Home 2024 February

Month: <span>February 2024</span>

Post
မြန်မာ့စိန်တလုံး သရက်သီးဈေးကွက်အလားအလာ

မြန်မာ့စိန်တလုံး သရက်သီးဈေးကွက်အလားအလာ

ရွှေမန်း ပြည်တွင်းမှာ စိန်တလုံးသရက်သီးကို တန်ဖိုး မြင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရန် ပြင်ဆင် သင့်ပြီး လတ်ဆတ်သီးနှံအဖြစ် စိန်တလုံးသရက် သီးကို ၂၀၁၁ခုနှစ်က စတင်ကာ တရုတ်ဈေးကွက် အပြင် အခြားနိုင်ငံများကို တင်ပို့ခဲ့သည်။ ထိုသို့ တင်ပို့ရာတွင်လည်း အရည်အသွေး ထိန်းသိမ်းမှုဆိုင်ရာများကို ကြိုတင်ပြင်ဆင်ပြီး ဈေးကွက်ဈေးကောင်းရရှိနိုင်သည့် နိုင်ငံခြားဈေး ကွက်သို့ တင်ပို့ရာတွင် ခေတ်မီအအေးခန်းများဖြင့် သိုလှောင်ခြင်း၊ အအေးခန်းကွန်တိန်နာများဖြင့် တင် ပို့နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်လိုအပ်လျက်ရှိသည်။ထို့သို့တင်ပို့ရာတွင်အအေးခန်းကွန်တိန်နာများ အခက်အခဲရှိနိုင်ခြင်း၊ သယ်ယူပို့ဆောင်စရိတ်ကြီး မြင့်ခြင်းများကြောင့် နိုင်ငံခြားဈေးကွက်သို့ တင်ပို့ ရာတွင် တင်ပို့နိုင်သည့် ကုန်သည်အချို့သာ တင်ပို့ နေပြီး တောင်သူများက ထိုကုန်သည်အနည်းငယ် ထံသို့သာ ရောင်းချရသဖြင့် ဈေးကွက်ဈေးကောင်းရ သော်လည်း ပမာဏများများ တင်ပို့နိုင်ခြင်းမရှိ ဖြစ်နေသည်။ လက်ရှိအချိန်တွင် ပြည်တွင်းသရက်သီး အမျိုး...

Post
လာမည့်သရက်ရာသီတွင် စိန်တလုံးဈေးကွက် ပြည်တွင်းဈေးကွက်သို့သာ ဦးတည်

လာမည့်သရက်ရာသီတွင် စိန်တလုံးဈေးကွက် ပြည်တွင်းဈေးကွက်သို့သာ ဦးတည်

ရွှေမန်း မန္တလေးတိုင်းဒေသကြီး အပါအဝင် မြန်မာနိုင်ငံအလယ် ပိုင်းမှ ထွက်ရှိသည့် စိန်တလုံး ဈေးကွက်မှာ ပြည်တွင်းဈေးကွက် တွင်သာ အားထားရောင်းချရမည် ဖြစ်ကြောင်း သရက်စိုက်တောင်သူ များထံက သိရသည်။ လက်ရှိအချိန်တွင် တရုတ် နယ်စပ်သို့ တင်ပို့နိုင်ရန် လမ်းပန်း ဆက်သွယ်မှုအခက်အခဲများနှင့် သယ်ယူပို့ဆောင်စရိတ် ကြီးမြင့် တာကြောင့် ပြည်တွင်းသရက် ခြံအများစုမှာ ကြိုတင်ပြင်ဆင်မှု များ အားနည်းပြီး သွင်းအားစု ထည့်သွင်းမှု၊ ခြံပြုပြင်မှုများကို အများစုမပြုလုပ်နိုင်ဘဲ ရပ်နားထား ကြသည်။ သို့ဖြစ်၍ ထွက်ရှိလာမည့် သရက်သီးများမှာလည်း အရည် အသွေးကျဆင်းမှုများ၊ အထွက် နှုန်းကျဆင်းမှုများရှိလာနိုင်ကြောင်း၊ ပို့ကုန်အရည်အသွေးမီ စိုက်ပျိုး ထုတ်လုပ်မည်ဆိုပါက တစ်နှစ် ပတ်လုံး ခြံပြုပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်ရပြီး ရာသီအလိုက် ရေသွင်းခြင်း၊ အပင်အာဟာရ ကျွေးခြင်းများကို အချိန်ကိုက် ဆောင်ရွက်မှသာ...

