Home 2022 August

Month: <span>August 2022</span>

Post
မန္တလေးမြို့တွင် ဖရဲအလုံးကြီးမျိုးပြိုင်ပွဲ ကျင်းပ

မန္တလေးမြို့တွင် ဖရဲအလုံးကြီးမျိုးပြိုင်ပွဲ ကျင်းပ

ရွှေမန်း Known You Seed Myanmar ကုမ္ပဏီမှ ကြီးမှူးကျင်းပသည့် ဖရဲအလုံးကြီးမျိုးပြိုင်ပွဲကိုမန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် (၈၅)လမ်း၊ (၃၄)လမ်းနှင့် (၃၅)လမ်းကြားရှိ ပရိယတ္တိသာသနဟိတအသင်းကြီးတွင် သြဂုတ် ၂၉ရက် နံနက် ၉နာရီ မှ နေ့လည် ၁၂နာရီထိ ကျင်းပခဲ့ကြောင်း သိရသည်။ ” ထိုင်ဝမ်မျိုးစေ့နဲ့ စိုက်ပျိုးထားတဲ့ ဖရဲသီးအလုံးကြီးပြိုင်ပွဲ ကျင်းပတာပါ၊ တောင်သူတွေကို နည်းပညာဖလှယ်နိုင်ဖို့၊ အေးစက်သွားတဲ့ ဈေးကွက် ပြန်ကောင်းလာအောင် တရုတ်ဈေးကွက် ထိုးဖောက်နိုင်စေဖို့၊ တရုတ်ဈေးကွက်မှ စားသုံးသူများတဲ့ ဖရဲသီးတွေ မြန်မာနိုင်ငံမှာ စိုက်ပျိုးနေပြီး တင်ပို့နိုင်ဖို့ လုပ်နေတာကို ကုန်သည်တွေ သိနိုင်ဖို့ အခုလို စီစဉ်ပေးတာပါ၊ ဒီဖရဲသီးတွေက သယ်ယူပို့ဆောင်ရာမှ ဒဏ်ခံနိုင်တယ်၊ အရသာကလဲ အချိုဓာတ်များတော့ စားသုံးသူအကြိုက်များတယ် ” ဟု ( Known...

Post
3413

၂၀၂၂ ခုနှစ် မိုးရာသီသီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများအ တွက် စိုက်ပျိုးစရိတ်ချေးငွေကျပ်သန်း ၃၀၀၀၀ ကျော်ထုတ်ချေးပေး ထား ရွှေမန်း မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မှ တိုင်းဒေသကြီးအတွင်းရှိ၂၀၂၂ ခုနှစ် မိုးရာသီသီးနှံစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများ အတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကျပ်သန်း ၃၀၀၀၀ ကျော်ကို ထုတ်ချေးပေးထားပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၃ မြို့နယ်မှ စိုက်ပျိုးရေးတောင်သူများအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်သန်း ပေါင်း၅၀၄၀၄ သန်းကို ခွင့်ပြုထားပြီး ဇွန်လမှစတင်၍ စပါးနှင့် အခြားသီးနှံစိုက်ပျိုးသည့် တောင်သူများကို ထုတ်ချေးပေးလျက်ရှိရာ ယခုလ ၂၂ ရက်နေ့အထိ တောင်သူဦးရေ ၅၀၀၀၀ ကျော်အတွက် ချေးငွေကျပ် ၃၀၈၁၄ သန်းကို ထုတ်ချေးပေးထားပြီးဖြစ် ကြောင်း မန္တလေးတိုင်းဒေသကြီး...

