Home 2022 September

Month: <span>September 2022</span>

Post
တရုတ်ကြက်သွန်ဝင်ရောက်လာမှုကြောင့်ပြည်တွင်းကြက်သွန်းစျေးကွက်ကျဆင်းလာ

တရုတ်ကြက်သွန်ဝင်ရောက်လာမှုကြောင့်ပြည်တွင်းကြက်သွန်းစျေးကွက်ကျဆင်းလာ

ရွှေမန်း ယခုနှစ် စျေးကောင်းပြန်ရလာသည့် ကြက်သွန်နီစျေးများအနည်းငယ် ပြန်ကျလာကြောင်း ကြက်သွန် ကုန်သည်များထံမှ သိရသည်။ ပြည်တွင်းစျေးကွက်တွင် တရုတ်ဘက်မှ ကြက်သွန် ဝင်ရောက်မူ များနေပြီး ပြည်တွင်းကြက်သွန်များလည်း လက်ကျန်များသေးသည့်အတွက် စျေးကျဆင်းနေခြင်း ဖြစ်ကြောင်းသိရသည်။ “တရုတ်ဘက်က ကြက်သွန်တွေဝင်လာလို့ပါ။ တရုတ်ဘက်က ဘယ်လိုမျိုးတွေဝင်နေတယ်ဆိုတာတော့ မသိဘူး။ စျေးတွေတော့ကျသွားတယ်။ အခု တစ်ပိဿာကို ၃,၃၀၀ ကျပ် အထိကျသွားတယ်။ ကြက်သွန် အသစ်တွေက နောက် နှစ်လသုံးလဆို ပေါ်မယ်။ ပြည်တွင်းက စားသုံးသူတွေလဲ စျေးကြီးလို့ သိပ်မစားနိုင်ကြတော့ဘူး” ဟု ကြက်သွန်ပွဲရုံ ပိုင်ရှင်တစ်ဦး က ပြောသည်။ ကြက်သွန်နီတစ်ပိဿာလျှင် ယခင်က ၃,၅၀၀ မှ ၄,၀၀၀ ကျပ်အထိ ရှိခဲ့ပြီး လက်ရှိစျေးကွက်တွင် တစ်ပိဿာလျှင် ၂,၅၀၀ မှ ၃,၃၀၀ ကျပ်သာ...

Post
ပြည်တွင်းဆန်ဈေးကွက်တည်ငြိမ်နေပြီး လက်ရှိထက် ဈေးကျရန် အလားအလာနည်း

ပြည်တွင်းဆန်ဈေးကွက်တည်ငြိမ်နေပြီး လက်ရှိထက် ဈေးကျရန် အလားအလာနည်း

ရွှေမန်း ဆန်ဈေးကွက်တွင် ပြည်တွင်းစားသုံးသည့် ဆန်ဟောင်းများမှာ အမြင့်ဈေးတန်းတွင် တည်ငြိမ်နေပြီး အရောင်း အဝယ်ထိုင်းလျက်ရှိရာ လာမည့် လများ၌ ဆန်သစ်ပေါ်သော်လည်း ဆန်ဟောင်း ဈေးကျရန် အလားအလာ နည်းပါးသည်ဟု ဆန် ကုန်သည် ဦးပိန်းကြိုင်က သုံးသပ်ပြောကြားသည်။ လာမည့် နိုဝင်ဘာနှင့် ဒီဇင်ဘာလများတွင် ဆန်ဈေးကွက်တွင် ဆန်ဟောင်းများ အရောင်းအဝယ်ပြန်သွက် လာ နိုင်ပြီး ဈေးတန်းမြင့်တက်လျင်လည်း အနည်းငယ်သာမြင့်တက်နိုင်သည်ဟုဆိုသည်။ “ဆန်ဈေးက အမြင့်ဈေးမှာ နေတယ်။ရှေ့ပိုင်းမှာဝယ်ထားတာတွေ ရှိလို့ပါ။ဆန်အသစ်ပေါ်လာတဲ့ဈေးကြောင့် ဆန်ဟောင်းကမကျနိုင်ဘူး။အဟောင်းကလည်း ၉ လနဲ့ ၁၀ လပိုင်းဆိုကုန်ပြီ။ ဆန် ဟောင်းရောင်းကောင်းမယ်။ ဈေးတက်ရင်လည်း ပါးပါးပဲဖြစ်နိုင်တယ်။ ဆန်သစ်ဈေးကထောက်ထားလို့ ဈေး တက်ဖို့အခြေအနေ နည်းပါ တယ်”ဟု ၎င်းကပြောသည်။ ကမ္ဘာ့ဆန်ဈေးကွက်သို့ ၄၀ ရာနုန်းခန့် တင်ပို့သည့် အိန္ဒိယနိုင်ငံသည် ၎င်းတို့နိုင်ငံ၏ စားသုံးမှုဖူလှုံရန်...

