ပြည်ပတင်ပို့ရန်နှမ်းနက်နှင့်ကုလားပဲများဈေးကွက်အတွင်းအရောင်းအဝယ်သွတ်နေ၊တင်ပို့ခွင့်ပိတ်ထားသော်လည်းမြေပဲဆံဈေးအမြင့်ဈေးဖြစ်လာ

ပြည်ပတင်ပို့ရန်နှမ်းနက်နှင့်ကုလားပဲများဈေးကွက်အတွင်းအရောင်းအဝယ်သွတ်နေ၊တင်ပို့ခွင့်ပိတ်ထားသော်လည်းမြေပဲဆံဈေးအမြင့်ဈေးဖြစ်လာ

ရွှေမန်း ပြည်ပတင်ပို့ရန်နှမ်းနက်နှင့်ကုလားအုပ်စုပဲများ ဈေးကွက်အတွင်းအရောင်းသွက်နေပြီး တင်ပို့ခွင့်ပိတ်ထားသည့် မြေပဲဆံမှာ အမြင့်ဈေးသို့ ပြန်လည်ရောက်ရှိလာကြောင်း ပဲနှမ်းကုန်သည်များထံမှသိရသည်။ နှမ်းနက်မှာ တရုတ်နိုင်ငံမှ ဝယ်လက်များ ပြန်လည်ဝယ်ယူလာတာကြောင့် ယခုသီတင်းပတ်တွင် အရောင်းအဝယ်ပြန်သွတ်လာပြီး သုံးတင်းဝင်တစ်အိတ် ကျပ် ၂၂၀၀၀၀-၂၃၀၀၀၀ ပေါက်ဈေးရှိလာကြောင်း ကုလားပဲအုပ်စုမှာ နိုင်ငံခြင်းတင်ပို့မှု အတွက် ယခုသီတင်းပတ်အတွင်း ဈေးကောင်း အဝယ်လိုက်လာကြောင်း ပဲမာလိုင်းများမှာ ပြောင်းလဲမှု မရှိပုံမှန်ဈေးကွက်သာရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌဦးကျော် သွင် (ရွှေစင်သိန်းပွဲရုံ)က ပြော သည်။ ]တရုတ်ပို့ကုန်လမ်းကြောင်း ပြန်ကောင်းလာလို့ နှမ်းနက်ထိပ်စ တွေ အဝယ်ပြန်လိုက်လာလို့ သုံးတင်းတစ်အိတ် ကျပ် ၂၂၀၀၀၀-၂၃၀၀၀၀ ထိပေါက်ဈေးရှိလာပါတယ်။လက်ကျန်ပစ္စည်းလည်းနည်းပါတယ်။အလတ်စတွေသာ လက်ကျန်များနေတာပါ။မြေပဲဆံဈေးတွေကတော့ ထိပ်စ တစ်ပိဿာကျပ် ၄၀၀၀-၄၁၀၀ ပြန်ဖြစ်လာပါတယ်။ ပဲတီစိမ်းအညာတွေကတော့ဈေးငြိမ်နေပါတယ်။ကုလားပဲအုပ်စုကတော့ ပြည်ပပို့ဖို့ အဝယ်လိုက်လာနေတာ ဗွီး၇ ကသုံးတင်းတစ်အိတ် ၁၅၀၀၀၀၊ ဗွီးတူး ကုလားပဲသုံးတင်းတစ်အိတ် ကျပ်၁၄၄၀၀၀၊ထိုင်ဝမ်ကုလားပဲ သုံးတင်းတစ်အိတ် ကျပ်၁၂၆၀၀၀ ပေါက်ဈေးဖြစ်လာတယ်။ ပဲမာလိုင်းများမှာ ယခင်သီတင်းပိတ်အတိုင်း ပြောင်းလဲ မရှိပုံမှန်ဈေးကွက်အတိုင်းပဲရှိပါတယ် }ဟု ၎င်းက ပြောသည်။ ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း ပို့ကုန်ပဲများတွင် ပဲတီစိမ်း ဈေးကွက်မှာ ဆက်လက် အရောင်းအဝယ်သွက် နေပြီ မတ်ပဲ၊ ပဲစင်းငုံဈေးမှာ အနည်းငယ်ကျဆင်းနေသည်။ ပဲတီစိမ်းမှာ တရုတ်အဝယ်လိုက် လာသဖြင့် အညာပဲတီစိမ်းများပါ လိုက်ပါ ဆက်လက်ဈေးကောင်းလာခြင်းဖြစ် သည်။ မေ ၁၈ ရက်တွင် မတ်ပဲ တစ်အိတ်ငွေကျပ်၁၃၈၀၀၊ပဲစင်းငုံ တစ်အိတ် ငွေကျပ် ၁၂၇၀၀၀၊ ပဲတီစိမ်းရွှေဝါ တစ်အိတ် ငွေကျပ်...