Post
အိန္ဒိယနိုင်ငံ၏ ပဲရည်ညွှန်ဈေးသတ်မှတ်မည့်သတင်းများကြောင့်  ပို့ကုန်ပဲများ ဈေးကျဆင်းလာ

အိန္ဒိယနိုင်ငံ၏ ပဲရည်ညွှန်ဈေးသတ်မှတ်မည့်သတင်းများကြောင့်  ပို့ကုန်ပဲများ ဈေးကျဆင်းလာ

ရွှေမန်း အိန္ဒိယနိုင်၏ ပဲရည်ညွှန်ဈေး သတ်မှတ်မည့်သတင်းများကြောင့် ပို့ကုန်ပဲများဈေးကျဆင်းနေကြောင်း  ပဲကုန် သည်များထံက သိရသည်။ ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး မှာ ဈေးကျဆင်းမှုရှိလာတာ ကြောင့် စောင့်ကြည့် အရောင်း အဝယ်လုပ်နေကြတာကြောင့် အရောင်းအဝယ်ခပ်အေးအေးသာ ရှိနေသော်လည်း ပြည်တွင်း မြေပဲ ဆန်မှာ ပြည်တွင်းစက်ပိုင်များ အဝယ်ကောင်းသဖြင့် ဈေးကောင်း ရနေခြင်းဖြစ်သည်။ ပို့ကုန်ပဲတွေ သီတင်းပတ် နှစ်ပတ်ဆက်တိုက် ဈေးကျဆင်း နေကြောင်း စံချိန်တင်အမြင့်ဆုံး ဈေးတွေပေါက် ဈေးရှိလာရာမှ အိန္ဒိယနိုင်ငံ၏  ပြည်တွင်းပဲ ဈေးနှုန်းကို သက်မှတ်ဈေးအတိုင်း ရောင်းချရန်ဆိုသည့် သတင်းများ ကြောင့် ရန်ကုန်ဝယ်လက်များ၏ စောင့်ကြည့်ဝယ်ယူမှုများကြောင့် ပြည်တွင်း  ပဲဈေးတွေကျဆင်း ကြောင်း  ပြည်တွင်းသုံးပဲမာလိုင်း များမှာ  နယ်စုံဝင်လာတာကြောင့် အမြင့်ဈေးမှ အနည်းငယ်ကျဆင်း လာကြောင်း ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က  ပြောသည်။ “ ပဲစင်းငုံ၊မတ်ပဲတွေ...

Post
မြေပဲဆန်ဈေးကောင်းတာကြောင့် မြေနုကျွန်းစိုက်တောင်သူများ အဆင်ပြေ

မြေပဲဆန်ဈေးကောင်းတာကြောင့် မြေနုကျွန်းစိုက်တောင်သူများ အဆင်ပြေ

ရွှေမန်း ဧရာ၀တီမြစ်ကြောင်းတစ်လျှောက် စိုက်ပျိုးသည့် မြေပဲဆန်များ ယခင်နှစ်ထက် ဈေးကွက်ဈေးကောင်းရရှိတာကြောင့် မြေနုကျွန်း စိုက်တောင်သူများ အဆင်ပြေလျက်ရှိသည်။ မြေနုကျွန်းစိုက် မြေပဲစိုက်ခင်းများကို အောက်တိုဘာလ ၁၅ ရက် ဝန်းကျင်က စတင်စိုက်ပျိုးပြီး ဖေဖော်ဝါရီလဆန်းပိုင်းတွင် နုတ်သိမ်းရာ တစ်ဧက မြေပဲတင်း(၅၀)ခန့်ထွက်ရှိတာကြောင့်လည်း အထွက်နှုန်း ကောင်းခဲ့သည်။ ထို့အပြင် မြေပဲဆန်ဈေးမှာလည်း ပိဿာ ၁၀၀လျှင် ငွေကျပ် ၈၇၀၀၀၀ ကျော် ပေါက်ဈေးရှိတာကြောင့်လည်း တောင် သူများထပ်ဆင့် အကျိုးအမြတ်ကောင်းခဲ့ကြောင်း  ပုသိမ်ကြီးမြို့နယ်၊ သံဘိုကျွန်းကျေးရွာမှ မြေပဲစိုက်တောင်သူ ဦးခင်မောင်ရင်က  မန္တလေး နေ့စဉ်ကို ပြောသည်။ “ မြေနုကျွန်းစိုက်ခင်းတွေကို စက်တင်ဘာ ရေကျချိန်မှာ မြေပြုပြင် ပြီး ဈေးကွက်ကောင်းမည့် သီးနှံကို ရွေးချယ်စိုက်ပျိုးခဲ့တာပါ။သီးနှံ ရွေးချယ်မှုကလည်း အရေးကြီးပါတယ်။ မြေနုကျွန်းရာသီဥတုနဲ့ ကိုက်ညီတဲ့သီးနှံလည်းဖြစ်ပါတယ်။ အထွက်နှုန်းလည်း ကောင်းသလို...

