Home သတင်းများ

Category: <span>သတင်းများ</span>

Post
မြန်မာ့စိန်တလုံးသရက်သီး  ပေါ်ဦးပေါ်ဖျား ဈေးကောင်းရရှိ

မြန်မာ့စိန်တလုံးသရက်သီး  ပေါ်ဦးပေါ်ဖျား ဈေးကောင်းရရှိ

ရွှေမန်း မြန်မာ့စိန်တလုံးသရက်သီး  ပေါ်ဦးပေါ်ဖျား ဈေးကောင်းရရှိ နေပြီး ၁၆ ကီလို တစ်ခြင်းလျှင် ငွေကျပ် ၅ သောင်းအထိ ဈေး ကောင်းရရှိနေကြောင်း သာလာအေးကျေးရွာ သရက်ခြံမှ ကိုရဲက ပြောသည်။“ သင်္ကြန်မတိုင်မီကတည်းက အသီးတွေက စပေါ်နေပါပြီ။ အခု ရန်ကုန်ကို စပြီးတင်ပို့နေတာ ၁၆ ကီလိုတစ်ခြင်းလျှင် အလုံး ၄၀-၅၀ ခန့် ပါရှိပြီး တစ်ခြင်းလျှင် ငွေကျပ် ၄၅၀၀၀-၅၀၀၀ဝနဲ့ ပို့ နေပါတယ်။ ခေါင်သီး အနည်း ငယ်သာ ထွက်ရှိလို့ ဒီနှစ်က ဈေး ကောင်းပိုရပါတယ်´´ ဟု ၎င်းက ပြောသည်။ မြန်မာ့စိန်တလုံးသရက်ခြံ အများစုမှာ သင်္ကြန်ကာလနောက် ပိုင်း မေလဆန်းပိုင်းမှ အများစု ရင့်မှည့်မှုရှိပြီး လှိုင်လှိုင်ပေါ်လေ့ ရှိသည်။ အချို့ဒေသများတွင်သာ အနည်းငယ်...

Post
အိန္ဒိယ၏ ပဲလိုအပ်ချက် ကြောင့် မတ်ပဲဈေးဆက်လက် မြင့်တက်နိုင်

အိန္ဒိယ၏ ပဲလိုအပ်ချက် ကြောင့် မတ်ပဲဈေးဆက်လက် မြင့်တက်နိုင်

ရွှေမန်း အိန္ဒိယ၏ ပဲလိုအပ်ချက် ကြောင့် မတ်ပဲဈေးဆက်လက် မြင့်တက်နိုင်ကြောင်း ပို့ကုန်ပဲ ကုန်သည်များက သုံးသပ်ထား သည်။ သင်္ကြန်မတိုင်မီကတည်းက ဈေးမြင့်တက်နေသည့် မတ်ပဲမှာ ဆက်လက်မြင့်တက်နိုင်ချေ နည်း ကြောင်း ခန့်မှန်းထားသော်လည်း အိန္ဒိယနိုင်ငံ၏ ပဲဈေးကွက်မှာ ပဲ လိုအပ်ချက် မြင့်မားနေတာကြောင့် လည်း ပြည်တွင်းပို့ကုန်ပဲများ ဖြစ်သည့် မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေးဆက်လက်မြင့်တက်နိုင် ကြောင်း ပဲကုန်သည်များက သုံးသပ်ထားခြင်းဖြစ်သည်။ သင်္ကြန်ပြီးပြီးချင်း ပဲ၊ နှမ်း ဈေးကွက် ပြန်လည်မဖွင့်လှစ်သေး သော်လည်း သင်္ကြန်မတိုင်မီက နောက်ဆုံးပိတ်သွားသည့် အမြင့် ဈေးထက် ကျဆင်းစရာမရှိ ကြောင်း ပဲကုန်သည်တစ်ဦးက ပြောသည်။ လက်ရှိ ရန်ကုန်ဈေး   ကွက်တွင် မတ်ပဲ တစ်တန်ကို    ၃၂၇၅၀၀၀ ပေါက်ဈေး ရှိနေပြီး...

