Home 2020 September

Month: <span>September 2020</span>

Post
“NLDလွှတ်တော်ကိုယ်စားလှယ်လောင်း ကြေညာဗီနိုင်းဆိုင်းဘုတ်အား ဖျက်စီးယူဆောင်သွားသည်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီဝင်၁ဦးကို အမှုဖွင့်”

“NLDလွှတ်တော်ကိုယ်စားလှယ်လောင်း ကြေညာဗီနိုင်းဆိုင်းဘုတ်အား ဖျက်စီးယူဆောင်သွားသည်ဟုဆိုကာ ပြည်ခိုင်ဖြိုးပါတီဝင်၁ဦးကို အမှုဖွင့်”

“မကွေးတိုင်း စလင်းမြို့နယ် ဆည်ကန်အုပ်စု ဆည်ကန်ကျေးရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်လောင်း ကြေညာဗီနိုင်းဆိုင်းဘုတ်အား ဖျက်ဆီးသည်ဟုဆိုကာ တစ်ရွာထဲနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်တဦးကို စက်တင်ဘာ ၁၇ရက်နေ့က လင်းဇင်းနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သိရပါတယ်။ “ဆည်ကန်ကျေးရွာက Nldပါတီဝင်ဦးစိုးဝင်းအိမ်ဝိုင်းထဲမှာ စက်တင်ဘာ ၁၆ရက်နေ့ နံနက်စိုက်ထူမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်လောင်း ကြေညာဗီနိုင်း ၄ပေ-၈ပေရှိ ဆိုင်းဘုတ်ကိုတစ်ရွာတည်း မျက်နာခြင်းဆိုင်နေသူ မောင်ပိုင်ဆိုသူက သူအိမ်ထဲဝင်ဖျက်ဆီးတယ်လို့ လာတိုင်တာပေါ့၊ စက်တင်ဘာ၁၇ရက်နေ့မှာ (ပ)၄၁/၂၀၂၀ ၊ ရာဇသတ်ကြီးပုဒ်မ၄၂၇/၄၄၇နဲ့ အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက်နေပါတယ်လို့ စလင်းမြို့နယ် လင်းဇင်းနယ်မြေရဲစခန်း စခန်းမှူးရဲအုပ်သိန်းမြင့်က ပြောပါတယ်။ “ဆည်ကန်ကျေရွာနေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်၁ဦးဖြစ်တဲ့ ဦးစိုးဝင်းရဲ့နေအိမ်က NLD ဆိုင်းဘုတ်ကို အိမ်ထဲဝင်ရောက်ပြီး ဖျက်ဆီးသွားကြောင်း၊ စက်တင်ဘာ ၁၆ရက်မနက် စည်းရုံးရေးသွားမဲ့နေ့ ကိုယ်စားလှယ်ဆိုင်းဘုတ်ထောင်မယ်ဆိုပြီး ကလေးတွေ ညမှလုပ်တာဖြစ်ကြောင်း၊ အိမ်ထဲမှာဘဲထောင်ထားတာဖြစ်ပြီး အိမ်ဝိုင်းထဲဝင်ပြီး...

Post
ရပ်တန့်အစစ်ဆေးခံခြင်း မရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် ပူပေါင်းရဲတပ်ဖွဲ့ များကပိတ်ဆို့ဖမ်းဆီ;

ရပ်တန့်အစစ်ဆေးခံခြင်း မရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် ပူပေါင်းရဲတပ်ဖွဲ့ များကပိတ်ဆို့ဖမ်းဆီ;

