Home 2024 April

Month: <span>April 2024</span>

Post
ပြည်တွင်းစပါးဈေးကောင်းမွန်တာကြောင့် နွေစပါးကို တိုးမြင့်စိုက်ပျိုးလာ

ပြည်တွင်းစပါးဈေးကောင်းမွန်တာကြောင့် နွေစပါးကို တိုးမြင့်စိုက်ပျိုးလာ

ရွှေမန်း ပြည်တွင်းစပါး ဈေးကောင်းမွန်တာကြောင့် နွေစပါးတို တိုးမြင့်စိုက်ပျိုးလာကြောင်း စပါးစိုက်တောင်သူ များထံက သိရသည်။ ပြည်တွင်းနွေစပါးပေါက်ဈေး မှာ တင်း၁၀၀လျှင် ငွေကျပ် သိန်း ၂၀ ကျော် ပေါက်ဈေးရှိတာကြောင်း ဆည်ရေရှိသည့် နွေစပါးစိုက်တောင်သူများ မှာ စပါးကို ကွင်းပြည့်ကွက်ပြည့် စိုက်ပျိုးကြကြောင်း စိုက်ပျိုးစရိတ်မှာလည်း ယခင်နှစ်များထက် ဈေးမြင့်တက်လာကြောင်း ပုသိမ်ြ့ကီးမြို့နယ်မှ စပါးစိုက် တောင်သူ ဦးချစ်ဝေ ကပြောသည်။ ‘ စပါးဈေးကောင်းမွန်တော့ ဒီနှစ်နွေစပါးစိုက်နိုင်တဲ့တောင်သူတွေကတော့ ကွင်းပြည့်ကွက်ပြည့် စိုက်ပျိုးကြပါတယ်။ အချိုံတောင်သူတွေကတော့ နှမ်းနဲ့ နေကြာ အနည်းငယ်စိုက်ပျိုးကြတယ် စိုက်ပျိုးစရိတ်က ဒီနှစ်ပိုတက်လပါတယ်။ မျိုးဈေးနဲ့ ထွန်ထယ် စရိတ်တွေလ လုပ်သားခ ၊ ကောက်စိုက် စရိတ်တွေ ဈေးမြင့်တက်လာပါတယ်။ စပါးဈေးကတော့ တင်း၁၀၀ ငွေကျပ် သိန်း ၂၀ ကျော်...

Post
8015

ပြည်ပတင်ပို့ရန် စိန်တလုံးသရက်သီး ဈေးကောင်းပေးဝယ်မည် ရွှေမန်း ပြည်ပနိုင်ငံများသို့ တင်ပို့ နိုင်ရန် ပို့ကုန်အရည်အသွေးရှိ စိန်တလုံးသရက်သီးများ ဈေး ကောင်းပေးဝယ်မည်ဖြစ်ကြောင်း သဇင်နွယ်သရက်ခြံမှ သိရသည်။   ယခုနှစ် စိန်တလုံးသရက် သီးများကို ယခင်နှစ်ထက် ဈေး ကောင်းပေးထားပြီး အရည် အသွေးကောင်းပါက ဈေးပိုပေး သွားမည်ဖြစ်ကြောင်း သရက်ခြံ မန်နေဂျာက ပြောသည်။ သဇင်နွယ် သရက်ခြံက တောင်သူများထံမှ ဝယ်ယူမည့် စိန်တလုံးသရက်သီးများကို အရွယ်အစားအရည်အသွေး အလိုက် ဈေးသတ်မှတ်ထားရာ အသေးဆိုဒ် ၂၆၀-၃၁၀ ကီလို ဂရမ် တစ်တန်လျှင် ၁၂၅၀၀၀၀၊ အလတ်ဆိုဒ် ၃၁၀- ၃၆၀ ကီလို ဂရမ် တစ်တန်လျှင် ငွေကျပ် ၁၄၅၀၀၀၀၊ အကြီးဆိုဒ် ၃၆၀-၄၁၀ ကီလိုဂရမ် တစ်တန်လျှင် ငွေကျပ် ၁၆၅၀၀၀၀၀၊...

