Home 2022 April

Month: <span>April 2022</span>

Post
ပြည်တွင်းဈေးကွက်နှင့် နိုင်ငံခြားတင်ပို့ရန် အရည်အသွေးကောင်း အိတ်စွပ် စိန်တလုံးသရက်သီးများ ဈေးကောင်းပေးဝယ်ယူမည်

ပြည်တွင်းဈေးကွက်နှင့် နိုင်ငံခြားတင်ပို့ရန် အရည်အသွေးကောင်း အိတ်စွပ် စိန်တလုံးသရက်သီးများ ဈေးကောင်းပေးဝယ်ယူမည်

ရွှေမန်း ပြည်တွင်းဈေးကွက်နှင့် နိုင်ငံခြားတင်ပို့ရန် အရည်အသွေးကောင်း အိတ်စွပ် စိန်တလုံး သရက်သီးများကို တောင်သူများထံ မှ ဈေးကောင်းပေးဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။စိန်တလုံးသရက်သီများကို နှစ်စဉ် စင်ကာပူနိုင်ငံသို့ အအေးခန်း ကွန်တိန်နာများဖြင့် ရေကြောင်းမှ တင်ပို့နေရာ ပြည်တွင်းတောင်သူများထံ မှ အရည်အသွေးကောင်း စိန်တလုံးသရက်သီးများကို အရည်အသွေးအမျိုးအစားလိုက် ဈေးကောင်းပေးဝယ်ယူမည်ဖြစ်ကြောင်း သဇင်နွယ်သရက်ခြံ မန်နေဂျာ ဦးဌေးအောင် ကပြောသည်။“ စိန်တလုံးအိတ်စွပ်သီးဖြစ်ရပါမယ်။ ဝယ်ယူမယ့်ပုံစံကတော့ အညာပါရမည်။ အစက်ပြောက်ကင်းရမယ်။ အရောင်းလှရမည် ။အနုသီးများ အမှည့်သီးများမဖြစ်ရပါ။ အရည်အသွေးကောင်းရင်ကောင်းသလို ဈေးကောင်းပေးဝယ်ပါမယ်။ ၂၅၀ ဂရမ် ဆိုဒ် ၁၆ကီလိုဂရမ် တစ်ခြင်း ကျပ် ၁၀၀၀၀-၁၂၀၀၀၀ ၊ဈေး ၃၀ဝဂရမ်ဆိုဒ် ၁၆ကီလိုဂရမ် တစ်ခြင်း ကျပ် ၁၃၀၀၀၀-၁၅၀၀၀၀ ၊ ၃၅၀-၄၀ဝဂရမ် ၁၆ကီလိုဂရမ် တစ်ခြင်း ၁၆၀၀၀-၁၈၀၀၀ ၊၄၀၀-၄၅ဝဂရမ်...

Post
ဗဟိုဘဏ်၏ နိုင်ငံခြားငွေထိန်းကျောင်းမှုတွင် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များ အကျုံးဝင်ခြင်းမရှိတော့

ဗဟိုဘဏ်၏ နိုင်ငံခြားငွေထိန်းကျောင်းမှုတွင် နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်များ အကျုံးဝင်ခြင်းမရှိတော့

