Home 2020 August

Month: <span>August 2020</span>

Post
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ငဖဲမြို့နယ် ပျဉ်းဝစစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံမှာကြား

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ငဖဲမြို့နယ် ပျဉ်းဝစစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံမှာကြား

မကွေး သြဂုတ် ၂၉မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုသည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းဦး၊ဆောက်လုပ်ရေး၊ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ် ဦးတို့နှင့်အတူ တာဝန်ရှိသူများ လိုက်ပါကာ မင်းဘူးခရိုင် ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာအုပ်စု ပျဉ်း၀ ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ သြဂုတ်လ ၂၉ ရက် ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်အချိန်က ရောက်ရှိပြီး ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်လာသော လူ၊မော်တော်ယာဉ်များအား ကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်များစစ်ဆေးခြင်း၊လူဦးရေ ကိုယ်ရေးအချက်အလက်များအား စစ်ဆေးပြုစုခြင်း၊ ကုန်စည်စီးဆင်းမှု မထိခိုက်စေရေးအတွက် လုပ်ငန်းဆောင်ရွက်ထားရှိမှု၊ဝန်ထမ်းများ တာဝန်ချထားမှု နှင့် တာဝန်ထမ်းဆောင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။စားသောက်ကုန်တွေ ဘာတွေ ရခိုင်ကိုသွားတာတွေ အနှောင့်အယှက် မဖြစ်အောင်လို့ ဘယ်လိုစီမံခန့်ခွဲသင့်တုန်း၊ ပိုးဘယ်လိုသတ်တုန်း၊ ဒရိုင်ဘာတွေ ဘယ်လိုချိန်းတုန်း အဲတာတွေလာပြီး ကျွန်တော်ရယ် ပို့/ဆက်ဝန်ကြီးရယ်၊...

Post
“မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် COVID-19 စစ်ဆေးရန် GENE X PERT စက်တလုံး ထားရှိမည်ဟုသိရ”

“မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် COVID-19 စစ်ဆေးရန် GENE X PERT စက်တလုံး ထားရှိမည်ဟုသိရ”

မကွေး၊ ဩဂုတ် ၂၉“မကွေးကို အခြေပြု၍ Covid 19ကပ်ရောဂါ တက်ရောက်ကုသနေသော ဆေးရုံကြီး(၃)ရုံမှ လူနာများကို ရောဂါပိုးရှိမရှိ စစ်ဆေးနိင်ရန်အတွက် တိုင်းဆေးရုံကြီးတွင် GENE X PERT စက်တလုံး ထားရှိစစ်ဆေးတော့မည်ဖြစ်ကြောင်း သိရပါတယ်။“မကွေးတိုင်းပြည်သူ့ဆေးရုံ၊ မကွေးသင်ကြားရေးဆေးရုံနဲ့ မင်းဘူးပြည်သူ့ဆေးရုံတို့မှာ တက်ရောက်ကုသတဲ့COVID-19 ရောဂါစောင့်ကြည့်လူနာတွေကို ရောဂါပိုးရှိမရှိ စစ်ဆေးပေးနိုင်ဖို့အတွက် GENE X PERTစက်တလုံး ထားရှိစမ်းသပ်လျှက်ရှိတယ်လို့ မကွေးတိုင်းပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာမြတ်စိုးက ပြောပါတယ်။“ဒီစက်က အသည်းရောင် အသားဝါ ဘီပိုး၊ စီ ပိုးနှင့် ဆေးရင်ပါး တီဘီရောက်ဂါတွေကို စစ်ဆေးဖို့ ထုတ်လုပ်ထားတဲ့ GENE X PERTစက်ဖြစ်ပါတယ်၊ ရောက်နေတာ၂နှစ်နီးပါးရှိပါပြီ၊ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုထောက်ပံ့မှုနဲ့ ဒီစက်ထဲ Covid 19ရောဂါပိုးနဲ့ ပတ်သက်တဲ့ဓါတ်ပြုပစ္စည်းထည့် စစ်ဆေးလို့ ရတဲ့အတွက် အခု စမ်းသပ်စစ်ဆေးနေပါပြီလို့ ဒေါက်တာမြတ်စိုးက...

