Home Lastted post

Tag: <span>Lastted post</span>

Post
၈ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၈၀၄ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်

၈ လအတွင်း ဆန်တင်ပို့မှုမှ ဒေါ်လာ ၈၀၄ သန်း ရရှိထားကြောင်း MRF ထုတ်ပြန်

ရွှေမန်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ နိုဝင်ဘာလကုန်အထိ ၈ လတာအတွင်း ပြည်ပဝယ်လက်နိုင်ငံတွေထံ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုကနေ ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၆၄၇ သန်း ရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဒီဇင်ဘာ ၃ ရက်နေ့က ထုတ်ပြန် ထားသည်။ ဆန်၊ ဆန်ကွဲ မက်ထရစ်တန်ချိန် ၁၆၉၇၁၆၅ ဒသမ ၈၉ တန် တင်ပို့မှုကနေ ရရှိထားပြီး အင်ဒိုနီးရှားနိုင်ငံကအများဆုံးဝယ်ယူတာဖြစ်ကြောင်း MRF ထုတ်ပြန်ချက်စာရင်းတွင်ဖော်ပြထားသည်။ လအလိုက် တင်ပို့မှုကိုကြည့်ရင် အောက်တိုဘာလမှာ အများဆုံးတင်ပို့နိုင်ခဲ့ပြီးဆန်၊ဆန်ကွဲ တန်ချိန်စုစုပေါင်း ၃၃၄၅၃၅ ဒသမ ၀၄ တန် တင်ပို့မှုမှ ဒေါ်လာ ၁၅၆ သန်း ထပ်မံ ရရှိခဲ့ခြင်းဖြစ်ဖြစ်ပြီးအောက်တိုဘာလက ၁၈၉ သန်းဖြင့် စံချိန်တင်ရရှိခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာလ အတွင်း ဆန်တန်ချိန် ၂၈၄၉၇...

Post
မိုးစပါး၊ ဆောင်းကုလားပဲ၊ နွေနှမ်း သုံးမျိုးကို တစ်နှစ်သုံးသီးစိုက်ပျိုးလျက်ရှိ

မိုးစပါး၊ ဆောင်းကုလားပဲ၊ နွေနှမ်း သုံးမျိုးကို တစ်နှစ်သုံးသီးစိုက်ပျိုးလျက်ရှိ

ရွှေမန်း ပုသိမ်ကြီးမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် မိုးစပါး၊ ဆောင်းကုလားပဲ၊ နွေနှမ်း သုံး မျိုးကို တစ်နှစ်သုံးသီး စိုက်ပျိုး လျက်ရှိကြောင်း တောင်သူများ ထံက သိရသည်။ ထိုသို့ စိုက်ပျိုးခြင်းဖြင့် စိုက် ပျိုးမြေကိုသဘာ၀အတိုင်း ပြုပြင် ပြီးသားဖြစ်သလို စိုက်ပျိုးသည့် သီးနှံအတွက် သုံးစွဲရသည့် သွင်း အားစုဓာတ်မြေ ဩဇာသုံးစွဲမှုလည်း သက်သာကြောင်း၊ သို့သော်လည်း ပြီးခဲ့သည့် မိုးစပါး စိုက်ပျိုးချိန်က ဆည်ရေ မရရှိမှုကြောင့် ရေတင် ရေသွင်းပြီး စိုက်ပျိုးရသဖြင့် တစ် ဧက စိုက်ပျိုးစရိတ် ပိုမိုကုန်ကျ ထားကြောင်း ပုသိမ်ကြီးမြို့နယ် မှ တောင်သူဦးမျိုးသန့်က ပြော သည်။ “ ဒီနှစ်မိုးစပါးစတင်စိုက်ပျိုး ချိန်မှာ ဆည်ရေအခက်အခဲရှိခဲ့ တော့ ရေသွင်းရေတင်ပြီး ခက် ခက်ခဲခဲ ဖြစ်အောင်စိုက်ပျိုးခဲ့ရ...