Post
သင်္ကြန်ပိတ်ရက်များ မတိုင် မီ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး အမြင့်ဈေး များဖြင့် အရောင်းအဝယ်သွက်နေ

သင်္ကြန်ပိတ်ရက်များ မတိုင် မီ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး အမြင့်ဈေး များဖြင့် အရောင်းအဝယ်သွက်နေ

ရွှေမန်း  သင်္ကြန်ပိတ်ရက်များ မတိုင် မီ ပဲ၊ နှမ်းဈေးကွက်အမြင့်ဈေး များဖြင့် အရောင်းအဝယ်သွက်နေ ကြောင်း  ပဲကုန်သည်များထံက သိရသည်။ သင်္ကြန်ကာလမတိုင်မီ ဖြစ် ပေါ်ခဲ့သောအမြင့်ဈေးများအတိုင်း ပိတ်ရက်များအလွန်တွင်လည်း ဆက်လက်ဈေးကောင်းနေနိုင် ကြောင်း ပဲ၊ နှမ်းကုန်သည်များသုံး သပ်ထားသည်။ ယခုသင်္ကြန် အကြိုသီတင်းပတ်အတွင်း ပဲ လှောင်လက်သမားများ အဝယ် ကောင်းနေတာကြောင်း ဈေးကွက် အရောင်း အဝယ်ကောင်းနေခြင်း ဖြစ်သည်။   ပဲ၊ နှမ်းလောကတွင် ပဲသစ်များကို သင်္ကြန်ကာလ မတိုင်မီ လှောင်လက်သမားများ အဝယ်ကောင်းနေတာကြောင့် ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး အမြင့် ဈေးဖြစ်လာအရောင်းအဝယ် ကောင်းနေပြီး ပို့ကုန်ပဲများနှင့် ဈေးကွက်ကျဆင်းနေသည့် ပြည် တွင်းသုံး ကုလားပဲအုပ်စု ဈေးမြင့် အဝယ်သွက်နေကြောင်း ရွှေစင် သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။ “...

Post
ပို့ကုန်ပဲများ ဈေးမြင့်တက်လာတာနှင့်အတူ အသစ်ဝင်ပဲများ အရောင်းအဝယ်သွက်လာ

ပို့ကုန်ပဲများ ဈေးမြင့်တက်လာတာနှင့်အတူ အသစ်ဝင်ပဲများ အရောင်းအဝယ်သွက်လာ

ရွှေမန်း ပို့ကုန်ပဲများ ဈေးမြင့်တက် လာတာနှင့်အတူ အသစ်ဝင်ပဲများ အရောင်းအဝယ်သွက်လာကြောင်း  ပဲကုန်သည်များထံက သိရသည်။ နိုင်ငံခြားငွေလဲနှုန်းမြင့်တက် လာတာကြောင့် ပို့ကုန်ပဲများလည်း   ဈေးမြင့်တက်အရောင်းအဝယ် သွက်လာသလို ပြည်တွင်းသုံး ကုလားပဲအုပ်စုနှင့် အသစ်ဝင် ပဲမာလိုင်းများလည်း လှောင်လက်  သမားများ အဝယ်ကောင်းနေခြင်း ဖြစ်သည်။ ဧပြီလဆန်းပိုင်းတွင် ပို့ကုန် မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေးပြန် မြင့်တက်လာပြီး နယ်စုံမှအသစ် ဝင်ရောက်လာသည့် ပဲမာလိုင်း များလည်း လှောင်လက်သမား များအကြိုက် ပေါက်ဈေးဖြစ်နေ တာကြောင့် အရောင်းအဝယ်သွက် နေကြောင်း၊ တရုတ်နိုင်ငံသို့ တင် ပို့သည့် ပဲတီစိမ်း၊ နှမ်းနှင့် မြေပဲ တို့မှာ ဈေးတည်ငြိမ်နေကြောင်း ယခင်က တစ်အိတ်လျှင် ငွေကျပ်  ၄၀၀၀၀၀ ကျော်ပေါက်ဈေးရှိ သည့် ပဲမာလိုင်းအချို့ ယခုချိန် တွင် ငွေကျပ်...

