8015

ပြည်ပတင်ပို့ရန် စိန်တလုံးသရက်သီး ဈေးကောင်းပေးဝယ်မည်

ရွှေမန်း

ပြည်ပနိုင်ငံများသို့ တင်ပို့ နိုင်ရန် ပို့ကုန်အရည်အသွေးရှိ စိန်တလုံးသရက်သီးများ ဈေး ကောင်းပေးဝယ်မည်ဖြစ်ကြောင်း သဇင်နွယ်သရက်ခြံမှ သိရသည်။  

ယခုနှစ် စိန်တလုံးသရက် သီးများကို ယခင်နှစ်ထက် ဈေး ကောင်းပေးထားပြီး အရည် အသွေးကောင်းပါက ဈေးပိုပေး သွားမည်ဖြစ်ကြောင်း သရက်ခြံ မန်နေဂျာက ပြောသည်။

သဇင်နွယ် သရက်ခြံက တောင်သူများထံမှ ဝယ်ယူမည့် စိန်တလုံးသရက်သီးများကို အရွယ်အစားအရည်အသွေး အလိုက် ဈေးသတ်မှတ်ထားရာ အသေးဆိုဒ် ၂၆၀-၃၁၀ ကီလို ဂရမ် တစ်တန်လျှင် ၁၂၅၀၀၀၀၊ အလတ်ဆိုဒ် ၃၁၀- ၃၆၀ ကီလို ဂရမ် တစ်တန်လျှင် ငွေကျပ် ၁၄၅၀၀၀၀၊ အကြီးဆိုဒ် ၃၆၀-၄၁၀ ကီလိုဂရမ် တစ်တန်လျှင် ငွေကျပ် ၁၆၅၀၀၀၀၀၊ အကြီးဆုံး ဆိုဒ် ၄၁၀-၄၆၀ ကီလိုဂရမ် တစ် တန်လျှင် ငွေကျပ် ၁၉၀၀၀၀၀ဖြင့် ဝယ်ယူပေးသွားမည်ဖြစ်သည်။

စိန်တလုံးသရက်သီး ရောင်း ချလိုသည့် တောင်သူများအနေဖြင့် ဝယ်ယူမည့် တန်ကန့်သတ်ချက် ရှိတာကြောင့် စဉ့်ကိုင်မြို့နယ် ပလိပ်မြို့၊ ဆည်ရွာဇရပ်အနီး သဇင်နွယ်သရက်ခြံ ဖုန်း ၀၉-၄၃၁၁၇၄၁၇၊ ၀၉-၂၀၁၃၃၈၉ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

ယခင်နှစ်များက သဇင်နွယ် သရက်ခြံအနေဖြင့် စင်ကာပူနိုင်ငံ သို့ အအေးခန်းကွန်တိန်နာများ ဖြင့် တန်ချိန် ၁၀၀ ကျော် တင်ပို့ ခဲ့ပြီး ယခုနှစ်တွင်လည်း အခြား ပြည်ပနိုင်ငံများသို့ လေကြောင်း လိုင်းဖြင့်ပါ တင်ပို့နိုင်ရန် ဆောင် ရွက်လျက်ရှိရာ အရည်အသွေး ကောင်း စိန်တလုံးသရက်သီးများ ကို ယခုလို ဈေးကောင်းပေးဝယ် ခြင်း ဖြစ်သည်။  

မြန်မာ့စိန်တလုံးသရက်သီးမှာ ဧပြီလကုန်ပိုင်းမှ စတင်ကာ ရင့်မှည့်မှုရှိပြီး ဇွန်လလယ်လောက် ထိသာ လှိုင်လှိုင်ပေါ်လေ့ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.