ရွှေမန်း ဗဟိုဘဏ်ရဲ့ နိုင်ငံခြားငွေ ထိန်းကျောင်းမှုဆိုင်ရာ ၁၂/၂၀၂၂ အမိန့်ကြော်ငြာစာပါ ပြည်တွင်းနေထိုင်သူများရဲ့ ပြည်ပက နိုင်ငံခြားသုံးငွေဖြင့် ရရှိသည့် ဝင်ငွေများကို ကျပ်ငွေအဖြစ် ရောင်းချပေးရမည်ဆိုသည့် သတ်မှတ်ချက်က တရုတ်-မြန်မာ၊ ထိုင်း-မြန်မာနယ်စပ် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တွေ အကျုံးဝင်ပါဝင်ခြင်းမရှိတော့ကြောင်း ဧပြီ ၂၇ ရက် နေ့ ရက်စွဲဖြင့်ထုတ်ပြန်လိုက်သည်။ သွင်းကုန်လုပ်ငန်းရှင်များရဲ့ သွင်းကုန်အတွက် ငွေပေးချေရာတွင် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီထံ တင်ပြခွင့်ပြုချက် ရယူရန်မလိုဘဲ နိုင်ငံခြားငွေဖြင့် ပေးချေမှုများကို ဆောင်ရွက်ခွင့်ရရှိတဲ့ Designated Bank တွေသာ ဆောင်ရွက်ပေးဖို့ ဗဟိုဘဏ်က ညွှန်ကြားထားကြောင်းသိရသည်။ ပို့ကုန်လုပ်ငန်းရှင်များရဲ့ ပို့ကုန်ရငွေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းတို့ပါ ပြဋ္ဌာန်းချက်များအတိုင်း ရငွေများကို နိုင်ငံအတွင်းက ဘဏ်ငွေစာရင်းထံ မပျက်မကွက် ထည့်သွင်းရေး စိစစ်ဆောင်ရွက်ရမည်ဖြစ်ကြောင်းသိရသည်။ ထိုပြင် AD လိုင်စင်ရဘဏ်များထံ ပို့ကုန်ရငွေများ...

Post
အင်ဒိုနီးရှား၏ စားအုန်းဆီတင်ပို့မှု ရပ်ဆိုင်းခြင်းအပေါ် စိုးရိမ်စရာမလိုကြောင်း စီးပွား/ကူးသန်းထုတ်ပြန်

အင်ဒိုနီးရှား၏ စားအုန်းဆီတင်ပို့မှု ရပ်ဆိုင်းခြင်းအပေါ် စိုးရိမ်စရာမလိုကြောင်း စီးပွား/ကူးသန်းထုတ်ပြန်

ရွှေမန်း အင်ဒိုနီးရှားရဲ့ ပြည်ပနိုင်ငံတွေထံ စားအုန်းဆီတင်ပို့ရောင်းချမှု ရပ်ဆိုင်းလိုက်ခြင်းအပေါ် ပြည်သူတွေအနေနဲ့ စိုးရိမ်ပူပန်စရာ မလိုအပ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ကြောင်းသိရသည်။ ပြည်တွင်းစားအုန်းဆီဈေးကွက်တည်ငြိမ်စေရေးနှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့် ပြည်သူတွေ ဝယ်ယူရရှိစေရေးတို့အတွက် စဉ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက်နေကြောင်း သိရသည်။ ကမ္ဘာ့ထိပ်တန်း စားအုန်းဆီထုတ်လုပ်တင်ပို့ရောင်းချသူ အင်ဒိုနီးရှားက စားအုန်းဆီပြတ်လပ်မှုကို လျှော့ချဖို့နဲ့ ဈေးနှုန်းတွေ ထိန်းထားဖို့ ရည်ရွယ်ပြီး စားအုန်းဆီနဲ့ ၎င်းရဲ့ ကုန်ကြမ်းတွေကို ပြည်ပနိုင်ငံတွေထံ ဧပြီလ ၂၈ ရက်မှ စတင်ကာ တင်ပို့ရောင်းချမှု ရပ်ဆိုင်းမယ်လို့ သမ္မတ ဂျိုကို ဝီဒိုဒိုက ကြေညာထားသည်။ မလေးရှားကတော့ သူ့အနေနဲ့ ကမ္ဘာ့စားအုန်းဆီ လိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ကြောင်း ပြောကြားထားပေမယ့် ကွာလာလမ်ပူမှာ စားအုန်းဆီတစ်တန်က ရင်းဂစ် ၆,၇၉၉ (ကန်ဒေါ်လာ ၁,၅၆၄) ကို မြင့်တက်သွားခဲ့ပြီး...