မြန်မာ့ပို့ကုန်များ တရုတ်ဈေးကွက်ကို မှီခိုနေရဆဲဖြစ်ကြောင်း ပို့ကုန်အများဆုံးတင်ပို့နေ

မြန်မာ့ပို့ကုန်များ တရုတ်ဈေးကွက်ကို မှီခိုနေရဆဲဖြစ်ကြောင်း ပို့ကုန်အများဆုံးတင်ပို့နေ

ရွှေမန်း ပြီးခဲ့တဲ့ မီနီဘတ်ဂျက် ၆ လအတွင်း တရုတ်နိုင်ငံက မြန်မာ့ပို့ကုန်လုပ်ငန်းရှင်တွေ အဓိကမှီခိုနေရသည့် ဈေးကွက်တစ်ခုအဖြစ် ရှိနေဆဲဖြစ်ပြီးပို့ကုန်အများဆုံးတင်ပို့နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC)ရဲ့ တရားဝင်အချက်အလက်တွေထုတ်ပြန်ထားသည်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှ ယခုနှစ် မတ်လကုန်အထိ တရုတ်နိုင်ငံက မြန်မာအတွက် အကြီးမားဆုံး ပို့ကုန်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ပြီး ပြည်ပပို့ကုန်စုစုပေါင်းရဲ့ ၂၄ ရာခိုင်နှုန်းအထိ တင်ပို့နေထား​သည်။ ဒီပမာဏက ၆ လအတွင်း ကန်ဒေါ်လာ ၁.၉၈ ဘီလီယံတန်ဖိုးရှိတဲ့ ပို့ကုန်ရငွေဖြစ်ပြီး ၂၀၁၉-၂၀၂၀ ၊ ၂၀၂၀-၂၁ စတဲ့ ဘဏ္ဍာနှစ်တွေမှာလည်း မြန်မာနိုင်ငံရဲ့ ပို့ကုန်နိုင်ငံစာရင်းတွင် ထိပ်ဆုံးမှာ ရပ်တည်ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံကို ကုန်ပစ္စည်းတင်ပို့မှုက ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၅.၄၂ ဘီလီယံကျော်၊ နိုင်ငံ့ပို့ကုန်စုစုပေါင်းရဲ့ ၃၃.၆ ရာခိုင်နှုန်းရှိခဲ့သလို ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာလည်း ပို့ကုန်စုစုပေါင်းရဲ့ ၃၃.၇ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၅.၁၇ ဘီလီယံအထိ ရရှိခဲ့ကြောင်းသိရသည်။ မြန်မာနိုင်ငံရဲ့ လက်ရှိ ပို့ကုန်ကဏ္ဍက စိုက်ပျိုးရေးနဲ့ ကုန်ထုတ်ကဏ္ဍအပေါ် အဓိကမှီခိုနေရဆဲပြီး ကုန်သွယ်မှုလိုငွေ လျှော့ချရေး၊ ပို့ကုန်မြှင့်တင်ရေး၊ သွင်းကုန်အစားထိုးခြင်းတို့ကို ဆောင်ရွက်နေကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။တရုတ်-မြန်မာကုန်သွယ်ရေးတွင် တရုတ်နိုင်ငံက နယ်စပ်တစ်လျှောက်ကုန်သွယ်မှုကို ယခင်လို နယ်စပ်ကုန်သွယ်မှုကိုရပ်ဆိုင်းလိုက်ပြီး နိုင်ငံတကာ ကုန်သွယ်မှုပုံစံအတိုင်း ပုံမှန်ကုန်သွယ်ရေး မှုဝါဒအတိုင်း​ပြောင်းလဲဆောင်ရွက်လာသည်။

စားအုန်းဆီလက်ကျန်များကို စီးပွား/ကူးသန်း၏ ခွင့်ပြုချက်ရမှသာ ထုတ်ယူခွင့်ပြုတော့မည်

