Home 2023 January

Month: <span>January 2023</span>

Post

ဒေါ်လာဖြင့်သာ တင်ပို့ရောင်းချသည့် မူဝါဒပြောင်းလဲမည်ဆိုပါက ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ချိန် တစ်ပိဿာ ငွေကျပ် ၁၅၀၀ခန့် မြင့်တက်လာနိုင်

ရွှေမန်း ပြည်ပနိုင်ငံများသို့ ဒေါ်လာ ဖြင့်သာ ရောင်းချရသည့်မူဝါဒနှင့် ပို့ကုန်ရငွေအပေါ် ငွေလဲလှယ်နှုန်း ပြောင်းလဲလိုက်ပါက ထိုင်းနိုင်ငံ သို့ ပြောင်းတင်ပို့ချိန် ပြောင်းဈေး လက်ရှိဈေးထက်ပိုမိုမြင့်တက်လာ နိုင်ကြောင်း မြန်မာနိုင်ငံ ပြောင်း စိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူ များအသင်းဥက္ကဋ္ဌ ဦးတိုးတက် နိုင်က ပြောသည်။ “လက်ရှိပြောင်းပေါက်ဈေးမှာ မရောင်းချသေးဘဲ ထိန်းထားနိုင် ရင်တော့ ထိုင်းနိုင်ငံတင်ပို့ချိန်မှာ ပြောင်းပေါက်ဈေး ဆက်လက် မြင့်တက်နိုင်ပါတယ်။ နိုင်ငံခြား ပြောင်းတင်ပို့မှု ကုန်သွယ်မှုရငွေ ကို မြန်မာငွေ ပြည်လဲလှယ်ရတဲ့ နှုန်းထား ၃၅-၆၅ ရာခိုင်နှုန်း သတ်မှတ်ချက်ကလည်း မပြောင်း လဲသေးပါဘူး။ ပို့ကုန်ရငွေလဲ လှယ်နှုန်း ပြောင်းလဲခဲ့ရင် ပြောင်း တစ်ပိဿာ ငွေကျပ် ၁၅၀၀ လောက်ထိ ရောက်သွားနိုင်ပါ တယ်´´ဟု ၎င်းက ပြောသည်။ လက်ရှိ ဇန်နဝါရီလကုန်ပိုင်း...

Post

ယခုနှစ်ပဲသစ်ရာသီမှာ အသစ်ဝင်ပဲများ ဈေးကွက်အတွင်း ဝင်ရောက်သလောက် အမြင့်ဈေးဖြင့် အဝယ်ကောင်းနေ

ရွှေမန်း ယခုနှစ်ပဲသစ်ရာသီမှာ အသစ်ဝင်ပဲများဈေးကွက်အတွင်း အဝင် ရှိသလောက် အမြင့်ဈေးဖြင့် အဝယ်ကောင်းနေကြောင်း ပဲနှမ်းကုန်သည် များထံက သိရသည်။ ဇန်နဝါရီလကုန်ပိုင်းရက်များတွင်း အသစ်ဝင်ပဲများ ဈေးကွက် အတွင်း အဝင်ရှိသလောက် အဝယ်ကောင်းနေသလို တောင်သူများအနေ ဖြင့်လည်း ဈေးကောင်းစောင့်ရောင်းချသည့် အခြေအနေမရှိဘဲ စိုက်ခင်း ထဲမှ ထွက်ထွက်ချင်း ဈေးကွက်သို့တင်ပို့ရောင်းချနေရာ ပဲသစ်လှောင် လက်များနှင့် ပို့ကုန်သမားများ ဝယ်လိုအားကောင်းနေခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ မန္တလေးပဲ၊နှမ်းဈေးကွက်တွင် ဈေးကွက်တစ်ခုလုံးအဝယ် ကောင်းနေကြောင်း အသစ်ဝင်ပဲများ ဖြစ်သော်လည်း လက်ရှိနိုင်ငံခြား ငွေပေါက်ဈေး အတက်ပို၍မျှော်မှန်းပြီး ပို့ကုန်ပဲများ ဈေးကျဆင်းမှုမရှိဘဲ အဝယ်ကောင်းနေကြောင်း၊အလားတူ ပြည်တွင်းသုံးကုလားပဲနှင့် ပဲမာလိုင်း၊ နှမ်း၊မြေပဲဆန်များလည်း တရုတ်ပို့ကုန်လိုင်းဖွင့်နေတာနှင့် အတူ ဆက်လက် ဈေးကောင်းရရှိနေခြင်းဖြစ်ကြောင်း ၊ပဲသစ်ပေါ်ချိန် ရာသီချိန်မှာ ဖေဖော်ဝါရီလကုန်ထိသာ ကြာမြင့်နိုင်ကြောင်း ဦးကျော်သွင် (ရွှေစင်သိန်း)ပွဲရုံပိုင်ရှင်က ပြောသည်။...

