ရွှေမန်း ပြည်တွင်းပြောင်းဈေးကွက်တွင် ပြီးခဲ့သည့် နိုဝင်ဘာလလယ်ခန့်ထိ အတက်အကျ ရှိခဲ့ရာက ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၆ ရက်က ထုတ်ပြန်သည့် ပို့ကုန်/သွင်းကုန်နှင့် ပတ်သက်သော ဖြေလျှော့မှုများကြောင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီ နောက်ပိုင်း ဈေးကွက်ကောင်းနိုင်သည်ဟု မျှော်လင့်ကြောင်း မြန်မာနိုင်ငံ၊ ပြောင်းလုပ်ငန်းရှင်များ အသင်း၊တာဝန်ရှိသူကပြောသည်။ ဖြေလျှော့သည့် မူဝါဒအရ ပို့ကုန်ကုန်ဝင်ငွေရရှိမှုအပေါ် ဗဟိုဘဏ်၏သတ်မှတ်နုန်းထားဖြင့် ၅၀ ရာနုန်းကို ကျပ်ငွေလဲလှယ်ရမည့်အစား ၃၅ ရာနုန်းသို့ ဖြေလျှော့ပေးလိုက်ခြင်းကြောင့် ပို့ကုန်ဈေးကွက် လှုပ် ရှားလာ သဖြင့် ပြောင်း ဈေးကောင်းလာနိုင်မည့် အခြေအနေဟုဆိုသည်။ “မူဝါဒအပြောင်းအလဲ မထွက်ခင် နိုဝင်ဘာနောက်ဆုံးပတ်က ရန်ကုန်ဈေးကွက်မှာ ပြောင်းတစ်ပိသာ ငွေကျပ် ၁၀၆၀ လောက်ကနေ ၁၁၃၀ ဝန်းကျင်ဖြစ်လာတော့ ဈေးမြင့်လာတယ်။၂၀၂၄ ခုနှစ်မှာ ထိုင်းနယ်စပ်ကုန်သွယ် ရေးလမ်းကြောင်း...
FlashNews:
၇ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၆၄၇ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
ဓာတ်မြေဩဇာ ရန်ကုန်အထိုင်ရည်ညွှန်းဈေး အမျိုးအစားအလိုက်ငွေကျပ် ၁၀၀၀၀ ထပ်မံ မြင့်တက်လာ
ဆီထွက်သီးနှံမြေပဲဆန်နှင့် နှမ်းမျိုးစုံ အနည်းငယ်ဈေးမြင့်တက်လာ
ပြည်တွင်း စားသုံးဆီဖူလုံစေရေး အတွက် ဆီထွက်သီးနှံ အထူးဇုန်(၁၂)ဇုန် သတ်မှတ်ဆောင်ရွက်နေ
အေးခဲထောပတ်သီးအနှစ်များကို မလေးရှားနိုင်ငံမှ ဝယ်ယူရန် သဘောတူညီမှုရရှိ
ကိုရီးယားနိုင်ငံ မှ အေးခဲငရုတ်သီးဝယ်လိုကြောင်း ကမ်းလှမ်းမှုများရှိသော်လည်း တင်ပို့နိုင်ရန် အခက်အခဲရှိနေ
အချိန်နဲ့ ပါလာတဲ့ ဒီရေ
ပြည်တွင်းသုံးကုလားပဲအုပ်စုအရောင်းအဝယ်သွက်နေ
နိုင်ငံတကာစိုက်ပျိုးရေးကုန်စည်ပြပွဲ-၂၀၂၄ ကျင်းပပြုလုပ်မည်
စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ အနေဖြင့် စိုက်ပျိုးစရိတ်ကြီးမြင့်နေ
