Home 2020 April

Month: <span>April 2020</span>

Post
ဒုတိယအကြိမ်မြောက် သတင်းထောက်များစုပေါင်း၍ စားဝတ်နေရေးခက်ခဲသူများအားလှူဒါန်း

ဒုတိယအကြိမ်မြောက် သတင်းထောက်များစုပေါင်း၍ စားဝတ်နေရေးခက်ခဲသူများအားလှူဒါန်း

ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင်၊ဝိုင်းမော်မြို့နယ်၊စန်း ကားကျေးရွာအုပ်စု၊ဂျယ်ကော်(ခ)ဇီးကော်ကျေးရွာတွင် စားဝတ်နေရေးခက်ခဲသော အိမ်ထောင်စု(၄၅)စု အား ဟင်္သာသတင်းအေဂျင်စီ သတင်းထောက်များစုပေါင်း၍ ဂျယ်ကော်(ခ)ဇီးကော်ကျေးရွာ ခရစ်ယာန်ဘုရားရှိခိုး ကျောင်းတွင် ယနေ့ ဧပြီ ၃၀ ရက်နံနက်၁၀နာရီ ၃၀မီနစ် ချိန်က ဆန်(၄)ပြည်အိတ်(၄၅)အိတ်၊ကြက်ဥ(၄၅၀)လုံး၊ ဆီ(၅၀)သား(၄၅)ဗူး၊ကြက်သွန်နီ(၄၅)ပိသာ၊ဆား(၄၅)ပိ သာ၊ကုလားပဲ(၁၇၀)ဗူး၊စားနပ်ရိက္ခာ (၆)မျိုးအား ဒုတိယ အကြိမ်မြောက် လှူဒါန်းခဲ့ကြောင်းသိရသည်။ တကယ့်ကို စားစရာခက်ခဲနေတဲ့မိသားစု(၄၅)စုကို ကိုယ် တိုင်လေ့လာပြီး ဒုတိယအကြိမ်မြောက်အခုလိုစုပေါင်းလှူ ဒါန်းဖြစ်တာပါ။တကယ်တော့ ကျန်တော်တို့လည်း မပြေ လည်ပါဘူး။ယ္ခုလှူဒါန်းတဲ့ငွေက ကျန်တော်တို့ သတင်း သမားတွေ ကျန်းမာရေး၊လူမှုရေးဖြစ်ပေါ်တဲ့အချိန် ကူညီ ဖို့အတွက် သတင်းသမား တစ်ဦးလျှင် (၁)လ (၃၀၀၀) ကျပ်စုဆောင်းထားတဲ့ငွေနဲ့ အမှန်တကယ် စားနပ်ရိက္ခာ လိုအပ်တဲ့နေသူတွေကို တတ်နိုင်သလောက် လှူဒါန်းတာ ပါ။လှူဒါန်းရာမှာလည်း ကျေးရွာအုပ်ချုပ်ရေး ရပ်မိရပ်ဖ တွေကပါဝင်ကူညီဆောင်ရွက်ပေးပါတယ်။ ကျွန်တော်တို့ ယနေ့သွားရောက် လှူဒါန်းတဲ့ဂျယ်ကော်...

Post
နတ်မောက်မြို့နယ်မှာ Facility Quarantine နေထိုင်ရန် ပျက်ကွက်သူကို ထောင်၃လချမှတ