Post
လက်ဆက်သီးနှံ အထူးပို့ကုန်စနစ် (Green Channel) စနစ်ဖြင့်တင်ပို့ခွင့်ရရှိနိုင်ရေး နှစ်နိုင်ငံတာ၀န်ရှိသူများ ဆွေးနွေးတောင်းဆိုပေးပါက တောင်သူများ အဆင်ပြေမည်

လက်ဆက်သီးနှံ အထူးပို့ကုန်စနစ် (Green Channel) စနစ်ဖြင့်တင်ပို့ခွင့်ရရှိနိုင်ရေး နှစ်နိုင်ငံတာ၀န်ရှိသူများ ဆွေးနွေးတောင်းဆိုပေးပါက တောင်သူများ အဆင်ပြေမည်

ရွှေမန်း တရုတ်နိုင်ငံသို့ သရက်သီးတင်ပို့မှုများ အဆင်ပြေစွာတင်ပို့နိုင်ရေးအတွက် လက်ဆက်သီးနှံ အထူးပို့ကုန်စနစ် (Green Channel) စနစ်ဖြင့်တင်ပို့ခွင့်ရရှိနိုင်ရေး နှစ်နိုင်ငံတာ၀န်ရှိသူများ ဆွေးနွေးတောင်းဆိုပေးပါက တောင်သူများ အဆင်ပြေမည်ဖြစ်ကြောင်း သရက်တောင်သူများထံမှ သိရသည်။ သရက်သီးအပါအ၀င်လက်ဆက်သီးနှံများကို ယခင်က ညနေစိုက်ခင်းက ခူးဆွတ်တင်ပို့လိုက်သည့် သရက်သီးကားသည် နောက်နေ့မနက် ၀မ်တိန်အသီးကွင်းတွင် တိုက်ရိုက်၀င်ရောက် ရောင်းချ နိုင်ခဲ့ကြောင်း ယခုအခါ ကိုဗစ်၁၉ ရောဂါစစ်ဆေးမှုများကြောင့် ရက်ကြာမြင့်မှုများဖြစ်ပေါ် နေသည်မှာ Green Channel စနစ်ဖြစ်ဖြင့် ဦးစားပေး စစ်ဆေးပေးနိုင်ပါက နာမည်ရပို့ကုန်တစ်ခုဖြစ်သည့် မြန်မာ့သရက်သီးတင်ပို့မှုမှာအဆင်ပြေနိုင်ကြောင်း နှင့် နယ်စပ်တွင် ကုန်အပြောင်း အချိန်ကား ငှားရမ်းခမှာလည်း သက်မှတ်စျေးထက်မြင့်မားနေခြင်းမှာ သရက်သီး တင်ပို့မှုအတွက် အခက်အခဲဖြစ်နေခြင်းဖြစ်ကြောင်း အမရပူရမြို့နယ် ရေဘုတ်ကျေးရွာမှာ သရက်သီး တင်ပို့ရောင်းချနေသည့် ဦးအောင်ကိုဦးက ပြောသည်။ “ နယ်စပ်ပွဲရုံများမှာ တဆင့်တောင်သူတွေယုံကြည်စွာတင်ပို့ရောင်းချသည့်...

Post
မြန်မာ့ စိန်တလုံး သရက်သီး တရုတ်နိုင်ငံသို့ တင်ပို့မှု ဆိုင်ရာ အခက်အခဲများ ကြောင့် ပြည်တွင်းဈေးကွက်ကို သာ အားထားရောင်းချရမည်

မြန်မာ့ စိန်တလုံး သရက်သီး တရုတ်နိုင်ငံသို့ တင်ပို့မှု ဆိုင်ရာ အခက်အခဲများ ကြောင့် ပြည်တွင်းဈေးကွက်ကို သာ အားထားရောင်းချရမည်

