7995

ပဲနှမ်းဈေးကွက်တစ်ခုလုံး ပေါက်ဈေးအတက်အကျအတိုင်း အရောင်းအဝယ်သွက်နေ

ရွှေမန်း

 ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး  ပေါက်ဈေးအတက်အကျ အတိုင်းအရောင်းအဝယ်သွက်နေကြောင်း ပဲကုန်သည်များထံက သိရသည်။

ပြည်တွင်းသုံးကုလားပဲ အုပ်စု ဈေးကျဆင်းရာမှ ပြန်လည် မြင့် လာသလို အဝယ်ကောင်းနေခြင်း ဖြစ်သည်။

ပဲ၊ နှမ်းဈေးကွက်တစ်ခုလုံး ပေါက်ဈေးအတိုင်း အရောင်း အဝယ်သွက်နေကြောင်း ပို့ကုန်ပဲ များ ဈေးမြင့်တက်လာသလို ပြည် တွင်းသုံးကုလားပဲအုပ်စု ဈေးပြန် မြင့်တက်လာကြောင်း ပဲမာလိုင်း များလည်း အသစ်ဝင် ရောက်နေ သလိုအဝယ်လည်း ကောင်းနေ ကြောင်း  ရွှေစင်သိန်းပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြောသည်။

“ ကုလားပဲအုပ်စုကတော့ ဈေးပြန်မြင့်တက်လာပါတယ်။ အရင်ရက်တွေက ဈေးကျဆင်း နေတာကနေပြန်တက်လာတာပါ။ ပဲစင်းငုံတွေကတော့ တစ်အိတ် ငွေကျပ် ၃၉၅၀၀၀နဲ့ဈေးငြိမ်နေ ပါတယ်။ မြေပဲလုံးဆန်တွေလည်း ဈေးပြန်ကောင်းလာပါတယ်။ပို့ ကုန်ပဲတွေ ဈေးကောင်းနေသလို ပဲမာလိုင်းတွေလည်း အရောင်း အဝယ်ကောင်းနေပါတယ်။ ပဲဈေးကွက်တစ်ခုလုံးပေါက်ဈေး အတိုင်း အရောင်းအဝယ်ခပ်သွက် သွက်ရှိနေပါတယ်။ ပဲစင်းငုံနီ ကတော့ လှောင်လက်သမားကြီး အချို့ထံတွင်သာ လက်ကျန်ရှိတော့ တယ်´´ ဟု ၎င်းကပြောသည်။

ဧပြီ   ၂၅ ရက်တွင် ပို့ကုန် ပဲများဈေးကျဆင်းနေရာမှဆက် လက်မြင့်တက်လာရာ  မတ်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင်  ငွေကျပ် ၃၉၅၀၀၀ ပေါက်ဈေး ဖြစ်လာ သည်။ ပဲတီစိမ်းအညာတစ်အိတ် လျှင် ငွေကျပ် ၁၅၅၀၀၀ ပေါက် ဈေးဖြစ်နေသည်။      

 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဈေးတည်ငြိမ်နေရာ  ဧပြီ ၂၅ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၂၄၅၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၅၀၀၀၀၊  ထိုင်ဝမ် ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၃၀၀၀၀၊ ၉၂၉ ကုလားပဲတစ် အိတ်လျှင် ငွေကျပ် ၂၃၃၀၀၀ အသီးသီးပေါက်ဈေးရှိနေသည်။

အသစ်ဝင်ပဲမာလိုင်းများ ဈေးကောင်းအဝယ် သွက်နေရာ ပဲကြီး တစ်အိတ်လျှင် ငွေကျပ် ၂၆၅၀၀၀၊ ပဲထောပတ် တစ်အိတ် လျှင် ငွေကျပ် ၃၅၀၀၀၀၊ မြေ ထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၅၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊ ကနေဒါ စားတော်ပဲ တစ်အိတ် လျှင် ငွေကျပ် ၂၇၃၀၀၀ ပေါက် ဈေးရှိနေပြီး မြေပဲအနီလုံး ဆန် (မြင်းမူ)တစ်ပိဿာ လျှင် ငွေကျပ် ၇၂၀၀-၇၄၀၀ အထိ ပေါက်ဈေး ရှိနေသည်။

ဧပြီ ၂၅ ရက်တွင် နှမ်းမျိုးစုံအနည်းငယ် ဈေးကျဆင်းသွားရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၄၂၀၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၀၅၀၀၀၊ နှမ်းနက်စမုန် တစ် အိတ်လျှင် ငွေကျပ် ၃၉၅၀၀၀ အသီးသီးပေါက်ဈေးရှိနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published.