Month: <span>May 2022</span>

Post
စီးပွား/ကူးသန်း၏ ရန်ကုန်အထိုင် စားအုန်းဆီတစ်ပိဿာဈေး ၅,၇၂၅ ကျပ် ရည်ညွှန်းစျေး သက် မှတ်ထားသော်လည်း စျေးကွက်အတွင်းကျပ် ၈,၀၀၀ ခန့် ပေါက်စျေးဖြစ်နေ

စီးပွား/ကူးသန်း၏ ရန်ကုန်အထိုင် စားအုန်းဆီတစ်ပိဿာဈေး ၅,၇၂၅ ကျပ် ရည်ညွှန်းစျေး သက် မှတ်ထားသော်လည်း စျေးကွက်အတွင်းကျပ် ၈,၀၀၀ ခန့် ပေါက်စျေးဖြစ်နေ

ရွှေမန်း စီးပွား/ကူးသန်းဝန်ကြီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်မှုကော်မတီက ရန်ကုန်အထိုင်ဈေးအဖြစ် စားအုန်းဆီတစ်ပိဿာကို ၅,၇၂၅ ကျပ်လို့ သတ်မှတ်ထားသော်လည်း လက်လီဈေးကွက်အတွင်း ကျပ် ၈,၀၀၀ ခန့် ပေးဝယ်နေရကြောင်းသိရသည်။ ‘‘ပုံသေဈေးနှုန်းက ကျပ် ၅,၀၀၀ ကျော်လောက်ပဲ ရှိတယ်။ တကယ်တမ်းကျတော့ ၈,၀၀၀ လောက် ပေးဝယ်နေရတယ်။ တာဝန်ရှိသူတွေအနေနဲ့ အခြေအနေကို လေ့လာပြီး ဈေးကစားသူတွေကို အရေးယူသင့်တယ်’’လို့ သုံးစွဲသူတစ်ဦးက ပြောသည်။ ‘‘ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းနှင့် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူသွားမည်’’ဖြစ်ကြောင်း ကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန်ထားသည်။ စီးပွား/ကူးသန်းဝန်ကြီးဌာနအနေနဲ့ လက်ရှိမှာ စားအုန်းဆီကမ္ဘာ့ဈေးနှုန်း ဖြစ်ပေါ်ပြောင်းလဲမှုနဲ့အညီ ပြည်တွင်းဈေးကွက်မှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းများ ဖြစ်ပေါ်လာစေရေးအတွက် ထိန်းကျောင်းဆောင်ရွက်နေကြောင်းသိရသည်။ ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့တဲ့...

Post
မြန်မာ့ထောပတ်သီးကို ပြည်ပဈေးကွက် အလားအလာကောင်းနေတာကြောင့် လာမည့် ထောပတ်ရာသီတွင် နိုင်ငံခြားသို့ စတင်တင်ပို့မည်

မြန်မာ့ထောပတ်သီးကို ပြည်ပဈေးကွက် အလားအလာကောင်းနေတာကြောင့် လာမည့် ထောပတ်ရာသီတွင် နိုင်ငံခြားသို့ စတင်တင်ပို့မည်

ရွှေမန်း မြန်မာ့ထောပတ်သီးကို ပြည်ပဈေးကွက် အလားအလာကောင်းနေတာကြောင့် လာမည့် ထောပတ်ရာသီတွင် နိုင်ငံခြားသို့ စတင်တင်ပို့မည်ဖြစ်ကြောင်းသိရသည်။ မြန်မာ့ထောပတ်သီးကို ပြည်ပနိုင်ငံများမှ ကမ်းလှမ်းမှုများကြောင့် ဈေးကွက်အလားအလာကောင်းများရှိနေ သော်လည်း ပြည်တွင်းဈေးကွက် ဝယ်လိုအားကို လုံလောက်အောင်ဖြည့်ဆည်းနေရသဖြင့် ၂၀၂၁ ခုနှစ်က ပြည်ပသို့ တင်ပို့နိုင်ခဲ့ခြင်းမရှိကြောင်း မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။ လာမည့်ထောပတ်သီးရာသီ အောက်တိုဘာလ နောက်ပိုင်းတွင် မြန်မာ့ထောပတ်သီးများဈေးကွက်သို့ ရောက်ရှိတော့မည်ဖြစ်ပြီး ပြီးခဲ့သည့် နှစ်က ခြံအရောက်ဝယ်ဈေး တစ်ကီလို ၄၀၀၀ ကျပ်နှင့် ပြန်လည်ရောင်းချသူမှ တစ်ကီလို ၆၀၀၀ ကျပ်ဈေးရှိကြောင်း မြန်မာနိုင်ငံထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှအတွင်းရေး မှူး ဦးကျော်စိုးမင်းကပြောသည်။ “ပြည်ပနိုင်ငံတွေက ထောပတ်သီးဝယ်ဖို့ ကမ်းလှမ်းမှုတွေ ရှိနေတယ်။ပြည်တွင်းဝယ်လိုအားကောင်း နေတော့ မနှစ်ကဆိုရင် စကာၤပူနဲ့ ဒူဘိုင်းကိုမပို့နိုင်ခဲ့ဘူး။နောက်လာမယ့် ၃ နှစ်လောက်ဆိုရင် ပြည်တွင်းဈေး ကွက်ကနေ ပိုလျှံလာမှာဖြစ်လို့ ပြည်ပဈေးကွက်ပိုမိုရရှိရေးနဲ့တင်ပို့နိုင်ဖို့ စတင်ပြင်ဆင်နေပါပြီ”ဟု...