အခြေခံရည်ညွှန်းစပါးဈေးနှုန်း တင်း ၁၀၀ လျှင် ငွေကျပ် ၉၅၀,၀၀၀ သက်မှက်ကြောင်း ထုတ်ပြန်
သီတင်းကျွတ်ပိတ်ရက်များနောက်ပိုင်းမှသာ ပဲ ၊ နှမ်းဈေးကွက် အရောင်းအဝယ် ပြန်လည်ကောင်းမွန်လာမည်
မကွေးတိုင်းဒေသကြီး GAPနှမ်းစိုက်တောင်သူများ စုပေါင်းရောင်းချပွဲ ကျင်းပ
အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားရှိနေသော် လည်း ပဲစင်းငုံဈေးကွက်ကျဆင်းနေ
၆ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၄၅၈ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်
တရုတ်နိုင်ငံ ၏ ဝယ်လိုအားကြောင့် မန္တလေးဈေးကွက်အတွင်း ဝဥများ ဈေးကောင်းရရှိကာ အရောင်းအဝယ်သွက် လက်ကောင်းမွန်နေ
ပြည်တွင်းရည်ညွှန်းဆန်ဈေးနှုန်းယခင်လထက် အနည်းငယ်မြင့်တက်လာ
သီတင်းကျွတ်ဈေးရောင်းပွဲတော် အဖြစ် မြေပဲဆီ၊နှမ်းဆီ၊နေကြာဆီများကို ဈေးနှုန်းသက်သာစွာ ရောင်းချပေးသွားမည်
ပြည်တွင်းမျိုးစေ့ကုမ္ပဏီ များမှ တရားဝင်တင်သွင်းနိုင်ခြင်း မရှိသဖြင့် မျိုးစေ့စျေးကြီးမြင့်ခြင်းနှင့် မျိုးစေ့ပြတ်လပ်မှုများ ရှိနေ
ပို့ကုန် မတ်ပဲနှင့် ပဲစင်းငုံ ဈေးကွက်မြင့်တက်၊ ပြည်တွင်း ပဲမျိုးစုံဈေးကွက်မှာလည်း အရောင်းအဝယ်သွက်နေ
ရွှေမန်း ပို့ကုန် မတ်ပဲနှင့် ပဲစင်းငုံ မှာ ဈေးကွက်တွင် အရောင်းအဝယ် ကောင်းနေပြီး ပြည်တွင်း ပဲ၊ နှမ်း ဈေးကွက်မှာလည်း အမြင့်ဈေး ဖြင့် အရောင်းအဝယ်သွက်နေ ကြောင်း ပဲ၊ နှမ်း ကုန်သည်များ ထံမှ သိရသည်။ ဒီဇင်ဘာ လကုန်ရက်များ တွင် တရုတ်နိုင်ငံမှ အဝင်ကုန် များ ရှိလာတာနှင့်အတူ ကနေဒါ စားတော်ပဲ ဈေးကျလာပြီး ပို့ကုန် ပဲတီစိမ်းမှာ ဈေးကျဆင်းနေရာမှ ပြန်လည်ဈေးမြင့်တက်လာခြင်း ဖြစ်သည်။ ပဲမျိုးစုံဈေးကွက်မှာ နှစ်ဆန်းပိုင်းမှ ဈေးကွက်စုံလင် အရောင်းအဝယ်ကောင်းလာမည် ဖြစ်ကြောင်း ကုန်သည်များက သုံးသပ်ထားသည်။ လာမည့်နှစ်ဆန်းပိုင်းမှ အသစ်ဝင် ပဲများဖြင့် ပဲနှမ်းဈေး ကွက်မှာ စုံစုံလင်လင် ဈေးကွက် ကောင်းလာမည့်အခြေအနေဖြစ် ကြောင်း၊ လက်ရှိမှာ အသစ်ဝင် ပဲစင်းငုံနှင့်...
