ပို့ကုန်ပဲများ ဈေးမြင့်တက်လာတာနှင့်အတူ အသစ်ဝင်ပဲများ အရောင်းအဝယ်သွက်လာ


ရွှေမန်း
 ပို့ကုန်ပဲများ ဈေးမြင့်တက် လာတာနှင့်အတူ အသစ်ဝင်ပဲများ အရောင်းအဝယ်သွက်လာကြောင်း  ပဲကုန်သည်များထံက သိရသည်။

နိုင်ငံခြားငွေလဲနှုန်းမြင့်တက် လာတာကြောင့် ပို့ကုန်ပဲများလည်း   ဈေးမြင့်တက်အရောင်းအဝယ် သွက်လာသလို ပြည်တွင်းသုံး ကုလားပဲအုပ်စုနှင့် အသစ်ဝင် ပဲမာလိုင်းများလည်း လှောင်လက်  သမားများ အဝယ်ကောင်းနေခြင်း ဖြစ်သည်။

ဧပြီလဆန်းပိုင်းတွင် ပို့ကုန် မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေးပြန် မြင့်တက်လာပြီး နယ်စုံမှအသစ် ဝင်ရောက်လာသည့် ပဲမာလိုင်း များလည်း လှောင်လက်သမား များအကြိုက် ပေါက်ဈေးဖြစ်နေ တာကြောင့် အရောင်းအဝယ်သွက် နေကြောင်း၊ တရုတ်နိုင်ငံသို့ တင် ပို့သည့် ပဲတီစိမ်း၊ နှမ်းနှင့် မြေပဲ တို့မှာ ဈေးတည်ငြိမ်နေကြောင်း ယခင်က တစ်အိတ်လျှင် ငွေကျပ်  ၄၀၀၀၀၀ ကျော်ပေါက်ဈေးရှိ သည့် ပဲမာလိုင်းအချို့ ယခုချိန် တွင် ငွေကျပ် ၂၀၀၀၀၀ ကျော် သာ ပေါက်ဈေးရှိတော့တာကြောင့်  လှောင်လက်သမားများ အဝယ် ကောင်းနေကြောင်း ရွှေစင်သိန်း ပွဲရုံပိုင်ရှင် ဦးကျော်သွင်က ပြော သည်။

“ ပြည်တွင်းသုံး ကုလားပဲ အုပ်စုက ပုံမှန်သာပေါက်ဈေး ရှိနေပြီး အရောင်းအဝယ် ခပ် သွက်သွက် ရှိနေပါတယ်။ မတ် ပဲနဲ့ပဲစင်းငုံကတော့ လဆန်းပိုင်း ကတည်း ကဈေးပြန် တက်လာ ပါတယ်။ ပဲစင်းငုံ တစ်အိတ်ကို ငွေကျပ် ၃၇၅၀၀၀အထိ မြင့် တက်လာပါတယ်။ မတ်ပဲဆိုရင် လည်း ၂၉၅၀၀၀ အထိ မြင့်တက် လာပါတယ်။ပြည်တွင်းသုံးပဲတွေ ကတော့ ဈေးမတက်ဘဲ အရောင်း အဝယ် ခပ်သွက်သွက်ဖြစ်နေပါ တယ်။ လက်ရှိ ပဲသစ်တွေ နယ်စုံ ကနေ ဝင်ရောက်နေလို့ လှောင် လက်သမားတွေ အဝယ်ကောင်း နေပါတယ်´´ဟု ၎င်းကပြောသည်။

ဧပြီ ၅ရက်တွင် ပို့ကုန် ပဲများ ဈေးကျဆင်းနေရာမှ ပြန် လည် မြင့်တက်လာရာ  မတ်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၉၀၀၀၀၊ ပဲစင်းငုံတစ်အိတ်လျှင်  ငွေကျပ် ၃၇၀၀၀၀ ပေါက်ဈေး ဖြစ်လာ သည်။ ပဲတီစိမ်းအညာ တစ် အိတ်လျှင် ငွေကျပ် ၁၂၅၀၀၀ ပေါက်ဈေးဖြစ်နေသည်။      

 ပြည်တွင်းသုံး ကုလားပဲ အုပ်စုမှာ ဈေးတည်ငြိမ်နေရာ  ဧပြီ ၅ ရက်တွင် ကုလားပဲ V2တစ်အိတ်လျှင် ငွေကျပ် ၂၄၂၀၀၀၊ ကုလားပဲ V7 တစ်အိတ်လျှင် ငွေကျပ် ၂၅၀၀၀၀၊  ထိုင်ဝမ် ကုလားပဲ တစ်အိတ်လျှင် ငွေကျပ် ၂၂၅၀၀၀၊ ၉၂၉ ကုလားပဲတစ် အိတ်လျှင် ငွေကျပ် ၂၃၃၀၀၀ အသီးသီးပေါက်ဈေးရှိနေသည်။

ပြည်တွင်းသုံး ပဲမာလိုင်း များမှာ နယ်စုံမှအသစ်ဝင်ရောက် မှုများနေတာကြောင့် ဈေးကျ ဆင်း နေရာ ပဲကြီးတစ်အိတ်လျှင် ငွေကျပ် ၂၆၆၀၀၀၊ ပဲထောပတ် တစ်အိတ်လျှင် ငွေကျပ် ၃၅၀၀၀၀၊ မြေထောက်ပဲတစ်အိတ်လျှင် ငွေ ကျပ် ၃၃၀၀၀၀၊ ကျွန်းစားတော် ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၇၀၀၀၀၊ ကနေဒါစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၆၀၀၀၀ ပေါက်ဈေးရှိနေပြီး မြေပဲအနီ လုံးဆန်(မြင်းမူ) တစ်ပိဿာလျှင် ငွေကျပ် ၇၆၀၀-၇၇၀၀ အထိ ဈေး ကျဆင်းသွားသည်။

ဧပြီ ၅ရက်တွင် နှမ်းမျိုးစုံ အနည်းငယ် ဈေးကျဆင်းသွားရာ နှမ်းဖြူ(ဂျပန်) ၄၅ ပိဿာ တစ် အိတ်လျှင် ငွေကျပ် ၄၀၅၀၀၀၊ နှမ်းညိုတစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀၊ နှမ်းနက်စမုန် တစ် အိတ်လျှင် ငွေကျပ် ၄၀၀၀၀၀ အသီးသီးပေါက်ဈေးရှိနေကြောင်း သိရသည်။

Leave a Reply

Your email address will not be published.