စားအုန်းဆီလက်ကျန်များကို စီးပွား/ကူးသန်း၏ ခွင့်ပြုချက်ရမှသာ ထုတ်ယူခွင့်ပြုတော့မည်

ရွှေမန်း စားအုန်းဆီကန်များမှ ဆီလက်ကျန်တွေကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ရမှသာ ထုတ်ယူခွင့်ပေးမယ်လို့ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း(MEODA)က ကုမ္ပဏီတွေထံ အကြောင်းကြားထားကြောင်းသိရသည်။ စီးပွား/ကူးသန်းဝန်ကြီးဌာနက ညွှန်ကြားထားခြင်းဖြစ်တာကြောင့် MEODA အသင်းက ထပ်မံအကြောင်းကြားချက် တစ်စုံတစ်ရာမရှိဘဲ ဆီထုတ်ပေးခြင်းမပြုဘူးရန် တားမြစ်ထားသည်။ လက်ရှိ ပြည်တွင်းမှာ စားအုန်းဆီလက်ကျန်က မေလ ၉ ရက်နေ့အထိ စာရင်းများအရ ဆီကန်တွေမှာ လက်ကျန်ပမာဏအဖြစ် ၁၈၀၉၇.၁၆ တန်ချိန်ရှိပြီး ဒီပမာဏအတိုင်း ထားရှိဖို့လည်း အသိပေး​ထထားကြောင်း သိရသည်။ မေလ ၂၀ ရက်နေ့ နောက်ပိုင်းမှ စားအုန်းဆီတင်သင်္ဘောတွေ ဝင်ရောက်လာနိုင်တာကြောင့် စီးပွား/ကူးသန်းအနေဖြင့်ယခုလို ညွှန်ကြားခြင်းဖြစ်ပြီး ဆီပြတ်လပ်မှုမရှိစေဖို့ လုပ်ဆောင်လျက်ရှိသည်။ အင်ဒိုနီးရှားမှ ပြည်ပနိုင်ငံတွေထံ စားအုန်းဆီတင်ပို့မှုရောင်းချမှုကို ရပ်ဆိုင်းလိုက်ခြင်းက ပြည်ပနိုင်ငံတွေထံ ရိုက်ခက် မှုရှိခဲ့ပြီး မြန်မာ့စားအုန်းဆီဈေးကွက်အပေါ်လည်း သက်ရောက် မှု ရှိနေခြင်းဖြစ်သည်။ မေလ ၁၅ ရက်နေ့အထိ တစ်ပတ်တာ အခြေခံရည်ညွှန်းဈေးက တစ်ပိဿာ ၆၀၂၅ ကျပ် သတ်မှတ်ထားပြီး မေ ၁ ရက်နေ့ဈေးထက် ပိုမြင့်လာကာ ဝန်ကြီးဌာနသတ်မှတ်ပေးတဲ့ ရည်ညွှန်းဈေးနှုန်းတင် တစ်ပိဿာကို ကျပ် ၄၀၀ ကျော်အထိ မြင့်တက်လာခဲ့သည်။ လက်လီဈေးကွက်အတွင်းမှာလည်း တစ်ပိဿာပေါက်ဈေးအဖြစ် ကျပ် ၇၀၀၀ ကို ရောက်ရှိနေပြီး ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေမှာ စားအုန်းဆီဈေးနှုန်းတွေ မြင့်တက်လာတာကြောင်းသိရသည်။ မြန်မာနိုင်ငံအနေနဲ့ လက်ရှိအချိန်ထိ ပြည်တွင်းလိုအပ်ချက်အများစုအတွက် ပြည်ပနိုင်ငံတွေဆီက တင်သွင်းမှုအပေါ် မှီခိုနေရဆဲဖြစ်ပြီး ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွင်း စားအုန်းဆီအမယ်တစ်ခုတည်းအတွက် အမေရိကန်ဒေါ်လာသန်း ၈၃၀ နီးပါး သုံးစွဲထားကြောင်းသိရသည်။

ပြည်တွင်းသုံး ကုလားပဲများ အရောင်းအဝယ်ပုံမှန်သာ ရှိ၊ ပို့ကုန်ပဲများ ဈေးငြိမ်နေ စားအုန်းဆီလက်ကျန်နည်းလာတာကြောင့် မြေပဲဆံဈေး ပြန်လည်မြင့်တက်လာ