Post
ပြည်တွင်းမှ အာလူးထွက်ရှိမှု များပြားလာတော့မည်ဖြစ်၍ ဈေးနှုန်းတည်ငြိမ်နိုင်

ပြည်တွင်းမှ အာလူးထွက်ရှိမှု များပြားလာတော့မည်ဖြစ်၍ ဈေးနှုန်းတည်ငြိမ်နိုင်

ရွှေမန်း ပြည်တွင်း၌ ဖေဖေါ်ဝရီ ဒုတိယပတ်မှ စ၍ အာလူးထွက်ရှိမှုများပြားလာတော့မည်ဖြစ်၍ ဈေးကွက်တည်ငြိမ်လာ နိုင်မည်ဖြစ်ပြီး ကြားကာလများတွင် တရုတ်ဘက်မှ အာလူးများဝင်ရောက်နေကြောင်း နောင်တရားအာလူး အသင်းမှ တာဝန်ရှိသူက ပြောသည်။ အာလူးတွင် စဖိုချောင်သုံးစွဲမှုအတွက် စားအာလူးနှင့် အာလူးကြော်ထုတ်လုပ်သူများအတွက် ကြော်အာလူးဟူ ၍ ရှိပြီး ကြော်အာလူးမှာ အရသာကောင်းမွန်သည့် ပြည်တွင်းအာလူးများသာ ဝယ်ယူအသုံးပြုသည်ဟုဆိုသည်။ “ဇန်နဝါရီ၊ဖေဖေါ်ဝါရီအတွင်းရှမ်းပြည်ကထွက်တဲ့ အာလူးရှိပေမယ့် လုံလောက်မှုလိုအပ်နေပေမယ့် ဖေဖေါ်ဝါရီ ဒုတိယပတ်မှာ ဆင်ဖြူကျွန်းအာလူးတွေ ထွက်တော့မှာဖြစ်တာနဲ့ တရုတ်ဘက်က တင်သွင်းမှုရှိနေတာ ကြောင့် ဈေးကွက်ငြိမ်လာမယ်။ဈေးကွက်မှာ အာလူးပြတ်လပ်တာမရှိပေမယ့် အမြောက်အမြားထွက်တာနဲ့ နည်း တာ တော့ ရှိတယ်”ဟု ၎င်းကပြောသည်။ စဖိုချောင်သုံး စားအာလူးများမှာ တစ်ပိဿာလျင် ငွေကျပ် ၂၅၀၀ ဝန်းကျင်နှင့် အကြော်အာလူးများမှာ တစ် ပိဿာလျင် ငွေကျပ် ၃၈၀၀...

Post
6557

ပို့ကုန်ပဲများ ဈေးအနည်းငယ်ကျဆင်းသွားသော်လည်း ဈေးကွက်ပေါက်ဈေးအတိုင်းအရောင်းအဝယ်သွက်နေ ရွှေမန်း ပို့ကုန်ပဲများ ဆက်လက်ဈေး ကျဆင်းမှုရှိနေသော်လည်း ဈေး ကွက်ပေါက်ဈေးအတိုင်း အရောင်း အဝယ်သွက်နေကြောင်း ပဲကုန် သည်များထံက သိရသည်။ ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး တွင် အိန္ဒိယ၏ ဝယ်လိုအားကျ ဆင်းမှုမရှိသော်လည်း ဒေါ်လာ ပေါက်ဈေး၊ ကုန်သွယ်ရေးမူဝါဒ များကြောင့် ပို့ကုန်ပဲများ ဈေးကျ ဆင်းလာခြင်း ဖြစ်သည်။ ပဲသစ်ရာသီအစ ပို့ကုန်ပဲများ စံချိန်တင်ဈေးကောင်းခဲ့သော်လည်း ဖေဖော်ဝါရီသီတင်းပတ်တွင် ဈေး အနည်းငယ်ကျဆင်းလာကြောင်း ပြည်တွင်းသုံး ကုလားပဲများလည်း လိုက်ပါဈေးကျဆင်းသွားကြောင်း ပြည်တွင်းသုံး ပဲမာလိုင်းများတွင် အသစ်ဝင်ရောက်မှုနည်းသည့် ပဲထောပတ်နှင့် မြေထောက်ပဲတို့ မှာ အမြင့်ဈေးဖြစ်နေကြောင်း လက်ရှိတွင် နှမ်းမျိုးစုံနှင့် မြေပဲဆန်မှာလည်း ဈေးကျဆင်း နေပြီး ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး လက်ရှိပေါက်ဈေးများအတိုင်း အရောင်းအဝယ်ကောင်းကြောင်း ရွှေစင်သိန်းပွဲရုံ ပိုင်ရှင် ဦးကျော်သွင်...

