Home Video News

Category: <span>Video News</span>

Post
ပူပြင်းခြာက်သွေ့တဲ့ရာသီ

ပူပြင်းခြာက်သွေ့တဲ့ရာသီ

အယ်နီညိုရဲ့သဘောကတော့ ရိုးရိုးရှင်းရှင်းပြောရရင် ပူတာပဲ။ အရင်နှစ်တွေထက် ပိုပူလာတာဖြစ်တယ်။ပိုပြီးပူပြင်းခြောက်သွေ့လာတာကြောင့် မြန်မာနိုင်ငံလို အီကွေတာနဲ့ နီးတဲ့ဒေသတွေမှာ ရာသီဥတုဖောက်ပြန်မှုများမယ်။ အပူဒါဏ်ခံရမယ်။ အပူရှိန်ပြင်းတဲ့အတွက် သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊ ခန္ဓာကိုယ်ပိုင်း ထိလွယ်ရှလွယ်သူတွေမှာ အပူရှိန်ကြောင့် ကျန်းမာရေးထိခိုက်တာ ပိုခံရမယ်။ လူတွေ၊ တိရိစ္စာန်တွေမှာ အစာရေစာရှားမယ်။ ဒါကြောင့် အားလုံးကို  ပိုစောင့်ရှောက်ရမယ်။ အသိပညာပေးရမယ်။၂၀၂၄မတ်လနောက်ပိုင်းမှာ ပိုသိသာမယ်။ အရင်နှစ်တွေထက်  အပူချိန် ၂ဒီဂရီက ၄ဒီဂရီ တိုးပြီးခံစားရမယ်။အယ်နီညိုကြောင့် ရာသီဥတုပြင်းထန်တာတွေဖြစ်မယ်။ အပူများပြီး အပူလှိုင်းတွေဖြစ်မယ်။