တရုတ်ဈေးကွက်တွင် ပြည်တွင်းမှ တင်ပို့သည့် သရက်သီးများ တင်ပို့မှုများနေတာကြောင့်စျေးကျဆင်းနေ

ရွှေမန်း

ပြည်တွင်းမှ တရုတ်ဘက်သို့ ယခုရက်ပိုင်းတင်ပို့သည့် စိန်တလုံး၊ ရွှေဟင်္သာသရက်သီးများမှာ ဝမ်တိန်သစ်သီးအရောင်းကွင်း ဈေးကွက်သို့ ဝင်ရောက်မှုများပြား သောကြောင့် ဈေးထက်ဝက်ခန့် ကျဆင်းကြောင်း မူဆယ်(၁၀၅)မိုင် သစ်သီးပွဲရုံများမှ သိရသည်။

ဈေးကွက်တွင် ရောင်းလိုအား ဝယ်လိုအားသဘောတရားအရ ဝယ်လိုအားနည်းပါးနေပြီး အရည် အသွေးပိုင်းအားနည်းမှုများရှိခြင်း ကြောင့် ယခုကဲ့သို့ ဈေးကျဆင်း ခြင်းဖြစ်သည်ဟု ဆိုသည်။

“ Green Channel လမ်း ကြောင်း ပွင့်သွားတော့ အသီးအဝင် များလာတာရယ်၊ အရည်အသွေး၊ အရွယ်အစား၊ အရောင်အသွေးနဲ့ လတ်ဆတ်မှုနည်းတာလည်းပါ တယ်။ရွှေဟင်္သာသရက်သီး အသေးစားတွေက စရိတ်တောင် ပြန်မရကြဘူး။အသီးတင်မယ်ဆို ရင်ပွဲရုံတွေနဲ့ ချိတ်ဆက်စုံစမ်းပြီး မှတင်ကြဖို့ပါ}ဟု မူဆယ် (၁၀၅) မိုင်မှ သစ်သီးပွဲရုံတစ်ခုက ပြော သည်။
စိန်တလုံးသရက်သီးမှာ ပုံမှန် အရည်အသွေးအထက်ဆိုပါက တရုတ်ယွမ်ငွေ ၈၀မှ ၁၃၀အတွင်း ရရှိကာ ရွှေဟင်္သာအိတ်စွပ်ရောင်း ချမှုတွင် ခြင်းအရေအတွက် ၁၅၀၀၀ အနက် ၁၅၀လောက်သာ တရုတ်ယွမ်ငွေ ၁၀၀ ဝန်းကျင်ရရှိ ပြီး ကျန်သရက်သီးခြင်းများမှာ ယွမ် ၅၀မှ ၈၀ အတွင်းရရှိသဖြင့် ခရီးစရိတ်သာ ရရှိကြောင်းသိရ သည်။

“သရက်သီးက တရုတ်ဈေး ကွက်မှာ ဝယ်လိုအားနည်းစရာ အကြောင်း မရှိဘူး။ပို့ကုန်အရည် အသွေးမမီတာတော့ ဝယ်လိုအား လျော့သွားပြီး ဈေးကွက်ပျက်တယ်။ တရုတ်ဘက်ကထွက်တဲ့ သရက်သီး ပေါ်လာရင် ယှဉ်ပြိုင်ရဦးမယ်။ပြည်တွင်းက စိုက်ပျိုးတောင်သူ တွေအနေနဲ့ ဈေးကွက်ခိုင်မာမှု အတွက် ပြင်ဆင်တာနည်းတယ်´´ ဟု ခွာညိုသစ်သီးပွဲရုံကပြောသည်။

ပြည်တွင်း၌ သရက်သီးထွက် ရှိမှုနည်းပါးသောကြောင့် ဝယ်လို အားများပြားကာ အချို့မှာ ဝယ်ယူ မရဖြစ်သည်ထိရှိကြောင်း၊ကုမ္ပဏီ များကလည်း ၂၅၀ ကီလိုဂရမ်မှ စ၍ စိန်တလုံး၊ ဟင်္သာ၊ မချစ်စု စသည့် သရက်သီးများကို နေ့စဉ် ဝယ်ယူလျက်ရှိပြီး စက်ရုံအရောက် စိန်တလုံးအိတ်လွတ်သီး တစ်တန် ငွေကျပ် ၅သိန်းခွဲမှ ငွေကျပ်၇သိန်း ထိဈေးပေးဝယ်နေကြောင်း သိရ သည်။

မြန်မာ-တရုတ်နယ်စပ် ကုန် သွယ်ရေးတွင် သစ်သီး၀လံများမှာ ရက်ကြာကြာ အထားမခံသော ကြောင့် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ပြည်ပရေးရာဌာနတို့ ချိတ်ဆက်ညှိ နှိုင်းပြီး မေ ၉ ရက်မှစတင် ၍ Green Channel စနစ်ဖြင့်သစ်သီး ၀လံကုန်စည်များအား စေလွှတ်ပေး သော်လည်းကြန့်ကြာမှုများရှိနေဆဲ ဟု ဆိုသည်။

Leave a Reply

Your email address will not be published.