Home 2022 February

Month: <span>February 2022</span>

Post
တရုတ်စျေးကွက် နှင့် ပြည်တွင်းသုံးစွဲမှုများသည့် မြေထောက်ပဲဈေးကွက် ယခင်နှစ်ထက် ပိုမိုဈေးကောင်းရလာ

တရုတ်စျေးကွက် နှင့် ပြည်တွင်းသုံးစွဲမှုများသည့် မြေထောက်ပဲဈေးကွက် ယခင်နှစ်ထက် ပိုမိုဈေးကောင်းရလာ

ရွှေမန်း တရုတ်စျေးကွက် နှင့် ပြည်တွင်းသုံးစွဲမှုများသည့် မြေထောက်ပဲဈေးကွက် ယခင်နှစ်ထက် ပိုမိုဈေးကောင်းရလာတာကြောင့် ပဲထွက်အားကောင်းသည့် တောင်သူများ အဆင်ပြေလာကြောင်း ကုန်သည်များထံမှသိရသည်။ ဧရာဝတီမြစ် အတွင်း ကျွန်းစိုက်ခင်းများမှ ထွက်ရှိသည့် မြေထောက်ပဲ အထွက်နှုန်းကောင်း ဈေးကောင်းရ သဖြင့် တောင်သူများ အဆင်ပြေလာ ကြောင်း သိရသည်။မြန်မာနိုင်ငံမှ မြေထောက်ပဲမှာ ကျွန်းစိုက်ခင်းများတွင် အများဆုံး စိုက်ပျိုးပြီး ရွှေကူ ၊တကောင်းဒေသ မှ ထွက်ရှိသည့် မြေထောက်ပဲမှာ အရည်အသွေးအကောင်းဆုံး ပဲဖြစ်သည်။တကောင်းဒေသရှိ ကျွန်းစိုက်ခင်းများတွင် မြေထောက်ပဲကို အများဆုံး စိုက်ပျိုးပြီး ဝ.၇၅ အကျယ် အကန့် လိုက်စိုက်ကြရာ ယခုနှစ်တွင် မြေထောက်ပဲ သုံးတင်ဝင်အိတ် ၇ အိတ်ခန့်ထွက်ရှိရာ ယခုနှစ် ပေါက်ဈေး အရ တစ်အိတ်ကျပ် ၁၄၂၀၀၀ ပေါက်ဈေးရှိသဖြင့် ကျပ် ၁၀သိန်းနီးပါးဝင်ငွေ...

Post
ပြည်တွင်းစားသုံးမှုမြင့်မားခြင်းကြောင့် ကုလားပဲအုပ်စုဝင်ပဲများ ဈေးကောင်းရရှိနေ