Post
8011

ကြက်သွန်နီဈေးကွက် သင်္ကြန်ကာလအပြီးနောက်ပိုင်း အတက်ဘက်သို့ ဦးတည်နေ ရွှေမန်း မန္တလေး ကြက်သွန်နီဈေးကွက်တွင် သင်္ကြန်ကာလမတိုင်မီကထက် သင်္ကြန်ကလာ ပြီးချိန်တွင် တစ်ပိဿာ ငွေကျပ် ၂၀၀ ဝန်းကျင် ဈေးမြင့်တက်လာရာ ဆက်လက်ပြီး အတက်ဘက်ဦးတည်မည်ဖြစ်ကြောင်း မန္တလေး ကြက်သွန်နီ ပွဲရုံများမှ သိရသည်။ ပြည်တွင်းလိုအပ်ချက်သာမက တရုတ်နှင့် ဗီယက်နမ်နိုင်ငံများသို့လည်း ပုံမှန် တင်ပို့ရောင်းချနေရပြီး စိုက်ပျိုး တောင်သူများက ဈေးကွက်ထိန်းကာ ရောင်းချနေကြသည်ဟု မန္တလေး၊ကြက်သွန်နီပွဲရုံတစ်ခုမှ ပြောသည်။ “ကြက်သွန်နီက တောင်သူတွေထဲမှာ ရှိနေတော့ သူတို့ က ထိန်းပြီးရောင်းနေကြတယ်။ပုံမှန်ဈေးကွက်အလိုအရ ဆိုရင်လည်း ဒီလိုအချိန်အခါပြီးချိန်မှာ ကြက်သွန်ဈေးမြင့်လာတဲ့ အချိန်ပါ။ခုနောက်ပိုင်းမှာ ကြက်သွန်နီ ဈေးက အတက်ဘက်သွားနေမယ်”ဟု ၎င်းက ပြောသည်။ သကြ်န်ပြီးနောက်ပိုင်း ကြက်သွန်နီဈေးကွက်တွင် အမျိုးအစားနှင့် အရွယ်အစားအလိုက် တစ်ပိဿာ ငွေကျပ် ၁၈၀၀ ဝန်းကျင်ဖြင့်...

Post
7995

ပဲနှမ်းဈေးကွက်တစ်ခုလုံး ပေါက်ဈေးအတက်အကျအတိုင်း အရောင်းအဝယ်သွက်နေ ရွှေမန်း  ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး  ပေါက်ဈေးအတက်အကျ အတိုင်းအရောင်းအဝယ်သွက်နေကြောင်း ပဲကုန်သည်များထံက သိရသည်။ ပြည်တွင်းသုံးကုလားပဲ အုပ်စု ဈေးကျဆင်းရာမှ ပြန်လည် မြင့် လာသလို အဝယ်ကောင်းနေခြင်း ဖြစ်သည်။ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ပေါက်ဈေးအတိုင်း အရောင်း အဝယ်သွက်နေကြောင်း ပို့ကုန်ပဲ များ ဈေးမြင့်တက်လာသလို ပြည် တွင်းသုံးကုလားပဲအုပ်စု ဈေးပြန် မြင့်တက်လာကြောင်း ပဲမာလိုင်း များလည်း အသစ်ဝင် ရောက်နေ သလိုအဝယ်လည်း ကောင်းနေ ကြောင်း  ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။ “ ကုလားပဲအုပ်စုကတော့ ဈေးပြန်မြင့်တက်လာပါတယ်။ အရင်ရက်တွေက ဈေးကျဆင်း နေတာကနေပြန်တက်လာတာပါ။ ပဲစင်းငုံတွေကတော့ တစ်အိတ် ငွေကျပ် ၃၉၅၀၀၀နဲ့ဈေးငြိမ်နေ ပါတယ်။ မြေပဲလုံးဆန်တွေလည်း ဈေးပြန်ကောင်းလာပါတယ်။ပို့ ကုန်ပဲတွေ ဈေးကောင်းနေသလို...