Post
ပို့ကုန်ပဲများ ဈေးအနည်းငယ်ကျဆင်းသွားသော်လည်း ဈေးကွက်ပေါက်ဈေးအတိုင်းအရောင်းအဝယ်သွက်နေ

ပို့ကုန်ပဲများ ဈေးအနည်းငယ်ကျဆင်းသွားသော်လည်း ဈေးကွက်ပေါက်ဈေးအတိုင်းအရောင်းအဝယ်သွက်နေ

ရွှေမန်း ပို့ကုန်ပဲများ ဆက်လက်ဈေး ကျဆင်းမှုရှိနေသော်လည်း ဈေး ကွက်ပေါက်ဈေးအတိုင်း အရောင်း အဝယ်သွက်နေကြောင်း ပဲကုန် သည်များထံက သိရသည်။ ပဲ၊နှမ်းဈေးကွက်တစ်ခုလုံး တွင် အိန္ဒိယ၏ ဝယ်လိုအားကျ ဆင်းမှုမရှိသော်လည်း ဒေါ်လာ ပေါက်ဈေး၊ ကုန်သွယ်ရေးမူဝါဒ များကြောင့် ပို့ကုန်ပဲများ ဈေးကျ ဆင်းလာခြင်း ဖြစ်သည်။ ပဲသစ်ရာသီအစ ပို့ကုန်ပဲများ စံချိန်တင်ဈေးကောင်းခဲ့သော်လည်း ဖေဖော်ဝါရီသီတင်းပတ်တွင် ဈေး အနည်းငယ်ကျဆင်းလာကြောင်း ပြည်တွင်းသုံး ကုလားပဲများလည်း လိုက်ပါဈေးကျဆင်းသွားကြောင်း ပြည်တွင်းသုံး ပဲမာလိုင်းများတွင် အသစ်ဝင်ရောက်မှုနည်းသည့် ပဲထောပတ်နှင့် မြေထောက်ပဲတို့ မှာ အမြင့်ဈေးဖြစ်နေကြောင်း လက်ရှိတွင် နှမ်းမျိုးစုံနှင့် မြေပဲဆန်မှာလည်း ဈေးကျဆင်း နေပြီး ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး လက်ရှိပေါက်ဈေးများအတိုင်း အရောင်းအဝယ်ကောင်းကြောင်း ရွှေစင်သိန်းပွဲရုံ ပိုင်ရှင် ဦးကျော်သွင် က ပြောသည်။ “...

Post
ဓာတ်မြေသြဇာတန်ချိန် ၂ သန်းနှင့် ပိုးသတ်ဆေးတန်ချိန် ၃၅၀၀၀ ကို ပြည်ပမှ တင်သွင်းမည်

ဓာတ်မြေသြဇာတန်ချိန် ၂ သန်းနှင့် ပိုးသတ်ဆေးတန်ချိန် ၃၅၀၀၀ ကို ပြည်ပမှ တင်သွင်းမည်

ရွှေမန်း ယူရီးယားမြေသြဇာ ဝယ်ယူဖြည့်တင်းရောင်းချရေး ဦးဆောင်ကော်မတီ အနေဖြင့် ၂၀၂၄-၂၀၂၅ဘဏ္ဍာနှစ်အတွင်းလိုအပ်မည့် ဓာတ်မြေသြဇာတန်ချိန် ၂ သန်းနှင့် ပိုးသတ်ဆေးတန်ချိန် ၃၅၀၀၀ ကို ပြည်ပမှ တင်သွင်းပြီး တောင်သူများထံ ဈေးနှုန်းသက်သာစွာဖြင့်ရာသီချိန်အမီဖြန့်ဖြူး ရောင်းပေးသွား မည်ဖြစ် ကြောင်းသိရသည်။ ၂၀၂၃-၂၀၂၄ခုနှစ် ဘဏ္ဍာနှစ်အတွက် ဓာတ်မြေသြဇာတန်ချိန် ၂ သန်းနှင့် ပိုးသက်ဆေးတန်ချိန် ၃၇၀၀၀အတွက်  သွင်းကုန်လိုင်စင် ရရှိရေးကို စီစစ်ထောက်ခံပေးထားကြောင်း ကော်မတီမှ သိရသည်။ ဆောင်းရာသီ ဆီထွက်သီးနှံ စီမံကိန်းမှ နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၂ ခုမှ စိုက်ဧက ၁ဒသမ ၂သိန်း မှာ ယူရီယားဓာတ်မြေဇာတန်ချိန် ၄၉၀၀နှင့်ကွန်ပေါင်းဓာမြေဇာတန်ချိန် ၂၁၀၀၀ ၊နွေစပါးစီမံကိန်း မှာ နေပြည်တော်အပါအဝင် တိုင်းဒေသပြီးနှင့်ပြည်နယ် ၆ခုမှ စိုက်ဧက ၇ ဒသမ ၂ သိန်းမှာ...