တောင်တွင်းကြီး စက်တင်ဘာ (၁၆) နေပြည်တော်ဘက်မှ တောင်တွင်းကြီးဘက်သို့ဦးတည် မောင်းနှင်လာသောမော်တော်ယာဉ်(၂)စီးမှာ ပူပေါင်းပိတ် ဆို့စစ်ဆေးရေးဂိတ်များတွင် ရပ်တန့်အစစ်ဆေးခံခြင်း မရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် ပူပေါင်းရဲတပ်ဖွဲ့ များကပိတ်ဆို့ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရပါတယ်။ုဖြစ်ပုံကဒီလိုပါ ၂၀၂၀ စက်တင်ဘာ ၁၆ ရက်နေ့ ညနေ ၅နာရီ ၁၂ မီနစ်အချိန်ခန့်က တောင်တွင်းကြီးမြို.နယ်၊ ဆတ်သွားနယ်မြေရဲစခန်းပိုင် ဝံအော်ကြီးရဲကင်းတွင် တာဝန်ထမ်းဆောင်နေသော ဒုတိယရဲအုပ် ထွန်းထွန်းနိုင် ဦးစီးသောရဲတပ်ဖွဲ့ဝင်များက ဝံအော်ကြီးရဲကင်းရှေ့ နေပြည်တော် – ချောင်းနက်ကာလမ်းပေါ်တွင် ပိတ်ဆို့စစ် ဆေးဆောင်ရွက်နေစဉ် နေပြည်တော်ဘက်မှမောင်းနှင် လာသော YGN 9H 5905 Honda airwave ခဲရောင် မော်တော်ယာဉ်နှင့်YGN 5k 3185 Advan အဖြူရောင် မော်တော်ယာဉ်တို့အားရပ်တန့်စစ်ဆေးရန်အချက်ပြခဲ့ရာ ရပ်တန့်ခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသွားသဖြင့် ချောင်းနက်လမ်းဆုံရဲကင်းရှေ့တွင်ပိတ်ဆို့စစ်ဆေးဆောင်ရွက်နေသည့် ဒုတိယရဲအုပ် ကိုကိုမင်း ဦးစီးသောရဲတပ်ဖွဲ့...

Post
ရွေးကောက်ပွဲ အရှုပ်တော်ပုံများ

ရွေးကောက်ပွဲ အရှုပ်တော်ပုံများ

မန်မာနိုင်ငံအတွက် ပထမအကြိမ် ပါလီမာန်လွှတ်တော် အထွေထွေရွေးကောက်ပွဲကို၁၉၅၁-၁၉၅၂ မှာ  (၃)ကြိမ်ခွဲပြီး လုပ်ခဲ့ပါတယ်။ လုံခြုံရေးအခြေအနေအရ တစ်ပြိုင်တည်းမကျင်းပနိုင်ခြင်းဖြစ်တယ်။ ရွေးကောက်ပွဲ ၀င်တဲ့ပါတီတွေကတော့ အာဏာရ ဖဆပလအဖွဲ့ချုပ်ဝိဓူရသခင်ချစ်မောင်၊ သခင်လွင်တို့ရဲ့  (ဆိုရှယ်ဦး) ဗမာပြည်အလုပ်သမားလယ်သမားပါတီ၊ ဗိုလ်ချုပ် အစ်ကိုဦးအောင်သန်းရဲ့ပြည်သူ့ငြိမ်းချမ်းရေး အဖွဲ့ပေါင်းစုံ၊ဗိုလ်ထွန်းစိန်ရဲ့ပြည်သူ့ငြိမ်းချမ်းရေးအဖွဲ့ပေါင်းစုံ၊၊ သခင်မစိန် ရဲ့ ဗမာပြည် ဒီမိုကရက် တစ်ပါတီ၊ဒေါက်တာဘမောင်ရဲ့ မဟာဗမာအဖွဲ့၊ ဘကြီး ဘဘေရဲ့ပြည်ချစ်မဟာမိတ် အဖွဲ့၊ ရခိုင်အမျိုးသားအဖွဲ့၊ရှမ်း၊ မွန်၊ ကချင်ဒေသခံများပါတီ၊ မဟာမူဆလင်ကွန်ကရာဇ်၊ ဗိုလ်ချုပ်အောင်ဆန်းအဖွဲ့၊ အောင်ပါတီ၊အင်ဒီပင်းဒင့်ပါတီစတဲ့ပါတီများ ယှဉ်ပြိုင်ကြရတယ်။ လွှတ်တော်အမတ်(၂၃၃)နေရာမျာ အာဏာရ ဖဆပလ (၁၈၀)နေရာ အတိုက်အခံတွေက(၅၃)နေရာ ရတယ်လို့ စာနယ်ဇင်မှတ်တမ်းများအရ သိရပါတယ်။ ဘားအံအမတ်လောင်း ဦးဘဆက်၊ရွှေဘိုက ကိုယ်စားလှယ်၊ ပခုက္ကူအတိုက်အခံ ကိုယ်စားလှယ် (၂)ယောက်၊ မိတ္ထီလာအတိုက်အခံ (၇)ယောက်၊ အင်းစိန် အမတ်လောင်း ဦးထွန်းမြင့်၊ ရခိုင်အမတ်...