ပြည်တွင်းသုံး ကုလားပဲများ အရောင်းအဝယ်ပုံမှန်သာ ရှိ၊ ပို့ကုန်ပဲများ ဈေးငြိမ်နေ စားအုန်းဆီလက်ကျန်နည်းလာတာကြောင့် မြေပဲဆံဈေး ပြန်လည်မြင့်တက်လာ

ရွှေမန်း ပဲမျိုးစုံဈေးကွက်တွင် ပြည်တွင်း သုံး ကုလားပဲများ အရောင်းအဝယ် ပုံမှန်သာ ရှိ၊ ပို့ကုန်ပဲများဈေးငြိမ် နေပြီး စားအုန်းဆီလက်ကျန်နည်း လာတာကြောင့် မြေပဲဆံဈေး ပြန်လည်မြင့်တက်လာကြောင်း ပဲနှမ်းကုန်သည်များထံမှ သိရ သည်။ပြည်တွင်းသုံးကုလားပဲအုပ်စု နှင့် ပဲတီစိမ်း ဈေးကွက်မှာ ပုံမှန် အရောင်းအဝယ်ကောင်းနေသော် လည်း ပြည်တွင်းမြေပဲဆံဈေးကွက် မှာ နိုင်ငံခြားတင်ပို့မှုကန့်သတ် ချက်ကြောင့် ရက်ပိုင်းအတွင်း ဈေးကျဆင်းသွားရာမှာ ပုံမှန်ဈေး သို့ ပြန်လည်မြင့်တက်လာကြောင်း အခြားပဲမာလိုင်းများမှာ ဈေး အနည်းငယ်ကျဆင်းနေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌဦးကျော် သွင် (ရွှေစင်သိန်းပွဲရုံ)က ပြော သည်။]ပြည်တွင်းစားအုန်းဆီလက် ကျန်နည်းပါးလာတော့ ဈေးကွက် အတွင်းမှာ စားဆီဈေးမြင့်တက် လာပါတယ်။ စားဆီဈေးနဲ့ အတူ တင်ပို့မှုကန့်သတ်လိုက်လို့ တစ် ပိဿာငွေကျပ် ၄၀၀ လောက် ဈေးကျဆင်းသွားရာနေ ဒီရက်ပိုင်း အရင်အမြင့်ဈေးတစ်ပိဿာ ၄၀၀၀ ဝန်းကျင်ကို ပြန်ဖြစ်လာပါတယ်။ ပို့ကုန်ပဲတွေမှာ ပဲတီစိမ်းကတော့ အရောင်းအဝယ်သွက်နေပါတယ်။ ပြည်တွင်းသုံးကုလာပဲတွေမှာ ဗွီး ဆဲဗင်း ပဲကတော့ တစ်အိတ် ၁၄၅၀၀၀ထိ ဈေးမြင့်တက်လာပါ တယ်။ ပဲမာလိုင်းအားလုံး ဈေးငြိမ် နေပါတယ်}ဟု ၎င်းက ပြောသည်။ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်းပို့ကုန်ပဲများတွင် ပဲတီစိမ်း ဈေးကွက်မှာ အရောင်းအဝယ်သွက် နေပြီ မတ်ပဲ၊ ပဲစင်းငုံဈေးမှာ အနည်းငယ်ကျဆင်းနေသည်။ ပဲတီစိမ်းမှာ တရုတ်အဝယ်လိုက် လာသဖြင့် အညာပဲတီစိမ်းများပါ လိုက်ပါ ဈေးကောင်းလာခြင်းဖြစ် သည်။ မေ ၁၂ ရက်တွင် မတ်ပဲ တစ်အိတ်ငွေကျပ်၁၃၇၀၀၊ပဲစင်းငုံ...

