ရွှေမန်း ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများ ကိုမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မှ ထုတ်ချေးပေးလျက်ရှိရာ မေ ၁၉ ရက်မှ စတင်ကာ ထုတ်ချေးပေးနေပြီဖြစ်ကြောင်းသိရသည်။ ထိုသို့ ချေးငွေထုတ်ပေးရာတွင် တောင်သူလယ်သမားတွေအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေတွေကို အချိန်စေ့ ချေးငွေပြေကျေမှသာ (ယခင်ကြွေးကျန်ကင်းရှင်းမှသာ) ချေးငွေအသစ် ထုတ်ချေးခွင့်ရရှိမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အသိပေးကြေညာထားသည်။ ၂၀၂၅ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေတွေကို ယခင်ချေးငွေ အရင်း၊ အတိုး ပြေကျေစွာ ပေးဆပ်ပြီးသည့် တောင်သူများကိုသာ မိုးရာသီစိုက်ပျိုးချိန်အမီ မေလ ၁၉ ရက်နေ့မှ စတင်ထုတ်ချေးပေးလျက်ရှိသည်။ ယခင်နှစ်အတိုင်း တစ်နှစ်ကို အတိုးနှုန်း ၅ ရာခိုင်နှုန်းဖြင့် သက်ဆိုင်ရာမြို့နယ်နှင့် ခရိုင်ဘဏ်ခွဲများ ကတစ်ဆင့် ထုတ်ချေးပေးနေပြီဖြစ်သည်။ သို့ဖြစ်၍ယခင်ချေးငွေတွေ ပြေကျေစွာ ပေးဆပ်ပြီးသည့် တောင်သူတွေအနေဖြင့် ၂၀၂၅ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ အချိန်မီ ရရှိနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာ ခရိုင်/မြို့နယ်ဘဏ်ခွဲတွေနဲ့ အမြန်ဆုံး ဆက်သွယ်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။ ချေးငွေရယူလိုသည့် တောင်သူများအနေဖြင့် စပါးသီးနှံတစ်ဧကကို ငွေကျပ် တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံဖြစ်ပါက တစ်ဧကကို ငွေကျပ် တစ်သိန်းနှုန်းနဲ့ ချေးယူနိုင်ပြီး ချေးငွေအတွက် တစ်နှစ်လျှင်အတိုးနှုန်း (၅) ရာခိုင်နှုန်း ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းတပိသာ ၉၅ ကျပ် စျေးထပ်မံကျဆင်း
ရွှေမန်း စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ယခုတစ်ပတ်မှာတစ်ပိဿာ လျှင် (၆၅၂၅ ကျပ်) ဖြစ် ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှထုတ်ပြန်ကြေငြာထားသည်။ ပြီးခဲ့သည့် တစ်ပတ် (၁၂.၅.၂၀၂၅)မှ (၁၈.၅.၂၀၂၅) ရက်နေ့ထိ စားအုန်းဆီရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွန်းစျေးသည် တပိဿာလျှင်(၆၆၂၀ ကျပ်) ဖြစ်ခဲ့ပြီး ယခုတစ်ပတ်(၁၉.၅.၂၀၂၅) မှ (၂၅.၅.၂၀၂၅)ညွှန်းစျေးသည်လည်း (၆၅၂၅ ကျပ်) ဖြစ်သဖြင့် ၉၅ ကျပ် စျေးကျသွားခြင်းဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပစားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။ ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ဧပြီ ပထမဆုံးလ တွင်ပြည်ပသို့ ဆန်၊ဆန်ကွဲတန်ချိန် တစ်သိန်းကျော်တင်ပို့နိုင်ခဲ့