Post
“ယနေ့ နံနက်ထုတ်ပြန်ချက်အရ မကွေးတိုင်းတွင် ပိုးတွေးလူနာ၂ဦးရှိ၊ စုစုပေါင်းပိုးတွေ့လုနာ၁၅ဦးရှိပြီဖြစ်”

“ယနေ့ နံနက်ထုတ်ပြန်ချက်အရ မကွေးတိုင်းတွင် ပိုးတွေးလူနာ၂ဦးရှိ၊ စုစုပေါင်းပိုးတွေ့လုနာ၁၅ဦးရှိပြီဖြစ်”

မကွေး စက်တင်ဘာ ၁၇ ” “Covid 19ရောဂါ ပြည်တွင်းကူးဆက်မှုမြင့်မားနေသည့်အချိန်စက်တင်ဘာ(၁၇)ရက်နေ့ နံနက်(၈)နာရီဓာတ်ခွဲအဖြေထုတ်ပြန်မှုအရ မကွေးတိုင်းမှကိုဗစ်(၁၉)ပိုးတွေ့လူနာ(၂)ဦးရှိတယ်လို့ သိရပါတယ်။ “မကွေးမြို့နယ်၊ မိကျောင်းရဲ ၊ တောင်ခွင်အုပ်စု ၊ မကျီးကန်ရွာ မှ အသက်၂၁ နှစ်အရွယ် ၊ ရန်ကုန်ပြန် အမျိုးသမီး ၁ဦး၊ပေါက်မြို့နယ်မှ ၂၄ နှစ်အရွယ် ရန်ကုန်ပြန်အမျိုးသမီးတစ်ဦးတွင် ကိုဗစ်ပိုးထပ်တွေ့ ရှိတယ်လို့ မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွန်ကြားရေးမှူးဒေါက်တာခင်မောင်သန်းကပြောပါတယ်။ “မိကျောင်းရဲနှင့် ပေါက်မြို့နယ်တို့တွင် Facality Quarantineထားရှိပြီးနှာခေါင်းတို့ဖတ် ၊ အာခေါင်တို့ဖတ် ပို့ဆောင် စစ်ဆေးခဲ့ပြီး ယနေ့ စက်တင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် Positive အဖြေ ထွက်ခဲ့ကြောင်း၊ မကွေးမြို့နယ် မိကျောင်းရဲမှ လူနာကို မကွေးငါးထပ်ဆောင်ဆေးရုံ၊ ပေါက်လူနာကို ပခုက္ကူပြည်သူ့ဆေးရုံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန က...

Post
“ရန်ကုန် သုဝဏ္ဏ COVID-19 ကုသရေးဌာနမှာ ကူညီတာဝန်ထမ်းဆောင်ဖို့အတွက် မကွေးတိုင်းဒေသကြီးမှ ကျန်းမာရေးသူရဲကောင်း သူနာပြု/ အထက်တန်းသူနာပြု (၁၉) ဦးတို့ သွားရောက်”

“ရန်ကုန် သုဝဏ္ဏ COVID-19 ကုသရေးဌာနမှာ ကူညီတာဝန်ထမ်းဆောင်ဖို့အတွက် မကွေးတိုင်းဒေသကြီးမှ ကျန်းမာရေးသူရဲကောင်း သူနာပြု/ အထက်တန်းသူနာပြု (၁၉) ဦးတို့ သွားရောက်”