ပြည်တွင်းစားသုံးမှုမြင့်မားခြင်းကြောင့် ကုလားပဲအုပ်စုဝင်ပဲများ ဈေးကောင်းရရှိနေ

ရွှေမန်း ပြည်တွင်းစားသုံးမှုမြင့်မားလာခြင်းကြောင့် ကုလားပဲအုပ်စုဝင်ပဲများ မန္တလေးဈေးကွက်အတွင်းသို့ နယ်စုံမှ လှိုင်လှိုင်ဝင်ရောက်လာနေပြီး ဈေးကောင်းလည်း ရရှိနေကြောင်း မန္တလေးပဲကုန်သည်များထံက သိရသည်။ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ကာ ကျောက်ဆည်၊ ပုသိမ်ကြီး၊ မတ္တ ရာ၊ စဉ့်ကူး၊ စစ်ကိုင်း၊ မြင်းမူ၊ မုံရွာ စသည့်နယ်များမှ လှိုင်လှိုင်ဝင်ရောက်လာနေပြီး ပြီးခဲ့သည့် နှစ်ကာလတူ ကုလားပဲသုံးတင်းဝင်တစ်အိတ် ကျပ် ၈၀,၀၀၀ ဈေးရှိခဲ့သော်လည်း၊ ယခုနှစ်တွင် ကျပ် ၁၁၆,၀၀၀ ထိပေါက်ဈေးရှိကာ ဈေးကောင်းနေကြောင်း မန္တလေးမြို့မှ ဦးစိုးဝင်းမြင့်(စိုးဝင်းမြင့်ပွဲရုံ)က ပြောသည်။ ” ကုလားပဲက မြန်မာလူမျိုးတွေရဲ့ ကြိုက်နှစ်သက်ဆုံးပဲ ဖြစ်တယ်။ စားတဲ့နေရာမှာလား၊ အာဟာရဖြစ်တဲ့အပြင် အရသာမှာလည်း ကောင်းမွန်တဲ့အတွက် မြန်မာလူမျိုးတွေဟာ ကုလားပဲကို မျိုးစုံလုပ်စားကြပါတယ်။ အလျူအတန်းတွေမှာလည်း မပါမဖြစ်ကြိုက်နှစ်သက်တဲ့ ပဲပါ။ ခုချိန်မှာ ကုလားပဲကို ပြည်တွင်းစားသုံးမှုအနေနဲ့ မန္တလေးမှာ စက်တွေအားလုံးနီးပါး...

Post
နိုင်ငံတကာ က ကုန်ပစ္စည်းတွေကို ရန်ကုန်ဆိပ်ကမ်း မှ တဆင့် တရုတ် ပြည်နယ်များနှင့် ချိတ်ဆက် မည့် ကုန်သွယ်လမ်းကြောင်းသစ် ဖောက်လုပ်ရန် ဆွေးနွေးမှု စတင်

နိုင်ငံတကာ က ကုန်ပစ္စည်းတွေကို ရန်ကုန်ဆိပ်ကမ်း မှ တဆင့် တရုတ် ပြည်နယ်များနှင့် ချိတ်ဆက် မည့် ကုန်သွယ်လမ်းကြောင်းသစ် ဖောက်လုပ်ရန် ဆွေးနွေးမှု စတင်

ရွှေမန်း နိုင်ငံတကာက ကုန်ပစ္စည်းတွေကို ရန်ကုန်ဆိပ်ကမ်းကတစ်ဆင့် နယ်စပ်ကို ဖြတ်သန်ပြီး တရုတ်နိုင်ငံ တောင်ပိုင်းနဲ့ အနောက်ပိုင်း ပြည်နယ်တွေထံ ဆက်လက်ဖြန့်ဖြူးနိုင်ရေးအတွက် ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖောက်လုပ်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြောင်းသိရသည်။ဖေဖော်ဝါရီ ၁၆ ရက်နေ့က ပြုလုပ်ခဲ့သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးနဲ့ တောင်အာရှအနာဂတ်ရင်းနှီးမြှုပ်နှံမှုအုပ်စု (SAFIG) တို့ တွေ့ဆုံမှုအတွင်း အထက်ပါအကြောင်းအရာကို ထည့်သွင်းဆွေးနွေးခဲ့ကြခြင်းလည်း ဖြစ်ကြောင်းသိရသည်။ ထိုသို့ဆွေးနွေးမှုများတွင် ရေထွက်ပစ္စည်း၊ အိမ်ခြံမြေ၊ မြို့ပြအခြေခံ အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားကဏ္ဍဖွံ့ဖြိုးရေး၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်ရေး၊ အွန်လိုင်းကတစ်ဆင့် မြန်မာ့ထွက်ကုန်များ ရောင်းချရေးနဲ့ ကျောက် မျက်လုပ်ငန်းတို့မှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆောင်ရွက်သွားဖို့လည်း ဆွေးနွေးခဲ့ကြသည်။၂၀၂၁ခုနှစ် ဩဂုတ်လကုန်ပိုင်းမှာ တရုတ်နိုင်ငံဘက်ခြမ်းမှာ BRI စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ ချိတ်ဆက်ထားတဲ့ ရထားလမ်းကို ဖွင့်လှစ်ခဲ့သည်။ထိုရထားလမ်းကို အသုံးပြုပြီး...