Post
အပြစ်ကင်းအောင်နေထိုင်ကြပါစို့

အပြစ်ကင်းအောင်နေထိုင်ကြပါစို့

ဟင်္သာ (တောင်တွင်းကြီး) အပြစ်ဖြစ်တယ်ဆိုတာ လူတဦးနဲ့တဦးဆက်ဆံကြတဲ့ အခါမှာ လွန်ကျူးမှုတွေဖြစ်တယ်ဆိုရင်ကံမြောက်ပါ တယ်။ကံမြောက်တယ်ဆိုတာ၊ကာယကံ၊ဝစီကံ၊မနော ကံ၊အမှားတွေပြုလုပ်မိကြတာကိုပြောတာပါ။ အဲဒီလိုလွန်ကျူးမှုကံတွေမြောက်ပြီဆိုရင် လူတဦးနဲ့ တဦး၊မပြောသင့်တဲ့စကားတွေကိုပြောမိတတ်ကြတယ်၊ မလုပ်သင့်တဲ့အလုပ်တွေကိုလည်းလုပ်မိတတ်ကြတယ်၊ မကောင်းတဲ့စိတ်နေစိတ်ထားတွေ၊မျက်နှာထေ၊မျက်နှာ ထားတွေနဲ့လဲဆက်ဆံမိကြပါတယ်၊အဲဒီလိုပြုမူလာပြီ ဆိုရင်၊အဲဒီလိုဆက်ဆံတဲ့လူဟာ၊မတရားမှုတွေ၊လွန်ကျူး မှုတွေ၊ကံမြောက်တဲ့သဘောတရားတွေဖြစ်ပေါ်လာပြီး တော့၊လူလောကကြီးဟာလဲ၊အဲဒီလိုလူမျိုးတွေများလာ ရတဲ့အတွက် ပျက်စီးရာပျက်စီးကြောင်းကိုဆိုက်ရောက် နိူင်ပါတယ်။လူလူခြင်းဆက်ဆံကြတဲ့အခါ၊လောဘဆိုတဲ့တောင်တ ခြင်းတွေ၊ဒေါသဆိုတဲ့ကြောင့်ကျခြင်းတွေ၊မောဟဆိုတဲ့ တွေဝေခြင်းတွေ(ဝါ)ကြောင်းကျိုးမသိခြင်းတွေပါသွား ပြီဆိုရင်တော့ အဲ့ဒါဟာ၊လွန်ကျူးမှုကံတွေမြောက်နေပါ ပြီ။နောက်တခုက၊ဆန္ဒ၊ဒေါသ၊ဘယာ၊မောဟ၊ဆိုတဲ့အဂ တိတရားလေးပါးနဲ့ဆက်ဆံမိကြတဲ့အခါမှာလဲ၊လွန်ကျူး မှုအမှားတရားတွေပါလာတဲ့အတွက်၊အပြစ်ဖြစ်တတ်ပါ တယ်။ဆန္ဒဆိုတာ၊ဆန္ဒရာဂကိုပြောတာပါ၊ဒေါသဆိုတာက မေတ္တာတရားတွေပျက်ပြားပြီးအပြစ်မြင်ပြီးဆက်ဆံ မိကြတာပါ။ဘယာဆိုတာက၊လူတဦးနဲ့တဦးဆက်ဆံ ကြတဲ့အခါ၊ဘေးဒုက္ခရောက်မှာကိုကြောက်လို့အမှား ကိုပြုလုပ်တတ်တဲ့သဘောတွေကိုပြောတာပါ။မောဟ ဆိုတာကကြောင်းကျိုးဆက်အမှန်တွေကိုလဲနားမလည်၊ အကောင်းအဆိုတွေကိုလဲမဝေခွဲနိုင်ဘဲ၊အမှန်တရားဘက် ကိုမရောက်ပဲ၊အမှားတရားတွေကိုသာရှေ့တန်းတင်ပြီး ပြောဆိုဆက်ဆံတတ်ကြတာဟာ၊အပြစ်ကိုကျူးလွန် ကြတဲ့၊ကံတွေကိုလုပ်နေတာပါ၊အပြစ်ဆိုတာ၊လူလူခြင်း ဆက်ဆံမှုကဖြစ်ပေါ်လာရတဲ့၊အကျိုးဆက်ဖြစ်ပါတယ်။ လူနဲ့ပါတ်ဝန်းကျဉ်တို့ရဲ့ အည မည သဘောတရားအရ အပြန်အလှန်အကျိုးပြုနေကြရတဲ့အပိုင်းရှိပါတယ်။ အညမညသဘောအရ၊အမှန်တရားတွေနဲ့မဆက်ဆံနိူင် ကြဘဲ၊အမှားတရားတွေကိုကျူးလွန်ဆက်ဆံမိကြရင်၊ အပြစ်ဖြစ်ပါပြီ။လူတဦးနဲ့တဦးဆက်ဆံကြတဲ့အခါမှာ၊နေ့တိုင်းအချိန် တိုင်းမှာ၊တဏှာသဘောတရားတွေ၊ရာဂသဘောတရား တွေ၊ဒေါသသဘောတရားတွေ၊မေတ္တာသဘောတရား တွေစတဲ့၊စိတ်ထားလေးမျိုးနဲ့ဆက်ဆံနေကြရတာပါ၊ တဏှာသဘောတရားဆိုတာက၊တဦးနဲ့တဦး ကိုယ်၊ နှုတ်၊နှစ်လုံးတွေနဲ့ဆက်ဆံကြတဲ့အခါ၊ကိုယ့်အလိုတခု ထဲကိုသာမကြည့်ဘဲ၊သူ့အလိုကိုလဲထည့်တွက်ပြီး၊ သူ့အလို၊ကိုယ့်အလိုဆိုတဲ့အလိုနှစ်ခုနဲ့ဆက်ဆံကြတာ ပါ၊ဥပမာ။ကိုယ့်အိမ်ထောင်နဲ့ကိုနေကြရတဲ့အခါ၊အဲဒီ...