Post
3409

ပို့ကုန်ပဲများ အိန္ဒိယဝယ်လိုအား ကောင်းနေ၍ အမြင့်ဈေးတွင် တည်ငြိမ်နေပြီး ပြည်တွင်းသုံး ကုလားပဲအုပ်စု ဈေးအနည်းငယ်ကျဆင်းလာ ရွှေမန်း ပို့ကုန်ပဲများ အိန္ဒိယဝယ်လိုအား ကောင်းနေတာကြောင့် အမြင့်ဈေး ဖြင့် တည်ငြိမ်နေပြီး ပြည်တွင်းသုံး ကုလားပဲအုပ်စု ဈေးအနည်းငယ် ကျဆင်းလာကြောင်း ပဲ၊ နှမ်း ကုန်သည်များထံက သိရသည်။ ပို့ကုန်ပဲများ အိန္ဒိယဝယ်လို အားကောင်းနေတာကြောင့် အမြင့် ဈေးဖြင့် ဈေးတည်ငြိမ်နေပြီး အဝယ် သွက်နေကြောင်း ပြည်တွင်းသုံး ကုလားပဲအချို့ ဈေးအနည်းငယ် ကျဆင်းသွားသော်လည်း ပဲမာလိုင်း များ ဈေးတည်ငြိမ်နေကြောင်း၊ အသစ်ဝင်မြေပဲဆန်များ ဈေးကွက် အတွင်းဝင်ရောက်လာ၍ ဈေး အနည်းငယ်ကျဆင်းခဲ့ရာ မြေပဲအနီ လုံးဆန် တစ်ပိဿာ ငွေကျပ် ၆၄၀၀ ပေါက်ဈေးရှိကြောင်း၊ ကျွန်း စားတော်ပဲမှာ အမြင့်ဆုံးဈေးဖြင့် စံချိန်တင်ဈေး တစ်အိတ်ငွေကျပ် ၄၀၀၀၀၀...

Post
ကြက်သွန်နီဈေးကွက်တွင် ဈေးပိုမြင့်လာနိုင်သည်ဟု ခန့်မှန်း

ကြက်သွန်နီဈေးကွက်တွင် ဈေးပိုမြင့်လာနိုင်သည်ဟု ခန့်မှန်း

ရွှေမန်း မီးဖိုချောင်သုံးစားကုန်ဖြစ်သည့် ကြက်သွန်နီဈေးကွက်တွင် လက်ကားဈေး တစ်ပိသာ ကျပ် ၃၀၀၀ ဝန်းကျင် ပေါက်ဈေးရှိနေပြီး တောင်သူလက်ထဲတွင် ကြက်သွန်နီမရှိသလောက်ရှားပါးသွားခြင်းကြောင့် လက်ရှိပေါက် ဈေးထက်ထပ်မံ၍ ဈေးမြင့်လာနိုင်သည်ဟု ကြက်သွန်ပွဲရုံအချို့က ခန့်မှန်းကြကြောင်းသိရသည်။ ကြက်သွန်နီသည် ယမန်နှစ်က အမြင့်ဆုံးတစ်ပိဿာ ကျပ် ၃၀၀ သာရရှိခဲ့သဖြင့် အရှုံးပေါ်ခဲ့သောကြောင့် ကြက်သွန်နီစိုက်သူနည်းပါးရာက ယခုနှစ်တွင် ပုံမှန်ထက် ကုန်ကြမ်းနည်းပါးသည်ဟုဆိုသည်။ “ပွဲရုံတွေကတော့ ဈေးမတက်ခြင်ကြပါဘူး။ဒါပမေယ့် ငွေတန်ဖိုးထိန်းတဲ့အနေနဲ့ ကြက်သွန်နဲ့ နီးစပ်သူက ကြက်သွန်ဝယ်ထားတယ်၊ပဲနဲ့ နီးစပ်သူက ပဲဝယ်ထားတယ်ဆိုတော့ တောင်သူလက်ထဲမှာ လက်ကျန် မရှိ တော့ဈေးကွက်အတွက် လိုအပ်လာရင် သူတို့ဆီက ဝယ်ရပြီး ဈေးမြင့်လာတယ်။မြတ်သလားဆိုတော့လည်း မမြတ်ကြဘူး။ငွေမထားဘဲ နီးစပ်ရာဝယ်ထိန်းကြလို့ ကြက်သွန်ဈေးက တစ်ပိဿာ ၄၀၀၀ ဝန်းကျင် ဖြစ်လာ နိုင်တယ်လို့ တချို့ကခန့်မှန်းနေကြတယ်”ဟု မန္တလေးမြို့ကိုင်းတန်းဈေးမှ ကြက်သွန်ပွဲရုံ တစ်ခုကပြောသည်။...

