Home 2022 October

Month: <span>October 2022</span>

Post
နယ်စပ်ဒေသများတွင် စိုက်ပျိုးသည့် ကြံများ တရုတ်ဘက်တင်ပို့ရာတွင် Green Line ရရှိရန်လိုအပ်

နယ်စပ်ဒေသများတွင် စိုက်ပျိုးသည့် ကြံများ တရုတ်ဘက်တင်ပို့ရာတွင် Green Line ရရှိရန်လိုအပ်

ရွှေမန်း ရှမ်းပြည်နယ်၊နယ်စပ်ဒေသများတွင် စိုက်ပျိုးသည့် ကြံများကို တရုတ်ဘက်သို့ တင်ပို့ရာတွင် ကြံ့ကြာမှုမရှိဘဲ ကုန်သွယ်မှု လျင်မြန်ရန်လိုအပ်သဖြင့် Green Line မှ ကြံတင်ဆောင်သည့်ယာဉ်များဝင်ထွက်ခွင့်ရရှိရေး အတွက် သကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှတင်ပြခဲ့ကြောင်း ယင်းအသင်းမှ ဒုဥက္ကဌ ဦးဝင်းဌေးကပြောသည်။ တရုတ်ဘက်သို့ ကြံတင်ပို့မှု စာရင်းများအရ ကြံတန်ချိန် အများဆုံး ၁၀ သိန်းဝန်းကျင်ထိ တင်ပို့နိုင်ခဲ့ကာ နယ်စပ်မှ စိုက်ပျိုးထွက်ရှိသမျှ ကြံကို ဝယ်ယူနေခြင်းဖြစ်၍ ကြံစိုက်ဧကများပြားမှုကြောင့် ကြံထွက်နုန်းလည်း များပြားကြောင်းသိရသည်။ “တရုတ်သကြားစက်တွေနဲ့နီးလို့ အဲဒီကို ပို့တယ်။ထွက်သလောက်ဝယ်ပြီး စိုက်ဖို့ မျိုး လည်းထုတ်ပေးတယ်။ ကိုဗစ်စည်းကမ်းတွေကြောင့် ဂိတ်တွေက အဝင်မခံတာ။မနှစ်ကကိုဗစ်စည်းကမ်းတွေကြောင့် ထင်သလောက် မပို့ နိုင်ခဲ့ဘူး။ဒါကြောင့် ဒီနှစ်မှာကြံသီးနှံကို တရုတ်ဘက် Green Line နဲ့ တင်ပို့နိုင်အောင် နှစ်နိုင်ငံအစည်း အဝေးတွေမှာ အဓိကဆွေးနွေးပေးဖို့...

Post
ပြီးခဲ့သည့် ကော်ဖီရာသီတွင် မြန်မာ့ကော်ဖီကုန်ကြမ်း လက်ကျန်မရှိ ပြည်တွင်းပြည်ပ ရောင်းချနိုင်ခဲ့

ပြီးခဲ့သည့် ကော်ဖီရာသီတွင် မြန်မာ့ကော်ဖီကုန်ကြမ်း လက်ကျန်မရှိ ပြည်တွင်းပြည်ပ ရောင်းချနိုင်ခဲ့