Post
“ဤ ခရီးနီးပြီလား”

“ဤ ခရီးနီးပြီလား”

ဦးမင်း(မကွေး)             ပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပြည်နယ်အခြေခံဥပဒေအပေါ် အစိုးရနဲ့ တိုင်းရင်းသားလက် နက်ကိုင် တို့အကြား  မကျေလည်မှုတွေ ရှိခဲ့တာကြောင့် (၂၁)ရာစု ပင်လုံ စတုတ္ထအကြိမ်အစည်းအဝေးကနေ တဆင့်  ပြည်ထောင်စု သဘောတူစာချုပ်မှာတော့ အဲ့ဒီအချက် ပါ၀င်မချုပ်ဆိုနိုင်ခဲ့တဲ့အပေါ် ၀မ်းနည်းစိတ်မကောင်းဖြစ်ရတယ်လို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် အပါအဝင် ညီလာခံ တက်ရောက်လာသူ အများစုက ဆိုပါ တယ်။             ထိုမကျေလည်မှုဟာ တစ်ဦးနဲ့တစ်ဦး ၊တစ်ဖက်နဲ့တစ်ဖက်ယုံကြည်မှု မရှိှတာကြောင့် ဖြစ်တယ်လို့  အစိုးရဘက်ကရော တိုင်းရင်းသားလက်နက်ကိုင်အများစုက မှတ်ချက်ပြုကြပါတယ်။ပိုမိုခိုင်မာတဲ့ ယုံကြည်မှု တည်ဆောက်ဖို့လိုနေသေးတယ်ဆိုတာ ဒီအကျေလည်မှုကနေ ပြသလိုက်တာဖြစ်တယ်လို့ ဆိုသူထဲမှာ ‌စောမြရာဇာလင်းလည်း အပါအ၀င်ဖြစ်ပါတယ်။             စောမြရာဇာလင်းဟာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ရက်မှာ တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်‌ေရးမှုရပ်စဲရေးစာချုပ်မှာ သဘောတူလက်မှတ်ရေးထိုးခဲ့တဲ့ ၈ဖွဲ့မှာ တစ်ဖွဲ့ဖြစ်တဲ့...