Post
မြန်မာ့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု ဇူလိုင်လတွင် မက်ထရစ်တန်ချိန်ပေါင်း(၁၈၂၅၅၀) တင်ပို့ခဲ့

မြန်မာ့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု ဇူလိုင်လတွင် မက်ထရစ်တန်ချိန်ပေါင်း(၁၈၂၅၅၀) တင်ပို့ခဲ့

ရွှေမန်း ပြည်တွင်းမှ စိုက်ပျိုးထုတ်လုပ်သည့် ဆန်နှင့် ဆန်ကွဲများကို ပြည်ပသို့ နယ်စပ်နှင့် ပင်လယ်ရေကြောင်း ကုန် သွယ်မှုဖြင့် တင်ပို့ရောင်းချလျက်ရှိရာ ဇူလိုင်လတွင် မက်ထရစ်တန်ချိန်ပေါင်း (၁၈၂၅၅၀)တင်ပို့နိုင်ခဲ့သည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ထုတ်ပြန်ချက်မှ သိရသည်။ ပြည်ပသို့ ဆန်တင်ပို့နေသည့် ကုမ္ပဏီပေါင်း ၄၃ ခုဖြစ်ပြီး ဆန်သားတင်ပို့မှုမှာ ၁၂၃၆၁၃ မက်ထရစ်တန်နှင့် ဆန်ကွဲ ၅၈၉၃၇ မက်ထရစ်တန်၊စုစုပေါင်း(၁၈၂၅၅၀)တန်ဖြစ်ကြောင်းသိရသည်။ “Export ဆန်နဲ့ဆန်ကွဲ အမျိုးအစားက ပြည်တွင်းစားသုံးနေတဲ့ အမျိုးအစားအနည်းငယ်ပဲ ပါတယ်။ ပြည်တွင်း မှာ တိရစ္ဆာန်စာ၊အဖျော်ယမကာနဲ့အရက်ချက်ဖို့ အများစုဝယ်ကြတာ။ပို့ကုန်မူဝါဒတွေနဲ့ ခွင့်ပြုမှု အကန့်အသတ် တွေကြောင့် Export လောကမှာ အခက်အခဲရှိလာတာ။ပြည်တွင်းမှာ ပိုလျှံတာကြောင့် Export သာမလုပ်နိုင် ရင် တောင်သူတွေ စက်သမားနဲ့ အလုပ်သမားတွေ ထိခိုက်မှု ပိုများနိုင်တယ်”ဟု ပို့ကုန်လုပ်ငန်း ရှင်တစ်ဦးက...

Post
ပြည်ပပို့ကုန်ပဲများ၊ ပြည်တွင်းသုံး ကုလားပဲအုပ်စုနှင့် မြေပဲဆန်ဈေးများ ဆက်လက် မြင့်တက်နေ

ပြည်ပပို့ကုန်ပဲများ၊ ပြည်တွင်းသုံး ကုလားပဲအုပ်စုနှင့် မြေပဲဆန်ဈေးများ ဆက်လက် မြင့်တက်နေ

ရွှေမန်း ပြည်ပပို့ကုန်ပဲများ၊ပြည်တွင်း သုံး ကုလားပဲ၊ မြေပဲဆန်ဈေးများ ဆက်လက် မြင့်တက်လာကြောင်း ပဲ၊ နှမ်းကုန်သည်များထံက သိရ သည်။ပို့ကုန်ပဲများအတက်ရပ် ဈေးငြိမ်နေပြီး အမြင့်ဈေးဖြင့် အရောင်းအဝယ် သွက်နေရာ မတ်ပဲတစ်အိတ် ငွေကျပ်၂၀၀၀၀၀၊ပဲစင်းငုံ တစ် အိတ် ငွေကျပ်၁၈၅၀၀၀၊ပဲတီစိမ်း တစ်အိတ် ငွေကျပ် ၁၅၀၀၀၀ အသီးသီး ဈေးမြင့်တက်လာပြီး ပြည်တွင်းသုံး ကုလားပဲနှင့်မြေပဲ ဆန်ဈေးများလည်း ယခင်သီတင်း ပတ်ထက် ဆက်လက်မြင့်တက် နေကြောင်း၊ပြည်တွင်းသုံးပဲမာ လိုင်းများ အမြင့်ဈေးနဲ့ အရောင်း အဝယ်ပုံမှန်သာရှိကြောင်း မန္တလေး တိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက် မှု လုပ်ငန်းရှင်များ အသင်းဒုတိယဥက္ကဋ္ဌ ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ)က ပြောသည်။ ‘”ပို့ကုန်ပဲတွေ အကုန်ဈေး မြင့်တက်သွားရာကနေ လက်ရှိမှာ အမြင့်ဈေးနဲ့ အရောင်းအဝယ်သွက် နေပါတယ်။ အချို့ဒေသတွေမှာ လက်ကျန်ပဲ...