Post

သကြားကုန်ကြမ်းအသုံးပြုသည့် စက်ရုံများလည်ပတ်မှုဖြင့် ဝယ်လိုအားမြင့်တက်လာ၍ ပြည်တွင်းသကြားဈေး မြင့်လာ

ရွှေမန်း သကြားကုန်ကြမ်းအသုံးပြု သည့် စက်ရုံများလည်ပတ်ခြင်းဖြင့် ဝယ်လိုအား မြင့်တက်လာသော ကြောင့် ပြည်တွင်း သကြားဈေးမြင့်လာရာ လက်ရှိတွင် တစ်ပိဿာ ငွေကျပ်၂၆၀၀ ပေါက်ဈေးရှိကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက် လုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးဝင်းဌေးက ပြောသည်။ ပြည်တွင်း၌ သကြားစက် ပေါင်း ၃၀ ခန့်ရှိပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)တွင် သကြားစက် အသစ်နှစ်ခုနှင့် စစ်ကိုင်းတိုင်းဒေသ ကြီးတွင် နှစ်ခု၊ စုစုပေါင်း လေးခု စက်ရုံအသစ် တိုးလာမည်ဖြစ်ရာ သကြားထုတ်လုပ်မှု ပိုမိုလာမည် ဖြစ်သည်။ “ပြည်တွင်းစားသုံးမှုနဲ့ မုန့် ထုတ်လုပ်တဲ့ စက်ရုံတွေလည်ပတ် လာတာနဲ့အမျှ ဝယ်လိုအားကြောင့် သကြားဈေးမြင့်လာတယ်။ ဒီဈေး နဲ့ပဲ တည်တည်ငြိမ်ငြိမ်ရှိသွားမှာပါ။သကြားမှာ သုံးမျိုးရှိပေမယ့် White Sugar နဲ့ Refile Sugar က...

Post

တရုတ်နယ်စပ်ဂိတ်များပြန်လည်ဖွင့်လှစ်လာတာကြောင့် ပြည်တွင်း ပဲ၊ နှမ်းဈေးကွက် အရောင်းအဝယ်သွက်လာ

ရွှေမန်း တရုတ်နယ်စပ်ဂိတ်များ ပြန် လည်ဖွင့်လှစ်လာခြင်းနှင့်အတူ ပြည်တွင်း ပဲ၊ နှမ်းဈေးကွက် အရောင်းအဝယ်သွက်လာကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရ သည်။ ပဲသစ်ရာသီမှ ပို့ကုန်ပဲများ အဝင်ရှိသလောက် အရောင်းအဝယ် ကောင်းနေသလို တရုတ်နယ်စပ် ဂိတ်များ ပြန်လည်ဖွင့်လှစ်လိုက် သည့် ဇန်နဝါရီ ၁၅ ရက် ကျော် နောက်ပိုင်း နှမ်းနက်၊ မြေပဲဆန် နှင့်မြေထောက်ပဲ၊ ပဲယင်းတို့ ဈေး ကောင်းရလာကြောင်း သိရသည်။ပို့ကုန်ပဲသစ်များ ဈေးကွက် အတွင်းအိတ်ရေများများ ဝင် ရောက်မှုရှိလာသလို တရုတ်လိုင်း၊ ရန်ကုန်လိုင်းအဝယ်ဆုံနေတာ ကြောင့် ပဲ၊ နှမ်းဈေးကွက် အရောင်း အဝယ်သွက်နေကြောင်း လာမည့် လကုန်ရက်များတွင် အသစ်ဝင်ပဲ များ အစုံဝင်လာနိုင်လို့ ဈေးကွက် ပိုကောင်းလာမည်ဖြစ်ကြောင်း၊ လက်ရှိကာလတွင် ပဲထွက်ရှိရာ ဒေသအချို့တွင် မတည်ငြိမ်မှု...