ရွှေမန်း မြန်မာ့ကော်ဖီကုန်ကြမ်းများကို ပြည်တွင်းထွက်ရှိသည့် ပမာဏထက် ၇၅ ရာခိုင်နုန်းပြည်ပသို့ တင်ပို့ခဲ့သည့် အပြင် ပြည်တွင်းရောင်းဝယ်လိုအားကြောင့်ပြီးခဲ့သည့်(၂၀၂၁ ခုနှစ်)ကော်ဖီရာသီမှ ကော်ဖီကုန်ကြမ်းများ လက်ကျန်မရှိ တော့ကြောင်း မြန်မာနိုင်ငံကော်ဖီအသင်း၊နာယကဦးရဲမြင့်ကပြောသည်။ ပြည်တွင်းမှ နှစ်စဉ် ကော်ဖီတန်ချိန် ၈၀၀၀ မှ ၁၀၀၀၀ ကြားထွက်ရှိပြီး ၇၅ ရာခိုင်နုန်းကို ပြည်ပသို့ တင်ပို့နေပြီး ပြီးခဲ့သည့်နှစ်က အမြင့်ဆုံးဈေးမှာ ကော်ဖီတစ်တန်လျင် အမြင့်ဆုံးအမေရိကန်ဒေါ်လာ ၈၃၀၀ ဝန်းကျင်မှ အနိမ့်ဆုံး ၅၅၀၀ ဝန်းကျင် ရရှိခဲ့သည်ဟုဆိုသည်။ “ပြည်တွင်းမှာ မနှစ်က(၂၀၂၁)ထွက်တဲ့ ကော်ဖီကုန်ကြမ်းက ဒီနှစ်မှာ လက်ကျန်မရှိတော့။ရာသီချိန်က ပြည် တွင်းကော်ဖီကုန်ကြမ်းတွေက နိုဝင်ဘာကနေ စရတော့မယ်။ကမ္ဘာ့ကော်ဖီစိုက်တဲ့နေရာတွေမှာက အထွက်နည်း တော့ ကျွန်တော်တို့ ကော်ဖီက ဒီနှစ်ရာသီမှာ ဈေးကောင်းရနိုင်တယ်”ဟု ၎င်းကပြောသည်။ ကော်ဖီရာသီချိန်မှာ နိုဝင်ဘာလတွင် စတင်ပြီဖြစ်ရာ စိုက်ပျိုးချိန်...

Post
မျိုးမြေပဲဆန်နှင့်ဆီစက်သမားတွေ ရောင်းကောာင်းနေတာကြောင့် မြေပဲဆန်တစ်ခုသာ အရောင်းအဝယ်သွက်နေ

မျိုးမြေပဲဆန်နှင့်ဆီစက်သမားတွေ ရောင်းကောာင်းနေတာကြောင့် မြေပဲဆန်တစ်ခုသာ အရောင်းအဝယ်သွက်နေ

ရွှေမန်း မျိုးမြေပဲဆန်နှင့်ဆီစက်သမားတွေ ရောင်းကောာင်းနေတာကြောင့် မြေပဲဆန်တစ်ခုသာ အရောင်းအဝယ်သွက် နေ အခြားပဲ၊နှမ်းဈေးကွက်တစ်ခုလုံး ဈေးအေးနေကြောင်း ပဲ၊နှမ်းကုန်သည်များထံက သိရသည်။ မန္တလေးကုန်စည်ဒိုင်တွင် နှစ်စဉ် ကထိန်ရာသီရောက်တိုင်း အလှူအတန်းများနှင့်ခရီးသွားချိန် အရောင်းအဝယ် နားချိန်ဖြစ်တာကြောင့် အရောင်းအဝယ်မှာ ခပ်အေးအေးသာရှိကြောင်း ၊ပို့ကုန်ပဲများ နိုင်ငံခြားတင်ပို့ချိန် မဟုတ်တာကြောင့်လည်း ဈေးကွက်အတက်အကျ မရှိခြင်းဖြစ်ကြောင်း ဧရာဝတီၤမြစ်ရိုဒတစ်လျှောက် မြေနုကျွန်းများ မြေပဲစိုက်ပျိုးချိန်ဖြစ်တာကြောင့် မျိုးမြေပဲနှင့် ပြည်တွင်းဆီစက်သမားများ ဝယ်ယူနေတာကြောင့် မြေပဲဆန်တစ်မျိုးသာ အရောင်းအဝယ်သွက်နေကြောင်း ၊ပဲ၊နှမ်းဈေးကွက်တစ်ခုလုံးအခြေဖြင့် နိုဝင်ဘာလကုန်ပိုင်းကနေ ဒီဇင်ဘာလကုန် အရောင်းအဝယ်ထူးထူးခြားပြောင်းလဲစရာမရှိကြောင်း မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းဒုတိယ ဥက္ကဌ ဦးကျော်သွင်(ရွှေစင်သိန်း)ပွဲရုံကပြောသည်။ “ ပြည်တွင်းပဲဈေးကွက်မှာ ထူးခြားမရှိအရောင်းအဝယ်ခပ်အေးအေးသာရှိနေပါတယ်။နိုင်ငံခြားတင်ပို့မှု မရှိသေး တော့ ပို့ကုန်ပဲတွေရော ပြည်တွင်းသုံးပဲတွေ ခပ်အေးအေးနဲ့ ဈေးတက်ခြင်းမရှိပါဘူး။ မြေပဲဆန်တစ်ခုပဲ ဆီစက်သမားတွေ ဆီရောင်းကောင်းနေလို့ ဈေးမတက်ဘဲခပ်သွက်သွက် အရောင်းအဝယ်ဖြစ်နေပါတယ်။ အညာဧရာဝတီမြစ်ရိုးတစ်လျှောက်က မျိုးမြေပဲဆန်တွေဝယ်နေရပြီ ဆီစက်သမားကလည်း...