ရွှေမန်း၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အစ ဧပြီ ပထမဆုံးလတွင် ပြည်ပသို့ ဆန်၊ဆန်ကွဲတင်ပို့ရာတွင် တန်ချိန် ၁၄၂၇၈၈ တန် ကို ပင်လယ်ရေးကြောင်း ကုန်သွယ်မှုမှတင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ စာရင်းများအရ သိရသည်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် ပြည်ပသို့ ဆန်တန်ချိန် နှစ်သန်းခွဲလျာထားပြီး ၊ ဘဏ္ဍာနှစ်ကုန်ဆုံးချိန် မတ်လ ၃၁ ရက်အထိ လျာထားချက်၏ ၉၉ ရာခိုင်နှုန်းဖြစ်သော တန်ချိန် ၂ ဒသမ ၄၈၇ သန်းကို တင်ပို့နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်ပထမဧပြီ လတွင် ဆန်တန်ချိန် ၆၉၁၉၄ တန်၊ ဆန်ကွဲ ၇၃၅၉၄ တန်တင်ပို့နိုင်ခဲ့ကြောင်း MRF က ထုတ်ပြန်ထားသည်။ ဧပြီလတွင် ဆန်တင်ပို့မှုကုမ္ပဏီ ၄၉ ခုမှ နိုင်ငံပေါင်း ၉နိုင်ငံသို့ တင်ပို့ခဲ့ပြီ ဆန်၊ တန်ချိန် အများဆုံးကို တရုတ်နိုင်ငံ ကလည်းကောင်း ၊ ဒုတိယအများဆုံးကို ဘူဂေးရီးယား နိုင်ငံ ၊ တတိယအများဆုံးကို ဖီလစ်ပိုင်နိုင်ငံတို့ဖြစ်သည်။ဆန်ကွဲ ကို တရုတ်နိုင်ငံ ပထမ အများဆုံး၊ဘယ်ဂျီယံနိုင်ငံ ဒုတိယအများဆုံး၊ တတိယအများဆုံးမှာ UK နိုင်ငံ တို့က အသီးသီးဝယ်ယူထားကြောင်းသိရသည်။
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၈၀ ကျပ်စျေးကျထပ်မံဆင်း
ရွှေမန်း စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ယခုတစ်ပတ်မှာတစ်ပိဿာ လျှင် (၆၆၂၀ကျပ်) ဖြစ် ကြောင်း စားသုံးသူရေးရာဦးစီးဌာနမှထုတ်ပြန်ကြေငြာထားသည်။ ပြီးခဲ့သည့် တစ်ပတ် (၅.၅.၂၀၂၅)မှ (၁၁.၅.၂၀၂၅) ရက်နေ့ထိ စားအုန်းဆီရန်ကုန်အထိုင်စျေး အခြေခံလက်ကားရည်ညွန်းစျေးသည် တပိဿာလျှင်(၆၇၀၀) ကျပ်)ဖြစ်ခဲ့ပြီး ယခုတစ်ပတ်(၁၂.၅.၂၀၂၅) မှ (၁၈.၅.၂၀၂၅)ညွှန်းစျေးသည်လည်း (၆၆၂၀)ဖြစ်သဖြင့် ၈၀ ကျပ် စျေးကျသွားခြင်းဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပစားအုန်းဆီအဓိကထုတ်လုပ်တင်ပို့သည့် မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ်စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်များ၊ အခွန်အခများ ထည့်သွင်းတွက်ချက်၍ ပြည်တွင်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားရမည့် အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းကို ထုတ်ပြန်ပေးလျက်ရှိပါသည်။ထို့အပြင် ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် ဆီစက်များရာနှုန်းပြည့် လည်ပတ်နေ
ရွှေမန်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသည့် ဆီ စက်များ ပြန်လည်ပြင်ဆင်ပြီး ရာနှုန်းပြည့် လည်ပတ်နေပြီဖြစ်ကြောင်း သိရ သည်။ မန္တလေးတိုင်းဒေသကြီး အတွင်း မန္တလေးငလျင်ကြီးကြောင့် ပျက်စီးမှုရှိခဲ့သည့် ဆီစက်အလုံး ကြီး၊ ငယ် ၃၀ ကျော်ရှိခဲ့ရာ မေလ ဆန်းပိုင်းတွင် အလုံးစုံရာနှုန်းပြည့် လည်ပတ်နေပြီဖြစ်ကြောင်း ဆီ စက်များနှင့် အလုပ်ရုံများ ထိခိုက် မှုနည်းပါးသော်လည်း