Post
ဆည်တော်ကြီးရေလှောင်တမံမှ​နွေစပါးနှင့် အခြားသီးနှံစိုက်​ဧက ၆၉၀၀၀ ကျော်အတွက် ဇွန်လ ၁၅ ရက်နေ့အထိ စိုက်ပျိုးရေများ ပေးဝေ သွားမည်

ဆည်တော်ကြီးရေလှောင်တမံမှ​နွေစပါးနှင့် အခြားသီးနှံစိုက်​ဧက ၆၉၀၀၀ ကျော်အတွက် ဇွန်လ ၁၅ ရက်နေ့အထိ စိုက်ပျိုးရေများ ပေးဝေ သွားမည်

ရွှေမန်း ၂၀၂၁-၂၀၂၂ ခုနှစ်တွင် မန္တ​လေးတိုင်း​ဒေသကြီး မတ္တရာမြို့နယ်အ တွင်းရှိ ဆည်တော်ကြီးရေ​လှောင်​တမံမှ​ရေ​သောက်​ဧရိယာအတွင်း တောင်သူများစိုက်ပျိုးထားရှိသည့် နွေစပါးနှင့် အခြားသီးနှံစိုက်ဧက ၆၉၀၀၀ ကျော်အတွက် အောင်ရေပြည့်ဝစွာရရှိစေရန် ဇွန်လ ၁၅ ရက်နေ့အ ထိ စိုက်ပျိုးရေများပေးဝေသွားမည်ဖြစ်ကြောင်း မန္တ​လေးတိုင်း​ဒေသကြီး ဆည်​မြောင်း နှင့်​ရေအသုံးချ​မှုစီမံခန့်​ခွဲ​ရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ဆည်တော်ကြီးရေလှောင်တမံမှ မန္တလေးခရိုင်နှင့် ပြင်ဦး လွင်ခရိုင်တို့်ရှိ ရေသောက်ဧရိယာအတွင်း စိုက်ပျိုးသောမြို့နယ်များ ကို ဖေဖော်ဝါရီလတတိယပတ်မှစ ၍ စိုက်ပျိုးရေများပေးဝေပြီး စိုက်ပျိုးခဲ့ရာ ယခုလက်ရှိအချိန်အ ထိ ကွင်းပိတ်စိုက်ပျိုးပြီး စိုက်ဧက အနေဖြင့် နွေစပါး ၆၈၀၅၈ ဧကနှင့် အခြားသီးနှံ ၁၁၆၂ ဧက စုစုပေါင်းစိုက်ပျိုးပြီးဧက ၆၉၂၂၀ ဧ ကဖြစ်ပြီး၊ ၎င်း စိုက်ဧကများ အ တွက် အောင်ရေပြည့်ဝစွာရ ရှိစေရန်...

