Home 2020 October

Month: <span>October 2020</span>

Post
ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်နဲ့ ယုံကြည်ရတဲ့တရားဝင်  သတင်းရင်းမြစ်များကနေ အချိန်နဲ့တပြေးညီသတင်းများဖတ်ရှုပါ။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်နဲ့ ယုံကြည်ရတဲ့တရားဝင် သတင်းရင်းမြစ်များကနေ အချိန်နဲ့တပြေးညီသတင်းများဖတ်ရှုပါ။

အောက်ပါ link ကို ကလစ်ပေးပြီးကြည့်နိုင်ပါသည်။ https://www.facebook.com/plugins/video.php?height=314&href=https%3A%2F%2Fweb.facebook.com%2Fmagwayjournal%2Fvideos%2F3598935346831221%2F&show_text=false&width=560

Post
အသက်(၆၀)ကျော်အထက် ကြိုတင်မဲပေး

အသက်(၆၀)ကျော်အထက် ကြိုတင်မဲပေး

အသက်(၆၀)ကျော်အထက် ကြိုတင်မဲပေးသည့် ပထမဆုံးနေ့မှာ မကွေးတိုင်းအတွင်းရှိမြို့နယ်(၂)ခုအတွင်း အဆင်မပြေမှုတွေရှိခဲ့တယ်လို့ မကွေးတိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။ ပခုက္ကူခရိုင် ပေါက်မြို့နယ်နဲ့ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ်အတွင်း ကျေးရွာအချို့မှာ အဆင်မပြေမှုတွေရှိခဲ့တာဖြစ်တယ်လို့​ တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးစိုးထွဠ်ဦးက ပြောပါတယ်။သက်မှူးအိမ် https://www.facebook.com/plugins/video.php?height=322&href=https%3A%2F%2Fweb.facebook.com%2Fmagwayjournal%2Fvideos%2F2877462159152070%2F&show_text=false&width=560

Post
ပေါက်မြို့နယ် ကျွန်းရင်းကျေးရွာ မဲမသမာမှု ကျေးရွာ ရွေး/ကော် ဥက္ကဌ တာဝန်မှ ယာယီရပ်ဆိုင်း၊ဖြစ်စဥ်အား စုံစမ်းစစ်ဆေးမှုများပြုလုပ်နေ

ပေါက်မြို့နယ် ကျွန်းရင်းကျေးရွာ မဲမသမာမှု ကျေးရွာ ရွေး/ကော် ဥက္ကဌ တာဝန်မှ ယာယီရပ်ဆိုင်း၊ဖြစ်စဥ်အား စုံစမ်းစစ်ဆေးမှုများပြုလုပ်နေ

ပခုက္ကူ၊အောက်တိုဘာ ၃၀ ပြည့်ဖြိုးကျော် ပခုက္ကူခရိုင် ပေါက်မြို့နယ် ကျွန်းရင်းကျေးရွာတွင် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများကို ကြိုတင်ဆန္ဒမဲကောက်ယူသည့် အောက်တိုဘာလ ၂၉ရက်နေ့ တွင် ကျေးရွာရွေးကောက်ပွဲ ကော်မရှင်မှ မသမာမှုရှိသည်ဟု သံသယရှိသည့် အပေါ် ကျေးရွာ ကော်မရှင် ဥက္ကဌ အား တာဝန်မှ ယာယီရပ်ဆိုင်းပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ပခုက္ကူခရိုင်ရွေးကောက်ပွဲကော်မရှင်မှ သိရသည်။”နောက်ကြိုတင်မဲ ပေးမယ့် ကိစ္စရပ်တွေအတွက် ပြသနာလည်းဖြစ်နိုင်တယ်။ဖြစ်နိုင်တဲ့အတွက် ဒီလူကို ယာယီရပ်ဆိုင်းလိုက်တဲ့သဘောပါဘဲစုံစမ်းစစ်ဆေးချက်အရ ထုတ်ပယ်မယ်ဆိုရင် တိုင်းက ထုတ်ပယ်ရမှာ၊ ခန့်တာက တိုင်းက ခန့်ထားတာ၊တကယ်လို့ ထုတ်ပယ်မယ်ဆိုရင် သူတို့ရဲ့ ခွင့်ပြုချက်နဲ့ ထုတ်ပယ်ရမှာ ။ ခရိုင်အနေနဲ့က လတ်တလော အရေးယူဆောင်ရွက်မှုအနေနဲ့ စုံခုံအဖွဲ့ စစ်ဆေးနေပါတယ်။စစ်ဆေးချက်ကိုလည်း ၃၁ ရက်နေ့ နောက်ဆုံးထားပြီး တင်ပြဖို့လည်း ညွန်ကြားထားတယ်။...