Post
၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထ အစည်းအဝေးမှပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၃ စာချုပ်ကိုပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင်ကန့်ကွက်သူမရှိ အတည်ပြု

၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထ အစည်းအဝေးမှပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၃ စာချုပ်ကိုပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင်ကန့်ကွက်သူမရှိ အတည်ပြု

မကွေးဂျာနယ် ြသဂုတ်လ(၂၆)ရက်             ကျင်းပလျှက်ရှိသော ပြည်ထောင်စု လွှတ်တော်အစည်းအဝေးတွင် ၂၁ ရာစု ပင်လုံညီလာခံ စတုတ္ထ အစည်းအဝေးတွင်သဘောတူ လက်မှတ်ရေးထိုးခဲ့သည့် ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၃ စာချုပ်ကိုကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်ဟု သိရသည်။             နိုင်ငံတော်သမ္မတက ပေးပို့တဲ့ ပြည်ထောင်စု သဘောတူညီချက် အစိတ်အပိုင်း ၃ စာချုပ်ကို အတည်ပြုပေးဖို့ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦးမှ ပြည်ထောင်စု လွှတ်တော်တွင် တင်ပြခဲ့ခြင်း ဖြစ်သည်။             သြဂုတ်လ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ သုံးရက်ကြာကျင်းပခဲ့သည့် ၂၁ -ရာစုပင်လုံ ပြည်ထောင်စုြငိမ်းချမ်းရေးညီလာခံတွင် အစိုးရ၊ တပ်မတော်၊ လွှတ်တော် အစုအဖွဲ့၊ အပစ်ရပ်ထား သည့်တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့(EAOs) ကိုယ်စားလှယ်များ၊...

Post
ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပ

ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပ

မကွေး သြဂုတ် ၂၅ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒုတိယနေ့ကို သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော် ဉက္ကဋ္ဌဦးတာ၊ ဒုတိယဉက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများတက်ရောက်ခဲ့ကြသည်။ လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၆)ခုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်(၅)ဦးတို့က မေးမြန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး(၅)ဦးတို့က ပြန်လည်ဖြေကြား ခဲ့သည်။ဆက်လက်ပြီး မကွေးတိုင်းဒေသကြီး အပင်နှင့် သီးနှံဖျက်ပိုးမွှားရောဂါ ကာကွယ်ရေးနှင့် နှိမ်နင်းရေးဥပဒေကြမ်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့(ကိုယ်စား) စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် မကွေးတိုင်းဒေသကြီး ဓာတ်ပုံ၊ ပန်းချီ၊ ပန်းပုစသည့်ပြပွဲများ ဥပဒေကြမ်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့(ကိုယ်စား) လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဋ္ဌာန၊ ဝန်ကြီးမှ လွှတ်တော်သို့ ဖတ်ကြားတင်သွင်းခဲ့ရာ အဆိုပါ ဉပဒေကြမ်းနှင့်စပ်လျဉ်း၍...

Post
ဧရာဝတီမြစ်အတွင်း ငါးမျိုးများစိုက်ထည့်

ဧရာဝတီမြစ်အတွင်း ငါးမျိုးများစိုက်ထည့်

မကွေး သြဂုတ် ၂၅ မကွေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတများ တိုးပွားလာစေရန် ရည်ရွယ်၍ ဧရာဝတီမြစ်အတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းကို ယနေ့နံနက် ၈ နာရီက မကွေးမြို့ နန်းထိုက်သူ ဟိုတယ်ရှေ့ ဧရာဝတီမြစ်ကမ်းစပ်မှာ ငါးသားပေါက်အကောင်ရေ (၃)သိန်းကျော် စိုက်ထည့်ခဲ့ကြစဉ်၊။သန်းနိုင်ဦး(ငဖဲ)