ဆီစက် ဂိုထောင်တွေ ထိခိုက်မှုများခဲ့ ကြောင်း ဆီစစ်ခုံများ လဲကျသွား ခြင်းများကို ပြန်လည်ပြင်ဆင်ပြီး ဖြစ်ရာ ဆီစက်များအားလုံး လည်ပတ်လျက်ရှိကြောင်း မန္တလေး တိုင်းဒေသကြီး၊ ဆီစက်ပိုင်ရှင် များအသင်းဥက္ကဋ္ဌ ဦးဆန်းထွန်းလွင် က ပြော သည်။“ ငလျင်ဒဏ်ကြောင့် ဆီစက် များ ထိခိုက်မှုမရှိသော်လည်း စက်ရုံ၊ ဂိုထောင်အုတ်တံတိုင်း တွေလောက်သာ ပြိုကျ၊ ပျက်စီး မှုရှိပါတယ်။ ဆီစက်တွေမှာ အများဆုံးဖြစ်တာက ဆီစစ်ခုံတွေ လဲကျခြင်းဖြစ်ပါတယ်။ အခု အားလုံးပြန်လည်ပြင်ဆင်ပြီး ဖြစ်လို့ လည်ပတ်နေပါတယ်။ ပျက်စီးမှုအနေနဲ့ ဆီစက်ကြီး၊ ငယ်အလုံး ၃၀ ခန့် ပျက်စီးမှုရှိခဲ့ ပါတယ်´´ ဟု ၎င်းက ပြောသည်။ မြန်မာတစ်နိုင်ငံလုံးအနေဖြင့် စက်မှုကြီးကြပ်မှ ကောက်ယူ ထားသော စာရင်းများအရ ဆီ စက်အလုံးရေ ၃၆၀၀ ကျော် ရှိပြီး လက်ရှိအချိန်တွင် ပြည်တွင်း ဆီ ဖူလုံရေးအတွက် မြေပဲ၊ နှမ်း၊ နေ ကြာ၊ ပဲပုပ်များကို ရာနှုန်းပြည့် ပြန် လည် လည်ပတ်နေပြီဖြစ်ကြောင်း သိရသည်။
ပွဲစားကုန်သည် စက်ပိုင်များ မဟာဘုံကထိန်တော်အသင်း (မန္တလေး)မှ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ခဲ့သည့် အသင်းသားများကို ကူညီထောက်ပံ့ပေးသွားမည်
ရွှေမန်း ပွဲစားကုန်သည် စက်ပိုင်များ မဟာဘုံကထိ်န်တော်အသင်း (မန္တလေး)မှ မန္တလေးငလျင်ကြီး ကြောင့် ထိခိုက်ခဲ့သည့် အသင်း သား ၇၈ဦးကို ပြန်လည်ထူထောင် ရေးအတွက် ထောက်ပံ့ကူညီပေးသွားမည် ဖြစ် ကြောင်း သိရသည်။ မန္တလေးမြို့ရှိ ပဲ၊ ပြောင်း၊ နှမ်းရောင်းဝယ် ဖောက်ကားလျက် ရှိသော မန္တလေးကုန်စည်ဒိုင်မှ အသင်းဝင် ၁၈၉၅ဦးရှိပြီး ငလျင် ကြောင့် ထိခိုက်ဆုံးရှုံးမှုဖြစ်ပွား ခံသော အသင်းသား ၇၈ဦးကို မန္တလေးကုန်စည်ဒိုင်မှ ထောက်ပံ့ လှူဒါန်းငွေကျပ် ၁၅သိန်းခန့်ကို အနည်းဆုံးထားကာ မေလဆန်း ပိုင်းတွင် ကူညီပေးသွားမည်ဖြစ် ကြောင်း အဆိုပါ အသင်း ဥက္ကဌ ဦးသက်တင်ကကို ပြောသည်။ “မန္တလေးငလျင်ကြီးကြောင့် အသင်းသား တော်တော်များများ ထိခိုက်မှုရှိခဲ့ပါသည်။လက်ရှိမှာ အသင်းကို ထိခိုက်မှုစာရင်း ပေးသွင်းမှုအရ အသင်းသား ၇၈ဦး ထိခိုက်ခဲ့ပါသည်။ ထိခိုက်မှု အနည်းအများအလိုက် ပြန်လည် ထူထောင်ရေးအတွက် အသင်းကြီးကနေ ကူညီထောက်ပံ့ မှုတွေ ပြုလုပ်သွားမှာပါ၊ ယခင် တုန်းကလည်း သဘာ၀ဘေးကြောင့် ထိခိုက်မှု များအတွက် အသင်းသား တစ်ဦး လျှင် ငွေကျပ် ၁၅သိန်းထောက်ပံ့ ပေးခဲ့ပါသည်။ ယခုလည်း ဒီထက်မနည်း ကူညီထောက်ပံ့ ပေးနိုင်အောင် ဆောင်ရွက်ပေးနေ ပါတယ်။ အသင်းရဲ့ ထောက်ပံ့ မှုက ဆုံးရှုံးမှုဖြစ်ပွားခဲ့တဲ့ အသင်း သားများအတွက် ဖြေသိမ့်ပေးနိုင် သလောက်သာရှိပါတယ်။ကူညီ ထောက်ပံ့မှုပေးရာမှာ နေအိမ် အဆောက်အဦး ပြိုကျပျက်စီးမှု အဆင့်နှင့် ထိခိုက်ပျက်စီးမှုဆို ပြီး နှစ်မျိုးခွဲပြီး ထောက်ပံ့ပေးသွားမှာ ပါ။ အသင်းရန်ပုံငွေအပြင်...