Post
ပဲစင်းငုံနီ(အသစ်)များ စတင်ဝင်ရောက်လာရာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀ အထိ ဈေးကောင်းရနေ

ပဲစင်းငုံနီ(အသစ်)များ စတင်ဝင်ရောက်လာရာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀ အထိ ဈေးကောင်းရနေ

ရွှေမန်း ပဲစင်းငုံနီ(အသစ်)များစတင် ဝင်ရောက်လာရာ သုံးတင်းဝင် တစ်အိတ်လျှင် ငွေကျပ် ၃၈၀၀၀၀ ပေါက် ဈေးရှိပြီး ဈေးကောင်းရရှိ နေကြောင်း ကုန်သည်များထံက သိရသည်။  မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ပဲစင်းငုံနီ၊ ပဲနီ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲနောက်၊ နှမ်းနှင့် မြေပဲတို့ကို အဓိက စိုက်ပျိုးကြသည်။ ပခုက္ကူမြို့နယ်တွင် ပဲစင်း ငုံနီကို ကုန်းခြောက်တောများ ဖြစ်သည့် ချောက်ကန်အုပ်စုရှိ ကျေးရွာများဖြစ်သော အရှေ့ ချောက်ကန်၊အနောက်ချောက်ကန်၊ မန်ကျည်းကိုးပင်ကျေးရွာများနှင့် အခြားကျေးရွာများတွင် စိုက်ဧက ၁၅၀၀၀ ကျော်ရှိပြီး သီးညှပ်သီးနှံ အဖြစ်စိုက်ပျိုးကြကြောင်း၊ တချို့ တောင်သူများမှာ နှစ်သီးစားစိုက် ပျိုးကြပြီး စိုက်ပျိုးသောမျိုးမှာ သက်လတ်မျိုးနှင့် သက်ကြီးမျိုး ကို စိုက်ပျိုးကြသည်။ ပခုက္ကူမြို့နယ်အတွင်းသို့ အခြားနယ်များမှလည်း ပဲစင်းငုံနီ များ ဝင်ရောက်လာရာ အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း၊...

Post
အရန်ဆန် အိတ်ရေ ၈ သိန်း စုဆောင်းထားဟု MRF ဥက္ကဋ္ဌပြော

အရန်ဆန် အိတ်ရေ ၈ သိန်း စုဆောင်းထားဟု MRF ဥက္ကဋ္ဌပြော

ရွှေမန်း ပို့ကုန်အခြေပြုအရန်ဆန်စနစ်အရ ဆန်တင်ပို့သူတွေရဲ့ ပါဝင်မှုနဲ့ အရန်ဆန်အိတ်ရေ ၈ သိန်းခန့် စုဆောင်းထားရှိပြီးဖြစ်ကြောင်း နိုဝင်ဘာ ၂၇ ရက်က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရုံးမှာ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ဥက္ကဋ္ဌက ပြောကြားခဲ့သည်။ “ပို့ကုန်ဆန် ၁ တန် ပို့တိုင်း၊ ပို့တိုင်းမှာ ဆန် ၁ အိတ် (၁ တန်၊ ၁ အိတ်)။ ဆန်စပါးကဏ္ဍမှာရှိတဲ့ ပို့ကုန်လုပ်ငန်းရှင်တွေရဲ့ ပါဝင်မှုနဲ့ ဆောင်ရွက်ထားပါတယ်”ဟု ၄င်းကပြောသည်။ အရန်ဆန်တွေ စုဆောင်းထားခြင်းကြောင့် လိုအပ်ချက်ရှိလာပါက ပရဟိတအသင်းအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ စက်ရုံ/အလုပ်ရုံတွေထံ ရောင်းချပေးလျက်ရှိသည်။ “ဆန်စပါးအသင်းချုပ်က စီးပွားရေးလုပ်တဲ့ အဖွဲ့အစည်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိအခြေအနေကြောင့်၊ ဈေးကွက်လိုအပ်ချက်ကြောင့် အရန်ဆန်ထဲကနေ ထုတ်ရောင်းပေးတာပါ”ဟု MRF ဥက္ကဋ္ဌက ဆက်​လက်ပြောကြားသည်။ MRF အနေဖြင့်...