နတ်မောက်မြို့နယ်မှာ Facility Quarantine နေထိုင်ရန် ပျက်ကွက်သူကို ထောင်၃လချမှတ

မကွေးတိုင်းအတွင်း Covid-19ကပ်ရောဂါ ကူးစက်မှုမဖြစ်ပွားရန် လုပ်ဆောင်လျှက်ရှိရာ သက်ဆိုင်ရာ ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ကျန်းမာရေးဆရာမတို့ရဲ့ စီမံအုပ်ချုပ်မှုကို နာခံမှုမရှိတဲ့အတွက် နတ်မောက်မြို့နယ် ဝက်ချုပ်ကျေးရွာနေသူ ၁ဦးကို ယနေ့ ဧပြီလ ၃၀ရက်နေ့က ကူးစက်ရောဂါကာကွယ်ရေး ပုဒ်မ၁၈နဲ့ တရားစွဲဆိုခဲ့တဲ့အတွက် နတ်မောက်မြို့နယ်တရားရုံးက ထောင်၃လ ချမှတ်လိုက်တယ်လို့ သိရပါတယ်။ နတ်မောက်မြို့နယ်၊ဝက်ချုပ်ကျေးရွာနေ ဦးဘိုအက် ၄၅နှစ်သည် ဧရာဝတီတိုင်း ဖျာပုံမြို့နယ် မုတ္တမပင်လယ်ကျားဖောင်တွင် ငါးဖမ်းလုပ်ငန်းလုပ်ကိုင်ရာမှ အလုပ်လုပ်ပြီး ဧပြီလ ၂၇ရက်နေ့က ဝက်ချုပ်ကျေးရွာသို့ ပြန်လာခဲ့ကြောင်း သိရပါတယ်။ ဦးဘိုအက်ကို တာဝန်ရှိသူတို့မှ Facility Quarantine နေထိုင်ရန်သွားရောက်ဆွေးနွေးခဲ့ရာ နေထိုင်မည်ဟုပြောပြီး ၎င်း၏နေအိမ်၌ ပြန်လည်နေထိုင်သဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ကျန်းမာရေးဆရာမတို့၏ စီမံအုပ်ချုပ်မှုကိုနာခံမှုမရှိ သဖြင့် ကူးစက်ရောဂါကာကွယ်ရေးပုဒ်မ၁၈ဖြင့် နတ်မောက်မြို့နယ် ဒုအုပ်ချုပ်ရေးမှူးဦးတင်ဇော်ဝင်းမှ ဧပြီလ ၃၀ရက်နေ့က တရားလိုပြုလုပ် ဦးတိုက် လျှောက် တရားစွဲဆိုခဲ့ရာ...

Post
မင်းဘူးမြို့မရဲစခန်းက ဆိုင်ကယ်ခိုးသူ၃ဦးနဲ့ ဆိုင်ကယ်၁၂စီးခိုးမှု စစ်ဆေးဖော်ထုတ်နိင်ခဲ့

မင်းဘူးမြို့မရဲစခန်းက ဆိုင်ကယ်ခိုးသူ၃ဦးနဲ့ ဆိုင်ကယ်၁၂စီးခိုးမှု စစ်ဆေးဖော်ထုတ်နိင်ခဲ့

မင်းဘူးမြို့မှာ ဆိုင်ကယ်ခိုးတဲ့ တရားခံ(၃)ဦးနဲ့ ဆိုင်ကယ်ခိုးမှု (၁၂)မှုတို့ကို စစ်ဆေးဖော်ထုတ်နိင်ခဲ့တယ်လို့ ဧပြီလ ၂၉ရက်နေ့က မင်းဘူးမြို့မရဲစခန်းက သိရပါတယ်။ မင်းဘူးမြို့မရဲစခန်းမှူး ဒုရဲမှူး မြင့်ဇော်ရဲ့တာဝန်ပေးချက်အရ ဧပြီလ ၂၇ရက်နေ့က မင်းဘူးမြို့မရဲစခန်း နယ်ထိန်း(အရာရှိ) ဒုရဲအုပ် ကျော်ငြိမ်းနဲ့အဖွဲ့သည် သက်သေများ နှင့်အတူ ညဉ့်နက်လှည့်ကင်း ဆောင်ရွက်နေစဉ် ည ၁၁နာရီ၃၀မိနစ်အချိန်ခန့် Minbu Motel အနီး ဈေးဘက်သွား လမ်းကြားတွင် မသင်္ကာဖွယ် လူငယ်တစ်ဦးကို ဆိုင်ကယ်(၁)စီးနှင့်အတူ တွေ့ရှိလို့ ရပ်တန့် စစ်ဆေးရာ ၎င်းမှာ မကျီးသုံးပင်ကျေးရွာနေမျိုးမင်းထွန်းဖြစ်ပြီး ၎င်းနှင့်အတူ တွေ့ရှိသော ဆိုင်ကယ်ကို စစ်ဆေးရာ ဇာတ်သော့ချိုးထားသည့်အပြင် သော့မပါဘဲ တွေ့ရှိရပြီး ၎င်းပိုင်ဆိုင်ကြောင်း အထောက်အထား တစ်စုံတစ်ရာ ပြောပြနိုင်ခြင်းမရှိသဖြင့် နေအိမ်အဆောက်အဦးတစ်ခုခု အတွင်းမှ ခိုးယူလာသည်ဟု သင်္ကာမကင်းဖွယ်ဖြစ်လို့ သက်သေများရှေ့ ရှာဖွေပုံစံပြုလုပ်...