Post
ထိုင်းနိုင်ငံသို့ ပြောင်းပြန်လည်တင်ပို့ချိန် ယခင်နှစ်ထက် ပြောင်းဈေး ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်လာ ပြီးတောင်သူများစျေးကောင်းရရှိနေ

ထိုင်းနိုင်ငံသို့ ပြောင်းပြန်လည်တင်ပို့ချိန် ယခင်နှစ်ထက် ပြောင်းဈေး ၁၇ ရာခိုင်နှုန်းအထိ မြင့်တက်လာ ပြီးတောင်သူများစျေးကောင်းရရှိနေ

ရွှေမန်း ထိုင်းနိုင်ငံက ပြောင်းတင်ပို့မှုကို အကောက်ခွန်သက်သာခွင့်ပေးလိုက်တဲ့အတွက် တင်ပို့မှုများလာပြီး ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ပါက ၁၇ ရာခိုင်နှုန်းထိမြင့်တက်လာရာ ​ပြောင်းတောင်သူများ စျေးကောင်းရှိနေကြောင်းသိရသည်။ပြောင်းစေ့များကို တရုတ်နိုင်ငံမှဝယ်ယူမူများရှိနေသည့်အပြင် ထိုင်းနိုင်ငံကုန်သွယ်ရေးမူအရ နှစ်စဥ် ဖေဖော်ဝါရီလ(၁)ရက်နေ့ မှ သြဂုတ်(၃၁)ရက်အထိကို အကောက်ခွန်သက်သာခွင့် သုညရာခိုင်နှုန်းဖြင့် ပြန်လည်တင်သွင်းခွင့် ရရှိနေခြင်းကြောင့် မြ၀တီနယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့်ထိုင်းနိုင်ငံ သို့ပြောင်းဆန်များကို စတင်တင်ပို့နေပြီကြောင်း သိရသည်။“ရောင်းလိုအားကပုံမှန်ဖြစ်တယ်။ စျေးနှုန်းကတော့ အမြင့်စျေးမှာရှိတယ်။ အဓိက ဟိုဘက်က ဝယ်လိုအားပေါ့ ။ ထိုင်းကလဲ ဖေဖေိာ်ဝါရီ ၁ရက်နေ့ကစပြီးတင်ပို့နေရပြီ၊ နောက်ပြီး တရုတ်ဘက်ကလဲ စပြီး ဝယ်တဲ့အချိန်ဖြစ်တော့ ဝယ်လိုအားများပြီး စျေးနှုန်းကတက်သွားတယ်” ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်း အသင်း မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။ပြီးခဲ့သည့်နှစ်က ပြောင်း တစ်ပိဿာလျှင် ၆၀၀ကျော် သာရှိခဲ့ပြီး ယခုနှစ် ပြောင်းတင်ပို့ချိန်တွင် ပြောင်းတစ်ပိဿာလျှင် ၈၇၅ကျပ် ဝန်းကျင်ထိမြင့်တက်နေကြောင်းသိရသည်။...

Post
အိန္ဒိယက မြန်မာ့ပဲတီစိမ်းအပေါ် လွတ်လပ်စွာ တင်သွင်းခွင့် ပယ်ဖျက်ပြီး ကန့်သတ်တင်သွင်းရန် ပြင်ဆင်သတ်မှတ် သော်လည်းပြည်တွင်းပဲတီစိမ်းဈေးကွက် ကျဆင်းစရာမရှိ

အိန္ဒိယက မြန်မာ့ပဲတီစိမ်းအပေါ် လွတ်လပ်စွာ တင်သွင်းခွင့် ပယ်ဖျက်ပြီး ကန့်သတ်တင်သွင်းရန် ပြင်ဆင်သတ်မှတ် သော်လည်းပြည်တွင်းပဲတီစိမ်းဈေးကွက် ကျဆင်းစရာမရှိ