Post
မြန်မာ့နာနတ်သီးများကို တရုတ်ဈေးကွက်သို့ ဝင်ရောက်ခွင့်ပြုသော်လည်း ပို့မွှား၅ မျိုးကိုစစ်ဆေးခံရမည်

မြန်မာ့နာနတ်သီးများကို တရုတ်ဈေးကွက်သို့ ဝင်ရောက်ခွင့်ပြုသော်လည်း ပို့မွှား၅ မျိုးကိုစစ်ဆေးခံရမည်

ရွှေမန်း မြန်မာနိုင်ငံမှ လတ်ဆတ်သော နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုမည်ဟု တရုတ်နိုင်ငံအကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC)က နိုဝင်ဘာလ (၁၁)ရက်နေ့တွင် ၎င်း၏ ဝက်ဘ်ဆိုက်မှတစ်ဆင့် ကြေညာခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ နာနတ်သီး အဓိကစိုက်ပျိုးသည့်ဒေသသည် ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင်တည်ရှိပြီး နာနတ်သီးများကို ပုံမှန်အားဖြင့် ဇွန်လမှ စက်တင်ဘာလ အတွင်း ခူးဆွတ်လေ့ရှိကြောင်း၊ ယခင်က မြန်မာနိုင်ငံမှ နာနတ်သီးအများစုကို တရားဝင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုအစီအစဉ်ဖြင့် တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း၊ သို့သော်လည်း တရုတ်နိုင်ငံသည် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၆)ရက်နေ့တွင် အဆိုပါလမ်းကြောင်းကို တရားဝင်ရပ်ဆိုင်းခဲ့ရာ မြန်မာ့နာနတ်သီးလုပ်ငန်းများအတွက် သိသိသာသာ ဆုံးရှုံးမှုဖြစ်စေခဲ့ကြောင်း၊ မြန်မာ့ပို့ကုန်လုပ်ငန်းရှင်များသည် ထိုင်း၊ စင်္ကာပူနှင့် အခြားနိုင်ငံများတွင် အစားထိုးဈေးကွက်များ ရှာဖွေခဲ့သော်လည်း...

Post
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်လက်မြင့်တက်လာ တစ်ပိဿာ ငွေကျပ် ၇၂၈၀ ဖြစ်​လာ

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်လက်မြင့်တက်လာ တစ်ပိဿာ ငွေကျပ် ၇၂၈၀ ဖြစ်​လာ

ရွှေမန်း စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ဆက်လက်မြင့်တက်လာ ရာ တစ်ပိဿာ ငွေကျပ် ၇၂၈၀ ဖြစ်​လာပြီး ယခင်သီတင်းပတ်ထက် ငွေကျပ် ၂၆၅ ထပ်မံမြင့်တက်လာကြောင်းသိရသည်။