Post
မန္တလေးတိုင်းဒေသကြီးအတွင်းမှ တောင်သူများအား မိုးသီးနှံ စိုက်ပျိုးစရိတ် ချေးငွေစုစုပေါင်း ငွေကျပ် ၄၈၀ ဘီလီယံကျော် ထုတ်ချေးပေးခဲ့

မန္တလေးတိုင်းဒေသကြီးအတွင်းမှ တောင်သူများအား မိုးသီးနှံ စိုက်ပျိုးစရိတ် ချေးငွေစုစုပေါင်း ငွေကျပ် ၄၈၀ ဘီလီယံကျော် ထုတ်ချေးပေးခဲ့

ရွှေမန်း မန္တလေးတိုင်းဒေသကြီး၊မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တိုင်းဒေသကြီးအတွင်းရှိ တောင်သူများအားမိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးပေးခဲ့ရာစာရင်းပိတ်အဖြစ် စုစုပေါင်းငွေကျပ်၄၈၂ ဒသမ ၅၀ ဘီလီယံထုတ်ချေး ပေးခဲ့ပြီးဆောင်းသီးနှံအတွက်စိုက်ပျိုးစရိတ်ချေးငွေများလည်းထုတ်ချေးပေးနေကြောင်းမန္တလေးတိုင်းဒေသကြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး၊ဘဏ်ခွဲ မန်နေဂျာ ဦးစိုးကိုကိုဝင်းက ပြောသည်။ မိုးရာသီသီးနှံ စိုက်ပျိုးစရိတ်ချေးငွေအဖြစ် လျာထားခွင့်ပြုငွေမှာ ငွေကျပ် ၅၈၇ ဒသမ ၃၄ ဘီလီယံဖြစ်၍ ၈၂ ရာခိုင်နုန်းထုတ်ချေးပေးနိုင်ခဲ့ပြီး အဆိုပါ ချေးငွေများသည် တောင်သူများ၏ စိုက်ပျိုးစရိတ်အတွက်တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုပေးလျက်ရှိသည်။ “မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးခဲ့တာကို စာရင်းပိတ်လိုက်ရင် ၈၂ ရာခိုင်နုန်းချေးပေးနိုင်ခဲ့တယ်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်ခွဲများအနေနဲ့ နှစ်စဉ် မိုး၊ဆောင်း၊မိုးကြိုစတဲ့ ရာသီအလိုက် ချေးငွေထုတ်ချေး ပါတယ်။ဆက်လက်ပြီးတော့ ခု ဆောင်းရာသီ သီးနှံစိုက်ပျိုးစရိတ်ချေးငွေကိုလည်း ထုတ်ချေးပေးနေတာကြောင့် ချေးငွေ လာရောက်ထုတ်ယူကြဖို့ တောင်သူများကို ဖိတ်ခေါ်ပါတယ်”ဟု ၎င်းကပြောသည်။ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအသီးသီးမှ စိုက်ပျိုးတောင်သူများအား ရာသီအလိုက် စိုက်ပျိုးစရိတ်ချေးငွေ...