ရွှေမန်း အိန္ဒိယက မြန်မာ့ပဲတီစိမ်းအပေါ် လွတ်လပ်စွာ တင်သွင်းခွင့် ပယ်ဖျက်ပြီး ကန့်သတ်တင်သွင်းရန် ပြင်ဆင်သတ်မှတ် သော်လည်းပြည်တွင်းပဲတီစိမ်းဈေးကွက် ကျဆင်းစရာမရှိ ကြောင်းသိရသည်။ အိန္ဒိအစိုးရက မြန်မာနိုင်ငံက ထွက်ရှိတဲ့ ပဲတီစိမ်းကို ကန့်သတ်တင်သွင်းခွင့်ပြုတဲ့ ကုန်စည်အဖြစ် မူဝါဒပြင်ဆင်သတ်မှတ်ကြောင်း ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှာ အိန္ဒိယနိုင်ငံ စီးပွားရေး၊ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက Notification.S.O 624 (E) နဲ့ ထုတ်ပြန်ခဲ့ခြင်ဖြစ်သည်။ပဲတီစိမ်းအပြင် မတ်ပဲနဲ့ ပဲစဉ်းငုံတို့ကို လွတ်လပ်စွာ (Free) တင်သွင်းခွင့်ပြုတဲ့ ကုန်စည်အဖြစ် မတ်လကုန်အထိ သတ်မှတ်ခဲ့သော်လည် ယခုအခါ ပဲတီစိမ်းကို ကန့်သတ်ကုန်စည်အဖြစ် ပြင်ဆင်လိုက်ပြီး ကြေညာချက် ထုတ်ပြန်ခဲ့သည့် ဖေဖော်ဝါရီ ၁၁ ရက် မှ စတင်အကျိုးသက်ရောက်မှု ရှိမည်ဖြစ်ကြောင်း သိရသည်။အိန္ဒိယနိုင်ငံက ပို့ကုန် မတ်ပဲ ၊ပဲစင်းငုံ များအပေါ် ကန့်စက်ချက်မရှိသော်လည်း...

Post
ပို့ကုန်တင်ပို့မှုဆိုင်ရာအခက်အခဲများကြောင့် ပို့ကုန်ပဲများ အပါအဝင် ပြည်တွင်းသုံး အသစ်ဝင်ပဲ ဈေးကွက် ဈေးနှုန်းများလိုက်ပါကျဆင်းနေ

ပို့ကုန်တင်ပို့မှုဆိုင်ရာအခက်အခဲများကြောင့် ပို့ကုန်ပဲများ အပါအဝင် ပြည်တွင်းသုံး အသစ်ဝင်ပဲ ဈေးကွက် ဈေးနှုန်းများလိုက်ပါကျဆင်းနေ