ပြင်ဦးလွင်တွင် ထောပတ်သီးအဆင့်မြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နည်းများ သင်တန်းပို့ချပေး
ရွှေမန်း ထောပတ်သီးများကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်သွားနိုင်ရန် ထောပတ်သီး အခြေပြု တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ထောပတ်သီးခေါက်ဆွဲ၊ထောပတ်သီးဆပ်ပြာခဲ ပြုလုပ်နည်း သင်တန်းကို ဒီဇင်ဘာ ၂၃ ရက် က ပြင်ဦးလွင်မြို့၊မြန်မာ-ခါနန်တောင်သူလယ်သမားသင်တန်းကျောင်း(ဒိုးကွင်) တွင် ပညာဒါန အဖြစ် ဖွင့်လှစ် ပို့ချ ခဲ့ကြောင်းသိရသည်။ ထောပတ်သီးကို တန်ဖိုးမြှင့် ထုတ်လုပ်မှုသင်တန်းတွင် သင်တန်းသူသင်တန်းသား ၅၅ ဦတက်ရောက် ခဲ့ကြသည်ဟု မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ထောပတ်သီးကို အသီးအတိုင်း ဈေးကွက်မှာ ရောင်းချနေတာပဲရှိတယ်။ဈေးကွက်နယ်ပယ် ပိုမို ကျယ်ပြန့် အောင် ထောပတ်သီးကတဆင့် တန်ဖိုးမြင့်ထုတ်ကုန်တွေ ထုတ်လုပ်နည်းတွေကို ပညာဒါနအဖြစ် သင်ကြား ပေးတာဖြစ် ပါတယ်။သင်တန်းမှာ တက်ရောက်ကြသူတွေကလည်း စိတ်ဝင်တစားသင်ယူကြပါတယ်”ဟု ၎င်းကပြောသည်။ သင်တန်းတွင် ထောပတ်သီးဆပ်ပြာပြုလုပ်နည်းကို ဦးမောင်မောင်ကလည်းကောင်း၊ထောပတ်သီးခေါက်ဆွဲ ပြုလုပ်နည်းကို ဦးမျိုးညွန့်ကလည်းကောင်း သင်ကြားပို့ချပေးခဲ့ကြကြောင်း၊ထို့အပြင်...
ဆောင်းမှာလည်း နှင်းပျောက်မယ်။ မိုးမှာလည်း မိုးရှားမယ်
ကောင်းဇော် အီကွေတာအနီးနားရှိတဲ့ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်နဲ့ လေထုဖြစ်စဉ်တွေက အားကောင်းတဲ့ အယ်နီညိုခြေအနေမှာ ရှိနေတယ်။နိုင်ငံတကာမိုးလေဝသဌာနတွေက ၂၀၂၃ ဒီဇင်ဘာကနေ ၂၀၂၄ ဇန်နဝါရီလအတွင်း အားကောင်းတဲ့ အယ်နီညိုအခြေအနေမှာ ဆက်လက်တည်ရှိနေမယ်လို့ ခန့်မှန်းကြပါတယ်။အယ်နီညိုကြောင့် မိုးရွာသွန်းမှု မူမမှန်တာ၊ နေ့အပူချိန်မြင့်တာ၊ မုန်တိုင်းဖြစ်ပေါ်နိုင်မှု မူမမှန်တာနဲ့ မိုးခေါင်ရေရှားတဲ့ အစွန်းရောက် မိုးလေဝသဖြစ်စဉ်တွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။အယ်နီညိုကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေ မထိခိုက်အောင် ဘယ်လို့လုပ်သင့်လဲလို့ မေးကြည့်တဲ့အခါ “စိုက်ပျိုးရေးကိုလည်း ကျန်းမာရေးလိုပဲ ကြိုတင်ပြင်ဆင် ကာကွယ်တဲ့စနစ်နဲ့ စိုက်ရမယ်။ ဖြစ်လာမှ ရာသီဥတုအလှည့်အပြောင်းကြုံလာမှ ဘယ်လို စိုက်မယ်။ ဘယ်လို နည်းလမ်းတွေနဲ့ စိုက်မယ်လုပ်တာက မသင့်ဘူးလို့ ဧရာဝတီမြစ်အနောက်ဖက်ကမ်းမှာ စိုက်ပျိုးရေးနည်းပညာတွေအထောက်အကူပြုပေးနေသူက ပြောပါတယ်။သူက ဆက်ပြီး “အမယ်စုံစိုက်ပျိုးရေးကို ဒီဇိုင်းဆွဲပြီး စိုက်ရမယ်။ တဦးချင်းရော၊ ရပ်ရွာအလိုက်ရောကနေ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်နဲ့...