Post
3590

ဘက်တီးရီးယားရွက်ခြောက်ရောဂါဒဏ်ခံနိုင်သည့် သက်တမ်းတို ဆင်းသုခစပါးမျိုးရရှိရန် သုတေသန ဆောင်ရွက်။ ရွှေမန်း ရာသီဥတုပြောင်းလဲလာမှုကြောင့် မိုးခေါင်ရေရှားပါးမှုဒဏ်၊ရောဂါကျရောက်မှုဒဏ်များ ကြုံတွေ့နေရသဖြင့် ဆင်းသုခစပါးမျိုးနေရာတွင် ဘက်တီးရီးယားရွက်ခြောက်ရောဂါဒဏ်ခံနိုင်သည့် သက်တမ်းတိုဆင်းသုခစပါး (Double Haploid)အတွက် သုတေသနများဆောင်ရွက်လျက် ၎င်းစပါးမျိုးလိုင်းရရှိရန်စမ်းသပ်ကွက်သရုပ်ပြပွဲ ပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ သုတေသနပြုလုပ်ခြင်းကို စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊မျိုးစေ့ဘဏ်၊ဇီဝနည်းပညာနှင့် သီးနှံကာ ကွယ်ရေးသုတေသနဌာနခွဲ၊ဇီဝနည်းပညာသုတေသနဌာနစုမှ အပင်တစ်သျှူးမွေးမြူရေးသုတေသနများနှင့် မော်လီကျူလာနည်းပညာဆိုင်ရာသုတေသနများဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။ “မိုးခေါင်ရေရှားပါးမှုဒဏ်၊ရောဂါကျရောက်မှုဒဏ် ကြုံတွေ့နေရလို့ ဆင်းသုခ စပါးမျိုးနေရာမှာ သက်တမ်းတို ဆင်းသုခကို မိုးရာသီမှာစိုက်နိုင်ရင်တခြားဝင်ငွေရသီးနှံတွေလည်း မိုးနှောင်းသီးနှံအဖြစ်သီးထပ်စိုက်ပျိုးနိုင် မယ်။ဒါကြောင့် စားသုံးမှုကောင်းပြီး စပါးဘက်တီးရီးယားရွက်ခြောက် ရောဂါဒဏ်ခံ သက်တမ်းတို ဆင်းသုခ စပါးမျိုးရဖို့ ရည်ရွယ်ပြီး ဇီဝနည်းပညာရပ်များနဲ့ သုတေသနလုပ်ဆောင်တာပါ”ဟုသုတေသနဌာနမှ တာဝန်ရှိ သူကပြောသည်။ သုတေသနပြုလုပ်ရာ၌ စပါးအဖိုဝတ်မှုန်အိတ်မွေးမြူနည်း(Rice Anther Culture)ဖြင့် ရရှိလာသော Callus များနှင့် Green spot များကို အစာလွှာအမျိုးမျိုးအသုံးပြု၍...

Post
မန္တလေးကုန်စည်ဒိုင် သို့ နှမ်းအသစ်များဝင်ရောက်၊ ကထိန်ရာသီဖြစ်၍အရောင်းအေးဈေးအေးနေ

မန္တလေးကုန်စည်ဒိုင် သို့ နှမ်းအသစ်များဝင်ရောက်၊ ကထိန်ရာသီဖြစ်၍အရောင်းအေးဈေးအေးနေ

ရွှေမန်း နှမ်းဖြူမှာယခင်တစ်ပတ်ထက် ဈေးမြင့် လာသော်လည်း ယခင်လထက်ဈေးနိမ့်နေသည်။ နှမ်းညို နှင့် နှမ်းနက်(စမုံ)မှာ အနိမ့်ဈေးဖြင့် အရောင်း အဝယ်ဖြစ်နေသည်။ နှမ်းဖြူ(ရိုးရိုး) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ်၂၇၅၀၀၀ မှ၂၈၅၀၀၀၊ ယခင် တစ်ပတ်ကျပ် ၂၇၀၀၀၀၊ ယခင်လကျပ် ၃၀၀၀၀၀မှ ၃၀၅၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၅၀၀၀မြင့်တက်လာပြီး၊ယခင်လထက်ကျပ် ၂၀၀၀၀ မှ ၂၅၀၀၀နိမ့်ကျလာသည်။ နှမ်းညို ၄၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၂၃၀၀၀၀မှ ၂၃၅၀၀၀၊ ယခင် တစ်ပတ်ကျပ် ၂၃၀၀၀၀မှ ၂၃၅၀၀၀၊ယခင်လကျပ် ၂၅၈၀၀၀ မှ ၂၆၀၀၀၀ဖြစ်သည်။ ယခင်တစ်ပတ် အတိုင်း ဈေးငြိမ်နေပြီး၊ ယခင်လထက်ကျပ် ၂၅၀၀၀ မှ ၂၈၀၀၀နိမ့်ကျလာသည်။နှမ်းနက်(စမုံ) ၄၅ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၄၀၀၀၀ မှ ၃၀၀၀၀၀၊ ယခင်တစ်ပတ်ကျပ်...

  • 1
  • 2