မကွေး စက်တင်ဘာ ၁၄ “Covid 19ရောဂါပြည်တွင်းကူးစက်မှုမြင့်မားနေချိန် ရန်ကုန် သုဝဏ္ဏ COVID-19 ကုသရေးဌာနမှာ ကပ်ရောဂါဘေး ကာကွယ်ရေးလုပ်ငန်းများတွင် အားဖြည့်ကူညီ တာဝန်ထမ်းဆောင်ဖို့အတွက် မကွေးတိုင်းဒေသကြီး ကျန်းမာရေးသူရဲကောင်း သူနာပြု/ အထက်တန်းသူနာပြု (၁၉) ဦးတို့သည် စက်တင်ဘာလ ၁၄ ရက် ယနေ့ နံနက်ပိုင်းက သွားရောက်နေပါပြီဖြစ်ကြောင်း မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းလှိုင် ထံက သိရသည်။ရန်ကုန်ကို အားဖြည့် …. “ဒီမနက် ရန်ကုန် သုဝဏ္ဏ COVID-19 ကုသရေးဌာနမှာ ကူညီတာဝန်ထမ်းဆောင်ဖို့ မကွေးတိုင်းဒေသကြီး မကွေး၊ မင်းဘူး၊ ပခုက္ကူ၊ ဂန့်ဂေါ ခရိုင်များမှ ကျန်းမာရေးသူရဲကောင်း သူနာပြု/အထက်တန်းသူနာပြု (၁၉) ဦး သွားရောက်နေပါပြီ၊ နိုင်ငံ့အရေး ကမ္ဘာ့အရေးမို့ အားတင်းပြီး တာဝန်ထမ်းဆောင်ပေးနေကြတဲ့...

Post
“ရန်ကုန်ကနေ မကွေးကို ဝင်လာတဲ့ကုန်တင်ကားတွေကို ယာယီရပ်နားစခန်းမှာပဲ ကုန်တင်ကုန်ချခွင့်ပြုမည်”

“ရန်ကုန်ကနေ မကွေးကို ဝင်လာတဲ့ကုန်တင်ကားတွေကို ယာယီရပ်နားစခန်းမှာပဲ ကုန်တင်ကုန်ချခွင့်ပြုမည်”