သရက်သီးကုန်ကြမ်းအထွက်နည်းသဖြင့် အင်းဝသရက်ချဉ်လုပ်ငန်းများ ကုန်ချောအထွက်လျှော့နည်းနိုင်

သရက်သီးကုန်ကြမ်းအထွက်နည်းသဖြင့် အင်းဝသရက်ချဉ်လုပ်ငန်းများ ကုန်ချောအထွက်လျှော့နည်းနိုင်

ရွှေမန်း တံတားဦးမြို့ အင်းဝစျေးချိုရပ်တွင် သရက်သီးကြမ်းပေါ်ချိန်၌ ရာသီလုပ်ငန်းဖြစ်သော သရက်ချဉ်ဖတ်လုပ်ငန်း လုပ်ကိုင်ကြရာ ယခုနှစ်သရက်သီးရာသီတွင် သရက်သီးကုန်ကြမ်း အထွက်နည်းသဖြင့် သရက်ချဉ်ကုန်ချောထုတ်လုပ်မှု လျှော့နည်းမည်ဖြစ်ကြောင်းသိရသည်။ နှစ်စဉ် သရက်ကြမ်းသီး(ခေါ်)အချဉ်သီးများပေါ်ချိန်မှစတင်၍ အင်းဝ စျေးချိုရပ်တွင် သရက်ချဉ်ထုတ်လုပ် ရောင်းချသည့်လုပ်ငန်းရှင်များမှ သရက်ချဉ်ဖတ်သိပ်လုပ်ငန်းများ လုပ်ကိုင်ရာ သရက်သီးကုန်ကြမ်း မရတော့သည့်အချိန်ရောက်မှသာ လုပ်ငန်းများ ရပ်ဆိုင်းကြသည်။ အဆိုပါလုပ်ငန်းများသို့ သရက်သီးဓားပေါက်ခုတ်လုပ်ကိုင်သူများမှ သရက်ချဉ်ဖတ်ရရှိရန် လက်ခစား ဝင်ရောက်လုပ်ကိုင်ကြရာ သရက်သီးလှိုင်လှိုင်ရရှိချိန်တွင် ဓားပေါက်ခုတ်လုပ်ကိုင်သူ ၁၀၀၀ ဝန်းကျင် လုပ်ငန်းဝင်ရောက်လုပ်ကိုင်နေကြောင်း အင်းဝစျေးချိုရပ်ရှိ သရက်ချဉ်လုပ်ငန်းတွင် လက်ခစားလုပ်ကိုင်နေသူ တစ်ဦးကပြောသည်။“နေ့စဉ်မနက် ၇နာရီလောက် အလုပ်စဝင်တယ်။ နေ့ခင်းပိုင်း ထမင်းစားနားတယ်။ အလုပ်သိမ်းတာက ညနေ ၄နာရီခွဲလောက်မှာပါ။ တစ်ချို့လည်း ၅နာရီကျော်အထိ လုပ်တာရှိတယ်။ လုပ်ငန်းကျွမ်းကျင်သူက တစ်နေ့ သရက်သီးအလုံး ၁၀၀ ပါတဲ့တောင်း ၁၂တောင်းက ၁၅တောင်းအထိပြီးတယ်။ လက်နှေးသူက ၈တောင်းက ၁၀တောင်းပဲပြီးတယ်။ ဒီနှစ် သရက်သီးအဝင်နည်းလို့ တချို့ရက်တွေမှာ တစ်နေကုန် အလုပ်မဆင်းနိုင်တော့ဘူး။ နေ့ တစ်ဝက်နဲ့ အလုပ်နားရတဲ့ရက်တွေရှိတယ်” ဟု ၄င်းကပြောသည်။သရက်ချဉ်လုပ်ငန်းရာသီချိန်တွင် ကုန်သည်များက ရင်းနှီးမြှုတ်နှံနိုင်မှုအပေါ်မူတည်၍ သရက်ချဉ်ဖတ်လုပ်ငန်း လုပ်ကိုင်ကြရာ ယခုမှစ်သရက်သီးကြမ်းစတင်ပေါ်ချိန်တွင် လေပြင်းတိုက်ခံရသဖြင့် သရက်သီးများ ပျက်စီးခြင်း၊ သရက်သီးအထွက်နည်းခြင်းတို့ကြောင့် တံတားဦးနယ်တွင် သရက်ကြမ်းသီးအထွက်လျှော့နည်းသွားသည်။ “သရက်ချဥ္လုပ်ငန်းက တန်ခူးလထဲမှာ စတာပါ။ ဒီနှစ်သရက်သီးထွက် အတော်နည်းသွားတယ်။ သရက်သီးစျေးကွက်မကောင်းတော့ သရက်တောင်သူတွေ ဝါယမစိုက်မှုနည်းသွားတယ်။ ဒါကြောင့် သရက်သီး အထွက်ကျသွားတာဖြစ်ပါတယ်။ အခုဆိုရင် ကုန်ကြမ်းအဝင်နည်းနေပါပြီ။ ခါတိုင်းနှစ်တွေလို အလုပ်သမားအများကြီး မသုံးနိုင်ပါဘူး။ နေ့တဝက်လုပ်ရတဲ့ရက်တွေ တစ်ရက်ခြားလုပ်ရတာတွေအထိ ရှိလာတယ်။ ဒီနှစ်သရက်ချဉ်အထွက်နည်းပါမယ်။ ခါတိုင်းနှစ်တွေလို...

