Home 2020 March

Month: <span>March 2020</span>

Post
မြသလွန်ဘုရားအပါအဝင် လူထူထပ်နေရာတွေ တပ်မတော်က ပိုးသတ်ဆေးဖျန်းပေး

မြသလွန်ဘုရားအပါအဝင် လူထူထပ်နေရာတွေ တပ်မတော်က ပိုးသတ်ဆေးဖျန်းပေး

မကွေးမြို့အတွင်း လူထူထပ်တဲ့ ဘုရားတွေ၊ ဆေးရုံတွေ၊ ဘဏ်တွေ၊ စာသင်တိုက်‌တွေ၊ ဘာသာရေးဆိုင်ရာအဆောက်အဦးတွေကို မကွေးတပ်မ၈၈နဲ့ မကွေးတပ်ပေါင်းစုံ စုပေါင်း၍ အရာရှိ၅ဦး၊ စစ်သည်၁၅ဦးဖြင့်မတ်လ၃၁ရက်‌နေ့ နံနက်၁၀နာရီအချိန် ကလိုရင်းပိုးသတ်ဆေးရည် လိုက်ဖြန်းပေးခဲ့‌ကြောင်း သိရပါတယ်။ စာသင်တိုက်အတွင်းရှိ စာသင်သားများ၊သီလရှင်များအား‌ ဆေးသွင်းပေးခြင်း၊အပူချိန်တိုင်းပေးခြင်း၊ မြသလွန်ဘုရား၊ခရစ်ယန်ချပ်စ်‌ကျောင်း၊ သာသနာ့ဂုဏ်၊ မြဝတီဘဏ်၊ အင်းဝဘဏ်၊ စီပွားရေးဘဏ်တို့တွင် COVID-19ကာကွယ်ဆေးရည်များဖြန်းပေးခဲ့ကြောင်း သိရပါတယ်။ ကလိုရင်းဆေးရည်အစွမ်းဟာ ပိုးရှိတယ်ဆိုရင် အဲဒီပိုးဟာ ၅မီနစ်အတွင်းမှာ သေစေနိုင်ပါတယ်၊ အဲဒီဆေးရဲ့အာနိသင်ဟာ ၃ရက်ခံပါတယ်၊ ၃ရက်ပြည့်သွားရင် ထပ်ပြီးဖြန်းပေးမှာပါ၊ ဘုရားဖူး၊ ဝတ်ပြုသူတွေအန္တရာယ်ကင်းအောင်လို့ လာပြီးတော့ဖြန်းပေးရတာပါလို့ မကွေးတပ်မ၈၈မှ ဗိုလ်ကြီးနိုင်လွင်ဦးက‌ ပြောပါတယ်။ ရွာသား(မကွေး) မကွေးဂျာနယ်

Post
မင်းဘူးခရိုင်အတွင်း COVID-19‌ရောဂါနဲ့ပတ်သက်၍ အများပြည်သူထိတ်လန့်မှုဖြစ်အောင် မဟုတ်မမှန်သတင်းများ ဖြန့်ချီရေသားသူတွေကို အရေးယူမယ်

မင်းဘူးခရိုင်အတွင်း COVID-19‌ရောဂါနဲ့ပတ်သက်၍ အများပြည်သူထိတ်လန့်မှုဖြစ်အောင် မဟုတ်မမှန်သတင်းများ ဖြန့်ချီရေသားသူတွေကို အရေးယူမယ်

မကွေးတိုင်း မင်းဘူးခရိုင်အတွင်း COVID-19‌ရောဂါနှင့်ပတ်သက်၍ အများပြည်သူထိတ်လန့်မှုဖြစ်အောင် မဟုတ်မမှန်သတင်းများ လူမှုကွန်ရက်စာမျက်နာ facebookပေါ်တွင် ရေးသားပြီးပိုစ့်တင်သူများ၊ ရုပ်သံတင်သူများ၊ Liveလွှင့်နေသူများနဲ့ ဖြန့်ချီနေသူများကို ဖော်ထုတ်ပြီးထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း ယနေ့မတ်လ၃၁ရက်နေ့က မင်းဘူး/စကုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံက ပြောပါတယ်။ COVID-19‌ရောဂါနဲ့ ပတ်သက်လို့ ပြည်သူတွေအထိတ်တလန့်ဖြစ်အောင် မလုပ်ဖို့အတွက် ဒေသန္တရအမိန့်ထုတ်ပြန်ထားပြီဖြစ်ပါတယ်၊ သတင်းတွေကို မဟုတ်မမှန်ဆက်လက်ဖြန့်ချီမယ်၊ တင်နေမယ်ဆိုရင် တည်ဆဲဆက်သွယ်ရေးဥပဒေအပြင် ဒေသန္တရအမိန့်အတိုင်း‌ အရေးယူဆောင်ရွက်သွားမှာပါလို့ မင်းဘူး/စကုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံက မကွေးဂျာနယ်ကို ပြောပါတယ်။ ဆက်လက်၍ မနေ့ကဆို ပွင့်ဖြူကတစ်ယောက်က ပေါက်ကရတွေရေးတယ်၊၁၆၉ယောက်ထဲက ၁ယောက်ကpositiveဖြစ်သွားပါတယ်ဆိုပြီး လျှောက်ရေးတယ်၊ အဲဒီကိစ္စနဲ့ပတ်သက်ပြီးပွင့်ဖြူအုပ်ချုပ်ရေးမှူးကို လှမ်းပြောလိုက်မှ မမှန်သတင်းဖြန့်တဲ့လူက တောင်းပန်ပြီး ပိုစ့်ပြန်ဖြုတ်သွားတယ်၊ ဒီတကြိမ်‌ တော့ ခွင့်လွှတ်လိုက်ပါတယ်၊ စလင်းမှာလဲ အဲလိုဖြန့်ချီလို့ မြို့နယ်ရဲမှူးက သွားရောက်စစ်ဆေးတော့ အဲဒီလူလဲပြန်ဖြုတ်သွားပါတယ်၊ ဒီတကြိမ်တော့အသိပေးပြီးပြီ၊ ဒီနေ့ကစပြီး Covid19နဲ့ပတ်သက်ပြီး အများပြည်သူထိတ်လန့်အောင်...