Post
3513

အိန္ဒိယဝယ်လိုအားကောင်းနေတာကြောင့် ပို့ကုန် မတ်ပဲနှင့်ပဲစင်းငုံ ဈေးကောင်းနေသော်လည်း အခြားပဲနှမ်းများ ဈေးအေးနေ ရွေမန်း အိန္ဒိယဝယ်လိုအားကောင်း နေခြင်း၊ ဒေါ်လာငွေလဲလှယ်မှုနှုန်း မြင့်မားနေခြင်းတို့ကြောင့် ပို့ကုန်၊ မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေးကောင်း အဝယ်လိုက်နေသော်လည်း ပြည် တွင်း ပဲ၊ နှမ်းများ ဈေးအေးနေ ကြောင်း ပဲ၊နှမ်းကုန်သည်များထံ က သိရသည်။ အိန္ဒိယပို့ကုန်ပဲနှစ်မျိုး ဈေး ကောင်းအဝယ်လိုက်နေရာ မတ်ပဲ သုံးတင်းဝင်တစ်အိတ် ငွေကျပ် နှစ်သိန်းဝန်းကျင် ပေါက်ဈေးရှိနေ ပြီး၊ ပဲစင်းငုံမှာ တစ်အိတ်ငွေကျပ် ၂၀၅၀၀၀ ပေါက်ဈေးရှိပြီး လက် ကျန်ပစ္စည်း နည်းလာတာကြောင့် ဆက်လက်မြင့်တက်နိုင်ကြောင်း တရုတ်ပို့ကုန်ပဲ၊ ပဲတီစိမ်းနှင့် မြေပဲ ဆန်မှာ ဈေးကျ၊ အဝယ်ရပ် နေပြီး၊ ပြည်တွင်းသုံး ကုလားပဲအုပ်စုနှင့် ပဲမာလိုင်းများမှာ ဈေးကျဆင်းမှုမရှိ အဝယ်အေးနေကြောင်း မန္တလေး...

Post
မိုးရာသီ စိုက်ပျိုုးစရိတ်ချေးငွေများကို စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည် ဖြစ်သော်လည်းလျာထားချက်ပြည့်မီအောင်ချေးယူသူမရှိ

မိုးရာသီ စိုက်ပျိုုးစရိတ်ချေးငွေများကို စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည် ဖြစ်သော်လည်းလျာထားချက်ပြည့်မီအောင်ချေးယူသူမရှိ