Post
တရုတ်-မြန်မာ ရထားလမ်းနှင့်ကားလမ်း ပူးပေါင်းပို့ဆောင်ရေးလမ်းကြောင်းသစ်ဖြင့် ပို့ဆောင်သော ပထမအသုတ် ကုန်ပစ္စည်းများ မြန်မာနိုင်ငံသို့ ဝင်ရောက်

တရုတ်-မြန်မာ ရထားလမ်းနှင့်ကားလမ်း ပူးပေါင်းပို့ဆောင်ရေးလမ်းကြောင်းသစ်ဖြင့် ပို့ဆောင်သော ပထမအသုတ် ကုန်ပစ္စည်းများ မြန်မာနိုင်ငံသို့ ဝင်ရောက်

ရွှေမန်း ဒေသစံတော်ချိန် မေလ ၂၈ ရက်နေ့တွင် တရုတ်-မြန်မာ ရထားလမ်းနှင့်ကားလမ်း ပူးပေါင်း ပို့ဆောင်ရေး လမ်းကြောင်းသစ်ဖြင့် ပို့ဆောင်သော ပထမအသုတ် ကုန်ပစ္စည်းများသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ချင်းရွှေဟော် နယ်စပ်ဂိတ်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့ကြောင်းသိရသည်။ ၄င်းကုန်ပစ္စည်းများသည် စက်ယန္တရားများ၊ အီလက်ထရွန် အပိုပစ္စည်းများ၊ မော်တော်ဆိုင်ကယ် အပိုပစ္စည်းများနှင့် အခြားကုန်ပစ္စည်းများအပါအဝင် စုစုပေါင်း ကုန်သေတ္တာ ၆၀ ရှိကြောင်း၊ မေလ ၂၃ရက်နေ့တွင် ရထားဖြင့် ချုံချင့်မြို့မှ စတင် ပို့ဆောင်ပြီး ယူနန်ပြည်နယ် လင်ဆောင်းမြို့သို့ ရောက်ရှိပြီးနောက် ကုန်းလမ်းဖြင့် ချိန်းပြောင်းပို့ဆောင်ကာ ဇွန်လ ပထမ ၁၀ ရက်ပိုင်းတွင် မြန်မာနိုင်ငံမန္တလေးမြို့သို့ အရောက်ပို့ဆောင်နိုင်မည်ဖြစ်ကြောင်းသိရသည်။ သမားရိုးကျလမ်းကြောင်းနှင့် နှိုင်းယှဉ်ပါက ဤပို့ဆောင်ရေးလမ်းကြောင်းသစ်ဖြင့် ပို့ဆောင်ချိန်ကို ရက်ပေါင်း ၂၀ သက်သာစေနိုင်ပြီး ပို့ဆောင်ရေးကုန်ကျစရိတ်...

Post
မူဆယ်(ကျင်ဆန်းကျော့)နယ်စပ်ကုန်သွယ်ရေးဂိတ်တင်ပို့မှု ယခင်ထက် ချော့မွေ့လာတာကြောင့် ကုန်သွယ်မှု မြင့်တက်လာ

မူဆယ်(ကျင်ဆန်းကျော့)နယ်စပ်ကုန်သွယ်ရေးဂိတ်တင်ပို့မှု ယခင်ထက် ချော့မွေ့လာတာကြောင့် ကုန်သွယ်မှု မြင့်တက်လာ

ရွှေမန်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုတွင် မူဆယ် (ကျင်စန်းကျော့ဂိတ်)မှ အစားထိုးယာဉ်မောင်း (ရှန်တိန်စနစ်)ဖြင့် ကုန်တင်ယာဉ်များအပြန်အလှန်ဝင်ထွက်ခွင့်ပြုလိုက်သည့် မေ ၁၆ ရက်နောက်ပိုင်း ကုန်သွယ်မှုမြင့်တက်လာသည်ဟု နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းရှင်အချို့ထံမှသိရသည်။ တရုတ်- မြန်မာနယ်စပ်တွင် တစ်ရက်လျင် နှစ်နိုင်ငံဘက်မှကုန်တင်ယာဉ်အစီးရေ၁၅၀ ခန့် ဖြတ်ကျော်၍ ကုန်သွယ်မှုပြုအဝင်အထွက်ရှိသည်ဟုဆိုသည်။ “ဝမ်တိန်-မန်မိုင်(ကျင်ဆန်းကျော့)အကောက်ခွန်မှမနက်(၉)နာရီမှည(၈)နာရီအထိဝင်ထွက်မှုပိုမိုမြန်ဆန်အောင် Export/Import ကုန်ကားတွေကို နားချိန်မရှိစစ်ဆေးဆောင်ရွက်ပေးမယ်လို့တရုတ်က ထုတ်ပြန်ခဲ့တယ်။ဂျယ်ကောင်မှာပိတ်မိနေသောကုန်စည်တွေလည်း ပြန်ထုတ်နိုင်ဖို့ လုပ်ပေးတယ်”ဟု မူဆယ်(၁၀၅)မိုင်မှ ခွာညိုသီးနှံရောင်းဝယ်ရေးမှ ဦးစိုင်းခင်မောင်ကပြောသည်။ ကျင်စန်းကျော့ဂိတ်မှတစ်ဆင့် မေ ၁၆ ရက်နောက်ပိုင်း တစ်ရက်လျင် ကုန်တင်ယာဉ်အစီးရေ ၈၀ခန့်ဖြင့် ကုန်သွယ်မှုတွင် မြန်မာဘက်မှဆန်၊ဆန်ကွဲစသည့်လယ်ယာနင့် သီးနံထွက်ကုန်ကားအစီးရေ ၇၀ ကျော်ခန့်နင့် တရုတ်နိုင်ငံဘက်မှ ဆောက်လုပ်ရေးလုပ်ငန်းသုံးနင့်လူသုံးကုန်ပစ္စည်းတင် ကုန်တင်ယာဉ် အစီးရေ၇၀ကျော် ပေါင်း ၁၅၀ ကျော်ခန့်ရှိကြောင်းကုန်တင်ယာဉ်လုပ်ငန်ရှင်များအသင်း(မူဆယ်)မှသိရသည်။ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား အပြန်အလှန်ကုန်သွယ်မှုမှာ ၂၀၁၉-၂၀၂၀ ပြည့်နှစ်တွင် ပို့ကုန် အမေရိကန်ဒေါ်လာ...