Post
နိုဝင်ဘာလကုန်ပိုင်းတွင် ကွမ်းရွက်အထွက်နည်းလာသောကြောင့် ဈေးမြင့်တက်လာ

နိုဝင်ဘာလကုန်ပိုင်းတွင် ကွမ်းရွက်အထွက်နည်းလာသောကြောင့် ဈေးမြင့်တက်လာ

ရွှေမန်း  ကွမ်းစိုက်တောင်သူများ အနေ ဖြင့် နိုဝင်ဘာလကုန်ပိုင်းတွင် နေ့ အပူချိန်ကျဆင်းကာ အအေး ဓာတ်ပိုလာသောကြောင့် ကွမ်း ရွက်အထွက်နည်းလာကြောင်း တောင်သူများထံမှ သိရသည်။ ပြည်တွင်းကွမ်းခြံများတွင် ကွမ်းရွက်အထွက်နှုန်း ကျဆင်း လာရာ ဈေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းနိုင်မှု နည်းပါလာသော ကြောင့် နိုဝင်ဘာလကုန်ပိုင်းတွင် ကွမ်းရွက်တစ်ပိဿာလျှင် ငွေကျပ်  ၁၃၀၀၀-၁၄၀၀၀ ပေါက်ဈေးရှိ လာသည်။ မန္တလေးဈေးကွက်သို့ ဝင် ရောက်လျက်ရှိသော ကွမ်းခြင်း ပမာဏလည်း လျော့ကျလာ ကြောင်း၊ တံတားဦးမြို့နယ်၊ မုံရွာမြို့ နယ်၊ ကန့်ဘလူမြို့နယ်တို့မှ ကွမ်း ခြံခူးဈေးများလည်း မြင့်တက်လာ ကြောင်း၊ ရက်ပိုင်းအတွင်း ဆက် လက်ဈေးမြင့်တက်မည့် အခြေ အနေများ ရှိနေကြောင်း၊ အဓိက ကွမ်းဈေးမြင့်တက်လာရခြင်းမှာ လမ်းပန်းဆက်သွယ်ရေးစရိတ် ကြီးမှုကြောင့်လည်း ကွမ်းဈေးက မြင့်တက်လာကြောင်း ကွမ်းကုန်...

Post
ပြောင်းရာသီအစ တောင်သူများ ဈေးကောင်းရလာ

ပြောင်းရာသီအစ တောင်သူများ ဈေးကောင်းရလာ

ရွှေမန်း ယခုနှစ် ပြောင်းရာသီအစ တွင် ပြည်တွင်းပြောင်းဈေးကွက် မှာ ယခင်နှစ်ထက် ဈေးကောင်း ရရှိလာကြောင်း ပြောင်းကုန်သည် များထံမှ သိရသည်။ လက်ရှိ တွင် ထိုင်းနိုင်ငံသို့ ပြောင်းတင်ပို့ မှု ရပ်နားထားသော်လည်း အခြား ဖိလစ်ပိုင်၊ ဗီယက်နမ်၊ အိန္ဒိယနိုင်ငံ များသို့ ပင်လယ်ရေကြောင်းမှ တစ်ဆင့် တင်ပို့ရောင်းချလျက်ရှိ သည်။ မကြာမီ တရုတ်နိုင်ငံသို့ လည်း နယ်စပ်ကုန်သွယ် ရေးလမ်း ကြောင်းမှတစ်ဆင့် ပြန်လည်တင် ပို့နိုင်မည့် မျှော်လင့်ချက်များဖြင့် ပြောင်းရာသီအစကတည်းက ဈေး ကောင်းပေးဝယ်ယူကာ ပြောင်စုဆောင်း မှုများ ရှိနေကြောင်း ကုန်သည်များက သုံးသပ်ထားသည်။ နိုဝင်ဘာ ၂၁ ရက်တွင် မန္တလေးဈေးကွက်၌ ပြောင်း (CP)-၅၄ပိဿာတစ်အိတ်လျှင် ငွေကျပ် ၇၇၀၀၀- ၇၈၀၀၀၊ အထွက်တိုးပြောင်း(နီ) -၅၃...

