Home 2023 April

Month: <span>April 2023</span>

Post
ဧဒင်ဥယျာဉ်ထဲက အသီး

ဧဒင်ဥယျာဉ်ထဲက အသီး

ကောင်းဇော် ရွေးကောက်ပွဲ ဆိုတာ စိုက်ပျိုးရေးလုပ်ငန်းတမျိုးပါပဲ။ စိုက်တဲ့အသီးကို ရိတ်သိမ်းကြရတယ်။သဘာဝနည်းကိုသုံးပြီးထွက်လာတဲ့အသီးအနှံက ဓာတုနည်းသုံးတဲ့၊ ကဲတဲ့ အသီးအနှံထက် ဘေးထွက်ဆိုးကျိုးနည်းတယ်။လူအတော်များများက ပါတီတခုတည်ထောင်ဖို့ထက် ရွေးကောက်ပွဲမှာ ကိုယ်နှစ်သက်ရာကို ရွေးချယ်မဲထဲ့ရတာကို ပိုအာရုံကျကြတယ်။၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ရက် ရက်စွဲနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ထုတ်ပြန်ကြေညာခဲ့တယ်။ပြည်သူအများစုက ပြဌာန်းတဲ့ ဥပဒေထက် ဘယ်ပါတီတွေ ပြန်မှတ်ပုံတင်မှာလဲဆိုတာကို ပိုစိတ်ဝင်စားပါတယ်။နိုင်ငံရေးပါတီတခုအဖြစ် ထူထောင်မယ်ဆိုရင် ယခင်ပါတီတွေက(နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅နဲ့ အကျုံးဝင်ရင်) နိုင်ငံရေးပါတီ ဆက်လက်တည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့်ဆိုပြီး ၂ဆင့်လျှောက်ရပါတယ်။ နိုင်ငံရေးပါတီအသစ် တည်ထောင်တာဆိုရင်တော့ နိုင်ငံရေးပါတီတည်ထောင်ခွင့်နဲ့ မှတ်ပုံတင်ခွင့် လျှောက်ရပါတယ်။ပါတီအသစ်တည်ထောင်ခွင့် လျှောက်ထားတဲ့ ၁၃ ပါတီထဲက ပြည်ထောင်စု တိုးတက်ဖွံ့ဖြိုးရေးပါတီနဲ့ ဒီမိုကရက်တစ်အင်အားစု လေဘာပါတီတို့ကို နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြုလိုက်တယ်လို့ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်က ၂၀၂၃ ခုနှစ်...

Post
ပို့ကုန်ပဲများ ဆက်လက်ဈေးမြင့်တက်လာသော်လည်း တရုတ်လိုင်းတင်ပို့သည့် ပဲနှမ်းအချို့ ဈေးကျဆင်းနေ

ပို့ကုန်ပဲများ ဆက်လက်ဈေးမြင့်တက်လာသော်လည်း တရုတ်လိုင်းတင်ပို့သည့် ပဲနှမ်းအချို့ ဈေးကျဆင်းနေ

ရွှေမန်း ပို့ကုန်ပဲများ ဆက်လက်ဈေး မြင့်တက်လာသော်လည်း တရုတ် လိုင်းတင်ပို့သည့် ပဲနှမ်းအုပ်စု ဈေးကျဆင်းအဝယ်ရပ်နေကြောင်း ပဲနှမ်းကုန်သည်များထံက သိရ သည်။ ရန်ကုန်ပို့ကုန်လိုင်းတွင် အရောင်းအဝယ်ပုံမှန်ရှိနေသော် လည်း ဧပြီ ၂၃ ရက်က တရုတ် နယ်စပ်တွင် တရုတ်အစိုးရ၏ အခွန် ဆိုင်ရာသတ်မှတ်ချက်များကြောင့် တရုတ်ပဲနှမ်းကုန်သည်အချို့ ထိန်း သိမ်းခံရမှု သတင်းများကြောင့် မန္တလေးပဲဈေးကွက်တွင် အဝယ်အေး သွားခြင်းဖြစ်ကြောင်းသိရသည်။ ဧပြီလကုန်ပိုင်းတွင် ပို့ကုန်ပဲ များ အပါအဝင် ပြည်တွင်းသုံး ကုလားပဲအုပ်စုနှင့် မြေပဲဆန်မှာ အရောင်းအဝယ် ဆက်လက်ကောင်း မွန်နေပြီး တရုတ်ပို့ကုန်ဖြစ်သည့် နှမ်းနက်၊ ပဲတီစိမ်းနှင့် ပဲမာလိုင်း အချို့ ဈေးအေးအဝယ်ရပ်နေ ကြောင်း အိန္ဒိယဝယ်လိုအားကောင်း သော်လည်း အဝယ်ကုန်သည်များ၏ လိမ္မာပါးနပ်စွာ ဝယ်ယူမှုကြောင့် ပို့ကုန်ပဲများမှာ တဖြည်းဖြည်း မြင့်တက်လာသည့် ဈေးကွက်ဖြစ်...