မြန်မာ့ စိန်တလုံးသရက်သီး စင်ကာပူနိုင်ငံဈေးကွက်သို့ လေကြောင်းလိုင်း ၊သင်္ဘောလိုင်းဖြင့် စတင်တင်ပို့

မြန်မာ့ စိန်တလုံးသရက်သီး စင်ကာပူနိုင်ငံဈေးကွက်သို့ လေကြောင်းလိုင်း ၊သင်္ဘောလိုင်းဖြင့် စတင်တင်ပို့

ရွှေမန်း အရည်အသွေးကောင်း မြန်မာ့ စိန်တလုံးကို မေ ၇ ရက်နေ့က စင်ကာပူနိုင်ငံဈေးကွက်သို့ လေကြောင်းဖြင့် လည်းကောင်း မေ ၉ရက်နေ့တွင် သင်္ဘာလိုင်းဖြင့် လည်းကောင်း အသီးသီး စတင်တင်ပို့နေပြီဖြစ်ကြောင်း ပလိပ်မြို့ သဇင်နွယ်သရက်ခြံမှသိရသည်။ ပြည်တွင်း အရည်အသွေးကောင်းစိန်တလုံးသရက်သီးများကို တောင်သူများထံမှ ဈေးကောင်းဝယ်ယူကာ ရိတ်သိမ်းချိန်လွန်နည်းပညာဖြင့် ဆေးကြောသန့်စင်ခြင်း၊ အရွယ်အစားခွဲခြင်း ၊မှိုရောဂါပိုးမွှားများ စနစ်တကျ သန့်စင်ခြင်း လုပ်ငန်းများဆောင်ရွက်ပြီး အစာအစားထုတ်ပိုးသည့် ဂျက်စက္ကူဖြင့်ထုတ်ပိုးကာ အအေးခန်းစနစ်ဖြင့် နိုင်ငံတကာအဆင့်မီပြင်ဆင်မီတင်ပို့ခြင်းဖြစ်တာကြောင့် စင်ကာပူဈေးကွက်တွင် အခြားနိုင်ငံများ၏ သရက်သီးများနှင့် အပြိုင်ဈေးကွက်ထိုးဖောက်နိုင်ရန် ရည်ရွယ်တင်ပို့ခြင်းဖြစ်ကြောင်း အကျိုးအမြတ်နည်းသော်လည်း ပြည်တွင်းတောင်သူများသရက်သီးဈေးကောင်းရရှိအောင် ကူညီပေးနီုင်သည့် အတွက် ဝမ်းသာကြောင်း သဇင်နွယ်သရက်ခြံ မန်နေဂျာ ဦးဌေးအောင်က ပြောသည်။ “ စင်ကာပူလေကြောင်းလိုင်းနဲ့က အရင်ကလည်းတင်ပို့ခဲ့ပါတယ်။ ကိုဗစ်-၁၉ ရောဂါကြောင့် မနှစ်ကတော့ မတင်ပို့နိုင်ခဲ့ပေမယ့် အရင်ဝယ်လက်ဟောင်းတွေနဲ့ပဲ အခု ပြန်တင်ပို့နေတာပါ။ တောင်သူတွေ တရုတ်ဈေးကွက်မှာ တွက်ခြေမကိုက်ပေမယ့် အရည်အသွေးကောင်းရင် ကောင်းသလို ဈေးကောင်းပေး ဝယ်ပါတယ်။ သဇင်နွယ်အနေက သရက်သီးကို အရည်အသွေးအလိုက်အကုန်ဝယ်ပေးတာဖြစ်လို့ လာရောင်းတဲ့ တောင်သူတွေ အတွက် အသီးတိုင်းငွေဖြစ်ပါတယ်။ သရက်သီးတွေကို အရွယ်အစားအလိုက် ပို့ကုန်တင်တာတင် ပြည်တွင်းရောင်းတာရောင်း ၊သရက်သီးအနှစ်အတွက်လည်းဝယ်ယူပေးတာဖြစ်လို့ တောင်သူတွေ အဆင်ပြေစေပါတယ်။ အကျိုးအမြတ်ထက် ပြည်တွင်းစိန်တလုံးကို နိုင်ငံတကာဈေးကွက်မှာ ပေါက်စေချင်တာပါ။ဒါမှာ ရည်ရှည်မှာ သရက်တောင်သူတွေ ဈေးကွက်အသစ်နဲ့ ဈေးကောင်းရရှိမှာပါ။ ထုတ်ပိုးတင်ပို့မှုစနစ်တွေကိုတော့ နိုင်ငံတကာအဆင့်မီ ပြုပြင်တင်ပို့ရပါတယ်” ဟု ၎င်းကပြောသည်။ ပြည်တွင်းတောင်သူများမှာ တရုတ်နိုင်ငံဈေးကွက်သို့ ယခင်လိုတိုက်ရိုက်တင်ပို့နိုင်ခြင်းမရှိတော့သော်လည်း မူဆယ်ပွဲရုံများမှ ခြံပြတ်ဈေးဝယ်ယူကာ တင်ပို့နေကြသလို့ စင်ကာပူနိုင်ငံဈေးသို့ တင်ပို့ရန် အရည်အသွေးကောင်း...