မကွေး စက်တင်ဘာ ၁၄ “Covid 19ပိုး ပြည်တွင်းကူးစက်မှုမြင့်မားနေတဲ့အချိန်အခါ ကြိုတင်ကာကွယ်တဲ့အနေနဲ့ မကွေးမြို့ကိုဝင်လာမယ့် ရန်ကုန်ကလာတဲ့ကုန်တင်ကားတွေကို မြို့ထဲထိအဝင်မခံဘဲ ယာယီရပ်နားစခန်းမှာ ကုန်တင်ကုန်ချခွင့်ပြုမှာဖြစ်တယ်လို့ ပုဂ္ဂလိကလုပ်ငန်းသုံးယာဥ်လိုင်းများကြီးကြပ်ရေးကော်မတီထံက သိရပါတယ်။ “ကုန်တင်ကားတွေအတွက် ယာယီရပ်နားစခန်းကို မကွေးမြို့နယ် မကြီးကန်ကျေးရွာအထက(ခွဲ)ကျောင်းဝန်းထဲမှာ ထားရှိတာဖြစ်ပါတယ်၊ ဒါ့အပြင်ရန်ကုန်ကနေ ကုန်ကားမောင်းနှင်လာတဲ့ယာဥ်မောင်းနဲ့ ယာဥ်နောက်လိုက်တွေအနေနဲ့လည်း မကွေးမြို့တွင်းကိုဝင်ခွင့်မရှိဘဲ မကွေးဒေသခံဖြစ်နေရင် Q(၁၄)ရက်ဝင်ပြီးမှသာ ဝင်ခွင့်ပြုမယ်လို့ သိရပါတယ်။ “မကွေးမြို့မှာ ကုန်စည်စီးဆင်းမှုမရပ်တန့်စေဖို့၊ ရောဂါကြိုတင်ကာကွယ်ဖို့အတွက် ယာယီရပ်နားစခန်းမှာဘဲ ကုန်တင်ကုန်ချပြုလုပ်ရမှာဖြစ်တယ်လို့ ပုဂ္ဂလိကလုပ်ငန်းသုံးယာဥ်လိုင်းများကြီးကြပ်ရေးကော်မတီ ဥက္ကဌဦးမြင့်စိုးကပြောပါတယ်။ “ကုန်စည်စီးဆင်းမှု မပြတ်​တောက်စေဖို့အတွက် ကုန်ကားအဝင်အထွက်ကိုတော့ပိတ်သွားမှာမဟုတ်ဘဲ မကွေးတိုင်းပြင်ပခရီးသည်ယာဥ်လိုင်းတွေကတော့စက်တင်ဘာ၁၄ရက်နေ့မှ စတင်ကာယာယီရပ်နားထားဖို့ တိုင်းဒေသကြီးကို ဗစ်၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီက စာထုတ်ထားတာဖြစ်ပါတယ်၊ မကွေးတိုင်းအတွင်းပြေးဆွဲနေတဲ့ယာဥ်လိုင်းတွေကတော့ ကိုဗစ်ရောဂါကြိုတင်ကာကွယ်ရေးက ချမှတ်ထားတဲ့စည်းကမ်းတွေနဲ့အညီပြေးဆွဲရမှာလို့ သိရပါတယ်။ “Covid 19ပိုး ပြည်တွင်းကူးဆက်မှုမြင့်မားနေချိန် တိုင်းပြင်ပပြေးဆွဲနေတဲ့ ယာဥ်လိုင်းတွေပိတ်လိုက်တဲ့အတွက် စိတ်ပူပန်မှုအနည်းငယ်လျော့ကျသွားတယ်လို့ မကွေးမြို့ဒေသခံဦးနေမိုးဆွေကျော်က ပြောပါတယ်။ “မကွေးမြို့ကိုဝင်ရောက်မယ့်...

Post
ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ  ဘဏ္ဍာရေးမွဳးဦးကြည်ထွန်းနှင့်အင်တာဗျူး

ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဘဏ္ဍာရေးမွဳးဦးကြည်ထွန်းနှင့်အင်တာဗျူး

မကွေးတိုင်းပြည်ထောင်စုကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ ဘဏ္ဍာရေးးလည်းဖြစ် မကွေးတိုင်းဒေသကြီးအမျိုးသားလွှတ်တော် အမှတ်(၈) နယ်မြေမှနေ၍ ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ရောက်အရွေးခံမည့် ဦးကြည်ထွန်းနှင့် မကွေးဂျာနယ်တို့အင်တာဗျူးခဲ့သည်။ မေး – ၂၀၂ဝမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းရာထားတာကို ဘယ်လိုရှိပါသလဲ ကိုယ်စားလှယ် လျာထားမှု စုစုပေါင်း (၈၈)ဦး အတွေ့အကြုံရှိပြီးသူ (၄၄) ဦး အသစ်လျာထားသူ (၄၄)ဦး လူငယ် (၂၆) ဦး အမျိုးသမီး (၅) ဦး ပါရဂူဘွဲ့ရ (၂) ဦး မဟာဘွဲ့ရ (၄)ဦ ဘွဲ့ရ (၆၆) ဦး အထက်တန်းဆင့် (၁၄)ဦး အလယ်တန်းဆင့် (၁) ဦးကိုယ်စားလှယ် လျာထားမှု စုစုပေါင်း (၈၈)ဦး အတွေ့အကြုံရှိပြီးသူ (၄၄) ဦး အသစ်လျာထားသူ (၄၄)ဦး လူငယ် (၂၆) ဦး အမျိုးသမီး (၅)...