Post
ကြံရာသီတွင် စံချိန်တင်ဈေး ကြံတစ်တန်ကျပ် ၈၀၀၀၀ ဖြင့်တောင်သူများထံမှ ဝယ်ယူမည်

ကြံရာသီတွင် စံချိန်တင်ဈေး ကြံတစ်တန်ကျပ် ၈၀၀၀၀ ဖြင့်တောင်သူများထံမှ ဝယ်ယူမည်

ရွှေမန်း၂၀၂၂-၂၀၂၃ ကြံရာသီတွင် စံချိန်တင်ဈေး ကြံတစ်တန်ကျပ် ၈၀၀၀၀ ဖြင့်တောင်သူများထံမှ ဝယ်ယူမည် ဖြစ်ကြောင်း ရှမ်းမြောက်ဒေသရှိ ငွေရည်ပုလဲသကြားကုမ္ပဏီက သြဂုတ် ၁၆ ရက်နေ့က တောင်သူများထံ အသိပေးစာထုတ် ထားကြောင်း သိရသည်။ပြီးခဲ့သောကြံရာသီ ကြံတစ်တန် ကျပ် ၆၅၀၀၀-၆၈၀၀၀ အမြင့်ဆုံးဈေးဖြစ်ခဲ့သော်လည်း ယခုနှစ်တွင် ပြည်တွင်း သကြားဈေးမှာ တစ်ပိဿာကျပ် ၂၁၅၀ ဈေးဖြင့် အမြင့်ဆုံးဈေးဖြစ်နေသည်။ယင်းသကြားဈေးကို အခြေခံ တွက်ချက်သည့် ကြံဈေးနှုန်းမှာ ယခုနှစ်တွင် တစ်တန် ကျပ် ၈၀၀၀၀ သက်မှတ်လာခြင်းဖြစ်ရာ စက်ရုံ၊ တောင်သူ နှစ်ဦးနှစ်ဖက် အဆင်ပြေမျှတသည့် သက်မှတ်ဈေးဖြစ်ကြောင်း ၊ကြံစိုက်ပျိုးမှု သမိုင်းတစ်လျောက် စံချိန်တင် အမြင့်ဆုံးဈေးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှု လက်မှု လုပ်ငန်း ရှင်များ အသင်း ဥက္ကဌ ဦးဝင်းဌေး က ပြောသည်...

Post
အိန္ဒိယပဲ ဝယ်လိုအားကြောင့်တစ် ပတ်အတွင်း ပဲဈေးနှုန်းများ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာ

အိန္ဒိယပဲ ဝယ်လိုအားကြောင့်တစ် ပတ်အတွင်း ပဲဈေးနှုန်းများ ၂၀ ရာခိုင်နှုန်းအထိ မြင့်တက်လာ