Post
NLDအလံပုံတွေနဲ့ MASKတွေ ထုတ်လုပ်ရောင်းခွင့် မပြုကြောင်းမကွေးတိုင်းဝန်ကြီးချုပ်ပြော

NLDအလံပုံတွေနဲ့ MASKတွေ ထုတ်လုပ်ရောင်းခွင့် မပြုကြောင်းမကွေးတိုင်းဝန်ကြီးချုပ်ပြော

NLDအလံပုံတွေနဲ့ MASKတွေထုတ်လုပ်ရောင်းခွင့်မပြုကြောင်း မတ်လ(၂၉)ရက်နေ့က မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမမှာ ပြုလုပ်တဲ့ တိုင်းအဆင့်အစည်းအဝေးမှာ ဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြောခဲ့တာဖြစ်ပါတယ်။ စည်းရုံးရေးကာလလဲ မဟုတ်သလို ကမ်ပိန်းကာလဲမဟုတ်တဲ့အတွက် NLDအလံတွေနဲ့ MASKလုပ်ရောင်းနေတဲ့စီးပွားရေးသမားတွေကို ခွင့်မပြုကြောင်း၊ ပြုလုပ်ရောင်းချသူတွေကိုလဲ ခေါ်ယူ သတိပေးထားပါတယ်လို့ ဝန်ကြီးချုပ်က မကွေးဂျာနယ်ကို ပြောပါတယ်။ Covid 19 ကူးစက်ရောဂါကြောင့် MASk တွေစျေးမြင့်တက်နေသလို ပစ္စည်းပျက်လပ်မှုတွေလည်းရှိနေတာဖြစ်ပါတယ်၊ ဒီလိုအချိန်မှာအကွက်မြင်တဲ့ စီးပွားရေးသမားတွေက NLDအလံတွေကို MASKလုပ်နေတာဖြစ်တဲ့အတွက် ခွင့်မပြုတာဖြစ်တယ်လို့ပြောပါတယ်။ မကွေးမြို့မှာသာမန်(၅၀)ကျပ်တန်MASKတစ်ခုကို လက်ရှိမှာကျပ်၆၀၀ကနေ ကျပ်၁၀၀၀ကြားစျေးတွေနဲ့အရောင်းအဝယ်ပြုလုပ်နေကြတာဖြစ်ပါတယ်။ ရွာသား(မကွေး) မကွေးဂျာနယ်

Post
တောင်တွင်းကြီးမြို့နယ် အဝင်အထွက်ဂိတ်များတွင် Covid 19ရောဂါကာကွယ်ရေး ကျန်းမာရေးစိစစ်မှု များပြုလုပ်

တောင်တွင်းကြီးမြို့နယ် အဝင်အထွက်ဂိတ်များတွင် Covid 19ရောဂါကာကွယ်ရေး ကျန်းမာရေးစိစစ်မှု များပြုလုပ်