Post
သတင်းထောက်များစုပေါင်း၍ စားဝတ်နေရေးခက်ခဲသူ များအားလှူဒါန်း

သတင်းထောက်များစုပေါင်း၍ စားဝတ်နေရေးခက်ခဲသူ များအားလှူဒါန်း

ကချင်ပြည်နယ်၊မြစ်ကြီးနားခရိုင်၊ဝိုင်းမော်မြို့နယ်၊စမ်း ကားကျေးရွာအုပ်စု၊တာစန်းကျေးရွာတွင် စားဝတ်နေရေး ခက်ခဲသော အိမ်ထောင်စု(၅၄)စုအား ဟင်္သာသတင်းအေ ဂျင်စီ သတင်းထောက်များစုပေါင်း၍ တာစန်းကျေးရွာ စမ္မာသုခ စမ္မာရုံကြီးတွင် ယနေ့ ဧပြီ ၂၇ ရက်နံနက်၁၀နာရီ ချိန်က ဆန်(၄)ပြည်အိတ်(၅၄)အိတ်၊ကြက်ဥ(၅၄၀)လုံး၊ ဆီ(၅၀)သား(၅၄)ဗူး၊ကြက်သွန်နီ(၅၄)ပိသာ၊ဆား(၅၄)ပိ သာ၊ကုလားပဲ(၂၁၆)ဗူး၊ခရမ်းချဉ်သီး(၅၄)ပိသာလှူဒါန်း ခဲ့ပြီးရွာဦး ဓမ္မသုခဘုန်းတော်ကြီးကျောင်း ပဓာနနာယက ဆရာတော် ဦးပန်နိတဆရာတော်ကြီးနှင့်ကျောင်းရှိသံဃာ (၆)ပါးအား တစ်ပါးလျှင်ဝတ္ထုငွေ(၁၀၀၀၀)ကျပ်နှုန်းဖြင့် (၆၀၀၀၀)ကျပ် ကပ်လှူခဲ့ကြောင်း သိရသည်။ တကယ့်ကို စားစရာခက်ခဲပြီး ဆန်ပြုတ်သောက်နေရတဲ့ မိသားစု(၃)စုကို ကိုယ်တိုင်လေ့လာတွေ့ရှိလို့ အခုလိုစု ပေါင်းလှူဒါန်းဖြစ်တာပါ။အမှန်တကယ် စားရေးခက်ခဲနေ တဲ့မိသားစုတွေကို ကိုယ်တိုင်လေ့လာပြီး ခုလိုစုပေါင်းလာ ရောက်လှူဒါန်းဖြစ်တာပါ။တကယ်တော့ ကျန်တော်တို့ လည်း မပြေလည်ပါဘူး။ ဒါပေမယ့် ကျန်တော်တို့ထက် ခက်ခဲနေတာတွေရတော့ ကျန်တော်တို့တတ်နိုင်သ၍စု ပေါင်းပြီး ခက်ခဲနေတဲ့ပြည်သူတွေကို တတ်နိုင်သလောက် ကူညီဆောင်ရွက်ပေးတာပါ။လှူဒါန်းရာမှာလည်း ကျေး ရွာအုပ်ချုပ်ရေး၊ကျန်းမာရေး၊ရပ်မိရပ်ဖတွေကပါဝင်ကူး ညီဆောင်ရွက်ပေးပါတယ်။ဒုတိယအကြိမ်...