ရွှေမန်း မိုးရာသီ စိုက်ပျိုုးစရိတ်ချေးငွေများကို စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည် ဖြစ်သော်လည်းလျာထားချက်ပြည့်မီအောင်ချေးယူသူမရှိ ကြောင်းသိရသည်။ မန္တလေးတိုင်းဒေသကြီး အတွင်း အစိုးကထုတ်ချေးပေးသော မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေလျာထားချက်ကျပ် သန်း ၅၀၀၀ကျော်လျာထားသော်လည်းပြည့်မီအောင် ချေးယူသူမရှိကြောင်းသိရသည်။ လက်ရှိတွင် သွင်းအားစုမြေဆီနှင့်စက်သုံးဆီစျေးများမြင့်တက်နေတာကြောင့် တောင်သူများအနေဖြင့် စပါးတစ်ဧက စိုက်ပျိုးစရိတ်မှာ ယခင်ထက် ၃ဆခန့် မြင့်တက်ကုန်ကျနေကြောင်းတောင်သူများထံက သိရသည် မန္တလေးတိုင်းဒေသကြီး၊မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တိုင်းဒေသကြီးအတွင်းရှိစိုက်ပျိုးတောင်သူများအား ၂၀၂၂ ခုနှစ်၊မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ပေးရာတွင် ကျန်ရှိနေသူများအား စက်တင်ဘာလကုန် ထိ ဆက်လက်ထုတ်ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး၊ဘဏ်ခွဲမန်နေဂျာ ဦးစိုးကိုကိုဝင်းက ပြောသည်။ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအဖြစ် ငွေကျပ် သန်း ၅၀၄၀၄ ကို ထုတ်ချေးပေးရန်လျာထားခွင့်ပြုထားပြီး ဇွန်လမှ စတင်ထုတ်ချေးပေးခဲ့ရာ စက်တင်ဘာ ၂၁ ရက်နေ့ထိ ငွေကျပ် ၃၉၇၅၁ ဒသမ ၆၀ သန်းထုတ်ချေးပေးပြီးဖြစ်သည်ဟုဆိုသည်။။ “စိုက်ပျိုးတောင်သူတွေကို အတိုးနုန်းသက်သာစွာနဲ့ မိုး၊ ဆောင်း၊...

Post
ပြည်တွင်း စားသုံးဆီစျေးနှုန်း ပြန်လည်မြင့်တက်လာ

ပြည်တွင်း စားသုံးဆီစျေးနှုန်း ပြန်လည်မြင့်တက်လာ

ရွှေမန်း ပြီးခဲ့တဲ့အပတ်ကအထိ ကျဆင်းနေခဲ့သည့် စားသုံးဆီစျေးနှုန်းများ ပြန်လည်မြင့်တက်လာကြောင်း လက်လီလက်ကား ရောင်းချနေသည့်ဆီဆိုင်များမှသိရသည်။ ပြည်ပမှ တင်သွင်းနေသည့် စားသုံးဆီအမျိုးမျိုးမှာ နိုင်ငံခြားငွေလဲလှယ်နှုန်းပေါ် မူတည်နေသည့်အတွက် စျေးမငြိမ်ဖြစ် နေခြင်းဖြစ်ကြောင်းသိရသည်။ ပြီးခဲ့သည့် အပတ်က စားအုန်းဆီ တစ်ပိဿာလျှင် ၈,၀၀၀ ကျပ် အောက်ရောက်ရှိခဲ့ပြီး လက်ရှိ တစ်ပိဿာလျှင် ၉,၀၀၀ ကျပ် အထိ ပြန်လည်ရောက်ရှိနေကြောင်း သိရသည်။ သယ်ယူပို့ဆောင်ရေး ခက်ခဲသည့်ဒေသအပေါ်မူတည်ကာ စျေးနှုန်းအပြောင်းလဲများဖြစ်နေပြီး တချို့ဒေသများ နှင့် တဆင့်ခံ ပြန်ရောင်းနေသည့်ဆိုင်များတွင် တစ်ပိဿာ လျှင် ၉,၀၀၀ အထက်ထိပေါက်စျေး ဖြစ်နေကြောင်း သိရသည်။ “ဆီစျေး ၈,၀၀၀ အောက် ရောက်သွားတယ်။ ဒါပေမဲ့ တစ်ပတ်တောင်မခံဘူး ၉,၀၀၀ ပြန်ဖြစ်သွားတယ်။ တချို့လက်လီဆိုင်တွေဆို ၉,၀၀၀ ကျော် သွားတယ်။ အဓိက ဒေါ်လာစျေးနဲ့ဆိုင်မယ်။...