Post
တိုင်းဒေသကြီးလွှတ်တော် (ချင်း)တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက်

တိုင်းဒေသကြီးလွှတ်တော် (ချင်း)တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက်

မကွေးတိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ် (ချင်းတိုင်းရင်းသားလူမျိုး) #SECMagway Credit SECMagway

Post
#ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ ကျင်းပ

#ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမနေ့ ကျင်းပ

#မကွေး သြဂုတ် ၂၄# ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်(၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပထမ နေ့ကို သြဂုတ်လ ၂၄ ရက်နေ့ ယနေ့နံနက် ၁၀နာရီအချိန်က မကွေးတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ စတင်ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော် ဉက္ကဋ္ဌ ဦးတာ၊ ဒုတိယဉက္ကဋ္ဌ ဦးဇော်မျိုးဝင်း၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး လွှတ်တော်အစည်းအဝေးသို့ မကွေးမြို့နယ် ကျေးလက်မြေအဖွဲ့မှ(၃)ဦးတို့ လွှတ်တော်အစည်းအဝေးကျင်းပမှုကို တက်ရောက် လေ့လာခဲ့ကြသည်။ #ရှေးဦးစွာ လွှတ်တော်အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်ကြီးလှိုင်မြင့်ထွန်းက ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ် ရေးထိုးသည်။ #လွှတ်တော်အစည်းအဝေးတွင် ကြယ်ပွင့်ပြမေးခွန်း(၆)ခုကို တိုင်းဒေသကြီးလွှတ်တော် ကိုယ်စား လှယ်(၅)ဦးတို့က မေးမြန်းခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီး(၄)ဦးတို့က ပြန်လည် ဖြေကြားခဲ့ သည်။...

Post
ကျေးလက်မြေ အဖွဲ့မှ ပညာရေး ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးရေးကော်မတီတွေ့ဆုံ

ကျေးလက်မြေ အဖွဲ့မှ ပညာရေး ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးရေးကော်မတီတွေ့ဆုံ

၂၄ ရက်နေ့ တွင် ကျေးလက်မြေ အဖွဲ့မှ ပညာရေး ကျန်းမာရေးနှင့် လူမှုဖွံ့ဖြိုးရေးကော်မတီတွေ့ဆုံခဲ့သည်။ တွေ့ဆုံသော အကြာင်းအရင်းမှာ ရပ်ကျေး/ရပ်ရွာအဆင့် အုပ်ချုပ်ရေးနှင့် ဖွံ့ဖြိုးရေး၊ လူမှုရေးကော်မတီကဲ့သို့ အစုအဖွဲ့များတွင် အမျိူးသမီးများ ဦးဆောင်မှု အခန်း ကဏ္ဍနှင့် ဆုံးဖြတ်ချက်ချသည့်နေရာများတွင် အနည်းဆုံး ၃၀% ခိုင်နှုန်း ပါဝင်လာ စေရေး အား တိုင်းဒေသကြီး အဆင့် မူဝါဒ ချမှတ်ဆောင်ရွက်နိုင်ရေးနှင့် အခြား အမျိုးသမီးအရေးကိစ္စများ အတွက် တိုင်ပင် ဆွေးနွေးခြင်းဖြစ်သည်။ ဆွေးနွေးပွဲတွင် ကျေးလက်မြေမှ အဓိအချက် ( ၂ ) အား တောင်းဆိုခဲ့သည်။ ၎င်းတို့မှာ- ၁။ ရပ်ကျေး/ ရပ်ရွာ အဆင့် ရပ်ကျေး /ရပ်ရွာအဆင့် အုပ်ချုပ်ရေးနှင့် ကော်မတီများတွင် အမျိုးသမီးများ ခေါင်းဆောင်မှုနှင့် ဆုံးဖြတ်ချက်ချသော...

  • 1
  • 2
  • 4