ဆောင်းမှာလည်း နှင်းပျောက်မယ်။ မိုးမှာလည်း မိုးရှားမယ်
ကောင်းဇော် အီကွေတာအနီးရှိ အပူပိုင်း ပစိဖိတ်သမုဒ္ဒရာရဲ့ ပင်လယ်ရေမျက်နှာပြင်အပူချိန်နဲ့ လေထုဖြစ်စဉ်တွေက အားကောင်းတဲ့ အယ်နီညိုခြေအနေမှာ ရှိနေတယ်။နိုင်ငံတကာမိုးလေဝသဌာနတွေက ၂၀၂၃ ဒီဇင်ဘာကနေ ၂၀၂၄ ဇန်နဝါရီလအတွင်း အားကောင်းတဲ့ အယ်နီညိုအခြေအနေမှာ ဆက်လက်တည်ရှိနေမယ်လို့ ခန့်မှန်းကြပါတယ်။အယ်နီညိုကြောင့် မိုးရွာသွန်းမှု မူမမှန်တာ၊ နေ့အပူချိန်မြင့်တာ၊ မုန်တိုင်းဖြစ်ပေါ်နိုင်မှု မူမမှန်တာနဲ့ မိုးခေါင်ရေရှားတဲ့ အစွန်းရောက် မိုးလေဝသဖြစ်စဉ်တွေဖြစ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။အယ်နီညိုကြောင့် စိုက်ပျိုးရေးလုပ်ငန်းတွေ မထိခိုက်အောင် ဘယ်လို့လုပ်သင့်လဲလို့ မေးကြည့်တဲ့အခါ “စိုက်ပျိုးရေးကိုလည်း ကျန်းမာရေးလိုပဲ ကြိုတင်ပြင်ဆင် ကာကွယ်တဲ့စနစ်နဲ့ စိုက်ရမယ်။ ဖြစ်လာမှ ရာသီဥတုအလှည့်အပြောင်းကြုံလာမှ ဘယ်လို စိုက်မယ်။ ဘယ်လို နည်းလမ်းတွေနဲ့ စိုက်မယ်လုပ်တာက မသင့်ဘူးလို့ ဧရာဝတီမြစ်အနောက်ဖက်ကမ်းမှာ စိုက်ပျိုးရေးနည်းပညာတွေအထောက်အကူပြုပေးနေသူက ပြောပါတယ်။သူက ဆက်ပြီး “အမယ်စုံစိုက်ပျိုးရေးကို ဒီဇိုင်းဆွဲပြီး စိုက်ရမယ်။ တဦးချင်းရော၊ ရပ်ရွာအလိုက်ရောကနေ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ်နဲ့...
ပို့ကုန် ပဲ၊ နှမ်းများ အမြင့်ဈေးအတိုင်း တည်ငြိမ်နေသော်လည်း ပဲစင်းငုံမှာ ကြိုရောင်းဈေးကွက်တွင် အရောင်းအဝယ်သွက်နေ
ရွှေမန်း ပို့ကုန်ပဲ၊နှင့် နှမ်းဈေးကွက် မှာ အမြင့်ဈေးအတိုင်း တည်ငြိမ် နေပြီး ပဲစင်းငုံမှာ ကြိုရောင်းကြို ဝယ်ဈေးကွက်မှာ အရောင်းအဝယ် သွက်နေကြောင်း ပဲ၊ နှမ်း ကုန် သည်များထံက သိရသည်။ပဲနှမ်းဈေးကွက်အတွင်း အသစ်ဝင်ရောက်မှုမရှိသေးသည့် ဒီဇင်ဘာလအတွင်း ပဲ၊နှမ်းဈေး ကွက် အရောင်းအဝယ်အေးသည့် ကာလဖြစ်သလို ပဲသစ်ရာအတွက် ကြိုရောင်း၊ ကြိုဝယ်ဈေးကွက်ဖြင့် ခပ်အေးအေး အရောင်းအဝယ်ဖြစ် နေခြင်းဖြစ်ပြီး ပို့ကုန်ပဲစင်းငုံမှာ သုံးတင်းဝင် တစ်အိတ်ငွေကျပ် ၂၉၀၀၀၀ ထိ ဈေးကောင်းနေခြင်း ဖြစ်သည်။ ပို့ကုန်မူဝါဒအပြောင်းအလဲ ကြောင့် ပို့ကုန်ပဲများ အပါအဝင် ဈေးမြင့်တက်လာသည့် ပဲ၊ နှမ်း ဈေးကွက်မှာ စက်သုံးဆီ အခက် အခဲကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်အေးသွားကြောင်း၊ နိုင်ငံခြားငွေလဲနှုန်းမှာလည်း တည် ငြိမ်နေတာကြောင့် ဈေးကွက် အတွက် ပဲ၊နှမ်းဈေးနှုန်းများလည်း...