Post
အာဏာရှင်ဆိုတဲ့ အခါးကို ဒီမိုကရေစီဆိုတဲ့ သကြားနှင့်ဖုန်းထားရင် ဝါးကြည့်တော့ သိမှာပါ

အာဏာရှင်ဆိုတဲ့ အခါးကို ဒီမိုကရေစီဆိုတဲ့ သကြားနှင့်ဖုန်းထားရင် ဝါးကြည့်တော့ သိမှာပါ

တောင်တွင်းကြီးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၊လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ဦးမင်းသိန်းနှင့်တွေ့ဆုံမေးမြန်းမှုအား ဖော်ပြပါသည်။ မေး ။ ကိုယ်ရေးအကျဉ်းနှင့်နိုင်ငံရေးစွမ်းဆောင်ခဲ့တဲ့အကျဉ်းလေးသိပါရစေ?ဖြေ ။ကိုယ်ရေးအကျဉ်းကတော့ နိုင်ငံရေးနှင့်ပတ်သက်လိမ့်မယ် ၁၉၇၄ ခုနှစ် ရန်ကုန်ပညာရေးတက္ကသိုလ်တက်ခဲ့ရတယ်၊၁၉၇၄ ဇွန် အလုပ်သမားအရေးခင်းမှာစပြီးတစ်ပါတီအာဏာရှင်တို့ရဲ့တပ်မတော်ကို အသုံးချပြီးနှိမ်နင်းခဲ့တာတွေကို ကိုယ်တွေ့မျက်မြင်ကြုံခဲ့ရတယ်၊၁၉၇၄ ဒီဇင်ဘာ ဦးသန့်အရေးအခင်းမှာ ပညာရေးတက္ကသိုလ်ကနေ ကျိုက္ကစံကွင်းချီတက်ခဲ့တာတွေ ဘွဲ့နှင်းသဘင်ခန်းမမှာ ဦးသန့်ရဲ့ခေါင်းကို ဘေးထားပြီး တရားဟောခဲ့တာတွေ နှိမ်နင်းခဲ့တာတွေဟာ ဒီနေ့ပြန်ပြောရင် ဒီနေ့အသစ်ပါဘဲ မျက်စေ့ထဲကမထွက်နှိုင်ပါဘူး၊ဒီနောက် ၁၉၇၆မှိုင်ရာပြည့် သခင်ကိုယ်တော်မှိုင်းအုတ်ဂူထိ ချီတက်ခဲ့တာတွေ၊ဒီလိုလှုပ်ရှားခဲ့တာတွေကြောင့် ပညာရေးတက္ကသိုလ်က (၂)နှစ်ကျောင်းထုတ်ခံခဲ့ရတယ်၊တောင်တွင်းကြီးမှာစက်မှုတက္ကသိုလ်ကျောင်းသားတွေဆိုရာသက်ပန်အထုတ်ခံရတာတွေရှိတယ်၊ကိုယ်ကတော့ပြန်တက်ခွင့်ရပြီး B.E.D ဘွဲ့ရအထက်တန်းပြဆရာဖြစ်( ၁၉၈၈)အရေးခင်းရောက်ပြန်တော့ တောင်တွင်းကြီး ဆရာသမဂ္ဂမှာပါဝင်ပြီးနောက် (၁၉၈၉)ဇန်နဝါရီ လထဲမှာအလုပ်ကဖြုတ်တာခံခဲ့ရတယ်၊ဒီလိုနဲ့ နိုင်ငံရေးပါတီတွေထောင်တော့(NLD)ကိုဝိုင်းရံအားပေးခဲ့သူပါ၊စာရေးဆရာ၊ကဗျာဆရာ၊တစ်ယောက်အနေနှင့် (၁၉၉၀)ရွေးကောက်ပွဲ ၊(၂၀၁၀)ရွေးကောက်ပွဲတွေမှာလိုက်လံဟောပြောခဲ့တယ်၊၂၀၁၂ရောက်တော့NLDပါတီကိုဝင်ခဲ့တယ်၊၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာခဲ့တာပါဘဲ။ မေး ။ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေနဲ့(၅)နှစ်တာကာလဆောင်ရွက်ခဲ့တာများသိပါရစေ ?ဖြေ ။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တယောက်အနေနှင့်မြို့နယ်အရေး၊ပြည်ထောင်စုအရေး၊ဒီ(၂)ရေးလုံးတွက်မေးရတာတွေ၊ဆွေးနွေးရတာတွေ၊အဆိုတင်ရတာတွေအများကြီးပါ၊ကိုယ်ကပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်ဖြစ်တော့ ဥပဒေကြမ်းတွေကိုစီစစ်ရတာပါ၊ကိုယ်တို့ဥပဒေကြမ်းကော်မတီကစီစစ်ပြီးမှလွှတ်တော်ကိုတင်ရ၊လွှတ်တော်ရဲ့အဆုံးဖြတ်ယူရတာလေ၊ဒီတော့ဥပမာတင်ပြရရင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဥပဒေကအစနောက်ဆုံး...