Post

ပြည်ပမှ ဂျုံတင်သွင်းမှု မရှိတာကြောင့် ပြည်တွင်းဂျုံသီးနှံ သုံးတင်းဝင်တစ်အိတ်လျင်ငွေကျပ် ၂၀၀၀၀၀ အထိ ဈေးကောင်းရ ရွှေမန်း ပြည်တွင်း၌ စိုက်ပျိုးသည့် မြန်မာလယ်ယာထွက်ကုန် ဂျုံသီးနှံများ ယခုနှစ်တွင် အထွက်နှုန်းကောင်းမွန်သည့်အပြင် ပြည်ပမှတင်သွင်းမှု မရှိတာကြောင့် ဈေးနှုံးအနေဖြင့်လည်းလက်ရှိအချိန်တွင်သုံးတင်းဝင်တစ်အိတ်လျင်‌ငွေကျပ် ၂၀၀၀၀၀ အထိဈေးကောင်းရ ရှိနေကြောင်း မန္တလေးပဲကုန်သည်များထံမှ သိရသည်။ ဂျုံသီးနှံများသည် မန္တလေးဈေးကွက်အတွင်းသို့ မုံရွာ၊ ရွှေဘို၊ စစ်ကိုင်း၊ မြင်းမူ၊ မြောင်စသည့် ဒေသများမှ ဝင်ရောက်လာကာ အရောင်းအဝယ်သွက်နေကြောင်း၊ ဂျုံသီးနှံသည် မတ်လအတွင်းက သုံးတင်းဝင်တစ်အိတ်လျင်ငွေကျပ် ၉၅၀၀၀ ဈေး ရှိခဲ့သော်လည်း၊ ယခုအချိန်တွင် သုံးတင်းဝင်တစ်အိတ်လျင်ငွေကျပ် ၂၀၀၀၀၀ ထိပေါက်ဈေးရှိကာ အမြင့်ဈေးများဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း မန္တလေးမြို့မှ စိုးဝင်းမြင့်ပွဲရုံပိုင်ရှင် ဦးစိုးဝင်းမြင့်က ပြောသည်။ ” ဒီနှစ်မှာ ဂျုံသီးနှံက အထွက်နှုန်းကောင်းမွန်တဲ့အပြင် အမြင့်ဈေး...

Post
ပြည်တွင်း ရွှေဈေး ၊ ဒေါ်လာဈေးများ မတည်ငြိမ်စျေးကျဆင်းမှုနှင့်အတူ ပဲ၊နှမ်းစျေးကွက်တစ်ခုလုံး စျေးကျ အဝယ်အေးနေ

ပြည်တွင်း ရွှေဈေး ၊ ဒေါ်လာဈေးများ မတည်ငြိမ်စျေးကျဆင်းမှုနှင့်အတူ ပဲ၊နှမ်းစျေးကွက်တစ်ခုလုံး စျေးကျ အဝယ်အေးနေ

ရွှေမန်း ပြည်တွင်း ဒေါ်လာဈေး၊ ရွှေဈေးများ မတည်ငြိမ်ဈေးကျဆင်းမှု နှင့်အတူ ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး ဈေးအနည်းငယ်ကျဆင်း အဝယ်အေးသွားကြောင်း ပဲ၊ နှမ်း ကုန်သည်များထံက သိရသည်။ ပြည်တွင်းဒေါ်လာဈေး ရွှေဈေးများ မတည်ငြိမ်ဈေးကျဆင်းလာမှုကို ကုန်သည်များ စောင့်ကြည့်နေတာကြောင့် ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး အရောင်းအဝယ်ရုတ်တရက်အေးသွားသလို ဈေးအနည်းငယ်ကျဆင်း သွားကြောင်း၊ ယင်းဈေးကျဆင်းမှုမှာ ခဏစောင့်ကြည့်သည့်အခြေ အနေဖြစ်တာကြောင့် ပြန်လည်မြင့်တက်လာမည်ဖြစ်ကြောင်း၊ စားဆီ ဈေးများ ဈေးဆင်းမှုနှင့်အတူ မြေပဲဆန်ဈေး အနည်းငယ်နှင့် နှမ်းဈေး သိသိသာသာ ကျဆင်းသွားကြောင်း၊ ပို့ကုန်ပဲများမှာ အဝယ်ပင် ကောင်းကောင်းမရှိတော့ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဒုတိယဥက္ကဋ္ဌ ဦးကျော်သွင် (ရွှေစင်သိန်း ပွဲရုံ)က ပြောသည်။ “ ပဲ၊ နှမ်း ဈေးကွက်တစ်ခုလုံး အကုန်ဈေးအေးသွားပါတယ်။ နှမ်းဈေးတွေကတော့...