Post
စပါးစိုက်တောင်သူများအတွက် အထွက်နှုန်းမြင့် GW-11မျိုးစပါး စိုက်ပျိုးထုတ်လုပ်နေမှုများကို ရန်ကုန်တိုင်းဒေသကြီးမှ တောင်သူများလာရောက်လေ့လာ

စပါးစိုက်တောင်သူများအတွက် အထွက်နှုန်းမြင့် GW-11မျိုးစပါး စိုက်ပျိုးထုတ်လုပ်နေမှုများကို ရန်ကုန်တိုင်းဒေသကြီးမှ တောင်သူများလာရောက်လေ့လာ

ရွှေမန်း စပါးစိုက်တောင်သူများအတွက် အထွက်နှုန်းမြင့် GW-11 မျိုးစပါးစိုက်ပျိုးထုတ်လုပ်မှုများကို ရန်ကုန်တိုင်းအတွင်းရှိမြို့နယ်များမှ တောင်သူကိုယ်စားလှယ်များ က မေ ၂၅ ရက် နေ့နံနက်ပိုင်းက မန္တလေးမြို့ ၇၃လမ်းနှင့် ၁၀၀လမ်းမကြီးထောင့်ရှိ ဂရိတ်ဝေါလ် စိုက်ပျိုးရေးသုတေသနခြံတွင် လာရောက်လေ့လာခဲ့ကြောင်းသိရသည်။ GW-11 အထွက်နှုန်းမြင့် မျိုးစပါးကို မကြာမီက နေပြည်တော် တွင် စံကွက်ရိတ်သိမ်းမှု အပြီး ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အဖျောက် ၊ဥက္ကံ၊ တော်လတီ စသည့် ကျေးရွာများမှာ စပါးစိုက်တောင်သူကြီးများ က လာရောက်လေ့လာရာ GW-11 စပါးမျိုးမှာ အပင် သက်တမ်း ၁၁၀ ရက် ကြာမြင့်သဖြင့်နွေစပါး၊မိုးစပါး နှစ်မျိုးလုံးစိုက်ပျိုးနိုင်သည်။အပင်ပေါက်ရာခိုင်နှုန်းမြင့်မားသလို ပင်ပွှားနှုန်းလည်းကောင်းမွန်တာကြောင့် တစ်ဧက အောင်နှံ ၁.၂၀၀.၀၀၀(ဆယ်နှစ်သိန်း)၊ အောင်စေ့ရာခိုင်နှုန်း ၈၅ရာခိုင်နှုန်းကျော် ဖြစ်တာကြောင့်တစ်ဧက အထွက်နှုန်း ၁၅၀-၁၆၀ ကျော်ထွက်ရှိကြောင်း တစ်ဧက...