ရွှေနွယ်ကြိုး မြန်မာ့စိန်တလုံး သရက်သီး တရုတ်နိုင်ငံနိုင်ငံသို့တင်ပို့မှုဆိုင်ရာ အခက်အခဲများကြောင့် ပြည်တွင်းဈေးကွက် ကိုသာ အားထားရောင်းချရမည်ဖြစ်ကြောင်း ပို့ကုန်သမားများနှင့် သရက်ခြံပိုင်ရှင်များထံမှ သိရသည်။ တရုတ်ဈေးကွက်သို့ တင်ပို့ရာတွင် ယခင်က လက်ဆက်သီးနှံများ တင်ပို့မှုဆိုင်ရာ မူဝါဒအရ သရက်သီးကို ဦးစားပေး စနစ်ဖြင့် တရုတ်နယ်စပ်ဂိတ်များမှ ဝင်ရောက်ခွင့် ရရှိခဲ့သော်လည်း ယခုအခါ တရုတ်နိုင်ငံ၏ ကိုဗစ် ၁၉ ရောဂါဆိုင်ရာ တင်းကြပ်သည့် ရောဂါစစ်ဆေးမှုများနှင့် ကားရှန်တိန်ချိန်ပြောင်းတင်ပို့နေရသည့် အပြင် ဆေးဖြန်း ကာ ၄၈ နာရီ နှစ်ဖက် စစ်ဆေးမှုများကြောင့် သရက်သီး၏ စင်တင်ကာလ ကုန်ဆုံးနိုင်သဖြင့် လက်ရှိ စစ်ဆေးမှု အခြေအနေများနှင့် ကုန်ကျစရိတ်များ ကြောင့် တင်ပို့နိုင်ခြင်း မရှိသေးကြောင်း ခွာညိုပွဲရုံမှ ဦးစိုင်းခင်မောင်က ပြောသည် ။ “ တရုတ်ဖက်က အကောက်အခွန်စနစ်အပြောင်းအလဲကြောင့်...

Post
ရာမဒန်ကာလ ကျန်းမာရေးလမ်းညွှန်

ရာမဒန်ကာလ ကျန်းမာရေးလမ်းညွှန်

ကျနော့် ဆေးခန်းရဲ့ မိတ်ဆွေ တချို့ဟာ ရာမဒန်ကာလမှာ ဥပုသ် ဝင်နေကြတယ်လို့ သိရပါတယ်။ ဥပုသ် ကာလမှာ မနက် နေထွက်ကနေ ညနေ နေဝင်ချိန် အတွင်း အစား အသောက်တွေ ရှောင်ကြဥ်ရတယ်လို့လည်း သိရပါတယ်။ ဒီတော့ ကျနော့် ဆေးခန်းက အစ္စလာမ် ဘာသာဝင် မိတ်ဆွေတွေ အဖို့ ဥပုသ်လည်း မြဲအောင်၊ ကျန်းမာရေးလည်း မထိခိုက်ရအောင် စားသောက်နေထိုင်နည်း အကြံပြုချက် တချို့ကို လေ့လာဖတ်ရှုပြီး မျှဝေလိုက်ရကြောင်းပါ။ ခန္ဓာကိုယ်နဲ့ အာဟာရဓါတ် စားသင့်၊ ရှောင်သင့်တာတွေ မပြောခင် ခန္ဓာကိုယ်မှာ အာဟာရဓါတ်တွေ စုပ်ယူ၊ အလုပ် လုပ်ပုံကို အကျဥ်း ပြောရရင်- နောက်ဆုံး စားလိုက်တဲ့ အစား အသောက်ပေါ် မူတည်ပြီး ခန္ဓာကိုယ်က အာဟာရဓါတ်တွေကို စုပ်ယူနိုင်ချိန်ဟာ...