Post
ယခုနှစ်ဖရဲ၊သခွားစိုက်ပျိုးမှုလျော့ကျနိုင်

ယခုနှစ်ဖရဲ၊သခွားစိုက်ပျိုးမှုလျော့ကျနိုင်

ရွှေမန်း “ ဒီနှစ်စိုက်ပျိုးမှု မရှိပါဘူး။ဖရဲစိုက်ပျိုးစရိတ်ကတော့ အရင်က တစ်ဧက၃၅ သိန်းလောက်ကုန်ရင် ဒီနှစ်စိုက်ပျိုးရင် ၃ဆ လောက်ကုန်ပါမယ်။မြေဆီဈေးတွေ ၊မျိုးစေ့ဈေး၊ စက်သုံးဆီဈေး၊ သယ်ပို့စရိတ်တွေ အကုန်ဈေးတက်နေပါတယ်။ အသီးရလာလို့ ဈေးကွက်မှာဈေးကောင်းလာဆိုတော့ အောက်ဈေးဖြစ်နေပါတယ်။ ဖရဲသီးတစ်လုံးမှ ၇၀၀-၈၀၀ လောက်ပဲဈေးရတယ်။နယ်စပ်ဂိတ်ကလည်း ကုန်သွယ်ရေးမှုဝါဒမတည်ငြိမ်ဘူး။ပိတ်လိုက်ဖွင့်လိုက်နဲ့ အသီးတင်ချိန် ဘယ်လိုဖြစ်မယ်မခန့်မှန်းနိုင်ဘူး။ တောင်သူထုတ်လုပ်တဲ့ အသီးကဈေးကောင်းမရ တောင်သူသုံးပစ္စည်းတွေက ဈေးတက်ဆိုတော့ တော်တော်များများ မစိုက်ပျိုးနိုင်တော့တာပါ။နယ်စပ်ကုန်သွယ်မှုကလည်းမျှတမှုမရှိဘူး။ တစ်ဖက်ဈေးကွက်ကိုသွားရောင်းရတယ်။ဖရဲသီးကိုကိုဗစ်-၁၉ ရောဂါစစ်တယ်။ပိုးတွေ့လို့ဆိုရင်တောင်သူ ၊ကုန်သည်၊ကားသမား အကုန်ဆုံးရှုံးရတယ်´´ ဟု ၎င်းကပြောသည်။ မူဆယ်နယ်စပ်ကုန်သွယ်မှု မှတဆင့် တစ်ရက်လျှင် မိုးဖရဲသီး ကား ၃စီးခန့် တင်ပို့နေပြီး တစ်တန် ယွမ် ၁၆၀၀-၁၇၀၀ ခန့်ရောင်းချနေရကြောင်း လက်ရှိယွမ်ငွေပေါက်ဈေးအရ တောင်သူများအတွက် အနည်းငယ်သာ အကျိုးအမြတ်ရရှိကြောင်း လာမည့်ဆောင်းရာသီ ဖရဲ၊သခွားရာသီတွင် အပြောင်းအလဲ မြန်နေသည့် ကုန်သွယ်မှုမူဝါဒများကြောင့်...

Post
နယ်စပ်မှ ထိုင်းနိုင်ငံသို့ တင်ပို့ခွင့် ပိတ်သွားပြီးနောက် ပင်လယ်ရေကြောင်းမှ ဖိလစ်ပိုင်သို့ ပြောင်း အများဆုံးတင်ပို့နေ

နယ်စပ်မှ ထိုင်းနိုင်ငံသို့ တင်ပို့ခွင့် ပိတ်သွားပြီးနောက် ပင်လယ်ရေကြောင်းမှ ဖိလစ်ပိုင်သို့ ပြောင်း အများဆုံးတင်ပို့နေ