မြန်မာ-တရုတ်ကြားRCEPသဘောတူစာချုပ်စတင်အသက်ဝင်ပြီ

မြန်မာ-တရုတ်ကြားRCEPသဘောတူစာချုပ်စတင်အသက်ဝင်ပြီ

ရွှေမန်း မြန်မာနှင့် တရုတ်တို့အကြား RCEP သဘောတူစာချုပ် စတင်အသက်ဝင်ပြီဖြစ်ပြီး အကောက်ခွန်ဆိုင်ရာ ဦးစားပေး အခွင့်အရေးနှင့် အခြားခံစားခွင့်များကို စတင်ခံစားနိုင်ပြီ ဖြစ်ကြောင်းသိရသည်။ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Compre-hensive Economic Partnership-RCEP) သဘောတူစာချုပ်၏ စာချုပ်အသက်ဝင်းခြင်းအရ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ၂၀၂၂ ခုနှစ် မေလ (၁)ရက်နေ့မှ စတင်အသက်ဝင်ပြီဖြစ်ကြောင်း သိရသည်။ RCEP သဘောတူစာချုပ်ကို ပါဝင်လက်မှတ် ရေးထိုးခဲ့သည့် အာဆီယံ၏ မိတ်ဖက်နိုင်ငံများ အနက် တရုတ်နိုင်ငံက ပထမဆုံးအနေဖြင့် မြန်မာနိုင်ငံ၏ အသက်ဝင်ကြောင်း အကြောင်းကြားစာကို အသိအမှတ် ပြုခဲ့ပြီး မေလ ၁ ရက်နေ့မှ စတင်၍ RCEP သဘောတူစာချုပ်အောက်မှ တရုတ်နိုင်ငံမှ ပေးအပ်မည့် အကောက်ခွန်ဆိုင်ရာ ဦးစားပေး အခွင့်အရေးနှင့် အခြားခံစားခွင့်များကို စတင်ခံစားနိုင်ပြီ ဖြစ်သည်။ မြန်မာလုပ်ငန်းရှင်များအနေဖြင့် တရုတ်နိုင်ငံ နှင့် ကုန်သွယ်မှုပြုလုပ်ရာတွင် ယခင်က တရုတ်နိုင်ငံ မှ မြန်မာနိုင်ငံသို့ တစ်ဖက်သတ် ကင်းလွတ်သက်သာခွင့်ကိုသာပေးသည့် အစီအစဉ်နှင့် အာဆီယံ-တရုတ် လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ်တို့ကိုသာ အသုံးပြုလျက်ရှိရာမှ ယခုအခါ RCEP သဘောတူ စာချုပ်အောက်မှ အခွင့်အရေးများကိုပါ ပိုမိုအသုံးပြုနိုင်မည် ဖြစ်သည်။ RCEP သဘောတူစာချုပ်တွင် အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှု သဘောတူ စာချုပ်၌ မပါဝင်ခဲ့ သည့် အကောက်ခွန်လုပ်ထုံး လုပ်နည်းနှင့်စပ်လျဉ်းသည့် တင်ပို့မည့် ကုန်ပစ္စည်း အမျိုးအစား၊ ကောက်ခံမည့် အကောက်ခွန်တန်ဖိုးနှင့် မြန်မာနိုင်ငံမှ ထွက်ရှိ/ ထုတ်လုပ်သည့် ကုန်ပစ္စည်းတို့ကို ကြိုတင်သတ်မှတ်ခြင်း၊ ကုန်ပစ္စည်း...