Post
ကျေးရွာကိုပြန်လာကြ သော ရန်ကုန်ပြန် အလုပ်သမားများရှိနေတဲ့အတွက် ရပ်ရွာနေပြည်သူများ စိုးရိမ်ထိတ်လန့်

ကျေးရွာကိုပြန်လာကြ သော ရန်ကုန်ပြန် အလုပ်သမားများရှိနေတဲ့အတွက် ရပ်ရွာနေပြည်သူများ စိုးရိမ်ထိတ်လန့်

မကွေးမြို့နယ် ကြာကန်ကျေးရွာ ကျေးလက်မြေ ပရဟိတအဖွဲ့မှ ကိုဇော်မင်းထိုက်အား မကွေးဂျာနယ်မှအင်တာဗျူးRADIO

Post
မကျီးသုံးပင်ကျေးရွာကို ၀န်ကြီးချုပ်နဲ့အဖွဲ့မဲဆွယ်”

မကျီးသုံးပင်ကျေးရွာကို ၀န်ကြီးချုပ်နဲ့အဖွဲ့မဲဆွယ်”

မင်းဘူး စက်တင်ဘာလ ၁၂ “၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲကြီးမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲရှုံးခဲ့တဲ့ မင်းဘူးမြို့နယ် မကျီးသုံးပင်ကျေးရွာပြည်သူလူထုနဲ့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ တိုင်းအောင်နိင်ရေးဥက္ကဌ ဦးတာ နဲ့ တိုင်းလွှတ်တော်ဒုတိယဥက္ကဌ ဦးဇော်မျိုးဝင်းတို့ တွေ့ဆုံမဲဆွယ်စည်းရုံးခဲ့ပါတယ်။ မဲဆွယ်ပွဲကို စက်တင်ဘာလ (၁၀)ရက်နေ့က မင်းဘူးမြို့နယ် မကျီးသုံးပင်ကျေးရွာ ပါတီဝင်ဦးကြည်လေးအိမ်မှာ ပြုလုပ်ခဲ့တာပါ။ တွေ့ဆုံပွဲမှာ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုက ပြည်တွင်းပြည်ပ ကိစ္စအမျိုးမျိုးကိုဖြေရှင်းနိုင်ဖို့ ခိုင်မာအားကောင်းပြီး ဒေါင်ဒေါင်မည် အစိုးရဖြစ်ဖို့လိုတယ်လို့ကြောင်း၊ ဒါအပြင် အရင်အစိုးရ (၅)နှစ်သက်တမ်းအတွင်း ဆောင်ရွက်ခဲ့တဲ့ လျှပ်စစ်မီးရရှိရေး ၊ လမ်း တံတား ဆောင်ရွက်ခဲ့တဲ့အခြေအနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် (၅)နှစ် ူအတွင်း ဆောင်ရွက်ခဲ့တဲ့ လျှပ်စစ်မီးရရှိရေး ၊ လမ်း တံတား ဆောင်ရွက်ခဲ့တဲ့အခြေအနေတွေကို နှိုင်းယှဥ် ရှင်းလင်းပြောကြားခဲ့ပါတယ်။ တွေ့ဆုံပွဲမှာ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာ အောင်မိုးညို...

  • 1
  • 2