Post
7958

ပြည်တွင်း သကြားဈေး မြင့်တက်လာတာနှင့်အတူ ကြံတစ်တန်ဈေး တိုးမြှင့်ပေးသွားမည် ရွှေမန်း ပြည်တွင်းသကြားဈေး မြင့် တက်လာတာနှင့်အတူ ကြံစိုက် တောင်သူများအား ကြံတစ်တန် ငွေကျပ် ၂၀၀၀၀ ခန့် တိုးမြှင့်ပေး သွားမည်ဖြစ်သည်။ မတ်လကုန်ပိုင်းက ပြည်တွင်း သကြားဈေးမှာ တစ်ပိဿာလျှင် ငွေကျပ် ၄၁၇၀ သာ ပေါက်ဈေး ရှိခဲ့သော်လည်း ဧပြီ ၂၀ ရက် တွင် သကြားတစ်ပိဿာလျှင်  ငွေကျပ် ၄၅၀၀ ထိ ပေါက်ဈေး ဖြစ်လာသည်။ ကြံရာသီအစတွင် တောင် သူများအား ကြံတစ်တန်လျှင် ငွေ ကျပ် ၁၃၀၀၀၀ သာ ဈေးဖြတ် ထားရာ ယခု ကြံရာသီမသိမ်းမီ ပြည်တွင်းသကြားဈေးမြင့်တက် လာတာကြောင့် တောင်သူများအား ကြံတစ်တန်လျှင် ငွေကျပ် ၁၅၀၀၀၀ခန့် တိုးမြှင့်ပေးစေချင်...

Post
7944

သင်္ကြန်ပိတ်ရက်များနောက်ပိုင်း ကုလားပဲအပါအဝင် ပဲမျိုးစုံ တက်ရိပ်ပြနေ ရွှေမန်း သင်္ကြန် ပိတ်ရက်များနောက် ပိုင်းဈေးကွက်အဖွင့်ရက်များတွင် ဈေးနှုန်းတည်ငြိမ်မှုမရှိသေးဘဲ ပဲဈေးများအားလုံးတက်ရိပ်ပြနေ ကြောင်း ပဲကုန်သည်များက ပြော သည်။ ငွေပေးငွေယူကြား ဈေးမြင့် တက်မှု ကိုကာမိစေရန် အရောင်း ဈေးများမြင့်တက်နေတာကြောင့် လည်း အရောင်းအဝယ်ဈေးကွက် မတည်ငြိမ်ခြင်းဖြစ်သည် ။ မန္တလေးပဲ၊ နှမ်းဈေးကွက်  တွင် ပြည်တွင်းသုံးကုလားပဲ အုပ်စု ဈေးမြင့်တက်နေပြီး သင်္ကြန်ကာလ မတိုင်မီထက် တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀၀ ခန့်ဈေးမြင့်တက်လာကြောင်း ၊  အရောင်းသမားများက ဈေးမြင့် ခေါ်ဆိုမှုများကြောင့် ပဲဈေးတွင် အရောင်းအဝယ်ပုံမှန်မရှိသေးဘဲ  ပဲများအားလုံးန်ိုင်ငံခြားငွေလဲနှုန်း မြင့်တက်နေတာကြောင့် တက် ရိပ်ပြနေကာ အရောင်းအဝယ် ကောင်း မဖြစ်သေးကြောင်း ရွေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင် ကပြောသည်။ “ ဈေးကွက်ပြန်ဖွင့်တယ် ဆိုပေမယ့်...