Post
ကုလားပဲအုပ်စု နှင့်မြေပဲဆံ စျေးကွက် ဆက်လက်မြင့်တက်နေ ပို့ကုန်ပဲများ စျေးတည်ငြိမ်နေတာကြောင့် လှောင် လက်သမားများ ၀ယ်ယူနေ

ကုလားပဲအုပ်စု နှင့်မြေပဲဆံ စျေးကွက် ဆက်လက်မြင့်တက်နေ ပို့ကုန်ပဲများ စျေးတည်ငြိမ်နေတာကြောင့် လှောင် လက်သမားများ ၀ယ်ယူနေ

ရွှေမန်း ပြည်တွင်းသုံးစွဲမှု မြင့်မားလာခြင်းနှင့် ပို့ကုန်သမားများ ၀ယ်လက်ဆုံ နေသော ကုလားပဲအုပ်စု နှင့်မြေပဲဆံ စျေးကွက် ဆက်လက်မြင့်တက်နေ မတ်ပဲ ၊ပဲတီစိမ်း၊ ပဲစင်းငုံ ပဲများစျေးတည်ငြိမ်နေတာကြောင့် လှောက်လက်သမားများ တဖြေးဖြေး၀ယ်ယူနေ ကြောင်း ပဲနှမ်းကုန်သည်များထံမှသိရသည်။ ပြည်တွင်းသုံးကုလားပဲ အုပ်စုမှာ V2 နှင့် V7 မှာ စျေးကွက်အတွင်း အမြင့်စျေးဖြစ်လာပြီး ယခင်သီတင်းပတ်ထက် ဆက်လက်မြင့်တက်လာသလို ထိုင်၀မ်ကုလားပဲနှင့် 929 ကုလားပဲတို့ မှာ ပြည်တွင်းပဲ ခွဲစက်များကြိတ်ခွဲနေတာကြောင့် လိုက်ပါစျေးမြင့်နေကြောင်း ၊တရုတ်အ၀ယ်နှင့် ပြည်တွင်းဆီစက်ပိုင်များ အ၀ယ်ဆုံနေသည့် မြေပဲဆံမှာ တစ်ပိသာ ကျပ် ၄၂၀၀ ခန့်ဆက်လက်မြင့်တက်လာသည်။ တရုတ်နိုင်ငံသို့ တင်ပို့မှုဆိုင်ရာလမ်းကြောင်းများကောင်းလာသော်လည်း ပဲမာလိုင်းများမှာ စျေးတည်ငြိမ်နေဆဲ ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌဦးကျော် သွင်...

Post
ပြည်တွင်းစားသုံမှု နှင့် Export ပုံမှန်ရှိနေသည့်အတွက် သကြားစျေးဆက်လက်ကောင်းနေမည်

ပြည်တွင်းစားသုံမှု နှင့် Export ပုံမှန်ရှိနေသည့်အတွက် သကြားစျေးဆက်လက်ကောင်းနေမည်

ရွှေမန်း ပြည်တွင်းစားသုံမှု နှင့် Export ပုံမှန်ရှိနေသည့်အတွက် သကြားစျေးကောင်းနေကြောင်း ကုန်သည်များထံမှ သိရသည်။ လက်ရှိ မိုးအဝင်ကာလတွင် နှစ်စဉ် သကြားစျေးကွက် အေးသည့်ရာသီ ဖြစ်သော်လည်း ဒေါ်လာစျေးမြင့်တက်နေသည့်အတွက် သကြားစျေးအမြင့်စျေးတွင် ရှိနေကြောင်း သိရသည်။ ပြည်တွင်းသကြားဈေးမှာ ပြီးခဲ့သည့်နှစ်များဖြင့်ယှဉ်ပါက အတက်စျေးတွင်ရှိနေခြင်း ဖြစ်ကြောင်း သကြားကုန်သည်များက သုံးသပ်ပြောကြားထားသည်။ ပြီးခဲ့သည့်နှစ် ယခုကာလတွင် သကြားစျေး တပိဿာလျှင် အများဆုံး ၉၀၀ ခန့်သာရှိခဲ့ပြီး ယခုနှစ်တွင် သကြား တပိဿာလျှင် ငွေရည်ပုလဲစျေး ၂,၀၃၀ မှ ၂,၀၅၀ ဝန်းကျင်ခန့်ထိရရှိနေကြောင်း မြန်မာနိုင်ငံသကြားနှင့်ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးစိန်းထွန်း က ပြောသည်။“ဒီလ(၂၃)ရက်မှ ငွေရည်ပုလဲစျေးက ၂,၀၃၀ – ၂,၀၅၀ လောက်ရှိတယ်၊ ဒီနှစ်ထဲမှာ စပြီး တက်သွားတာ၊ သကြားစျေးကွက်ကတော့ အရောင်းဝယ်နည်းနည်းအေးတယ်။ မိုးတွင်တော့...