Post
COVID -19 ကပ်ရောဂါဖြစ်နေသည့်အချိန်ကာလ မကွေးတိုင်းက သဘင်ပညာရှင် သုံးထောင်ကျော်ကို စားနပ်ရိက္ခာလှူဒါန်း

COVID -19 ကပ်ရောဂါဖြစ်နေသည့်အချိန်ကာလ မကွေးတိုင်းက သဘင်ပညာရှင် သုံးထောင်ကျော်ကို စားနပ်ရိက္ခာလှူဒါန်း

COVID -19 ကပ်ရောဂါဖြစ်နေသည့်အချိန်ကာလအတွင်း လူစုလူဝေးမဖြစ်စေရန် ဇာတ်ပွဲများရပ်နားထားရပြီး Home Stay နေရသည့်အချိန် သဘင်ပညာရှင်များ အခက်အခဲရှိနေသည့်အတွက် မြန်မာနိုင်ငံ သဘင်အစည်းအရုံးဗဟိုက ဦးဆောင်ပြီး မကွေးတိုင်းဒေသကြီးအတွင်းက သဘင်ပညာရှင်များကို စားနပ်ရိက္ခာလှူဒါန်းလျှက်ရှိတယ်လို့ သိရပါတယ်။ သု၃၄၃၅ ကို ဆန်၊ ဆီ၊ ဆား စသည်တို့ကို လှူဒါန်းကြောင်း မကွေးတိုင်းဒေသကြီး သဘင်အစည်းအရုံး ဥက္ကဌ ဦမင်းခန်းကိုကပြောသည်။ မြန်မာနိုင်ငံ သဘင်အစည်းအရုံးဗဟို၊ တိုင်းနဲ့ မြို့နယ် ရန်ပုံငွေများ စုပေါင်းပြီး အလှူငွေ ကျပ်သိန်း ၁၅၀၀ မတည်ပြီး၊ KMB ဖောင်ဒေးရှင်း CB Bank ဥက္ကဌ ဦးခင်မောင်အေးက ကျပ်သိန်း ၁၅၀၀ လှူဒါန်းကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ သဘင်ပညာရှင် ၂၂၀၀၀ ကျော်ရှိပြီး မကွေးတိုင်းတွင် ၃၄၃၅ ဦးရှိကြောင်း မကွေးတိုင်းသဘင်အစည်းအရုံး...

Post
Covid 19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဒေသခံပြည်သူများက လှူဒါန်း

Covid 19 ကူးစက်ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဒေသခံပြည်သူများက လှူဒါန်း

မကွေးခရိုင် တောင်တွင်းကြီးမြို.နယ်အခြေစိုက် Myanmar Rescue Organization Taungdwingyi အရေးပေါ်အသက်ကယ်ဆယ်ရေးအဖွဲ့၊မြို့နယ်ကြက်ခြေ နီအဖွဲ့၊ရွှေအိုး(၂)ရပ်ကွက် covid 19 ထိန်းချုပ်တုံ့ပြန်ရေး ပရဟိတအဖွဲ့များအား တောင်တွင်းကြီးမြို့၊တောင်ပြင် (၁)ရပ်ကွက်၊ပြည်လမ်းရှိ စွမ်းအား(၂)အိမ်ဆောက်ပစ္စည်း နှင့်လယ်ယာသုံးပစ္စည်းအရောင်းဆိုင်မိသားစုမှ Covid – 19 ကူးစက်ရောဂါကြိုတင်ကာကွယ်မှုများပြုလုပ်ရာတွင် အသုံးပြုနိုင်ရန်အတွက် ဧပြီ ၂၆ ရက် ညနေ ၅ နာရီ အချိန်က မြို့နယ်ကြက်ခြေနီအဖွဲ့အား ပိုးသတ်ဆေးဖျန်း ပုံး(၃)ပုံး၊အရေးပေါ်အသက်ကယ်ဆယ်ရေးအဖွဲ့သို့ ပိုးသတ်ဆေးဖျန်းပုံး(၂)လုံး၊covid -19ထိန်းချုပ်/တုံ့ပြန်ရေးပရဟိတအဖွဲ့အား ဂါလံ(၅၀)ဆန့်ပီပါ(၁)လုံး အား အသီးသီးပေးအပ်လှူဒါန်းရာ သက်ဆိုင်ရာအဖွဲ့ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရပါတယ်။ အလားတူ ရွှေအို(၂)ရပ်ကွက် Covid -19ထိန်းချုပ်တုံ့ ပြန်ရေး ပရဟိတအဖွဲ့မှ Myanmar Rescue Organiz ation Taungdwingyi. အရေးပေါ် အသက်ကယ်ဆယ် ရေးအဖွဲ့သို. ဂလိုရင်းပိုးသတ်ဆေးလှူဒါန်းခဲ့ကြောင်းသိ...

