မကွေးမြို့နယ် ကြာကန်ကျေးရွာ ကျေးလက်မြေ ပရဟိတအဖွဲ့မှ ကိုဇော်မင်းထိုက်အား မကွေးဂျာနယ်မှအင်တာဗျူးRADIO
FlashNews:
ပြည်တွင်း ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဆက်လက်အရောင်းအဝယ်အေးနေ
ပြည်ပမှ ဝယ်လိုအားကောင်းသောကြောင့် ပို့ကုန်ပဲများ စံချိန်တင်ဈေးကောင်းရရှိလာ
16339
စက်တင်ဘာလအတွင်း တောင်သူအကျိုးပြု မိုးရွာသွန်းမှုများ ဖြစ်ပေါ်လာမည်
ပြည်တွင်းလက်ကျန် နည်းလာသောကြောင့် ဂျုံဈေးကွက် အနည်းငယ်ဈေးမြင့်တက်လာ
ပြည်တွင်းဒေါ်လာဈေး ကျဆင်းမှုနှင့်အတူ ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ဈေးကျဆင်းလာ
ပြည်တွင်းပဲဆီလိုအပ်ချက်မြင့်မားသောကြောင့် ဆီစက်များအားလုံးနီးပါး လည်ပတ်အဆင်ပြေနေ
ဧရာ၀တီမြစ်ရေကျဆင်းမှုနှင့်အတူ မြေနုကျွန်းစိုက်ခင်းများတွင် မြေပဲစိုက်ပျိုးရန်ပြင်ဆင်နေ
မကွေးတိုင်းဒေသကြီး ဆီထွက်သီးနှံအထူးဇုန်တွင် စိုက်ပျိုးသော မိုးနှမ်းများ စတင်ရိတ်သိမ်း
15681
ကြံတောင်သူများ ကြံဖိုးငွေလက်ကျန်များ မရရှိသေး
ပြည်ပမှ ပဲပုပ်တင်သွင်းမှုလျှော့ချပြီးပြည်တွင်းထုတ်လုပ်မှုဖြင့် အစားထိုးအသုံးပြုသွားမည်
မြေပဲအထွက်နှုန်းကောင်းမွန်စေရန် စနစ်တကျမြေဩဇာသုံးစွဲသင့်
ပြည်ပတင်ပို့နိုင်သည့် အရည်အသွေးကောင်းသကြားပမာဏနည်းလာ
ပို့ကုန်သမားများနှင့် ပြည်တွင်းဆီစက်များ ဝယ်ယူမှုကောင်းနေတာကြောင့် နှမ်းမျိုးစုံဈေးစံချိန်တင် မြင့်တက်လာ
အသစ်ဝင်မြေပဲဆံများ ဈေးကွက်တွင်း ဝင်ရောက်လာတာကြောင့် ဈေးအနည်းငယ်ကျဆင်းလာ
မြေပဲဆန်ဈေးမြင့်တက်လာရာ တစ်ပိဿာ ငွေကျပ် ၁၀၀၀၀ နီးပါး ထိ ပေါက်ဈေးဖြစ်လာ
ဗဟိုဘဏ်၏ ပို့ကုန်ရငွေမူဝါဒ အပြောင်းအလဲကြောင့် ပို့ကုန်ပဲများအနည်းငယ် ဈေးမြင့်တက်လာ
ပိုကုန့်ရငွေပမာဏ၏ ၂၅ ရာခိုင်နှုန်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရန် ဗဟိုဘဏ်ပြင်ဆင်သတ်မှတ်
Category: <span>Radio</span>
“Covid 19ကပ်ရောဂါ ပြည်တွင်းကူးစက်မှုမြင့်မားနေသည့်အတွက် ရခိုင်ပြည်နယ်နဲ့ထိစပ်နေပြီး ကုန်စည်ကူးသန်းမှုတွေရှိတဲ့ မင်းဘူးဒေခံပြည်သူများ စိုးရိမ်မှုရှိနေ”