Post
ပြည်ပသို့ ပဲတင်ပို့မှု ယခင်နှစ်ထက် ထက်ဝက်ခန့် ကျဆင်း

ပြည်ပသို့ ပဲတင်ပို့မှု ယခင်နှစ်ထက် ထက်ဝက်ခန့် ကျဆင်း

ရွှေမန်း ပြည်တွင်း ပဲစိုက်ပျိုးချိန် မိုးလေ၀သမမှန်ခြင်းနှင့် နယ်မြေ အခြေအနေများကြောင့် ပဲစိုက် ဒေသများ ရာနှုန်းပြည့် မစိုက်ပျိုး နိုင်ခြင်းကြောင့် ပြည်ပသို့ ပဲတင် ပို့မှုကျဆင်းခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ ပဲတင်သွင်းခွင့် ကို အခွန်ကင်းလွတ်ခွင့် ပေးထား ပြီး ပို့ကုန် မတ်ပဲ ပေါက်ဈေးမှာ တစ်တန်လျှင် ဒေါ်လာ ၉၀၀ ကျော်၊ ပဲစင်းငုံမှာ တစ်တန်လျှင် ဒေါ်လာ ၁၀၀၀ ကျော်အထိ ပေါက်ဈေးရှိလာသော်လည်း ပြည် တွင်း ပဲအထွက်နှုန်းကျဆင်းမှု ရှိသောကြောင့် တင်သွင်းမှု လျော့ ကျခဲ့ခြင်းဖြစ်သည်။ယခုနှစ်၂၀၂၂-၂၀၂၃ဘဏ္ဍာ နှစ်တွင် ၂၀၂၂ ခုနှစ် ဧပြီ ၁ရက်မှ မတ် ၁၇ ရက်အထိ ပင်လယ် ရေကြောင်းမှတစ်ဆင့် ပဲမျိုးစုံ တန်ချိန် ၁ ဒသမ...

Post
ပြည်တွင်းစားသုံးမှုဆန်ဈေးကွက် မြန်မာနှစ်သစ်ကူးပြီးနောက် ဆန်တစ်ပိုင်းလျှင် တစ်ထောင်ကျပ်ဝန်းကျင် ဈေးမြင့်လာ

ပြည်တွင်းစားသုံးမှုဆန်ဈေးကွက် မြန်မာနှစ်သစ်ကူးပြီးနောက် ဆန်တစ်ပိုင်းလျှင် တစ်ထောင်ကျပ်ဝန်းကျင် ဈေးမြင့်လာ

ရွှေမန်း ပြည်တွင်းစားသုံးမှု ဆန်ဈေး ကွက်တွင် မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်မှစ၍ ဆန် တစ်ပိုင်းလျှင် ငွေကျပ် တစ်ထောင် ဝန်းကျင် ဈေးမြင့်တက်လာခဲ့ ကြောင်း ဆန်ဈေးကွက်မှ သိရ သည်။ အလားတူ နထစသမအ တင်ပို့ သည့် ဆန်၊ ဆန်ကွဲဈေး မှာလည်း ပြည်တွင်းစားသုံးမှု ဆန်ဈေး နှင့်အတူ အနည်းငယ်မြင့်တက် လာသည်ဟု ဆိုသည်။ “သင်္ကြန်ရက်မှာ နားကြတာနဲ့ တခြားအကြောင်းအရာတွေကြောင့် ဈေးကွက်ထဲကို ဆန်အဝင်နည်း သွားလို့ ဆန်ဈေးက မြင့်တက်လာ တယ်လို့ သုံးသပ်ပါတယ်။ဧပြီ ၁၈ ရက်၊နှစ်ဆန်း ၂ ရက် အဖွင့်ဈေး မှာ ဆန်တစ်ပိုင်းကို ပျမ်းမျှ ငွေကျပ်တစ်ထောင်ဝန်းကျင် ဈေး တက်လာတယ်။ စပါးအထွက် နှုန်းနည်းတာလည်းပါတယ်´´ဟု ဆန်ပွဲရုံပိုင်ရှင် တစ်ဦးက သုံးသပ်...