ရွှေမန်း တစ်ပတ်အတွင်း ပဲဈေးနှုန်း ၂၀ ရာခိုင်နှုန်းအထိမြင့်တက်နေပြီး အိန္ဒိယ သို့ တင်ပို့ရန်အတွက် ပြည်တွင်း၌ပဲများ အဝယ်လိုက်နေကြောင်း ကုန်သည်များထံမှ သိရသည်။ပြင်ပဒေါ်လာပေါက်ဈေးက ၂,၈၀၀ ကေန ၃,၀၀၀ အထိ ဈေးမြင့်တက်နေသည့်အပွငျ အိန္ဒိယတွင် ရာသီဉတုအပါအဝင် အျခား အကြောင်းအမျိုးမျိုးကြောင့် ပဲအထွက်နှုန်းနည်းခဲ့သည့်အတွက် အိန္ဒိယမှာ ပဲလိုအပ်ချက်များရှိနေ၍ အျခား ပြည်ပပဲများဝယ်မည်ဖြစ်သောကြောင့် ပြည်တွင်း၌ ယခုလိုဈေးနှုန်းများ မြင့်တက်နေရွခင်း ဖြစ်ကြောင်းလည်း သိရသည်။အဓိက က ငွေဈေးကြောင့်ပဲဈေးတွေမြင့်တက်နေတာပါ။ အိန္ဒိယကလဲ ပဲစင်းငုံပိုပြီးလိုအပ်ချက်ရှိတော့ ဈေးတွေတက်တယ်။ အရောင်းအဝယ်ဖြစ်နေပါတယ်။ ဈေးကွက်က အိန္ဒိယပေါ်မူတည်တယ်။ (၁၅)ရက်အတွင်းမှာပဲ တစ္တန္ကို လေး၊ ငါးသိန်း ထိတက်သွားတယ် ဟု ပဲကုန်သည် တစ်ဦးကပြောသည် ။ မြန်မာငွေတန်ဖိုးကျဆင်းမှုနဲ့အတူ ပြည်တွင်းစားသုံးသည့် ပဲများတွင် တက်ပြီးသား ပဲကြီး မွလြဲ၍ ကုလားပဲအပါအဝင်...

Post
ကိုဗစ်နဲ့ တိုက်တန်းနစ်

ကိုဗစ်နဲ့ တိုက်တန်းနစ်

ကောင်းဇော် ကိုဗစ်ဖြစ်ခဲ့တဲ့သူဟာ တိုက်တန်းနစ်သင်္ဘောပေါ်မှာ လိုက်ပါ စီးနင်းမိတဲ့သူလိုပါပဲ။သက်သာပျောက်ကင်းလာတဲ့သူ့ကို သင်္ဘောဦးမှာ ချစ်သူနဲ့အတူ လက်နှစ်ဖက်ဆန့်ရင်း ပျော်နေသူလို့ အများအမြင်မှာ မြင်ချင်မြင်နေနိုင်ပါတယ်။အမှန်တကယ်က ရေခဲတောင်ထိပ်ပိုင်းနဲ့ တိုက်မိပြီး စီးပွားရေး၊ကျန်းမာရေးသင်္ဘောကြီးပျက်ကာ သမုဒ္ဒရာထဲ လက်ပစ်ကူးနေရတယ်လို့ ထင်မှာ မဟုတ်ပါဘူး။တကယ်က အချိန်မရွေး နစ်မြုပ်သွားနိုင်သူတွေပါ။ “ခုဆို ကိုဗစ်သံကြားရင် ကိုယ့်ရှေ့မှာ လဲနေခဲ့တဲ့ အောက်ဆီဂျင်ပိုက်တန်းလန်းနဲ့ ကိုယ့်သမီးလေးကို ပြန် မြင်တယ်။ နောက်တကြိမ်ထပ်ဖြစ်ဖို့ လူအား ငွေအား အစစ ခံနိုင်ရည်အား မရှိတော့။ လူတိုင်း လူတိုင်းအတွက် စိုးရိမ်တယ်။ တကယ်တန်းဖြစ်ရင် တကယ်မလွယ်ပါ။ အတတ်နိင်ဆုံး မဖြစ်အောင် ကြိုးစားကာကွယ်ရမှာပါပဲ”လို့ ကိုဗစ်တတိယလှိုင်း delta မှာ သမီးလေးနဲ့အတူ အောက်ဆီဂျင် (၄၂)ရက် ရှူခဲ့ရတဲ့ မိခင်ဖြစ်သူ(ဒေါ်သူဇာ)က အခုထက်ထိခံစားနေရဆဲ စိုးရိမ်ပူပန်မှုနဲ့ အတူ ပြောပြပါတယ်။ကိုဗစ်လှိုင်းတွေမှာ ပရဟိတလုပ်ငန်းကို...

  • 1
  • 2