Post
ပြည်တွင်းရွှေဈေးမှာ ကျဆင်းမှု မရှိဘဲ စံချိန်တင်ပေါက်ဈေး အတိုင်း ရှိနေ

ပြည်တွင်းရွှေဈေးမှာ ကျဆင်းမှု မရှိဘဲ စံချိန်တင်ပေါက်ဈေး အတိုင်း ရှိနေ

ရွှေမန်း သင်္ကြန်ပြီးနောက်ပိုင်းတွင် ကမ္ဘာ့ရွှေဈေးမြင့်တက်နေရာမှ ပြန်လည်ကျဆင်းသွားသော်လည်း ပြည်တွင်းရွှေဈေးမှာ ကျဆင်းမှု မရှိဘဲ စံချိန်တင်ပေါက်ဈေး အတိုင်း ရှိနေသည်။ ဧပြီ ၁၉ ရက် ရွှေဈေး အဖွင့်မှာ ကမ္ဘာ့ရွှေဈေးတစ် အောင်စလျှင် ၂၃၈၁ ဒေါ်လာ ပေါက်ဈေး ရှိနေပြီး ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားပေါက် ဈေးမှာ ငွေကျပ် ၄၈၂၀၀၀၀ ပေါက်ဈေးဖြင့် စံချိန်တင် မြင့်တက်နေဆဲ ဖြစ်သည်။ဧပြီ ၁၉ ရက်တွင် အခေါက် ရွှေတစ်ကျပ်သားရောင်းဈေး ၄၈၂၀၀၀၀၊ ဝယ်ဈေး ၄၇၈၀၀၀၀၊ ၁၅ ပဲရည် တစ်ကျပ်သား ရောင်း ဈေး ၄၆၂၀၀၀၀၊ ဝယ်ဈေး ၄၅၅၈၀၀၀၀ ပေါက်ဈေးအထိ ဆက်လက်မြင့်တက်နေသည်။ ဧပြီ ၁၉ရက်တွင် အမေရိကန် ဒေါ်လာရောင်းဈေး ၃၈၉၀ ကျပ်၊ ဝယ်ဈေး...

Post
တရုတ်၊ထိုင်းနယ် စပ် ဂိတ်များမှ ကုန်သွယ်မှု မပြု လုပ်နိုင်ခြင်းကြောင့် ပြောင်းဈေးကွက် ကျဆင်းနေ

တရုတ်၊ထိုင်းနယ် စပ် ဂိတ်များမှ ကုန်သွယ်မှု မပြု လုပ်နိုင်ခြင်းကြောင့် ပြောင်းဈေးကွက် ကျဆင်းနေ

ရွှေမန်း တရုတ်နယ်စပ်၊ ထိုင်းနယ် စပ် ဂိတ်များမှာ ကုန်သွယ်မှု မပြု လုပ်နိုင်ခြင်းကြောင့် ပြည်တွင်း ပြောင်းဈေးကွက် ကျဆင်းနေ ကြောင်း ပြောင်းကုန်သည်များထံ က သိရသည်။ “ ပြောင်းဈေးက တဖြည်း ဖြည်းကျဆင်းလာပါတယ်။ ရေ ရှည်မှာ ဆက်လက်ပြီး ဈေးကျ ဆင်းလိမ့်ဦးမယ်။ လက်ရှိ တရုတ် တင်ပို့မှုလည်း မရှိသလို ထိုင်း နိုင်ငံသို့လည်း တင်ပို့နိုင်မှုအခြေ အနေက ကြာမြင့်နိုင်တယ်။ ပင်လယ်ရေကြောင်းကလည်း တင်ပို့မှုလျော့နည်းလို့ လက်ရှိမှာ ပြောင်းဈေးကွက်ကျဆင်းနေပါ တယ်´´ဟု ပြောင်းကုန်သည်တစ် ဦးက ပြောသည်။ တရုတ်နယ်စပ်ဂိတ်မှာလည်း တာလော့ဂိတ် တစ်ဂိတ်သာ တင် ပို့နိုင်ပြီး ကျန်နယ်စပ်ဂိတ်များမှာ တင်ပို့နိုင်ခြင်း မရှိတော့တာကြောင့် ပို့ကုန်အများစု ဈေးကျဆင်းနေ ခြင်း ဖြစ်သည်။ လက်ရှိရန်ကုန်ပြောင်းဈေး ကွက်မှာ...

