Home 2022 June

Month: <span>June 2022</span>

Post
ပြည်တွင်းဆီထွက်သီးနှံများဈေးကောင်းနေတာကြောင့် နွေစပါးအစား နွေနှမ်းစိုက်ပျိုးမှု ကမိုပိုအဆင်ပြေလာ

ပြည်တွင်းဆီထွက်သီးနှံများဈေးကောင်းနေတာကြောင့် နွေစပါးအစား နွေနှမ်းစိုက်ပျိုးမှု ကမိုပိုအဆင်ပြေလာ

ရွှေမန်း ပြည်တွင်းဆီထွက်သီးနှံများဈေးကောင်းနေတာကြောင့် နွေစပါးအစား နွေနှမ်းစိုက်ပျိုးမှုက မိုပိုအဆင်ပြေတွက်ခြေကိုက်ကြောင်း သိရသည်။ နွေစပါးစိုက်ပျိုးမှုအတွက် ဆည်ရေလုံလောက်စွာရရှိမှု စိုက်ပျိုးစရိတ် ၊သွင်းအားစုများ ဈေးကြီးမြင့်တို့ကို ချိန်ဆ ပြီး လက်ရှိစပါးပေါက်ဈေးအရ နွေနှမ်းစိုက်ပျိုးမှုက ဆည်ရေအတွက် မစိုးရိမ်ရခြင်း စိုက်ပျိုးစရိတ်သက်သာခြင်း ဆီထွက်သီးနှံ နှမ်းမြေပဲတို့ ဈေးကောင်းရရှိနေခြင်းတို့ကြောင့် အကျိုးအမြတ်ပိုမိုရရှိကြောင်း ထို့ပြင် စပါးပြီးစပါး စိုက်ပျိုးခြင်းထက် သီးနှံပြောင်းလဲစိုက်ပျိုးခြင်းက မြေပြုပြင်ပြီးသလို သွင်းအားစုသုံးစွဲမှုကို များစွာလျော့ချနိုင်ကြောင်း ပုသိမ်ကြီးနယ်မှ တောင်သူဦးမျိုးသန့်က ပြောသည်။ “ မတ်လက စိုက်ပျိုးခဲ့တဲ့ နှမ်းကို အခုရိတ်သိမ်းြ့ပီး မိုးစပါးကောက်ကြီးအတွက် ပျိုးထောင်နေပါပြီ။ ၇လပိုင်းမှာ ပျိုးထောင်ထားပြီး ၈ လပိုင်းမှာ မိုးစပါး အနေနဲ့ မဂျမ်းတော့ မျိုးစပါးစိုက်ပျိုးသွားမှာပါ။ နိုဝင်ဘာဘာကုန်လောက် မဂျမ်းတော မျိုးစပါးရိတ်သိမ်းပြီး ရင် ကုလားပဲ စိုက်ပျိုးသွားမှာပါ။ ကုလားပဲကလည်း မတ်လမှာရိတ်ပြီးပြီးချင်း...

Post
ပြည်ပတင်ပို့မှု ရပ်လုနီးပါးဖြစ်နေသည့်အတွက် ပြောင်းဈေး ၁၀ရာခိုင်နှုန်းအထိ ကျဆင်း

ပြည်ပတင်ပို့မှု ရပ်လုနီးပါးဖြစ်နေသည့်အတွက် ပြောင်းဈေး ၁၀ရာခိုင်နှုန်းအထိ ကျဆင်း

ရွှေမန်း လက်ရှိတွင်ပြည်ပတင်ပို့မှု ရပ်လုနီးပါးဖြစ်နေသည့်အတွက် ပြောင်းဈေး ၁၀ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း သိရသည်။ ယခုကာလမှာ နှစ်စဉ်ပြောင်းဈေးအေးသည့်ကာလဖြစ်ပြီး ဇွန်လ အတွက် Normal Trade မှာ တင်ပို့မှုမရှိသလောက်ဖြစ်ကာ ရပ်လုနီးပါးဖြစ်နေကြောင်း ကုန်သည်များ ထံမှသိရသည်။ ထို့အပြင် Border Tradeမှာလည်း ပုံမှန်တင်ပို့မူထက် အနည်းငယ်အေးနေသည့် အနေအထားတွင် ရှိသောကြောင့် ပြောင်းဈေးမှာကျဆင်းနေရခြင်းဖြစ်ကြောင်း သိရသည်။ “တင်ပို့မှုအပိုင်းမှာ Normal Tradeက ရပ်သလောက်ဖြစ်နေပြီး ဇွန်လအတွက် တင်ပို့မူကမရှိ သလောက်ပဲ။ ၁,၈၅၀နဲ့ မကိုက်လို့ တင်ပို့မှုမလုပ်ကြဘူး။ Border Trade ကတော့ပုံမှန်ထက်အေးတယ်။ ဒီရာသီက ပြောင်းဈေးအေးတဲ့ရာသီဖြစ်တယ်။ တင်ပို့မှုလည်းအေးတယ် ဈေးနှုန်း အားဖြင့်လည်း ကျတယ်” ဟု မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း မှ ဦးမင်းခိုင် ကပြောထားသည်။ လက်ရှိဈေးကွက်တွင် ပြောင်းဈေးမှာကျဆင်းနေသလို အရောင်းအဝယ်အားဖြင့်လည်း အေးနေခြင်း...