Post
👩‍⚕️👨‍⚕️👨‍⚕️👨‍⚕️…….……..👀

👩‍⚕️👨‍⚕️👨‍⚕️👨‍⚕️…….……..👀

ညပိုင်းဆို မျက်လုံးက ကောင်းကောင်း မမြင်ရဘူး၊ မီးရောင် ရှိနေတာတောင် မှုန်နေတယ် ကလေးတွေမှာတော့ လူကြီးတွေလို ပြောတတ်ချင်မှ ပြောတတ်မယ်။ မီးရောင် ရှိနေရက်နဲ့ ခလုတ် ခဏခဏ တိုက်မိနေတာမျိုးကို သတိထား သိနိုင်ပါတယ်။ ဘာလို့လဲ? အရပ်အခေါ်တော့ “ကြက်မျက်သင်း” တာပေါ့။ အလင်းရောင် အားကောင်းတဲ့ နေရာကနေ အလင်းရောင် မှိန်တဲ့၊ ဖျော့တဲ့ နေရာကို ရောက်တဲ့အခါ မျက်လုံး သူငယ်အိမ်က ကျယ်ပေးရတယ်။ ဒါမှ အလင်း များများ ဝင်မယ်။ ဝင်လာတဲ့ အလင်းရောင်က မြင်လွှာ (Retina) ကို ရောက်တဲ့အခါ ပတ်ဝန်းကျင်ကို ရှင်းရှင်း မြင်ရအောင် လုပ်ပေးတယ်။ ကြက်မျက်သင်းသူတွေမှာကျ မြင်လွှာမှာ ချို့ယွင်းချက် ရှိနေလို့ နေ့မှာ မြင်၊ ညမှာ ကန်းရတာပါ။...

Post
သင်္ကြန်ပိတ်ရက်ဖြစ်သော်လည်း ပို့ကုန်ပဲများဝယ်ယူမှုများပြီး စျေးကွက်သွက်နေ

သင်္ကြန်ပိတ်ရက်ဖြစ်သော်လည်း ပို့ကုန်ပဲများဝယ်ယူမှုများပြီး စျေးကွက်သွက်နေ

.ရွှေမန်း ယခုနှစ်တွင် သင်္ကြန်ပိတ်ရက်ဖြစ်သော်လည်းကို့ကုန် ပဲများဝယ်ယူမှုများပြီး စျေးကွက်သွက်နေကြောင်းပဲ၊ နှမ်း ကုန်သည်များထံမှသိရသည်။ ”အိန္ဒိယဘက်ကလဲ လိုချင်တယ် ဒီဘက်ကငွေကတော့ ၁,၈၅၀ ပဲ သတ်မှတ်တယ်။ နှုန်းသေမဟုတ်ဘူး အရှင်သတ်မှတ်တာ နည်းတဲ့နေ့နည်းသတ်မှတ်သလို များတဲ့နေ့များသတ်မှတ်မှာဆိုတော့ အဲ့ကိစ္စလဲ ပါမှာပေါ့၊ တကယ်ကုမ္ပဏီကြီးတွေက ဘီလျံနဲ့ ချီပြီး တစ်ဒေါ်လာ ၁,၈၅၀နဲ့ ခံရတာကို ပဲသမားတွေ ကတော့ အဲ့လောက်မရှိဘူး။ ဒါကြောင့်နောက်ပိုင်းမှာ ပိုက်ဆံက လိုလာမှာ ၁,၈၅၀နဲ့ ဝယ်မရရင် ၁,၉၀၀ နဲ့ ဝယ်မှာ ၁,၉၀၀ နဲ့ ဝယ်မရရင် ၁,၉၅၀ နဲ့ ဝယ်လာကြမှာဆိုတော့ တက်မှာပဲ။ ဒါကြောင့် စျေးတွေ ပြန်တက်တဲ့သဘောပေါ့ စျေးကွက်မှာ မတ်ပဲတွေအတင်းလိုက်ဝယ်နေတယ်။ ပဲစင်းငုံကလဲအထွက် ရှားတော့ စျေးကတက်လာတယ်” ဟု ပဲကုန်သည်တစ်ဦး ကပြောသည်။ မတ်ပဲတစ်တန်ကို...