Post
ကံမမြို့နယ်က စားဝတ်နေရေးခက်ခဲသူတွေကို သူတို့လှူဒါန်းကြပြီ

ကံမမြို့နယ်က စားဝတ်နေရေးခက်ခဲသူတွေကို သူတို့လှူဒါန်းကြပြီ

Covid-19ကပ်ဆိုးကြီးဖြစ်နေချိန် မကွေးတိုင်း ကံမမြို့နယ်အတွင်းမှ စားဝတ်နေရေးခက်ခဲသော မိသားစုများကို ကူညီနိုင်ရန်အတွက် ယနေ့ ဧပြီလ၂၆ရက်နေ့က ပြည်မြို့ ပေးဆပ်သူများအဖွဲ့မှ စားနပ်ရိက္ခာများ လာရောက်လှူဒါန်းတယ်လို့ သိရပါတယ်။ ပြည်မြို့က DVBသတင်းထောက် ဆရာမင်းညိုက ကံမမြို့နယ်မှာ ဒီအချိန် တကယ်စားစရာမရှိတဲ့မိသားစုတွေ ရှိနေတာကို သိရှိပြီး အွန်လိုင်းကနေပိုစ့်တင်အကူညီတောင်းတဲ့အတွက် ပြည်မြို့ ပေးဆပ်သူများအဖွဲ့က ဆန် ၃ပြည်အိတ် ၆၀၊ ဆီ ဗူးသေး ၆၀၊ ကြက်သွန် ၃၀ပိသာ၊ကြက်ဥအလုံး ၆၀၀၊ ကိုငွေတိုး တက်တိုးအိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး ခေတ္တရာ မြို့သစ် ပြည်မှ ငွေ၁သိန်း၊ ကိုဇော်လေး မန္တလေးမှ mask ၁၀၀၊ နိင်ငံရေးအကျဥ်းသားဟောင်းကိုကျော်ဆွေ ပြည်မြို့မှ ဆန်၁အိတ် လာရောက်လှူဒါန်းပါတယ်လို့ ကံမမြို့ အမှတ်၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက ပြောပါတယ်။ အခုလို စားစရာအခက်အခဲဖြစ်နေတဲ့သူတွေကို လှူဒါန်းပေးနိင်အောင်...

Post
ဆင်ဖြူကျွန်းမြို့တွင် ပြည်ပမှပြန်လာသူ ၈၀ဦး ကျန်းမာရေးစောင့်ရှောက်မှု၂၁ရက်ပြည့်၊ နေထိုင်ရာ ကျေးရွာများသို့ပြန်လွှတ်ပြီး ပြည်တွင်းပြန် ၄ဦးကို ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်နေ

ဆင်ဖြူကျွန်းမြို့တွင် ပြည်ပမှပြန်လာသူ ၈၀ဦး ကျန်းမာရေးစောင့်ရှောက်မှု၂၁ရက်ပြည့်၊ နေထိုင်ရာ ကျေးရွာများသို့ပြန်လွှတ်ပြီး ပြည်တွင်းပြန် ၄ဦးကို ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်နေ

မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့တွင် ပြည်ပမှပြန်လာသူ ၈၀ဦးအား ကျန်းမာရေးစောင့်ရှောက်မှု၂၁ရက်ပြည့်၍‌ ၎င်းတို့နေထိုင်ရာ ကျေးရွာများသို့ပြန်လွှတ်ပြီး ပြည်တွင်းပြန် ၄ဦးကို ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်နေကြောင်း သိရှိရပါတယ်။ Qထားတဲ့လူတွေကို ၂၁ရက်ပြည့်လို့ ဒီနေ့ပြန်လွှတ်တော့မှာပါ၊ ကျန်းမာရေးအခြေအနေ အကုန်ကောင်းကြပါတယ်၊ပြည်တွင်းကပြန်လာသူတွေထားတာ ၄ဦးရှိပါတယ်၊ ပြည်တွင်းပြန်၄ဦးက ကျန်းမာရေးစိုးရိမ်စရာမရှိပါဘူး၊ ဖျားတာ၊နာတာ၊အပူချိန်တက်တာ လုံးဝမရှိပါဘူးလို့ မကွေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ စလင်းမဲဆန္ဒနယ်အမှတ်၂မှ ဦးသက်ခိုင်က ပြောပါတယ်။ ယခုပြန်ကျသူများသည် ဆင်မကျွန်ကျေးရွာနေကြသူများဖြစ်ကြောင်း၊ ရန်ကုန်တိုင်း ပန်းဘဲတန်းမြို့နယ်က ပြန်လာသူ ၄ဦးသာကျန်ရှိတော့ကြောင်း၊ ဒေသန္တာရအမိန့်ကို မလိုက်နာကြသဖြင့် လုပ်ရကိုင်ရတာ ခက်ခဲကြောင်း၊ ၊ပြည်သူလူထုက ဒေသန္တာရအမိန့်တွေ၊ ညွှန်ကြားချက်တွေသိပြီး လိုက်နာဖို့လိုပါတယ်လို့ ဦးသက်ခိုင်က ဆိုပါတယ်။ ရန်ကုန်ကပြန်လာတဲ့၄ဦးက ဧပြီလ၂၀ရက်နေ့ကရောက်ပါတယ်၊ ညအိပ်ညနေ လက်မခံဖို့ ဒေသန္တာရအမိန့်ထုတ်ထားပါတယ်၊ အဲဒါမလိုက်နာကြဘူး၊ မလိုက်နာပဲလက်ခံထားကြတယ်၊ ခုကြတော့၂ရက်လောက်ရှိမှပတ်ဝန်းကျင်နဲ့ ပြဿနာတက်ပြီးပြောတော့မှ ခုမှထိန်းသိမ်းထားရတာပါ၊ ပြည်သူတွေအနေနဲ့ MOHSကထုတ်တဲ့...

Post
တောင်တွင်းကြီးမြို့ အများပြည်သူ အသွားအလာ များသော နေရာများတွင် တပ်မတော်က ပိုးသတ်ဆေး ဖျန်းပေးလျှက်ရှိ

တောင်တွင်းကြီးမြို့ အများပြည်သူ အသွားအလာ များသော နေရာများတွင် တပ်မတော်က ပိုးသတ်ဆေး ဖျန်းပေးလျှက်ရှိ