Post

ရက်ပိုင်းအတွင်း ပြည်တွင်းစားသုံးသည့် ဆန်ဈေးမြင့်တက်လာ

ရွှေမန်း ပြည်တွင်းစားသုံးသည့် ဆန် ဈေးကွက်တွင် ဆန်စက်များမှ ဆန်ထုတ်လုပ်မှုလျော့နည်းလာ သဖြင့် ပြီးခဲ့သည့် ရက်သတ္တတစ် ပတ်ခန့်ကစ၍ အနည်းငယ်ဈေး လှုပ်ခဲ့ပြီး လက်လီဈေးကွက်၌ ဆန်တစ်ပိုင်းလျှင် ငွေကျပ် ၃၀၀၀ မှ ၅၀၀၀ ဝန်းကျင် ဈေးမြင့်တက် လာကြောင်း သိရသည်။ ´`ဆန်စက်တွေက လိုသလောက် ထုတ်မရောင်းနိုင်လို့ ဆန်သစ် ဈေးတက်လာတယ်။ စက်တွေက လျှပ်စစ်ဓာတ်အား လုံလောက်စွာ မရလို့ ဝယ်လိုအားရှိသလောက် စပါးကြိတ်ခွဲတာမလုပ်နိုင်တော့ တာရယ်၊ ပဲပေါ်ချိန်မှာ ဆန်ဈေး ကစားလာတာကြောင့် ဈေးလှုပ်လာ တယ်ထင်တယ်။ လေးရက်ဝန်း ကျင်လောက်မှာ ဆန်ဈေးလှုပ်လာ တာ´´ဟု စိန် ဆန်ပွဲရုံမှ ပြောသည်။ ဆန်ဈေးကွက်တွင် ဆန်သစ် များ ဈေးမြင့်တက်လာသဖြင့် လက် ကျန်ဆန်းဟောင်းများလည်း ဈေး တက်လာခဲ့ရာ ပေါ်ဆန်မွှေးထိပ်စ...

Post

ပြင်ဦးလွင် စတော်ဘယ်ရီသီးများ ဈေးကောင်းရ

ရွေမန်း မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်မှ ထွက်ရှိလာသည့် စ တော်ဘယ်ရီသီးများ ယခုဇန်နဝါရီလတွင် မန္တလေးမြို့ရှိ သစ်သီးပွဲရုံများသို့ စတင်ဝင်ရောက်လာပြီဖြစ်ပြီးဈေးကောင်းရနေကြောင်း ပြင်ဦးလွင်၊ပင်လိန်သပြေရွာမှ စတော်ဘယ်ရီ စိုက်ပျိုးရောင်းချသူ ကိုဖိုးသားက ပြောသည်။ ယခင်နှစ် ကာလတူတွင် တစ်ပိဿာ ငွေကျပ် ၈၀၀၀ ဝန်းကျင်သာရရှိခဲ့သော်လည်း ယခုနှစ်ပေါ်ဦးပေါ်ဖျား၌ ပွဲရုံဝယ်ဈေးတစ်ပိ ဿာ ငွေကျပ် ၁၀၀၀၀ ဝန်းကျင်ရရှိသည်ဟုသိရသည်။ ” ဒီဇင်ဘာလက ပုံမှန် စတော်ဘယ်ရီအသီးပေါ်ချိန်ပါ။ကိုဗစ်- ၁၉ ရောဂါအခြေနေလည်းငြိမ်သွားတော့ နယ်တွေထိပို့နိုင်လို့အတွက် အဖွင့်ဈေးလည်းကောင်းတယ် ။ဒီနှစ်ပြည်တွင်းဈေးကွက်ထဲကို ဝင်လာတဲ့တရုတ်စတော်ဘယ်ရီသီးနဲ့အပြိုင်ရောင်းနေရပေမယ့် ဈေးကောင်းရနေတယ်။အထွက်များချိန် မတ်လမှာ ၂၀၀၀ လောက်တော့ ရနိုင်မှာပါ”ဟု ၄င်းကပြောသည်။ ပြင်ဦးလွင် စတော်ဘယ်ရီသီးများမှာ ဧပြီလကုန်အထိ ခူးဆွတ်နိုင်ပြီး ဥတုရာသီပေါ်မူတည်၍ တစ်ဧကလျှင် ပိဿာချိန် ၁၅၀၀ ခန့် ထွက်ရှိနိုင်ကြောင်း၊အဖွင့်ဈေးကောင်းပေးကာ ရန်ကုန်နှင့် မန္တလေးမြို့များမှ...