Post
ဥပဒေကို ဥပဒေအတိုင်း လုပ်တဲ့အစိုးရပဲလိုချင်တယ်

ဥပဒေကို ဥပဒေအတိုင်း လုပ်တဲ့အစိုးရပဲလိုချင်တယ်

ရွေးကောက်ပွဲ အနိုင်ရဖိုပဲ ကြည့်တဲ့ အစိုးရ မဖြစ်စေချင်ဘူး။တည်ဆဲဥပဒေတွေနဲ့ အညီ လုပ်ကိုင်ဆောင်ရွက်တဲ့ အစိုးရတရပ်ကသာ တိုင်းပြည်ကောင်းဖို့ လုပ်နိုင်မှာဖြစ်တယ်။နိုင်ငံတနိုင်ငံမှာ အစိုးရတရပ် အပြောင်းအလဲဖြစ်ရင်၊ မင်းပြောင်းမင်းလွဲဖြစ်ရင် အများအားဖြင့် စစ်ဦးဘီလူးလိုမျိး ဖြစ်ပြီး အရင်က အုပ်ချုပ်ခဲ့၊ အာဏာရခဲ့၊ စီးပွားဖြစ်ခဲ့သူတွေကို နောက်တက်လာသူတွေက နှိပ်ကွပ်တာတွေပဲ အဖြစ်များတယ်။ ပေဖြစ်တုန်းက ခံရသမျှ၊ ကိုယ်တူဖြစ်လာတော့ အပြတ်နှံကြတဲ့ အလေ့အထကများပါတယ်။ လက်စားခြေတာထက် သင်ပုန်းချေတာက ကောင်းပါတယ် ဆိုပေမယ့် လူမိုက်အားပေးတာမျိုး ဖြစ်မသွားသင့်ပါဘူး။ လူမိုက်တွေက လူလိမ္မာတွေရဲ့ မြင့်မြတ်တဲ့စိတ်ထားကို အခွင့်ကောင်းယူသွားတာမျိုး အစ်ြသင့်ဘူး။ဥပဒေကို၊ ဥပဒေနဲ့ အညီ လုပ်ကိုင်ဆောင်ရွက်တဲ့အစိုးရတရပ်ရဲ့ အောက်မှာ လူဆုး၊ လူညစ်တွေ မျက်နှာသာ ရနေမှာမဟုတ်ပါဘူး။ပြည်သူလူထုနဲ့ နိုင်ငံရဲ့ အကျိုးစီးပွားကို ဆုတ်ယုတ်စေတဲ့ ဥပဒေတွေ အမိန့်တွေကိုလည်း ဖျက်ပစ်ရမှာပါ။ ပြည်သူလူထုကို အကျိုးမဲ့စေတဲ့...

Post
“၂၀၂၀ခုနှစ် နိဝင်ဘာလ ၈ရက်နေ့မှာ ကျင်းပမယ့် ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးမှာ အသတ်၁၈နှစ်ပြည့်ပြီး ပထမဆုံးအကြိမ် မဲပေးကြမယ့်လူငယ်တွေရဲ့ ပြောစကားတွေကို ရိုက်ကူးတင်ဆက်ထားပါတယ်။
Post
ကိုဗစ်ရဲ့ဇစ်မြစ်

