထားကြောင်းသိရသည်။မတ်ပဲ တင်ပို့မှုမှာ တန်ချိန် ၁၀၀၀၀၀ ကျော်နဲ့ ပဲစဉ်းငုံ တင်ပို့မှုကတော့ တန်ချိန် ၇၅၀၀ကျော်တင်ပို့ထားကြောင်း စီးပွား/ ကူးသန်း၏ထုတ်ပြန်ချက်များအရသိရသည်။ ပဲတီစိမ်း မတ်ပဲ...

Post
မန္တလေးတိုင်းဒေသကြီးအတွင်း မိုးဆီထွက်သီးနှံစိုက်ဧက ၁၃ သိန်း ကျော်လျာထားစိုက်ပျိုး

မန္တလေးတိုင်းဒေသကြီးအတွင်း မိုးဆီထွက်သီးနှံစိုက်ဧက ၁၃ သိန်း ကျော်လျာထားစိုက်ပျိုး

ရွှေမန်း ပြည်တွင်းပဲနှမ်းစျေးကွက် တွင် ဆီထွက်သီးနှံများ စျေးကောင်းရရှိပြီးလာမည့်ရာသီတွင်လည်းစျေးကွက်ကောင်းနိုင်သဖြင့် ဆီထွက်သီးနှံများကိုတိုးချဲ့ စိုက်ပျိုးရန်လိုအပ်ကြောင်း သိရသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင် ၁၁ ခရိုင်တွင် မိုးဆီထွက်သီး နှံစိုက်ဧက ၁၃ သိန်းကျော်လျာထားပြီးစိုက်ပျိုးဆောင်ရွက်လျက်ရှိ ကြောင်း မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာ ရှိ ဒေါ်တိုးတိုးဝင်းက ပြောကြားသည်။ အဆိုပါ ဆီထွက်သီးနှံများကို ခရိုင် ၁၁ ခရိုင်ရှိ မြို့နယ်အလိုက် စိုက် ပျိုးရာ၌မိုးမြေပဲ၊ မိုးနှမ်း၊ မိုးနေကြာ စသည်ဆီထွက်သီးနှံဧက ၁၃ သိန်းကျော်ကို မေလဆန်းမှစ၍ စိုက်ပျိုးဆောင်ရွက်ခဲ့ရာ ယနေ့ အချိန်အထိ စိုက်ပျိုးပြီးစီးမှုမှာ မိုးမြေပဲ ၁၅၅၀၂၀ ဧက၊ မိုးနှမ်း ၉၀၂၆၅၄ ဧက၊ မိုးနေကြာ ၂၁၀၇၃ ဧက ဖြစ်ရာ စုစု ပေါင်း ၁၀၇၈၇၄၇ ဧက...

Post
“မတ်ပဲဈေးကွက်အခြေအနေ သုံးသပ်ချက်”

“မတ်ပဲဈေးကွက်အခြေအနေ သုံးသပ်ချက်”

ရွှေမန်း ဇူလိုင်လအစပိုင်းတွင် အတက်ကြမ်းခဲ့သော မတ်ပဲဈေးနှုန်းသည် ပထမသီတင်းပတ်ကုန်တွင် ပြန်လည်ကျဆင်းလာခဲ့ပြီး အဝယ်သာရှိ၍ အရောင်းမရှိသည့်အခြေအနေအထိဖြစ်ခဲ့သည်။ တစ်တင်းလျှင်ကျပ် ၆၀,၀၀၀ နီးပါးအထိဖြစ်လာခဲ့ပြီးနောက် တစ်ပတ်အတွင်း ကျပ် ၅၀,၀၀၀ ခန့်အထိပြန်လည်ကျဆင်းသွားကြောင်းတွေ့ရသည်။ လွန်ခဲ့သော သီတင်းပတ်အတွင်းဖြစ်ပေါ်ခဲ့သော ဧရာဝတီတိုင်းဒေသကြီး၏ မတ်ပဲဈေးနှုန်းများမှာ ဇူလိုင်လ (၁၅) ရက်နေ့တွင် တစ်တင်းလျှင်ကျပ် ၅၀,၀၀၀၊ (၁၆) ရက်နေ့တွင် ကျပ် ၅၁,၇၀၀၊ (၁၇) ရက်နေ့တွင်ကျပ် ၅၁,၇၀၀၊ (၁၈) ရက်နေ့တွင်ကျပ် ၅၁,၇၀၀၊ (၁၉) ရက်နေ့တွင် ကျပ် ၅၃,၅၀၀၊ (၂၀) ရက်နေ့တွင် ကျပ် ၅၄,၃၀၀၊ (၂၁) ရက်နေ့တွင်ကျပ် ၅၃,၆၀၀ – ၅၃,၀၀၀ အသီးသီးဖြစ်ပါသည်။ မတ်ပဲတစ်တင်းလျှင်ကျပ် ၅၀,၀၀၀ – ၅၁,၇၀၀ ဖြစ်နေသည့်အချိန်၊ ဇူလိူင်လ (၁၈)...

  • 1
  • 2
  • 4