Post
ပို့ကုန်ပဲများနှင့်အတူ ပြည်တွင်းသုံးပဲများ ဈေးဆက်လက်ကျဆင်းနေ

ပို့ကုန်ပဲများနှင့်အတူ ပြည်တွင်းသုံးပဲများ ဈေးဆက်လက်ကျဆင်းနေ

ရွှေမန်း ပို့ကုန်များနှင့်အတူ ပြည် တွင်းသုံးပဲများ ဈေးဆက်လက် ကျဆင်းနေကြောင်း ပဲကုန်သည် များထံက သိရသည်။ ပို့ကုန်ပဲများမှာ ဈေး ဆက် လက်ကျဆင်းနေခြင်းနှင့်အတူ ပြည်တွင်းသုံးပဲများလည်း လိုက် ပါ ဈေး ကျဆင်းနေခြင်းဖြစ်သည်။ ပဲနှမ်းဈေးကွက် တစ်ခုလုံး ဈေးကျဆင်းနေတာကြောင့် ပို့ ကုန်ဈေးတွေအပြင် ပြည်တွင်း သုံးပဲတွေအားလုံး ဈေးကျဆင်း နေကြောင်း တရုတ်လိုင်း အဝယ် ကောင်းသည့် ပဲမာလိုင်းများမှာ ဈေးကျဆင်းနေကြောင်း ပြည် တွင်းနယ်စုံမှ ပဲအသစ်တွေက အဝင်ရှိသလောက် အဝယ်မလိုက် ဖြစ်နေကြောင်း၊ ပဲဈေး ကျဆင်း လျှင် လှောင်လက်သမားတွေ အဝယ်ကောင်းသော်လည်း ယခု နှစ်မှာ ပဲလှောင်လက်သမားလည်း အဝယ် လျော့ကျနေကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော် သွင်က ပြောသည်။ “ ပြည်တွင်းပဲ ဈေးကွက်...

Post
7402

ပဲမျိုးစုံ ပြောင်းနှင့်နှမ်းဈေးကွက်တွင် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမပြုရန် အသိပေးထား ရွှေမန်း ပြည်တွင်းမှ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းဈေးကွက်တွင် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းမပြုရန် စီးပွား/ ကူးသန်းမှ အသိပေးထုတ်ပြန်ထားပြီး ပဲမျိုးစုံ၊ပြောင်းနှင့်နှမ်း ကုန်သည်များအသင်းမှလည်း ၎င်းတို့ အသင်းသား များနှင့် ဆွေးနွေးညှိနိုင်းဆောင်ရွက်ထားကြောင်းသိရသည်။ ပဲမျိုးစုံ ပြောင်းနှင့် နှမ်းတို့ကို ပြည်ပသို့တင်ပို့လျက်ရှိရာ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်မှုများကို စောင့်ကြည်ပြီး သက်ဆိုင်ရာဌာနသို့ တင်ပြသွားမည်ဖြစ်သည်ဟု ပဲမျိုးစုံ၊ပြောင်းနှင့် နှမ်းကုန်သည်များအသင်း မှ တာဝန်ရှိသူက ပြောသည်။ “ပြည်ပကို တင်ပို့နေတာဖြစ်လို့ သိုလှောင်မှုဆိုတာ မဖြစ်မနေ ကဏ္ဍမှာ ပါတယ်။သို့ပေမယ့် သိုလှောင်ရာမှာ ဈေးကစားဖို့ ရည်ရွယ်တာမျိုးရှိနိုင်တယ်။အဲလိုမဖြစ်အောင် အသင်းသားတွေကို အသိပေးတာ၊ဆွေးနွေးညှိနိုင်း တာတွေလုပ်ခဲ့ပြီးပါပြီ။ပေါ်ပေါက်လာခဲ့ရင် အသင်းကို တင်ပြရပါမယ်။ဒီကတဆင့် သက်ဆိုင်ရာ ဝန်ကြီးဌာနကို တင်ပြသွားမှာပါ”ဟု ၎င်းကပြောသည်။...

Post
7389

ပြည်တွင်းသုံး ကုလားပဲ အနည်းငယ်ဈေးမြင့်တက်လာပြီး ပဲစင်းငုံမှာ ဈေးကျဆင်းနေ ရွှေမန်း ပြည်တွင်းသုံးကုလားပဲအုပ်စု ဈေးပြန်မြင့်တက်လာပြီး ပို့ကုန် ပဲစင်းငုံဈေးကျဆင်းနေကြောင်း ပဲကုန်သည်များထံက သိရသည်။ ပို့ကုန်ပဲများဈေးကျဆင်းရာ ကနေ အနည်းငယ်သာဈေးပြန် တက်လာသလို ပြည်တွင်းသုံး ကုလားပဲအုပ်စုနှင့် မြေပဲဆန် ဈေးတက် အရောင်းအဝယ်သွက် နေခြင်းဖြစ်သည်။ ဈေးကွက်အတွင်း အသစ်ဝင် ပဲများ ဝင်ရောက်လာမှုကြောင့် ဈေး ကျဆင်းမှုများရှိနေပြီး လက်ရှိ ပေါက်ဈေးများမှာ လှောင်လက် သမားများအကြိုက် အဝယ် ကောင်းနေကြောင်း၊ တရုတ်လိုင်း လမ်းကြောင်း ပြန်ကောင်းလာ တာကြောင့် ပဲကြီး၊ ပဲထောပတ်၊ မြေပဲလုံးဆန်တို့သာ ဈေးကောင်း နေခြင်းဖြစ်ကြောင်း ရွှေစင်သိန်း ပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြော သည်။ “ ဈေးကျဆင်းနေတဲ့ ကုလား ပဲအုပ်စု ဈေးပြန်တက်လာပါတယ်။ ကုလားပဲအသစ်တွေကလည်း အဝင်များလာပေမယ့်...

