ရွှေမန်း ပြည်တွင်းစားသုံးသူဈေးကွက် တွင် ကြက်သွန်နီများ ပေါ်နေ ပြီဖြစ်ပြီး ပြည်ပဝယ်ယူမှုမရှိ သဖြင့် ကြက်သွန်နီ ဈေးကွက်မှာ အငြိမ်ပိုင်းတွင် ရှိနေကြောင်း မန္တလေးကြက်သွန်နီပွဲရုံများမှ သိရသည်။ လက်ရှိတွင် မြစ်သားနှင့် ကျောက်ဆည်မှ ကြက်သွန်နီ အသစ်များ မန္တလေးဈေးကွက်သို့ ဝင်ရောက်လျက်ရှိပြီး အမျိုး အစားပေါ်မူတည်၍ ဈေးနှုန်း ကွဲပြားသည်ဟု ဆိုသည်။ “အသစ်တွေပေါ်တာရယ်၊ ပြည်ပလိုင်းက အဝယ်မရှိတာ ရယ်ကြောင့် ဈေးကတော့ ငြိမ် နေတယ်။ ကြက်သွန်နီအဟောင်း ကလည်း မရှိသလောက်နည်း သွားသလို အညှောင့်တွေပေါက် နေတော့ ဈေးတန်းမဝင်တော့ဘူး။ အသစ်ပဲ အရောင်းအဝယ်လုပ် နေကြတယ်´´ဟု မန္တလေး၊ ၂၉ လမ်း၊ ကြက်သွန်ပွဲရုံတစ်ခုမှ ပြော သည်။ လက်ရှိမန္တလေးဈေးကွက် တွင် ကြက်သွန်နီတစ်ပိဿာ လက်ကားဈေးများမှာ အဟောင်း မှာ...
FlashNews:
ပြည်တွင်း ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဆက်လက်အရောင်းအဝယ်အေးနေ
ပြည်ပမှ ဝယ်လိုအားကောင်းသောကြောင့် ပို့ကုန်ပဲများ စံချိန်တင်ဈေးကောင်းရရှိလာ
16339
စက်တင်ဘာလအတွင်း တောင်သူအကျိုးပြု မိုးရွာသွန်းမှုများ ဖြစ်ပေါ်လာမည်
ပြည်တွင်းလက်ကျန် နည်းလာသောကြောင့် ဂျုံဈေးကွက် အနည်းငယ်ဈေးမြင့်တက်လာ
ပြည်တွင်းဒေါ်လာဈေး ကျဆင်းမှုနှင့်အတူ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဈေးကျဆင်းလာ
ပြည်တွင်းပဲဆီလိုအပ်ချက်မြင့်မားသောကြောင့် ဆီစက်များအားလုံးနီးပါး လည်ပတ်အဆင်ပြေနေ
ဧရာ၀တီမြစ်ရေကျဆင်းမှုနှင့်အတူ မြေနုကျွန်းစိုက်ခင်းများတွင် မြေပဲစိုက်ပျိုးရန်ပြင်ဆင်နေ
မကွေးတိုင်းဒေသကြီး ဆီထွက်သီးနှံအထူးဇုန်တွင် စိုက်ပျိုးသော မိုးနှမ်းများ စတင်ရိတ်သိမ်း
15681
ကြံတောင်သူများ ကြံဖိုးငွေလက်ကျန်များ မရရှိသေး
ပြည်ပမှ ပဲပုပ်တင်သွင်းမှုလျှော့ချပြီးပြည်တွင်းထုတ်လုပ်မှုဖြင့် အစားထိုးအသုံးပြုသွားမည်
မြေပဲအထွက်နှုန်းကောင်းမွန်စေရန် စနစ်တကျမြေဩဇာသုံးစွဲသင့်
ပြည်ပတင်ပို့နိုင်သည့် အရည်အသွေးကောင်းသကြားပမာဏနည်းလာ
ပို့ကုန်သမားများနှင့် ပြည်တွင်းဆီစက်များ ဝယ်ယူမှုကောင်းနေတာကြောင့် နှမ်းမျိုးစုံဈေးစံချိန်တင် မြင့်တက်လာ
အသစ်ဝင်မြေပဲဆံများ ဈေးကွက်တွင်း ဝင်ရောက်လာတာကြောင့် ဈေးအနည်းငယ်ကျဆင်းလာ
မြေပဲဆန်ဈေးမြင့်တက်လာရာ တစ်ပိဿာ ငွေကျပ် ၁၀၀၀၀ နီးပါး ထိ ပေါက်ဈေးဖြစ်လာ
ဗဟိုဘဏ်၏ ပို့ကုန်ရငွေမူဝါဒ အပြောင်းအလဲကြောင့် ပို့ကုန်ပဲများအနည်းငယ် ဈေးမြင့်တက်လာ
ပိုကုန့်ရငွေပမာဏ၏ ၂၅ ရာခိုင်နှုန်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရန် ဗဟိုဘဏ်ပြင်ဆင်သတ်မှတ်
တရုတ်တင်ပို့ရန်လိုအပ်ချက်များလာတာကြောင့်နှမ်းနက်ဈေးကွက် ဆက်လက် မြင့်တက်လာ
ရွှေမန်း တရုတ်နိုင်ငံသို့ တင်ပို့ရန် လိုအပ်ချက်များလာတာကြောင့် နှမ်းနက်ဈေး ဆက်လက်မြင့်တက် လာသော်လည်း အခြားပဲမာများ လိုင်းများ ဈေးအးနေကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရ သည်။ တရုတ်နိုင်ငံသို့တင်ပို့ရန် လိုအပ်ချက်များနေတာကြောင့် နှမ်းနက်တစ်အိတ် ငွေကျပ် ၃၆၅၀၀၀၀ ထိဈေးမြင့်တက် အဝယ်သွက်နေခြင်းဖြစ်သည်။ ယခင်သီတင်းပတ်ထက် နှမ်းနက် တစ်အိတ်ငွေကျပ် ၂၀၀၀၀ ဆက်လက်မြင့်တက်လာခြင်းဖြစ် သည်။ အညာနှမ်းနက်များ ဈေး ကွက်အတွင်း အဝင်ကောင်းလာ သလို တရုတ်နိုင်ငံသို့တင်ပို့မှု ကောင်းလာတာကြောင့်လည်း ပဲ၊နှမ်းဈေးကွက်အတွင်း ဈေး မြင့်တက်အဝယ်သွက်နေကြောင်း၊ အခြားပို့ကုန်ပဲများနှင့် ပဲမာလိုင်း များမှာ ဈေးအေးနေကြောင်း၊ မြေပဲဆန်မှာ ဈေးကျဆင်းနေ တာကြောင့် ဆီစက်ပိုင်များ ထိမ်း ဝယ်နေတာကြောင်း ရွှေစင်သိန်း ပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြော သည်။“ နှမ်းတစ်မျိုးပဲဈေးကောင်း အဝယ်သွက်နေပါတယ်။နှမ်း...