မကွေးခရိုင်၊တောင်တွင်းကြီးမြို့နယ်တွင် Covid 19ကူး စက်ရောဂါ ကြိုတင်ကာကွယ်တဲ့အနေနဲ့ တောင်တွင်းကြီး မြို့သို့ဝင်ရောက်လာသော ခရီးသည်တင်ကားများအား ပရပ်ကျယ်စစ်ဆေးရေးဂိတ်၊ဆတ်သွားစစ်ဆေးရေးဂိတ် ဘိုကုန်းစစ်ဆေးရေးဂိတ်၊ခင်တဲစစ်ဆေးရေးဂိတ်တို့ကနေ ဝင်ရောက်လာသမျှခရီသည်များကိုကျန်းမာရေးစစ်ဆေး တာတွေကို နေ့စဉ်ပြုလုပ်ပေးလျှက်ရှိကြောင်းသိရ ပါတယ်။ ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ရာတွင် ကိုယ်အပူချိန်တိုင်း ခြင်း၊ခရီးသွားရာဇဝင်မှတ်တမ်းမေးမြန်ခြင်း၊မြို့နယ်အတွင်နေထိုင်သည့်လိပ်စားများအားမှတ်သားထားခြင်း၊သက် ဆိုင်ရာကျေးရွာများအလိုက် ကျေးရွာအုပ်ချုပ်ရေးမှူးများ ကလာရောက်ခေါ်ဆောင်ပြီး မိမိတို့ရွာရှိစောင့်ကြည့်ရေး စခန်းများသို့ပို့ဆောင်ပေးခြင်းများဆောင်ရွက်ပေးလျှက် ရှိသည်။ ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ရာတွင် မြို့နယ်အုပ် ချုပ်ရေးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင် မြင်နှင်ဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်မောင် ညိုနှင့်ရဲတပ်ဖွဲ့ဝင်များ၊ကျန်မားရေးဝန်ထမ်းများ၊ကြက် ခြေနီအသ်းဝင်များ၊Myanmar Rescue အရေးပေါ် အသက်ကယ်ဆယ်ရေးအဖွဲ့ဝင်များ၊အရပ်ဖက်ပရဟိတ လူမှုကူးညီရေးအသင်းများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူး များ၊ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ကျန်းမာရေးစစ်ဆေးမှု များဆောင်ရွက်ပေးလျှက်ရှိသည်။ အလားတူ ဆတ်သွားဘူတာ၊တောင်တွင်းကြီးဘူတာများ ၌လည်း ကျန်းမာရေး စစ်ဆေးခြင်းများ ဆောင်ရွက်ပေး လျှက်ရှိကြောင်း တောင်တွင်းကြီးမြို့ မြို့နယ်စည်ပင်သာ ယာရေး အထောက်အကူပြု ဥက္ကဌ ဦးမောင်ဌေး၏ပြော ပြချက်အရသိရှိရသည်။ စာပေသစ္စာဖြင့်...

Post
ရန်ကုန်မြောက်ပိုင်းခရိုင် ပေါင်းလင်းကြိုးဝိုင်းအတွင်းမှ တရားမဝင်သစ်များဖမ်းဆီးရမိ ဆက်စပ်တရားခံများအား အရေးယူနိုင်ရန် ဆောင်ရွက်လျှက်ရှိ

ရန်ကုန်မြောက်ပိုင်းခရိုင် ပေါင်းလင်းကြိုးဝိုင်းအတွင်းမှ တရားမဝင်သစ်များဖမ်းဆီးရမိ ဆက်စပ်တရားခံများအား အရေးယူနိုင်ရန် ဆောင်ရွက်လျှက်ရှိ

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆောင်သော သစ်တောဝန်ထမ်းများသည့် (၂၉-၃-၂၀၂၀)ရက်နေ့က လှည်းကူးမြို့နယ်ပေါင်း လင်းကြိုး ဝိုင်းအတွင်း တရားမဝင်သစ်ဖမ်းဆီးခြင်း ဆောင်ရွက်ရာ (၁၄:၁၅)နာရီအချိန် ပေါင်းလင်းကြိုးဝိုင်း အကွက်မှတ်(၅၇) ခမမပည-97.07’10.350”E 17.34-54.222N တွင်အခြားခွဲသား(သစ်ဆိမ့်၊သဒီ၊ ထောက်ကြန့်)(၂၃)ချောင်း(၄.၁၄၃၆)တန်အားလည်းကောင်း၊(၁၈:၃၀)အချိန်တွင် ပေါင်းလင်းကြိုးဝိုင်း အကွက် အမှတ်(၅၂)တွင် ယာဉ်အမှတ်မပါ GMC အစိမ်းရောင် (၆)ဘီးယာဉ်ပေါ်မှ အခြားခွဲသား(ထောက်ကြန့်၊မျောက် ချော၊သဒီ၊ရုံ၊တောင်သရက်) (၂၉)ချောင်း(၂.၃၅၀၆) တန်အားလည်းကောင်း(၂၁:၁၅)နာရီအချိန် ရေနက်ကြီး ရွာအနီးခမမပည-96.12’17.639E 17.24’51.030”N Fordland(6)ဘီးခေါင်းဝါပေါ်မှ ပျဉ်းကတိုး သဒီ မှတ် ကျောက်(၂၀၂)ချောင်း(၁.၉၃၇၄)တန်အားလည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်တရားခံများအား ဥပဒေအရအရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်ဆဲဖြစ် ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ ပြောရေးဆိုခွင့် ရှိသူ သစ်တောဦးစီအရာရှိထံမှ သိရှိရသည်။ ဟင်္သာ(တောင်တွင်းကြီး)