ကိုဗစ်ရဲ့ဇစ်မြစ်

ကိုဗစ်လိုမျိုးကပ်ဘေးဘယ်ကနေစဖစ်လာပါသလဲ တစ်ခွန်းတည်းပြောရရင်တော့ ဂေဟစနစ်ကိုဖျက်စီးနကနေဖြစ်လာတာပါ တောတွေခုတ်တယ် တောရိုင်းတိရိစ္တာန်တွေကိုသတ်ဖြတ်စားသောက်တယ်။ သတ္တဝါတွေခိုလှုံရာပျောက်လာတဲ့အခါ လူနဲ့တောရိုင်းတိရစ္ဆာန်တွေ ပိုနိးလာတယ်။ အဲဒီမှာတောရိုင်းတိရစ္ဆာန်တွေမှာရိုတဲ့ရောဂါပိုတွေဟာ လူတွေကိုကူးလာတယ်။ ဗိုင်းရပ်က အခြေအနေသစ်ဆီရောက်တဲံအခါ(ဥပမာလူတွေဆီရောက်လာတဲ့အခါ)ဆင့်ကဲမျိဒးပွားတာ၊ကပ်ရောဂါတွေဖြစ်လာတော့တာပါပဲ။ ဂေဟစနစ်ကို ဖျက်စီးတဲံအခါသစ်ပင်ကို ကိုင်လှုပ်လိုက်လို့ သတ္တဝါတွေ လွင့်ကျလာသလို  ဗိုင်းရပ်တွေ အိမ်ရှင်အဟောင်းဆီကနေ လွင့်ကျလာပြီး အိမ်ရှင်အသစ်ဆီ ရောက်လာစေတယ်။အိမ်ရျင်အသစ်ကလူသားြဖစ်နေတဲ့အခါ ကျဒပ်တို့ဒုက္ခရောက်စေတာပေါ့၊ဒါကြောင့် ကပ်ဘေးဟာ လူသားတွေဂေဟစနစ်ကိုဖျက်ဆီးရာကနေ လူသားတွေဂဏ်ပြန်သင့်တာပါပဲ။ အောက်ပါ link ကို ကလစ်ပေးပြီးကြည့်နိုင်ပါသည်။ https://www.facebook.com/plugins/video.php?height=346&href=https%3A%2F%2Fweb.facebook.com%2Fmagwayjournal%2Fvideos%2F353768342378696%2F&show_text=false&width=560

Post
“အိန္ဒိယနိုင်ငံမှလှူဒါန်းသည့် Covid 19ရောဂါကုသသည့်  Remdesivirကုသဆေး ထိုးဆေးအလုံး(၄၀၀) မကွေးတိုင်းအတွက် ရောက်ရှိ”

“အိန္ဒိယနိုင်ငံမှလှူဒါန်းသည့် Covid 19ရောဂါကုသသည့် Remdesivirကုသဆေး ထိုးဆေးအလုံး(၄၀၀) မကွေးတိုင်းအတွက် ရောက်ရှိ”

မကွေး အောက်တိုဘာ ၂၉ “အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံအတွက် လှူဒါန်းခဲ့သည့် Covid 19ရောဂါကုသရေးဆိုင်ရာ Remdesivirကုသဆေး ထိုးဆေးများမှ အလုံးရေ(၄၀၀) အောက်တိုဘာ ၂၉ရက်နေ့က မကွေးတိုင်းအတွက် ရရှိကြောင်း တိုင်းကျန်းမာရေးဦးစီးဌာနက သိရသည်။ “အဆိုပါဆေးများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံသို့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။ “ဒီနေ့ ညနေပိုင်းမှာ ရောက်လာတယ်၊တစ်တိုင်းလုံးအတွက် အလုံး ၄၀၀ရပါတယ်၊ကုတင် ၂၀၀ နဲ့အထက် ဆေးရုံကြီးတွေကို အဓိက ဖြန့်ဝေသွားမှာပါဟု မကွေး တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှုး ဒေါက်တာခင်မောင်သန်းက ပြောသည်။ “မကွေးတိုင်း၌ မကွေးတိုင်းပြည်သူ့ဆေးရုံကြီး၊ မကွေးသင်ကြားရေးဆေးရုံ၊ မင်းဘူးခရိုင်ပြည်သူ့ဆေးရုံ၊ ပခုက္ကူခရိုင်ပြည်သူ့ဆေးရုံကြီး (၄)ခု မှာ ကုတင် ၂၀၀ နှင့်အထက်ဆေးရုံကြီးများ ဖြစ်သည်။ ရောက်မယ်လို့ကြားတယ်၊ နောက်ပေါ်တဲ့ထိုးဆေးပါ၊ကုသဆေးဘဲပြောရမှာပေါ့၊ တိုင်းဦးစီးမှူးကို စာတင်တောင်းထားပါတယ်ဟု မင်းဘူးခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာတင့်ခိုင်က...