ပိုချိုမြတဲ့ရွှေရောင် ပျားအုံသစ်
ကောင်းဇော် ပျားလဘို့ မရှိသည့်ပျားအုံ၌ ပျားတို့မနေသကဲ့သို့ ဖြစ်သည်။ ပျားရည်မရှိသည့်အခါ ပျားတို့သည် ပျားအုံအသစ်ထပ်မံ တည်ဆောက်ကြသည်။ ပျားတို့မရှိလျင်မူ ပန်းတို့ ဝတ်မှုံကူးရန်ခက်တော့မည်။ပျားရည်တွေ ပြည့် ပြည့်လာပြီး တစက်စက်ကျလုခမန်း ချိုမြိန်တဲ့ ရွှေရောင် ပျားရည်တွေရဲ့ ရနံတွေက သင်းပျံ့ စွဲဆောင်နေတယ်။“အဝတ်ရောင်းမယ်ဆို လူကြီးဆင်တွေပဲ ယူလာခဲ့။ ရွာမှာ လူငယ်တွေမရှိသလောက်ပဲ။ လူကြီးတွေပဲ ရှိတော့ လူကြီးဝတ် လူကြီးဆင်တွေပဲ ရောင်းလို့ရမယ်”လို့ ရွာက မိတ်ဆွေက ပြောတယ်လို့ ဝင်ငွေလေးများ တဘက်တလမ်းက ရမလားဆိုပြီး အရောင်းအဝယ်လုပ်ချင်သူတဦးက ပြန်ပြောပြပါတယ်။အရင်ကရွာက မြို့ကြီးပြကြီးထွက်အလုပ်လုပ်ကြတယ်။ လက်ဘက်ရည်ဆိုင်၊ နောက် ဘီယာဆိုင် အထည်ချုပ်၊ ဆောက်လုပ်ရေးတွေဆီ သွားလုပ်ကြတယ်။ အခုက နိုင်ငံခြားထွက်အလုပ်လုပ်သူတွေ အရင်ထက်ပိုများလာတယ်လို့ ပြောကြတယ်။လူငယ်လူရွယ်တွေ နိုင်ငံခြားထွက်နေတဲ့အပေါ် လူမှုရေးစာမျက်နှာတွင် တက်ကြွဝေဖန်သည့် လုပ်ငန်းရှင်တဦးက “ဗိုက်ပြည့်ရင်တော့ အပြင်ထွက်မလုပ်ကြပါဘူး”လို့ဖြေပါတယ်။...
မြန်မာ့ပြောင်းဆန် ဖိလစ်ပိုင် အများဆုံးဝယ်ယူ
ရွှေမန်း ဖိလစ်ပိုင်နိုင်ငံက အမေရိ ကန် ဒေါ်လာ ၂ ဒသမ ၃၄၈ သန်း တန်ဖိုးရှိသည့် မြန်မာ့ ပြောင်းဆန်တွေ ဝယ်ယူခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၏ စာရင်းတွေ မှာ ဖော်ပြထားသည်။ ပြောင်းတန်ချိန် ၈၉၀၀ကျော် ပမာဏရှိသည့် ပြောင်းဆန်တွေကို အောက်တိုဘာတစ်လတည်းမှာ ဝယ်ယူခဲ့တာလည်း ဖြစ်သည်။ ထိုင်းနိုင်ငံ၏ မြန်မာ့ပြောင်း ဆန်အပေါ် အခွန်ကင်းလွတ်ခွင့် ပြန်လည်ရုပ်သိမ်းလိုက်ပြီးနောက် ဘိန်းအစားထိုးသီးနှံအဖြစ် တင်ပို့ ခွင့်ရထားသည့် တရုတ်ဈေးကွက် အပြင် ယခုအခါ ပင်လယ်ရေ ကြောင်းကနေ ဖိလစ်ပိုင်ဈေးကွက် ပါ တင်ပို့ထားနိုင်ခြင်းလည်း ဖြစ်သည်။ အောက်တိုဘာလမှာ တရုတ် ကို ပြောင်းတန်ချိန် ၅၉၂၀ နှင့် ထိုင်းကို ပြောင်း တန်ချိန် ၉၆ တန်တင်ပို့ခဲ့ပြီး ဒေါ်လာ...
- 1
- 2