မင်းဘူး သြဂုတ်၂၂ “Covid 19ကပ်ရောဂါ ပြည်တွင်းကူးစက်မှု မြင့်မားနေသည့်အချိန် ရခိုင်ပြည်နယ်နဲ့ နယ်နမိတ်ချင်းထိစပ်နေပြီး ကုန်စည်ကူးသန်းရောင်းဝယ်မှု အသွားအလာတွေများတဲ့ မင်းဘူးဒေသခံပြည်သူတွေစိုးရိမ်မှုရှိနေကြတယ်လို့ သိရပါတယ်။ “မင်းဘူးခရိုင်နဲ့ ရခိုင်ပြည်နယ်ကထိစပ်နေပြီး အဓိကကူးသန်သွားလာကြတဲ့ ကုန်းလမ်းဖြစ်တဲ့ မင်းဘူး-အမ်းတောင်ကြားလမ်းလဲရှိတာကြောင့် Covid 19ကပ်ရောဂါ ကူးစက်လာမှာကို စိုးရိမ်ကြတာလို့ သိရပါတယ်၊၊ “မကွေးတိုင်းဒေကြီးအစိုးရအဖွဲ့အနေနဲ့ ရခိုင်ပြည်နယ်နဲ့ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေဖြစ်တဲ့ မကွေး-အမ်း-စစ်တွေလေကြောင်းလိုင်းနဲ့ မင်းဘူး-အမ်းတောင်ကြားလမ်းကဂိတ်တွေကို ဩဂုတ်လ(၂၀)ရက်နေ့ကစပြီး ယာယီပိတ်ထားလိုက်ပြီလို့လဲ သိရပါတယ်။ “သွားလာရေးလမ်းကြောင်းတွေပိတ်လိုက်တဲ့ ဩဂုတ်လ(၂၀)ရက်မတိုင်ခင်က ကူးသန်းသွားလာမှုတွေ အများအပြားရှိပါတယ်၊ ကိုဗစ်ရောဂါကကူးစက်ခံရပြီးချက်ချင်းလက္ခဏာပြတာမျိုးမဟုတ်တဲ့အတွက် လမ်းတွေမပိတ်ခင် သွားလာဝင်ထွက်ခဲ့သူတွေကနေ ကူးစက်မှုရှိမရှိ မသိနိင်ပါဘူး၊ အဲ့ဒီအတွက်စိုးရိမ်မှုတွေရှိနေတာပါလို့ မင်းဘူးဒေသခံဦးကျော်ဌေးက ပြောပါတယ်။ “မင်းဘူး-အမ်တောင်ကြားလမ်းကနေ မကွေးတိုင်းနဲ့ရခိုင်ပြည်နယ်ကို ကုန်စည်ကူးသန်းရောင်းဝယ်ကြတဲ့ ကားဂိတ်တွေကမင်းဘူးမြို့မှာ အခြေစိုက်ကြတာဖြစ်ပါတယ်၊ ပြည်တွင်းကူးစက်မှုတွေရှိနေတဲ့ ရခိုင်ပြည်နဲ့မင်းဘူးခရိုင်က နီးကပ်နေတဲ့အတွက် ကိုဗစ်(၁၉)စတင်ဖြစ်ပွားချိန်ကထက် ပိုပြီးစိုးရိမ်မှုရှိပါတယ်၊ အခုကိုဗစ်(၁၉)ပိုးကကူးစက်မှုပိုမြန်တယ်လို့ သိရတဲ့အတွက် ပြည်သူတွေကိုပိုပြီးဂရုစိုက်စေချင်ပါတယ်လို့...
အပစ်ရပ်အဖွဲ့များနှင့် ပဋိပက္ခ ဆက်လက်မဖြစ်ပွားစေရန် ယခု ၂၁ ပင်လုံမှ သဘောတူညီချက် ရယူနိုင်ခဲ့
မြင့်ဇော်ဦး (သြဂုတ် ၂၁) တစ်နိုင်ငံလုံးအပစ်အခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ရှိနေသော အားနည်းချက်အချို့ကြောင့် လက်မှတ်ရေးထိုးပြီးသော ဒေသတချို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေသည့် အတွက် ပဋိပက္ခများ ထပ်မံ မဖြစ်ပွားစေရန် လက်ရှိ ကျင်းပနေသည့် ၂၁ ပင်လုံ ညီလာခံမှ သဘောတူညီချက်များ ရယူနိုင်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ NCA ကိုအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ (EAOs) က ရေးဆွဲခဲ့ပြီး NCA လက်မှတ်ထိုးပြီးနောက် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်များ ရှိပြီး အဆိုပါ တိုက်ပွဲများကြောင့် နိုင်ငံရေးဆွေးနွေးမှုများကို ထိခိုက်မှု ရှိနေသည်ဟုလည်း ဦးဇော်ဌေးက ပြောသည်။ သို့ဖြစ်၍ တိုက်ပွဲများ ဘာကြောင့်...