Post
ဂန့်ဂေါမြို့နယ်တွင် အသက်(၆၀)နှစ်နှင့်အထက်ကြိုတင်မဲပေးခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲပေး

ဂန့်ဂေါမြို့နယ်တွင် အသက်(၆၀)နှစ်နှင့်အထက်ကြိုတင်မဲပေးခွင့်ရှိသူများ ကြိုတင်ဆန္ဒမဲပေး

ဂန့်ဂေါ အောက်တိုဘာ ၂၉ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ၌ အသက် ၆၀ အထက် မဲဆန္ဒရှင်များသည် မိမိရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ အောက်တိုဘာ ၂၉ ရက်မှစတင်ကာ ကြိုတင် ဆန္ဒမဲ ပေးကြကြောင်း သိရသည်။ အဆိုပါ ကြိုတင်မဲလက်မှတ် ထည့်သွင်းနိုင်ရေးဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များတို့ သည် ကြိုတင်မဲပေးနိုင်ရေး ဆောင်ရွက်ပေးကြောင်း နှင့် ဂန့်ဂေါမြို့နယ်တွင် အသက်(၆၀)နှစ်နှင့် အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ ၁၅၈၉၁ ဦးရှိပြီး အောက်တိုဘာ ၂၉ ရက်မှ နိုဝင်ဘာ ၅ ရက်နေ့အထိ မဲပေးနိုင်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။ ထို့ပြင် အသက်(၆၀)နှစ်နှင့်...

Post
Physical Fitness Dance Challenge Online ကျင်းပ

Physical Fitness Dance Challenge Online ကျင်းပ

ဂန့်ဂေါ အောက်တိုဘာ ၂၉ ကိုဗစ်နိုင်တိန်း ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် Stay Home နေထိုင်ကြသည့် ပြည်သူများ ကျန်းမာကြံ့ခိုင်ရေးအတွက် လေ့ကျင့်နိုင်ရန် ဂန့်ဂေါခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနက လေ့ကျင့်ခန်းများ ကို Online မှ ရိုက်ကူးထုတ်လွှင့်လျက်ရှိတဲ့အပြင် Physical Fitness Dance Challenge Online တစ်ဦးချင်းပြိုင်ပွဲကို အောက်တိုဘာ ၂၇ ရက်မှစတင်ကျင်းပလျက်ရှိရာ ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆော မြို့နယ်များမှ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်လာသူ ၇၂ ဦးရှိနေပြီဖြစ်ကြောင်း ခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာနမှ သိရသည်။ အခုလိုပြိုင်ပွဲကျင်းပရာမှာ အသက်အကြီးဆုံးယှဉ်ပြိုင်သူ ဆောမြို့နယ်မှ ဒေါ်သိန်းတင် ၇၂ နှစ် နဲ့ အသက်အငယ်ဆုံးယှဉ်ပြိုင်သူ ဂရိတ်ဝမ်းတက်ရောက်မဲ့ ကျောင်းသူတစ်ဦးတို့ ပါဝင်ပါတယ် ဟု ခရိုင်အားကစား နှင့် ကာယပညာဦးစီးဌာန...

Post
မကွေးမြို့နယ်အတွင်း ကြိုတင်ဆန္ဒမဲများ စတင်ပေး

မကွေးမြို့နယ်အတွင်း ကြိုတင်ဆန္ဒမဲများ စတင်ပေး

မကွေး အောက်တိုဘာ ၂၉ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်အတွင်း အောက်တိုဘာလ ၂၉ ရက် ယနေ့နံနက် ၈ နာရီမှ စတင်ကာ ကြိုတင်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ကြိုတင်ဆန္ဒမဲပေးခြင်း အနေဖြင့် အသက် ၆၀ နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ရွေးကောက်ပွဲနေ့တွင် တာဝန်ထမ်းဆောင်ကြမည့် သူများကို ဦးစားပေး ကြိုတင်ဆန္ဒမဲပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည့် နိုဝင်ဘာလ ၈ ရက်နေ့ မတိုင်ခင် အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲ များကို ရပ်ကျေးကော်မရှင်ရုံးများမှာ လာရောက်ပေးနိုင်မှာဖြစ်ပြီး နာမကျန်းမာဖြစ်နေသူများအတွက် အိမ်တိုင် ရာရောက် ကြိုတင်ဆန္ဒမဲများကို ကောက်ခံသွားမည်ဖြစ်ကာ မကွေးမြို့ ရပ်ကွက်များအတွင်း ကြိုတင် မဲရုံ အသီးသီးမှာ ကိုဗစ်ကာလဖြစ်တာကြောင့်...

  • 1
  • 2
  • 4