Post
ပို့ကုန်သီးနှံ ပဲစင်းငုံကို လာမည့် စိုက်ပျိုးရာသီတွင် တိုးချဲ့စိုက်ပျိုးသင့်

ပို့ကုန်သီးနှံ ပဲစင်းငုံကို လာမည့် စိုက်ပျိုးရာသီတွင် တိုးချဲ့စိုက်ပျိုးသင့်

ရွှေမန်းအိန္ဒိယနိုင်ငံ၏ ၂၀၂၅ခုနှစ် မတ်လအထိ ဖြေလျော့ထားသည့်ပဲတင်သွင်းမှု မူဝါဒကြောင့် မြန်မာနိုင်ငံစိုက်ပျိုးသသည့် ပဲစင်းငုံမှာ လာမည့်ပဲသစ်ရာသီထိ အကြုံဝင်တာကြောင့် တောင်သူများတိုးချဲ့ စိုက်ပျိုးသင့်သော် ပို့ကုန်သီးနှံတစ်မျိုးဖြစ်လာကြောင်း ပို့ကုန်သမားများက သုံးသပ်ထားသည်။ပြည်တွင်းမှ ပို့ကုန်ပဲများနှင့် ပြောင်းစိုက်ပျိုးမှုမှာ နှစ်စဉ်သီးနှံပေါက်ဈေးနှင့် ဝယ်လိုအားဈေးကွက်ပေါ်မူတည်ပြီး စိုက်ပျိုးကြသလို ရေမြေရာသီဥတုပေါ်မူတည်ပြီး သီးနှံများပြောင်းလည်စိုက်ပျိုးလေ့ရှိသည်။ယခင်နှစ်များက ပြောင်းသီးနှံဈေးကွက်ဈေးကောင်းရရှိကြသလို ပို့ကုန်ကောက်ပဲသီးနှံများလည်း ဈေးကောင်းရရှိခဲ့ရာ ယခုနှစ်တွင် ပြောင်းဈေးကွက်မှာ ကမ္ဘာ့ပြောင်းဈေး အနည်းငယ်ကျဆင်းနေခြင်းဖြစ်သည်။ ပို့ကုန်ပဲများမှာ အိန္ဒိယနိုင်ငံ၏ ပဲဝယ်လိုအားနှင့်ပဲတင်သွင်းမှုမူဝါဒအပြောင်းအလဲကြောင့် ပြည်တွင်း မတ်ပဲနှင့် ပဲစင်းငုံမှာ ပြည်တွင်းစံချိန်ပေါက်ဈေးများထိ ရောက်ရှိလာခြင်းဖြစ်သည်။သို့ဖြစ်၍ လာမည့်ပဲသစ်ပေါ်ချိန်ထိ အိန္ဒိယနိုင်ငံ၏ ပဲဝယ်အားနှင့် ပဲဝယ်ချိန်ကို ချိန်ဆ စိုက်ပျိုးပါက ပဲစင်းငုံမှာ တောင်သူများအတွက် အကျိုးအမြတ်သေချာသည့် စိုက်ပျိုးသီးတစ်မျိုးုဖြစ်လာသည်။ပဲစင်းငုံမှာ စိုက်ပျိုးကာလ ၆ လခန့်ကြာမြင့်တာကြောင့် တောင်သူများအနေဖြင့် သီးထပ်စိုက်ပျိုးခြင်းများအပြင် စိုက်ပျိုးနိုင်သည့် မြေလွတ်များတွင် တိုးချဲ့ စိုက်ပျိုးရန်...

  • 1
  • 2