Post
မြန်မာနိုင်ငံတွင် လိုင်စင်ရပျားမွေးမြူသူ ၉၀၀ကျော်ရှိပြီးပျားအုံပေါင်း နှစ်သိန်းကျော်ဖြင့်ထုတ်လုပ်လျက်ရှိ

မြန်မာနိုင်ငံတွင် လိုင်စင်ရပျားမွေးမြူသူ ၉၀၀ကျော်ရှိပြီးပျားအုံပေါင်း နှစ်သိန်းကျော်ဖြင့်ထုတ်လုပ်လျက်ရှိ

ရွှေမန်း    မြန်မာနိုင်ငံတွင် လုပ်ငန်းလိုင်စင်ဖြင့် ပျားမွေးမြူသူပေါင်း(၉၀၀)ကျော်ရှိပြီး ပျားအုံး ပေါင်း (၂၀၀ç၀၀၀)ဝန်းကျင်ခန့်ဖြင့်ထုတ်လုပ်လျက်ရှိသည်။  ထိုသို့လိုင်စင်ရယူလုပ်ကိုင်လိုသူများအနေဖြင့် နှင့် သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီးပျား လုပ်ငန်းဦးစီးဌာနများတွင် ပျားမွေးမြူရေးလုပ်ငန်းလိုင်စင် လျှောက်ထားနိုင်ကြောင်း ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲမှတာဝန်ရှိသူတစ်ဦးကပြောသည်။ မြန်မာနိုင်ငံအတွင်း ထွက်ရှိသည့်ပျားရည်အမျိုးအစားထွက်ရှိမှုမှာ နှမ်းပျားရည်၊ နေကြာပျားရည်၊ ပန်းနှမ်းပျားရည်၊ ဇီးပျားရည်၊ လိုင်ချီးပျားရည်၊ ရာဘာပျားရည်တို့မှာ လအလိုက်ထွက်ရှိလျက်ရှိသည်။ပျားမွေးမြူရေးအနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ အများဆုံးမွေးမြူလျက်ရှိကြောင်း မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာန၊ပျားမွေးမြူမှုဖွံ့ဖြိုးမှုဌာနခွဲ ဒုတိယညွှန်ကြားရေးမှူးဦးမျိုးတင့်က  ပြောသည်။ “ လိုင်စင်ရပျားမွေးမြူသူပေါင်း ၉၀၀ ကျော်ရှိပါတယ်။ အများစု ကတော့ မန္တလေးတိုင်းနဲ့ စစ်ကိုင်းတိုင်းကဖြစ်ပါတယ်။ အခြားနေရာတွေကတော့ ကချင်၊ကယား၊ကရင်၊ ပဲခူးတိုင်း၊ရန်ကုန်တိုင်း၊မကွေးတိုင်း၊ရှမ်းပြည်နယ်၊ပျားအုံပေါင်း၂၀၀၀၀၀ဝန်းကျင်ခန့်ရှိပါတယ်။ပျားရည် ထုတ်လုပ်ခြင်းလုပ်ငန်းနဲ့ဝတ်မှုန်ကူးခြင်းလုပ်ငန်းတွေကိုဆောင်ရွက်လျက်ရှိပါတယ်။ ပျားလုပ်ငန်း ဆောင်ရွက်ချင်ရင် ဌာနက လိုင်စင်ထုတ်ပေးနေပါတယ်။ ပြည်နယ်တိုင်း ပျားလုပ်ငန်းဦးစီးဌာန တွေမှာ ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်။ လိုင်စင်ရယူဖို့အတွက် ပျားမွေးမြူရေးသင်တန်း...