ရွှေမန်း နယ်စပ်မှထိုင်းနိုင်ငံပြောင်းတင်ပို့ခွင့် ပိတ်သွားပြိးနောက် စက်တင်ဘာလကစပြီး ပြောင်းကို ပင်လယ်ရေကြောင်းကနေ ဖိလစ်ပိုင်နိုင်ငံကို အများဆုံးတင်ပို့နေကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း ထံက သိရသည်။ ထိုင်းနိုင်ငံကို အခွန်လွတ်နဲ့ တင်ပို့ခွင့်က ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်မှာ ကုန်ဆုံးပြီဖြစ်တဲ့အတွက် လက်ကျန်ပြောင်းတွေကို ပင်လယ်ရေကြောင်းကနေ အိန္ဒိယ၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တို့ကို တင်ပို့နေခြင်းဖြစ်သည်။ ယခုနှစ်မှာ ပြည်တွင်းတိရစ္ဆာန်အစာ ပြုလုပ်သည့်ဈေးကွက်ကလည်း ဝယ်ယူမှု ပိုများပြီး တန်ချိန် ၈ သိန်းကျော်အထိ ဝယ်လိုအားရှိလာကြောင်းပြောင်းအသင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။ လက်ရှိမှာ ပြောင်းတစ်တန်ကို FOB ဈေး ဒေါ်လာ ၃၀၀ ဝန်းကျင်ရှိနေသည့် အတွက် ပင်လယ်ရေကြောင်းက တင်ပို့ဖို့ အဆင်ပြေကြောင်း သိရသည်။လက်ရှိရန်ကုန်ပြောင်း ဈေးကွက်ထဲမှာတော့ ပြောင်းတစ်ပိဿာကို ကျပ် ၁၁၀၀ ဝန်းကျင် ပေါက်ဈေး ဖြစ်ပေါ်နေပြီး...

Post
နိုင်ငံတကာသကြားစျေး မြင့်တက်လာတာနှင့်အတူပြည်တွင်းသကြားဈေး ရက်ပိုင်းအတွင်း တစ်ပိဿာ ကျပ် ၂၄၅၀ ထိ စံချိန်တင်မြင့်တက်လာ

နိုင်ငံတကာသကြားစျေး မြင့်တက်လာတာနှင့်အတူပြည်တွင်းသကြားဈေး ရက်ပိုင်းအတွင်း တစ်ပိဿာ ကျပ် ၂၄၅၀ ထိ စံချိန်တင်မြင့်တက်လာ

ရွှေမန်း နိုင်ငံတကာသကြားစျေး မြင့်တက်လာတာနှင့်အတူပြည်တွင်းသကြားဈေး ရက်ပိုင်းအတွင်း တစ်ပိဿာ ကျပ် ၂၄၅၀ ထိ စံချိန်တင်မြင့်တက်လာကြောင်း သကြားကုန်သည်များထံက သိရသည်။ ပြည်တွင်းသကြားဈေးကွက်၌ ဒေါ်လာဈေးမြင့်တက်လာခြင်းကြောင့် စက်တင်ဘာလအတွင်း၌ ရက်ပိုင်း အတွင်း သကြားတစ်ပိဿာ ကျပ် ၂၀၀ ဈေးမြင့်တက်လာခဲ့ရာ လက်ရှိပေါက်ဈေးတွင် တစ်ပိဿာ ၂၄၅၀ ကျပ်ဖြစ်ကြောင်းသိရသည်။ စက်တင်ဘာ ၉ ရက်ထိ သကြား တစ်ပိဿာ၂၂၅၀ ကျပ်ဖြင့်တည်ငြိမ်နေ သော်လည်း စက်တင်ဘာ ၁၃ ရက်နေ့တွင် နိုင်ငံတကာသကြားစျေးမြင့်တက်လာတာကြောင့် တစ်ပိဿာ ၂၄၅၀ ကျပ်ပေါက်ဈေးရှိသဖြင့် ၄ ရက်အတွင်း ကျပ် ၂၀၀ မြင့်တက်လာခြင်းဖြစ်သည်။ “ကမ္ဘာဈေးပြန်ကြည့်ရင်လည်းFOBဈေးက သကြားတစ်တန်ကိုဒေါ်လာ ၆၀၀ ကျော်သွားပြီ။အဲလို မြင့်လာတော့ ပြည်တွင်းသကြားလက်ကျန်ရှိနေပေမယ့်ကုန်သည်တွေကလည်း သကြားဈေးဆွဲတင်လာတယ်။ပြည်တွင်း သ ကြားဈေးက နိုင်ငံတကာသကြာဈေးတက်တာနဲ့အတူ ပြည်တွင်းငွေလဲနုန်းတွေကြောင့်ဈေးတက်လာပါတယ်” ဟု...

  • 1
  • 2