Post

ရွေ့ရုံဆိုလည်း လှမ်း

၊ ကောင်းဇော် စားဝတ်နေရေးကို ဖူလုံစေတဲ့ စီးပွားရေးတွေက လူးရုံလှိမ့်ရုံဖြစ်နေတယ်။ စီးပွားရေးက မပြေလည်ကြတော့ လူမှုရေးတွေလည်း ပြုံးပြနှုတ်ဆက်ရုံ။ကိုဗစ် ၁၉ ကူးစက်ရောဂါကို ကမ္ဘာ့ကပ်ရောဂါ အဖြစ်သတ်မှတ်ထားပေမယ့် အခုအခါ ထိန်းချုပ်လာနိုင်ပါပြီလိုလည်း ဆိုကြပါတယ်။ ဒါပေမဲ့ ကိုဗစ်ပဉ္စမလှိုင်းလာနေပြီဆိုတဲ့အသံကိုလည်း မီဒီယာတွေမှာ ကြားနေရပါပြီ။ဖြစ်လာခဲ့ရင် ဒေသအလိုက် ကူးစက်ပြန့်နှံ့တဲ့ အနေထားအဖြစ် ရှိနေပါတယ်။ မြန်မာရဲ့ အိမ်နီးချင်း တရုတ်နိုင်ငံမှာ ကူးစက်မှုတွေ တိုးလာနေတာကြောင့် ကိုဗစ် ၁၉ နဲ့ ပတ်သက်ပြီး သတိထားနေရဦးမှာဖြစ်ပါတယ်။ကိုဗစ်တတိယလှိုင်းမှာ ဆိုင်ကယ်ဝပ်ရှော့တစ်ခုက မိတ်ဆွေတစ်ဦးနဲ့ စကားလက်ဆုံဖြစ်တော့ အခုက အလုပ်တွေက ပါးတယ်။ ကိုဗစ်ကြောင့် ကျောင်းတွေပိတ်ထားရတော့ ကျောင်းသားတွေရဲ့ဝယ်လိုအားကို အဓိကထားနေရတော့ အလုပ်သိပ်မဖြစ်ဘူး။ ဈေးတွေ၊စားသောက်ဆိုင်တွေ ခဏခဏပိတ်ထားရတော့ လူတွေက အပြင်သိပ်မထွက်ကြဘူး။ ဓါတ်ဆီဈေးက တက်လာတော့ အတတ်နိုင်ဆုံးအပြင်မထွက်ကြဘူး။ အပြင်မထွက်ကြတော့ ဆိုင်ကယ်တွေက...

Post

Ruili Airlines မှ မန်စီ-မန္တလေး ပုံမှန်ခရီးစဉ်များ ပြန်လည်ပျံသန်းတော့မည်

ရွှေမန်း နိုင်ငံတကာ လေကြောင်းခရီးစဉ် ဆင်းသက်မှု နှစ်နှစ်ကြာ ရပ်ဆိုင်း ထား သည့် တရုတ် ရွှေလီလေကြောင်းလိုင်း (Ruili Airlines ) သည် ဇန်နဝါရီ လ(၂၁)ရက်နေ့မှ စတင်၍ မန်စီအပြည်ပြည်ဆိုင်ရာလေဆိပ်မှ မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မန်စီ-မန္တလေး ပုံမှန်ခရီးစဉ်များ ပြန်လည် ပြေးဆွဲ ပျံသန်းတော့မည်ဖြစ် ကြောင်း တက်ဟုန်းပြည်နယ်ခွဲကုန်သည်ကြီး များအသင်း မြန်မာနိုင်ငံကိုယ်စားလှယ်ရုံးမှ သိရသည်။ အဆိုပါ မန်စီ- မန္တလေးခရီးစဉ်ကို အပတ်စဉ် အင်္ဂါ၊ ကြာသပတေး နှင့် စနေနေ့များတွင် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး လေယာဉ်အမှတ် DR5037 ဖြင့် မန်စီမြို့မှ ဒေသစံတော်ချိန် ၁၇း၀၀ နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး မန္တလေးမြို့သို့ ၁၈း၁၀ နာရီ တွင် ဆိုက်ရောက်မည်ဖြစ်ကာ မန္တလေးမြို့ မှ ၁၉း၁၀...

