8011

ကြက်သွန်နီဈေးကွက် သင်္ကြန်ကာလအပြီးနောက်ပိုင်း အတက်ဘက်သို့ ဦးတည်နေ

ရွှေမန်း

မန္တလေး ကြက်သွန်နီဈေးကွက်တွင် သင်္ကြန်ကာလမတိုင်မီကထက် သင်္ကြန်ကလာ ပြီးချိန်တွင် တစ်ပိဿာ ငွေကျပ် ၂၀၀ ဝန်းကျင် ဈေးမြင့်တက်လာရာ ဆက်လက်ပြီး အတက်ဘက်ဦးတည်မည်ဖြစ်ကြောင်း မန္တလေး ကြက်သွန်နီ ပွဲရုံများမှ သိရသည်။

ပြည်တွင်းလိုအပ်ချက်သာမက တရုတ်နှင့် ဗီယက်နမ်နိုင်ငံများသို့လည်း ပုံမှန် တင်ပို့ရောင်းချနေရပြီး စိုက်ပျိုး တောင်သူများက ဈေးကွက်ထိန်းကာ ရောင်းချနေကြသည်ဟု မန္တလေး၊ကြက်သွန်နီပွဲရုံတစ်ခုမှ ပြောသည်။

“ကြက်သွန်နီက တောင်သူတွေထဲမှာ ရှိနေတော့ သူတို့ က ထိန်းပြီးရောင်းနေကြတယ်။ပုံမှန်ဈေးကွက်အလိုအရ ဆိုရင်လည်း ဒီလိုအချိန်အခါပြီးချိန်မှာ ကြက်သွန်ဈေးမြင့်လာတဲ့ အချိန်ပါ။ခုနောက်ပိုင်းမှာ ကြက်သွန်နီ ဈေးက အတက်ဘက်သွားနေမယ်”ဟု ၎င်းက ပြောသည်။

သကြ်န်ပြီးနောက်ပိုင်း ကြက်သွန်နီဈေးကွက်တွင် အမျိုးအစားနှင့် အရွယ်အစားအလိုက် တစ်ပိဿာ ငွေကျပ် ၁၈၀၀ ဝန်းကျင်ဖြင့် တောင်သူများထံမှ ဝယ်ယူရပြီး သင်္ကြးပြီးချိန်တွင် တစ်ပိဿာ ငွေကျပ် ၂၀၀ ဝန်းကျင် ဈေးမြင့်လာကြောင်း၊အချို့ ကြက်သွန်နီများမှာ တောင်သူထံဝယ်ဈေး ငွေကျပ် ၁၅၀၀ ဝန်းကျင်မှ သင်္ကြန်ပြီး ချိန်တွင် ၁၈၀၀ ဝန်းကျင် ပေးဝယ်ရကြောင်းသိရသည်။

“သင်္ကြန်မတိုင်မီက တောဈေးလို့ခေါ်တဲ့ တောင်သူတွေထံ ဝယ်ဈေးက ရွှေဘို၊မုံရွာ၊မိတ္ထီလာ ကြက်သွန်နီ ဆိုရင် တစ်ပိဿာ ငွေကျပ် ၁၅၀၀ ဝန်းကျင် ခုတော့ မြစ်သားဆိုရင်၂၀၀၀ ဝယ်ရတယ်။မန္တလေး အရောက်ဆိုရင် သယ်ယူစရိတ်၊အလုပ်သမားစရိတ် တစ်ပိဿာ ၂၀၀ ဝန်းကျင် ထပ်ပေါင်းရင် ဈေးကွက်မှာ ၂၅၀၀ ဝန်းကျင် လောက် ရောင်းကြတယ်”ဟု ဆက် လက်ပြောကြားသည်။

ကြက်သွန်နီဈေးကွက်နှင့် ပတ်သက်၍ တောင်သူထံ ဝယ်ဈေးနှင့် ပွဲရုံပေါက်ဈေးကွာခြားမှုရှိသကဲ့သို့ လက်လီ ဈေးကွက်တွင်လည်း တစ်ပိဿာလျင် ငွေကျပ် ၃၀၀ မှ ၅၀၀ ဝန်းကျင် ဈေးကွာဟမှု ရှိကြောင်း၊ ကြက်သွန်နီ စိုက် တောင်သူများအနေဖြင့် စိုက်ပျိုးစားရိတ်၊ ရာသီဥတုနှင့် ဒေသအခြေအနေများကြောင့် ဈေးထိန်း ရောင်း ကြခြင်းနှင့် ပြည်ပသို့ ပုံမှန်တင်ပို့နေရခြင်းတို့ကြောင့် ဈေးကွက်တွင် အတက်ဘက်သို့ ဦးတည်လျက်ရှိရာ လက်ရှိတွင် ကြက်သွန်နီ တစ်ပိဿာ ငွေကျပ် ၂၀၀၀ မှ ၂၆၀၀ ဝန်းကျင် ပေါက်ဈေးရှိ ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.