Post
မြန်မာ့ကြက်သွန်နီကို ထိုင်းနိုင်ငံမှတစ်ဆင့် ဗီယက်နမ် နှင့် မလေးရှားသို့ တင်ပို့နေ

မြန်မာ့ကြက်သွန်နီကို ထိုင်းနိုင်ငံမှတစ်ဆင့် ဗီယက်နမ် နှင့် မလေးရှားသို့ တင်ပို့နေ

    ရွှေမန်း မြန်မာ့ကြက်သွန်နီကို  ထိုင်း နိုင်ငံမှတစ်ဆင့် ဗီယက်နမ်နှင့် မလေးရှားနိုင်ငံများသို့ တင်ပို့နေ တာကြောင့် တောင်သူများ ဈေး ကောင်းရနေကြောင်း သိရသည်။  ကြက်သွန်ဈေးကွက်မှာ ပြည်တွင်းစားသုံးမှုအတွက် ဖူလုံ ပိုလျှံတာကြောင့် ပြည်ပနိုင်ငံများ သို့တင်ပို့နိုင်မှသာကြက်သွန် စိုက် တောင်သူများ အဆင်ပြေနိုင်မည် ဖြစ်သည်။ “ ဗီယက်နမ်နဲ့ မလေးရှား  နိုင်ငံတွေက အဝယ်လိုက်နေတော့ နယ်ကြက်သွန်ဈေးကွက်မှာတွဲကား တွေနဲ့ နေ့စဉ်အဝယ်ရှိနေပါတယ်။ နယ်ကြက်သွန်ဈေးတက်တော့ တောင်သူတွေ အဆင်ပြေကြပါ တယ်။ အဓိကတော့ မြစ်သားနယ် က အဝယ်များတယ်။ ထိုင်းနိုင်ငံ ကနေတစ်ဆင့် တင်ပို့နေတာပါ။ ပြည်တွင်းစားသုံးမှုအနေနဲ့လည်း ရန်ကုန်ကို တင်ပို့နေကြပါတယ်´´ ဟု  မြန်မာနိုင်ငံ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် စားဖိုဆောင်သီးနှံ များအသင်း တာဝန်ရှိသူတစ်ဦး က ပြောသည်။...

Post
ဈေးကွက်ကျဆင်းနေသည့် ပို့ကုန်ပဲများနှင့် နှမ်း၊ မြေပဲဈေး ပြန်မြင့်တက်လာ  

ဈေးကွက်ကျဆင်းနေသည့် ပို့ကုန်ပဲများနှင့် နှမ်း၊ မြေပဲဈေး ပြန်မြင့်တက်လာ  

ရွှေမန်း ဈေးကွက်ကျဆင်းနေသည့် ပို့ကုန်ပဲများနှင့် နှမ်း၊ မြေပဲ ဈေးပြန်မြင့်တက်လာကြောင်း  ပဲကုန်သည်များထံက သိရသည်။  ခိုင်မာမှုမရှိသည့် ပို့ကုန် မူဝါဒ အပြောင်းအလဲသတင်းများ ကြောင့် ဈေးကျဆင်းနေသည့်  မတ်ပဲ၊ ပဲစင်းငုံမှာ ဈေးပြန်မြင့် တက်လာသော်လည်း အသစ်ဝင် ပဲမာလိုင်းများသာ ဈေးကျဆင်း နေပြီး နှမ်းမျိုးစုံနှင့် မြေပဲဆန်မှာ တရုတ်လိုင်းအဝယ်ကောင်းလာ တာကြောင့် ဈေးမြင့်တက်လာ သည်။ ပဲဈေးကွက်အတွင်း အသစ် ဝင် ပဲများ စုံလင်စွာ ဝင်ရောက် လာတာကြောင့် ယခင် ပဲမာလိုင်း အဟောင်းဈေးများထက် ဈေး ကျဆင်းနေကြောင်း၊အဝင်များလို့ ဈေးကျဆင်းသော်လည်း ကုလား ပဲအုပ်စုအနည်းငယ် ဈေးပြန် တက်လာကြောင်း၊ ခိုင်မာမှုမရှိ သည့် သတင်းများကြောင့်  ဈေး ကျဆင်းသွားသည့် ပို့ကုန်ပဲတွေ ဒီနေ့ကစပြီး ဈေးပြန်တက်လာ ကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင်...