တောင်တွင်းကြီးမြို့၌ Covid 19 ကူးစက်ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို တပ်မတော်ကအရှိန်အဟုန် မြှင့်ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရပါတယ်။ အများပြည်သူအသွားအလာများသော ဘုန်းကြီးကျောင်း တွေ၊စာသင်ကျောင်းတွေ၊ဘုရားတွေ၊ပြည်ပပြန်လာသူများနေထိုင်ထားရှိခဲ့သည့်နေရာတွေနှင့်အသွားအလာများ သောလမ်းမကြီးတွေကို တောင်တွင်းကြီးအခြေစိုက် အမှတ်(၇)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ ဗိုလ်မှူးကြီး ကျော်သန်းဆွေ၏လမ်းညွှန်ချက်နဲ့အညီ ဗိုလ်မှူး ထင်လင်းဦး၊ဗိုလ်ကြီး မျိုးမင်းဦး ဦးစီးသော တပ်မတော် သား(၈)ဦး၊Myanmar Rescue အရေးပေါ်အသက် ကယ်ဆယ်ရေးအဖွဲ့များ၊ကြက်ခြေနီအဖွဲ့များ၊အရံမီးသတ် တပ်ဖွဲ့များ ပူးပေါင်းအင်အား(၂၅)ဦးတို့ဖြင့် ဧပြီ (၂၄) ရက်နံနက်၈နာရီအချိန်မှ ညနေ၂နာရီအချိန်ထိ တောင်တွင်း ကြီးမြို့နယ် ဇီးတောအုပ်စု၊ဆိတ်ဖူးကျင်းကျေးရွာ၊ သပြေပင်ကျေးရွာ၊ဇီးတောကျေးရွာများတွင် ဂလိုရင်ပိုး သတ်ဆေးဖျန်းပေးခဲ့ကြောင်း သိရပါတယ်။ အလားတူ ဧပြီ ၂၂ ရက် နံနက်ပိုင်းကလည်း တောင်တွင်း -ပြည် လမ်းမကြီး၊တောင်တွင်း-မကွေးလမ်းမကြီးများ နှင့်ပြည်ပကပြန်လာသူများနေထိုင်ထားရှိသည့် အ ထ က (၁)ကျောင်းဝင်လမ်းများအား အမှတ်(၇)စစ် အခြေခံ လေ့ကျင့်ရေးတပ်၊တပ်မှူး ဗိုလ်မှူးကြီး ကျော်သန်းဆွေ၊...

Post
Maskမတပ်ခြင်းနှင့် ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူများအား အရေးယူမည်

Maskမတပ်ခြင်းနှင့် ဆိုင်ကယ်စီးဦးထုပ်မဆောင်းသူများအား အရေးယူမည်

မကွေးတိုင်း ရေနံချောင်းမြို့မှာ Covid-19ရောဂါကူးစက်ခြင်းမှ ကာကွယ်ထိန်းချုပ်နိင်ရန်အတွက် ဆိုင်ကယ်စီးသူများ Maskတပ်ဆင်ခြင်းမရှိ၊ ဆိုင်ကယ်စီးဦးထုပ်မဆောင်းခြင်းတို့ကို တွေ့ရှိပါက ယနေ့ ဧပြီလ ၂၃ရက်နေ့ ညနေပိုင်းမှ စတင်ကာ နေ့စဥ်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ယနေ့ ဧပြီလ ၂၃ရက်နေ့ ညနေပိုင်းမှ စတင်ကာ နေရာစုံရွေ့လျားပြီး ဆောင်ရွက်လျှက်ရှိကာ စည်းကမ်းချိုးဖောက်သူများကို ဖမ်းစီးပြီး အရေးယူရန်အတွက် မြို့နယ်တရားရုံးသို့ ပိုဆောင်သွားမယ်လို့ သိရပါတယ်။ Maskမတပ်ဘူး၊ ဆိုက်ကယ်စီးဦးထုပ်ဆောင်းတယ်၊ ဒါမှမဟုတ် Maskတပ်တယ်၊ ဆိုင်ကယ်စီးဦးထုပ်မပါရင် ပြန်လွတ်ပါတယ်၊ အကယ်၍ Maskလဲ မတပ်ဘူး၊ ဆိုင်ကယ်စီးဦးထုပ်လဲမဆောင်းဘူးဆိုရင် ဖမ်းပါတယ်လို့ ရေနံချောင်းမြို့ခံ ကိုအောင်ကျော်ဦးက ပြောပါတယ်။ တရားရုံးတင်ရမှာဖြစ်တဲ့အတွက်၊သောကြာနဲ့ စနေမဖမ်းဘူး၊ တနင်္ဂနွေကနေစပြီး ကြာသာပတေးနေ့အထိ နေရာစုံရွေ့လျားပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်လို့ ရေနံချောင်းမြို့မရဲစခန်းမှ စခန်းမှူးဒုရဲမှူးအောင်လွင်ဦးက ပြောပါတယ်။ ယင်းသို့maskမတပ်​​ခြင်းနှင့် ဆိုင်ကယ်စီးဦးထုပ်မဆောင်းခြင်းတို့ကို အရေးယူရန်အတွက် ရေနံချောင်းမြို့နယ်ရဲတပ်ဖွဲ့၊...

  • 1
  • 2
  • 4