ပြည်ပ တင်ပို့နိုင်ရန် ပို့ကုန်အရည် အသွေး ရှိသော မြန်မာ့ စိန်တလုံး သရက်သီးများကို စျေးကောင်းပေး ဝယ်မည်
မန္တလေး ဧပြီ ၂၄ ပြည်ပ တင်ပို့နိုင်ရန် ပို့ကုန်အရည်အသွေးရှိသော မြန်မာ့ စိန်တလုံး သရက်သီးများကို စျေးကောင်းပေး ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း သဇင်နွယ်သရက်ခြံမှ သိရသည်။ လာမည့် မေလ ၁ရက်နေ့မှစ၍စိန်တစ်လုံးအိပ်စွပ်နှင့်အိပ်လွတ်သရက်သီးများသဇင်နွယ်သရက်ခြံတွင်ဝယ်ယူသွားမည်ဖြစ်ရာ ရောင်းချလိုသောသောသရက်တောင်သူများ အနေဖြင့် ခြံမန်နေဂျာဦးဌေးအောင် ၀၉၄၃၁၁၇၄၁၇ သဇင်နွယ်သရက်ခြံဆည်ရွာဇရပ်ပေါက်,ပလိပ်မြို့,စဥ်ကိုင်မြို့နယ် သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။ ယခုနှစ် စိန်တလုံးသရက်သီး ရာသီတွင် အသီးအထွက်နှုန်းကျဆင်းမှု ရှိသောကြောင့် အသီးထွက်ရှိသည့် ခြံများနှင့် အိတ်စွပ်သီးများမှာ ပြည်တွင်းစျေးကွက် တွင်စျေးကောင်းရရှိနေသည်။ သို့သော်လည်း စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိသရက်ခြံများမှာ မန္တလေး၊ ရန်ကုန်စျေးကွက်သို့တင်ပို့ရာတွင် သယ်ယူပို့ဆောင် စရိတ်များကြီးမြင့်လျက်ရှိကြောင်းသိရသည်။ လက်ရှိအချိန်တွင် အရည်အသွေးကောင်း အိတ်စွပ် စိန်တလုံးသရက်သီး တစ်တန်လျင် ငွေကျပ် ၃၀-၃၅ သိန်းကြားပေါက်စျေးရှိနေကြောင်း သိရသည်။ ရွှေမန်း
မြန်မာ့စိန်တလုံး ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရနေမန္တလေး ဧပြီ ၂၂
မန္တလေးတိုင်းဒေသကြီး အတွင်းမှ ထွက်ရှိသည့် မြန်မာ့ စိန်တလုံး ပြည်တွင်းဈေးကွက် တွင် ဈေးကောင်းရလျက်ရှိရာ ခြံ ဈေး ၁၆ကီလို ဂရမ်တစ်ခြင်းလျှင် ငွေကျပ် ၅၀၀၀၀-၆၀၀၀၀ ပတ် ဝန်းကျင်ခန့်အထိ ဈေးကောင်းရရှိ နေကြောင်း သာလှအေးကျေးရွာမှ သရက်ခြံရှင်တစ်ဦးက ပြောသည်။“ ဒီနှစ်စိန်တလုံးက အထွက် နှုန်းနည်းပါတယ်။ ခြံပြုပြင်လုပ် တဲ့ ခြံရှင်အချို့ပဲ အရည်အသွေး ကောင်း၊ အထွက်နှုန်းကောင်း ရရှိ တာပါ။ ခြံပြုပြင်မှုမရှိတဲ့ ခြံများ ကတော့ အထွက်နှုန်းနည်းပါတယ်။ လက်ရှိ ခြံအရောက် ဝယ်ယူဈေး မှာ တစ်ခြင်းလျှင် အရည်အသွေး အလိုက် အနည်းဆုံး ငွေကျပ် ၄၅၀၀၀ မှ အများဆုံး ငွေကျပ် ၆၀၀၀၀ အထိ ပေးဝယ်နေပါတယ်။ အရင်နှစ်ကထက် ဈေးကောင်းရ နေပါတယ်´´ဟု ၎င်းကပြောသည်။ မန္တလေးဒေသထွက် မြန်မာ့ စိန်တလုံးကို ပြည်တွင်းဈေးကွက် ဖြစ်သည့် ရန်ကုန်၊ နေပြည်တော် တို့သို့ ပို့ဆောင်ပြီး ရောင်းချနေ သလို အချို့ကုန်သည်များက ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချ လျက်ရှိသည်။ ထိုသို့ ပြည်ပတင်ပို့ရောင်းချ သော်လည်း တင်ပို့စရိတ်ကြီးမြင့် ခြင်း၊ အချိန်ကြာမြင့်ခြင်းတို့ ကြောင့် ဈေးကောင်းမရရှိဖြစ် နေပြီး ပြည်တွင်းဈေးကွက်တွင် ရရှိသည့် ဈေးထက်ပင် လျော့နည်း ရရှိကြောင်း ခွာညိုသစ်သီးပွဲရုံ ပိုင်ရှင် ဦးစိုင်းခင်မောင်က ပြောသည်။ “မန္တလေးနယ်က စိန်တလုံး သရက်သီးတွေ ပြည်ပတင်ပို့ရ တာ အဆင်မပြေပါဘူး၊ လမ်းခရီး ကြာမြင့်မှုအပြင် တင်ပို့စရိတ် အကုန်အကျ များလှပါတယ်။...