Post
မြန်မာ့စိန်တလုံးသရက်သီး တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် နှစ် နိုင်ငံကုန်သည်များ ညှိနှိုင်းလျက် ရှိ

မြန်မာ့စိန်တလုံးသရက်သီး တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် နှစ် နိုင်ငံကုန်သည်များ ညှိနှိုင်းလျက် ရှိ

ရွှေမန်း မြန်မာ့စိန်တလုံးသရက်သီး တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် နှစ် နိုင်ငံကုန်သည်များ ညှိနှိုင်းလျက် ရှိကြောင်း အသီးပို့ကုန်လုပ်ငန်းရှင် များထံက သိရသည်။ “ လက်ရှိမှာ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပြုလုပ်နေတာက တာ လော့တစ်ဂိတ်ပဲ ရှိပါတယ်။ လက် ရှိမှာ သယ်ယူတင်ပို့စရိတ်က ခြောက်ဘီးတစ်စီးလျှင် ကားခ သိန်း ၆၀-၇၀ ပေါက်ဈေးရှိနေ တော့ သရက်သီးတင်ပို့စရိတ်က ကြီးမှာပါ။ တစ်ဖက်မှာလည်း ယွမ်ငွေဈေးက ကောင်းနေတော့ ဈေးကောင်းရနိုင်ပါတယ်။ အဓိက တော့ တင်ပို့နိုင်တဲ့ လမ်းကြောင်း ရှိရင် ကုန်သွယ်မှုဖြစ်လာမှာပါ။ မနှစ်က တင်ပို့ခွင့်ရှိခဲ့ပေမယ့် ဈေး ကောင်းမရရှိခဲ့ပါဘူး။ ပို့ကုန်အဖြစ် တင်ပို့မယ်ဆိုရင်တော့ အသီးအ ရည်အသွေးကောင်းမှ ဈေးကောင်း ရနိုင်ပါမယ်´´ဟု ခွာညို သစ်သီး ပွဲရုံပိုင်ရှင် ဦးစိုင်းခင်မောင်က ပြော သည်။...

Post
မြန်မာ့စိန်တလုံးသရက်သီး  ပေါ်ဦးပေါ်ဖျား ဈေးကောင်းရရှိ

မြန်မာ့စိန်တလုံးသရက်သီး  ပေါ်ဦးပေါ်ဖျား ဈေးကောင်းရရှိ

ရွှေမန်း မြန်မာ့စိန်တလုံးသရက်သီး  ပေါ်ဦးပေါ်ဖျား ဈေးကောင်းရရှိ နေပြီး ၁၆ ကီလို တစ်ခြင်းလျှင် ငွေကျပ် ၅ သောင်းအထိ ဈေး ကောင်းရရှိနေကြောင်း သာလာအေးကျေးရွာ သရက်ခြံမှ ကိုရဲက ပြောသည်။“ သင်္ကြန်မတိုင်မီကတည်းက အသီးတွေက စပေါ်နေပါပြီ။ အခု ရန်ကုန်ကို စပြီးတင်ပို့နေတာ ၁၆ ကီလိုတစ်ခြင်းလျှင် အလုံး ၄၀-၅၀ ခန့် ပါရှိပြီး တစ်ခြင်းလျှင် ငွေကျပ် ၄၅၀၀၀-၅၀၀၀ဝနဲ့ ပို့ နေပါတယ်။ ခေါင်သီး အနည်း ငယ်သာ ထွက်ရှိလို့ ဒီနှစ်က ဈေး ကောင်းပိုရပါတယ်´´ ဟု ၎င်းက ပြောသည်။ မြန်မာ့စိန်တလုံးသရက်ခြံ အများစုမှာ သင်္ကြန်ကာလနောက် ပိုင်း မေလဆန်းပိုင်းမှ အများစု ရင့်မှည့်မှုရှိပြီး လှိုင်လှိုင်ပေါ်လေ့ ရှိသည်။ အချို့ဒေသများတွင်သာ အနည်းငယ်...

  • 1
  • 2