ရွှေမန်း ပို့ကုန်တင်ပို့မှုဆိုင်ရာအခက်အခဲများကြောင့် ပို့ကုန်ပဲများ အပါအဝင် ပြည်တွင်းသုံး အသစ်ဝင်ပဲ ဈေးကွက် ဈေးနှုန်းများလိုက်ပါကျဆင်းနေကြောင်း ပစ္စည်းဝင်ရောက်မှုများတာနှင့်အမျှ ဆက်လက် ကျဆင်းနိုင်ကြောင်း ပဲ ၊နှမ်းကုန်သည်များထံမှသိရသည်။ဖေဖော်ဝါရီလဆန်းပိုင်း တွင် တရုတ်နှစ်သစ်ကူး ပိတ်ရက်များ ကြောင့် ပဲ နှမ်းဈေးကွက် အရောင်းအဝယ် အေးနေရာက ပို့ကုန်လမ်းကြောင်းတွင် နယ်စပ်လမ်းနှင့် ပုံမုန်ကုန်သွယ်မှု လမ်းကြောင်းတွေ မှာ အခက်အခဲဖြစ်လာတာကြောင့် ပို့ကုန်ပဲတွေ ဈေးကွက်မှာ ဒေါ်လာဈေး တည်ငြိမ်နေသော်လည်းမတ်ပဲ၊ပဲစင်းငုံပေါက်ဈေးတွေ ဆက်တိုက်ကျဆင်းနေကြောင်း အသစ်ဝင်ပဲမာလိုင်းတွေမှာလည်း သိုလှောင်သိမ်းဆည်းမမှု မရှိတော့ဘဲ ရိတ်သိမ်းပြီး ဈေးကွက် အတွင်း ချက်ချင်းပို့ရောင်းနေတာတွေ များလာတော့ အရည်အသွေးကျဆင်းမှုနဲ့ ဈေးကွက်ပါ ကျဆင်းနေတာဖြစ်ကြောင်း မြေပဲဆံ တစ်မျိုးတည်းသာ အမြင့်ဈေးနှင့် အတက်ရပ်သွား ပြီး ကျန် ပြည်တွင်းသုံးပဲမာလိုင်း အားလုံး ဈေးကွက် ကျဆင်းနေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်...

Post
ပြည်ပပို့ကုန် မတ်ပဲ အိ္န္ဒိယ အဝယ်ထိန်းနေတာကြောင့် စျေးကွက်ကျဆင်းနေ

ပြည်ပပို့ကုန် မတ်ပဲ အိ္န္ဒိယ အဝယ်ထိန်းနေတာကြောင့် စျေးကွက်ကျဆင်းနေ

ရွှေမန်း ပြည်တွင်းပဲအသစ် ဝင်ရောက် မှုများပြီး အိန္ဒိယဘက် မှ လိုအပ်ချက်နည်းလာကာ ပြည်ပတင်ပို့နေသည့် ပဲများဖြစ်သည့် မတ်ပဲက ပုံမှန်ဈေးထက် ၁၅ ရာခိုင်နှုန်းကျဆင်းပြီး ပဲစင်းငုံနီကတော့ ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားတယ်လို့ ပဲကုန်သည်များထံမှ သိရသည်။ မြန်မာနိုင်ငံမှ မတ်ပဲတန်ချိန် ၇သိန်း အထိတင်ပို့ရန်ရှိနေပြီး အိန္ဒိယမှ ဝယ်ယူမှုကိုထိန်းနေတဲ့အတွက် ဈေးက ဆက်တိုက်ကျဆင်းနေတာဖြစ်ကြောင်း ပဲကုန်သည်များထံမှ သိရသည်။ “ပြီးခဲ့တဲ့နှစ်က မတ်ပဲဟောင်းတွေလည်း သူတို့ဆီမှာကျန်သေးတယ် မြန်မာနိုင်ငံကလည်း တန်ချိန်၇သိန်းအထိသွင်းဖို့လုပ်နေတယ်ဆိုတော့ အများကြီး အိန္ဒိယမှာဝင်ဖို့ရှိတော့ စျေးကကျသွားတာ။ ပဲစင်းငုံကတော့လိုအပ်ချက်ရှိသေးတယ်။ဒါပေမဲ့ မတ်ပဲကျတဲ့ အရှိန်ကြောင့်သူပါလိုက်ကျဆင်းတာ” ဟု ၄င်းကပြောသည်။မတ်ပဲတစ်တန်လျှင် ယခင်က ၁၃သိန်း ၅သောင်းခန့်သာ ဖြစ်ခဲ့ပြီး လက်ရှိတွင် တစ်တန်လျှင် ၁၂ သိန်း ခန့်ထိ ကျဆင်းသွားကြောင်း၊ ပဲစင်းငုံတစ်တန်လျှင် ယခင် ၁၄...

  • 1
  • 2