Post
ပေါ်ဦးပေါ်ဖျားဖြစ်ပြီး အထွက်နှုန်းနည်းသောကြောင့် စိန်တလုံးသရက်သီးများမှာ ယမန်နှစ်ထက် ဈေးနှစ်ဆ ပေါက်ဈေး ရှိနေ

ပေါ်ဦးပေါ်ဖျားဖြစ်ပြီး အထွက်နှုန်းနည်းသောကြောင့် စိန်တလုံးသရက်သီးများမှာ ယမန်နှစ်ထက် ဈေးနှစ်ဆ ပေါက်ဈေး ရှိနေ

ရွှေမန်း ပြည်တွင်းမှ ထွက်ရှိသော စိန်တလုံးသရက်သီးများမှာ ပေါ်ဦး ပေါ်ဖျားဖြစ်သည့်အပြင် အထွက်နှုန်းနည်းခြင်းကြောင့် ယခုနှစ် သရက်ဈေးကွက်တွင် ယမန်နှစ်ထက် ၂ ဆခန့်ရှိနေပြီး တစ်လုံးလျှင် ငွေကျပ် ၇၀၀ မှ ၁၅၀၀ ကျော်ပေါက်ဈေးရှိနေသည်။ ယမန်နှစ်က ပေါ်ဦးပေါ်ဖျား၌ စိန်တလုံးသရက်သီးတစ်လုံးလျှင် ငွေကျပ် ၇၀၀ အမြင့်ဆုံးရှိခဲ့သော်လည်း ယခုနှစ်တွင် အရည်အသွေး ကောင်း နထစသမအ အသီးများမှာ ငွေကျပ် ၁၅၀၀ အထက်ရှိသည်ဟု သရက်ဈေးကွက်နှင့် နည်းပညာအသင်းမှ အတွင်းရေးမှူး ဦးကျော်စိုးနိုင်က ပြောသည်။ “ပြည်တွင်းဈေးကွက်မှာကိုပဲ စိန်တလုံးသရက်သီးက မနှစ်ကထက် ဈေးနှစ်ဆလောက်ဖြစ်နေတယ်။ တရုတ်ကိုပို့နေကြတာကလည်း အစမ်းဈေးကွက်သဘောမျိုးဖြစ်ပြီး ဈေးကောင်းရနေတယ်။ ဒီဈေး ကွက်ကို ထိန်းနိုင်ဖို့ဆိုရင် အရည်အသွေးကောင်းတင်ပို့ကြဖို့လိုပါတယ်´´ ဟု ၎င်းက ပြောသည်။ သရက်သီးမှာ ပြည်တွင်းစားသုံးမှုနှင့် ပြည်ပဈေးကွက်တွင် ရောင်းအားကောင်းသော...

Post
ထိုင်းနယ်စပ်နှင့်တရုတ်နယ်စပ်မှ တင်ပို့နိုင်ခြင်းမရှိတာကြောင့် ပြည်တွင်းပြောင်းပေါက်ဈေး ကျဆင်းနေ

ထိုင်းနယ်စပ်နှင့်တရုတ်နယ်စပ်မှ တင်ပို့နိုင်ခြင်းမရှိတာကြောင့် ပြည်တွင်းပြောင်းပေါက်ဈေး ကျဆင်းနေ

ရွှေမန်း သင်္ကြန်ကာလနောက်ပိုင်း နယ်စပ်မှတစ်ဆင့် ပြောင်းတင်ပို့မှု ပိုမိုကောင်းလာနိုင်ရန် မျှော်လင့်ထား သော်လည်း လမ်းပန်းဆက်သွယ် ရေးလုံခြုံမှုနှင့် ပို့ကုန်အခွန်ကိစ္စရှင်း လင်းမှုမရှိသေးတာကြောင့် ပြည် တွင်းပြောင်းပေါက်ဈေးမြင့်တက် မလာဘဲ ကျဆင်းနေခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံပြောင်းစိုက်ပျိုး ထုတ်လုပ်ရောင်းဝယ်သူများအသင်း ဥက္ကဋ္ဌ ဦးနေဝင်းစိုးက ပြောသည်။ ]]သင်္ကြန်ကာလအပြီး နောက် ပိုင်းမှာ ပြောင်းဈေးကောင်းလာမယ် မျှော်လင့်ပေမယ့် မြ၀တီနယ်စပ်မှာ လမ်းပန်းဆက်သွယ်ရေးလုံခြုံရေး မကောင်းတာကြောင့် ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့နိုင်ခြင်းမရှိဘဲ ပြည် တွင်းအစာစက်ရုံများ၏ ဝယ်လို အားသာရှိနေတာပါ။ ရန်ကုန်ဆိပ် ကမ်းအရောက် ပြောင်းတစ်ပိဿာ မှာ ငွေကျပ် ၁၂၂၀ သာပေါက်ဈေး ရှိပါတယ်။ ဒီပေါက်ဈေးကို ရောင်း သူမရှိလို့ FဥB တင်ပို့နိုင်ခြင်းမရှိ ပါဘူး။ ပုံမှန်ပေါက်ဈေးက ပြောင်း တစ်ပိဿာ ငွေကျပ် ၁၂၅၀ ပေါက်...

  • 1
  • 2