ပြည်တွင်းပြောင်းဈေးကွက် လကျရှိကာလတှငျ စြေးအေးနသျောလညျး ဇွန်လဆန်းပိုင်းတွင် ဈေးမြင့်တက်လာမည်

ပြည်တွင်းပြောင်းဈေးကွက် လကျရှိကာလတှငျ စြေးအေးနသျောလညျး ဇွန်လဆန်းပိုင်းတွင် ဈေးမြင့်တက်လာမည်

ရွှေမန်း ပြည်တွင်းပြောင်းဈေးကွက်မှာ မေအတွင်းအနည်းငယ်ဈေးအေးနိုင် သော်လည်းဇွန်လဆန်းပိုင်းတွင် ပွညျ တှငျးလကျကနျြနညျးလာတာကွောငျ့ ဈေးမြင့်တက်လာမည်ဖြစ်ကြောင်း ပြောင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများထံမှသိရသည်။ လက်ရှိအချိနျ တှငျ ပြည်တွင်း ပြောင်းပေါက်ဈေး တစ်ပိဿာ ကျပ် ၁၀၀၀ဝန်းကျင်ဆိုတာ ဒေသ ပွဲရုံကောက်ဈေး ပေါက်ဈေးဖြစ် နေပြီး ကျပ် ၁၀၀၀ ကျော်မှသာ ပွဲရုံများက ပြန်လည်ထုတ်ရောင်း နိုင်မည့်အခြေအနေဖြစ်ကြောင်း၊ မေလမှ ဇွန်လအတွင်းတွင် ပြောင်း ပေါက်ဈေးတစ်ပိဿာ ကျပ် ၁၀၀၀ ဝန်းကျင်ဖြင့်သာပေါက်ဈေး ငြိမ်နေ မည်ဖြစ်ကြောင်း၊ ပို့ကုန်ရငွေ နိုင်ငံ ဒေါ်လာဈေးကို ပုံသသေကျ မှတျခွငျးကလည်း ပို့ကုန်ပြောင်းသမား တွေအပါအဝင် ပဲ၊ နှမ်းဈေးကွက် တစ်ခုလုံးကို အရောငျးအဝယျ အေးစက်သွားစေခဲ့ကြောင်း မြန်မာ နိုင်ငံပြောင်းလုပ်ငန်းအသင်း အထွေထွေအတွင်းရေးမှူး ဦးတက် နိုင်တိုးက ပြောသည်။“ပြောင်းပေါက်ဈေးက မေ လထဲမှာ တစ်ပိဿာ ကကျပ် ၁၀၀၀ အောက်ဆင်းသွားမယ်၊၊ အရောငျးအဝယျကတော့အေးသွားမှာပါ။ ပြောင်း ဈေး ကျပ် ၁၀၀၀ ဆိုတာ နယ်ပှဲ ရုံ ပေါက်ဈေးဖြစ်နေပါပြီ။ လက်ရှိမှာ ရန်ကုန်အရောက် ပြောင်းပေါက်ဈေး က ကျပ် ၁၀၀၀ ကျော်ရုံလေးဆို တော့ အရောင်းမရှိတော့ပါဘူး။ ဒီတော့ မေလအတွင်းမှာ ပြောင်းဈေးက မတည်မငြိမ်ဖြစ်နိုင် ပေးမယ့်ဇွန်လ ဆန်းပိုင်းမှာတော့ မထင်မှတ်နိုင်တဲ့ ပြောင်းပေါက် ဈေးတွေ ဖြစ်လာနိုင်ပါတယ်။လက်ရှိမှာ ကမ္ဘာ့ပေါက်ဈေးမှာ တစ်တန် ၄၃၀ ဒေါ်လာ၊ တရုတ် ပြောင်းပေါက်ဈေးက တစ်တန် ယွမ် ၂၈၀၀ယွမ် လောက် ပေါက် ဈေးရှိနေပါတယ်။ မကြာမီမှာ...

Heading

Heading