Post
ပြည်တွင်းပဲ ရာသီအကုန် ပဲမာလိုင်းအချို့ ပစ္စည်းပြတ်၊ တရုတ်ပို့ကုန် မြေထောက်ပဲ ဈေးမြင့်တက်လာ

ပြည်တွင်းပဲ ရာသီအကုန် ပဲမာလိုင်းအချို့ ပစ္စည်းပြတ်၊ တရုတ်ပို့ကုန် မြေထောက်ပဲ ဈေးမြင့်တက်လာ

ရွှေမန်း  ပြည်တွင်းပဲရာသီကုန်ဆုံး ခါနီးဖြစ်သောကြောင့် ပဲမာလိုင်း အချို့ ပစ္စည်းပြတ်လပ်မှုများ ရှိ နေပြီး တရုတ်ပို့ကုန်မြေထောက် ပဲဈေးမြင့်တက်လာကြောင်း ပဲ၊ နှမ်းကုန်သည်များထံမှ သိရ သည်။   ပဲ၊ နှမ်းဈေးကွက်အတွင်း တရုတ်နိုင်ငံသို့ တင်ပို့ရန် ဝယ် ယူမှု ကောင်းလာသောကြောင့် မြေထောက်ပဲ ဈေးမြင့်တက်လာရာ တစ်အိတ်လျှင် ငွေကျပ် ၃၅၅၀၀၀ ပေါက်ဈေးရှိလာရာ ယခင်သီတင်း ပတ်ထက် ငွေကျပ် ၂၀၀၀၀ ခန့် ဈေးမြင့်တက်လာသည်။  နိုဝင်ဘာလကုန်ပိုင်းတွင် မြေပဲဆန်ဈေးကွက်မှာ ဒေသစုံမှ ဝင်ရောက်လာမှုကြောင့် အရောင်း အဝယ်ကောင်းနေပြီး ဈေးနှုန်း အနည်းငယ်သာ ကျဆင်းမှု ရှိ သော်လည်း အမြင့်ဈေးတန်းတွင် ရှိနေကြောင်း၊ နှမ်းမျိုးစုံမှာ ပို့ကုန် တင်ပို့ရန်အတွက် ဝယ်ယူမှု ကောင်းသော်လည်း ဈေးအနည်း ငယ် ကျဆင်းလာကြောင်း...

Post
ဧရာ၀တီမြေနုကျွန်းစိုက်ခင်းများမှ စားဖိုဆောင်သီးနှံများ ဈေးကောင်းရ

ဧရာ၀တီမြေနုကျွန်းစိုက်ခင်းများမှ စားဖိုဆောင်သီးနှံများ ဈေးကောင်းရ

ရွှေမန်း ဆောင်းစိုက်သီးနှံအဖြစ် ဧရာ၀တီမြစ်ရေ ကျဆင်းချိန် အောက်တိုဘာလဆန်းပိုင်းက စတင် စိုက်ပျိုးထားသည့် စားဖို ဆောင်သီးနှံများဖြစ်သည့် ချဉ် ပေါင်ရွက်၊ ဘူးသီးများ စတင် ခူးဆွတ်ရောင်းချနေရာ ယခင်နှစ် များထက် ဈေးကောင်းရရှိလာ ကြောင်း တောင်သူများထံက သိရ သည်။ “ ဆောင်းစိုက်အနေနဲ့ ကန် စွန်းဥ၊ မြေပဲတွေနဲ့ ချဉ်ပေါင်ရွက်၊ ဘူးပင်ကတော့ အညွှန့်တွေ စတင် ခူးနေပါပြီ။ ချဉ်ပေါင်ကတော့ အစည်း ၁၀၀ကို ငွေကျပ် ၃၅၀၀- ၄၀၀၀ ဈေးရပါတယ်။ ချဉ်ပေါင် က တစ်ဧကကို ငွေကျပ် ၅၀၀၀၀၀ စိုက်ပျိုးစရိတ် ကုန်ကျပါတယ်။ ချဉ်ပေါင်ကတော့ အပင်နုတ်စနစ် နဲ့ တစ်ကန့်ကို ချဉ်ပေါင်အစည်း ၈၀၀၀ လောက်ထွက်ပါတယ်။တစ်ဧကနှုန်းဆိုရင် ချဉ်ပေါင် အစည်း ၃၂၀၀၀...