Post

ပို့ကုန်သမားနှင့် ပြည်တွင်းလှောင်လက်သမား အဝယ်ဆုံနေသောကြောင့်မြေထောက်ပဲနှင့် ပို့ကုန်ပဲများ ဈေးကွက် အကောင်းဆုံး ဖြစ်နေ

ရွှေမန်း ပဲသစ်ရာသီအသစ်ဝင်ပဲများ ရောက်ရှိချိန်တွင် ပို့ကုန်သမား နှင့်ပြည်တွင်း လှောင်လက်သမား အဝယ်ဆုံနေသောကြောင့် မြေ ထောက်ပဲနှင့် ပို့ကုန်ပဲများ ဈေး ကွက် အကောင်းဆုံးဖြစ်နေ ပဲ၊ နှမ်းကုန်သည်များထံမှ သိရသည်။ ပြည်တွင်းဒေါ်လာဈေးတည် ငြိမ်နေတာကြောင့် ပို့ကုန်ပဲများ ဈေးလှုပ်လှုပ်ရှားရှားမရှိသော်လည်း ပဲစင်းငုံမှာ ဈေးကောင်း အဝယ် လိုက်နေသည်။ နှမ်းအုပ်စု ဈေးငြိမ် နေရာမှာ သုံးတင်းတစ်အိတ် ငွေ ကျပ် ၃၀၀၀၀၀ နီးပါးဈေးတက် လာသည်။ ပြည်တွင်းလက်ကျန် ရှိနေသည့် ကုလားပဲအပါအဝင် ပဲမာလိုင်းအချို့ ဈေးကျဆင်းနေ သော်လည်း လက်ကျန်မရှိတော့ သည့် ပဲများ ဈေးကောင်းရရှိ နေကြောင်း သိရသည်။ ပြည်တွင်းသုံးကုလားပဲများ အသစ်ဝင်ရောက်တာကြောင့် ဈေး အနည်းငယ်ကျဆင်းသွားပြီး ပဲမာ လိုင်းအချို့ လက်ကျန်ရှိများနေ သည့်အတွက် ဈေးအမြင့်မရရှိသေး ကြောင်း၊...

Post

ထိုင်းဝယ်လက်တွေ ကွင်းဆင်းဝယ်ယူမှုကြောင့် ကော်ဖီဈေးသုံးဆတက်လာ

ရွှေမန်း မြန်မာ့ကော်ဖီကို ထိုင်းနိုင်ငံကဝယ်လိုအားရှိနေတဲ့အတွက် ထိုင်းကုန်သည်တွေ ကွင်းဆင်း ဝယ်ယူမှု ကြောင့် ပြည်တွင်းကော်ဖီဈေးကွက်မှာ မနှစ်ကထက် ဈေးနှုန်းသုံးဆလောက်တက်သွားကြောင်းသိရသည်။ “မနှစ်က ကော်ဖီရာသီမှာ ကော်ဖီစေ့တစ်ပိဿာကို ကျပ် ၈၀၀ သာ ရှိတာပါ။အခုနှစ်မှာတော့ တစ်ပိဿာ ကျပ် ၂,၅၀၀ ဝန်းကျင်အထိ ဈေးရနေပါတယ်။ ကုန်ကြမ်းအနေနဲ့ အဝယ်များလာတာပါ။ ´´ ဟု ကော်ဖိစိုက်ခြံရှင်တစ်ဦးကပြောသည်။ ပြည်တွင်းမှာ ကော်ဖီစိုက်ဧက နှစ်သိန်းကျော် အကောင်အထည်ဖော်စိုက်ပျိုးခဲ့သော်လည်း ဧက ၅၀,၀၀၀ ကျော်သာ အောင်မြင်ဖြစ်ထွန်းပြီး နှစ်စဉ်ကော်ဖီစေ့တန်ချိန် ၈,၀၀၀ မှ ၉,၀၀၀ ကြား ထွက်ရှိတကြောင်းသိရသည်။ မြန်မာနိုင်ငံကကော်ဖီတွေကို ပြည်ပက ကုန်ကြမ်းအဖြစ်ဝယ်ယူပြီးပြည်တွင်းမှာသောက်သုံးမှုများသည့် ကော်ဖီမှုန့် Instant ကော်ဖီတွေကို တရုတ် နှင့် ဗီယက်နမ်နိုင်ငံတွေက တင်သွင်းခြင်းဖြစ်သည်။ မြန်မာနိုင်ငံမှာ ကော်ဖီကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်နဲ့...

  • 1
  • 2