ပဲမျိုးစုံဈေးကွက်မှာ ပုံမှန်မဟုတ်သည့် ပေါက်ဈေးများဖြင့် အရောင်းအဝယ်ဖြစ်နေ

ရွှေမန်း

ပဲမျိုးစုံဈေးကွက် မှာ ဒေါ်လာဈေး ကုန်သွယ်ရေးမှုဝါဒ အပြောင်းအလဲကြောင့် ဈေးကွက် အတွင်း ပဲ၊ နှမ်း အားလုံး ဈေးမြင့်တက်လာ သည့်အပြင် လက်ကျန်နည်းလာသည့် ပို့ကုန်ပဲများ တစ်နေ့တစ်ဈေး ဖြစ်နေကြောင်း ပဲနှမ်းကုန်သည်များထံမှသိရသည်။

ကုန်သွယ်ရေးမှုဝါဒမှာ ဒေါ်လာငွေ သက်မှတ်ချက် အပြင် ငွေပေးချေးမှု တင်ပို့မှုဆိုင်ရာ လိုင်စင် တစ်ခေါက်ခြင်း လျှောက်ထားရမှုတို့ကြောင့် ပဲ၊နှမ်းဈေးကွက် ၂ ရက်ခန့် အရောင်းအဝယ် ရပ်ဆိုင်းလုဖြစ်သွားပြီးနောက် ပစ္စည်းလက်ဝယ်ရှိသူများမှာ ပြင်ပဒေါ်လာဈေး ပေါ်မှုတည်ပြီး ပုံမှန်ထက်ဈေးမြင့်တက်လာကြောင်း ကြိုက်ဈေးရမှသာရောင်းချသည့်ပုံစံဖြစ်လာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု အသင်း ဒုတိယဥက္ကဌ ဦးကျော်သွင်( ရွှေစင်သိန်းပွဲရုံ) က ပြောသည်။

“ ပဲ၊နှမ်းဈေးကွက်ကတော့ အကုန် အတက်ဈေးတွေဖြစ်နေပါတယ်။ မြေပဲဆန်ဆိုရင် တစ်ပိသာကျပ် ၅၀၀၀ ကျော်နေတယ်။ ကုလားပဲဆိုရင်လည်း ထိုင်ဝမ်ပဲက ငွေကျပ် ၁၃၉၀၀၀ -၁၄၀၀၀၀ ၊ ပဲစဉ်းငုံတစ်အိတ် ငွေကျပ် ၁၄၁၀၀၀ ပေါက်ဈေးတွေဖြစ်လာတယ်။ နှမ်ဖြူတစ်အိတ်ကျပ် ၂၇၀၀၀၀ ထိပေါက်ဈေးကောင်းလာပါတယ်။ ပဲ၊နှမ်းအမျိုးအစားအလိုက် အကုန် ပုံမှန်မဟုတ်တဲ့ အတက်ဈေးတွေဖြစ်နေပါတယ်။ ပစ္စည်းလက် ဝယ်ရှိသူတွေကတော့ မရောင်းရလေကြိုက်လေ ကြိုက်ဈေးခေါ်ရောင်းနေတဲ့ ဈေးကွက်ဖြစ် နေပါတယ် ” ဟု ၎င်းကပြောသည်။

ကုန်သွယ်မှေုဝါဒ အပြောင်းအလဲ ကြောင့် နယ်စပ်ကုန်သွယ်မှုတွင် ငွေလဲလှယ်နှုန်း ကွာခြားချက်များကြောင့် ပို့ကုန်သမားများ တင်ပို့မှုရပ်ဆိုင်းနေကြောင်းလည်းသိရသည်။သို့သော်ပြည်တွင်း ဒေါ်လာပေါက်ဈေး မတည်ငြိမ်တာကြောင့်လည်း ပဲ၊နှမ်းဈေးကွက်မှာ ပုံမှန်မဟုတ်သည့် ဈေးနှုန်းများဖြင့် အရောင်း အဝယ်ဖြစ်နေခြင်းဖြစ်သည်။

မတ်ပဲ၊ ပဲတီစိမ်း ၊ပဲစင်းငုံ

ပို့ကုန်ပဲများ အားလုံး သုံးတင်းဝင်တစ်အိတ် ငွေကျပ် ၁၀၀၀၀ ခန့် ဈေးမြင့်တက်သွား ရာ ဇူလိုင် ၂၁ ရက် နေ့တွင် မတ်ပဲ တစ်အိတ် ငွေကျပ် ၁၅၉၀၀၀ ၊ ပဲတီစိမ်း တစ်အိတ် ငွေကျပ် ၁၄၁၀၀၀ ၊ ပဲစင်းငုံ တစ်အိတ် ငွေကျပ် ၁၄၀၀၀၀ ၊ ပေါက်ဈေးဖြစ်လာသော်လည်း အရောင်းအဝယ် ကောင်းနေကြောင်းသိရသည်။ ပြင်ပ ဒေါ်လာဈေး မတည်ငြိမ်မှု နှင့်အတူ ပို့ကုန်ပေါက်ဈေးများလည်း လိုက်ပါဈေးမြင့်တက်နေခြင်းဖြစ်သည်။

မြေပဲ

ပြည်တွင်းဈေးကွက်မှာ စားဆီဈေးဝင်ရောက်မှုလာသော်လည်း ပေါက်ဈေးမြင့်မားနေတာကြောင့် မြေပဲဆန်ဈေးမှာလည်း မြင့်တက်နေခြင်းဖြစ်သည်။ တရုတ်လိုင်းအဝယ်များသည့် မြေပဲလုံးဆန် အနီၤမှာ တစ်ပိသာကျပ် ၅၁၀၀ ထိပေါက်ဈေးရှိနေသည်။ ဇူလိုင် ၂၁ ရက်နေ့တွင် S1 လုံးဆန် တစ်ပိသာငွေကျပ် ၅၀၀၀ အနီဆီဆန် တစ်ပိသာ ငွေကျပ် ၄၈၀၀ ၊ မြေပဲဆီ တစ်ပိသာ ငွေကျပ် ၉၅၀၀၊ နှမ်းဆီ တစ်ပိသာ ငွေကျပ် ၈၀၀၀ ၊စားအုန်းဆီ ၈၀၀၀ ပေါက်ဈေးဖြစ်လာသည်။

ပြည်တွင်းသုံးပဲမာလိုင်းများလည်း ဈေးမြင့်တက်လာရာ ကုလားပဲ V2 တစ်အိတ် ၁၅၇၀၀၀၊ ပဲယင်း တစ်အိတ် ၁၃၅၀၀၀ ၊ ပဲကြီးတစ်အိတ် ငွေကျပ် ၂၁၀၀၀၀၊ ပဲထောပတ် တစ်အိတ် ၁၅၀၀၀၀၊ စွန်တာပြာ တစ်အိတ် ၁၃၅၀၀၀၊မြေထောက်ပဲ တစ်အိတ် ၁၈၅၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ် ၃၀၀၀၀၀ အသီးသီးဈေးမြင့် တက်လာကြောင်းသိရသည်။

Leave a Reply

Your email address will not be published.