Post
မြေပဲဆံတစ်မျိုးတည်းသာ စံချိန်တင်အမြင့်ဈေးဖြင့် အဝယ်သွတ်နေသော်လည်း အခြားပဲမျိုးစုံဈေးကွက် ပုံမှန်ဈေးကွက်သာရှိနေ

မြေပဲဆံတစ်မျိုးတည်းသာ စံချိန်တင်အမြင့်ဈေးဖြင့် အဝယ်သွတ်နေသော်လည်း အခြားပဲမျိုးစုံဈေးကွက် ပုံမှန်ဈေးကွက်သာရှိနေ

ရွှေမန်း မြေပဲဆံတစ်မျိုးတည်းသာ စံချိန်တင်အမြင့်ဈေးဖြင့် အဝယ်သွတ်နေသော်လည်း အခြားပဲမျိုးစုံဈေးကွက် ပုံမှန်ဈေးကွက်သာ ရှိနေကြောင်း ပဲနှမ်းကုန်သည်များထံမှ သိရ သည်။မန္တလေးပဲနှမ်းဈေးကွက်တွင် ဆီစက်ပိုင်များ ဝယ်ယူမှု ကောင်းနေခြင်း တရုတ်ဝယ်လက်များ ဆုံနေခြင်းကြောင့် မြေပဲဆံဈေးမှာ တစ်ပိသာကျပ် ၄၄၀၀ ထိပေါက်ဈေးရှိလာသည်။ ပို့ကုန်ပဲများနှင့် ပြည်တွင်းသုံးကုလားပဲအုပ်စု မှာ ဈေးတည်ပြီး ပုံမှန်အရောင်းအဝယ်သာ ရှိနေသည်။ပဲဈေးကွက်အတွင်း ပဲမျိုးစုံရောင်းဝယ်ရာတွင် ငွေပေးချေမှု ပုံစံပေါ်မှုတည်ပြီး တစ်အိတ်ကျပ် ၂၀၀၀.၃၀၀၀ ခန့်ကွာခြားမှုရှိကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌဦးကျော် သွင် (ရွှေစင်သိန်းပွဲရုံ) က ပြောသည်။ “ မြေပဲဆံမှာ မန္တလေးဈေးကွက်တွင်သာ ပြည်တွင်းဆီစက်ပိုင်များ နှင့် တရုတ်ဝယ်လက်များ ဝယ်လိုအားကောင်းတော့ တစ်ပိသာကျပ် ၄၄၀၀ ဈေးပြန်ဖြစ်လာပါတယ်။ ပဲတီစိမ်းမှာ တစ်အိတ် ၁၅၃၀၀၀-၁၅၄၀၀၀ ဈေးတက်လာပါတယ်။...

Post
ရင်ဆိုင်ရင်း ရုန်းကန်ရဦးမှာလား

ရင်ဆိုင်ရင်း ရုန်းကန်ရဦးမှာလား

ကောင်းဇော် ဘောလုံးပွဲတပွဲကစားတဲ့အခါ ဖွင့်ပြီး ပြိုင်ဖက်နဲ့အပြိုင် ဖွင့်ကစားတဲ့နည်းက စိတ်လှုပ်ရှားစရာကောင်းပေမယ့် ပေးဂိုးများသွားနိုင်ပါတယ်။ခံစစ်အားပြုပြီး အပိတ်နဲ့ ကစားတဲ့နည်းလမ်းက အဆုံးအရှုံးကို သက်သာစေနိုင်ပေမယ့် ပြိုင်ဖက်က အားကြီးတဲ့ ခွက်ခွက်လန် အရှုံးကို ရင်မှာ ပိုက်သွားရနိုင်ပါတယ်။ကိုဗစ် 19က မျိုးကွဲအမျိုးမျိုးနဲ့ တိုက်ခိုက်တာကို ရေရှည်ရင်ဆိုင်ဖို့ ပြင်ထားရမှာပါ။ အားနည်းတဲ့နိုင်ငံနဲ့ လူတစ်ဦးချင်းစီကို ဒုက္ခပင်လယ်ဝေသွား စေနိုင်မယ်ဆိုတာ သတိပြုရင်း ကျန်းမာရေးအသိတွေကို အမြဲလက်ကိုင်ထားရမှာပါ။လူတစ်ဦးချင်းစီအနေနဲ့ နှာခေါင်းစီး တပ်ဖို့၊ လက်ဆေးဖို့၊ အတတ်နိုင်ဆုံး အကွာအဝေးတစ်ခုကို သတိပြု နေထိုင်ဖို့ဆိုတာ ကိုဗစ် 19ကို ကာကွယ်နိုင်ဖို့ အမြဲ ပြုနေရမယ့် အခြေခံကျန်းမာရေးကျင့်ဝတ်တွေပါ။‌ဥပါဒ်မပေးနိုင်တဲ့အခါ သူ့ကို မေ့လျော့နေတတ်ကြပါတယ်။အိမ်နီးချင်းနိုင်ငံတွေမှာ ကိုဗစ် 19က ထပ်မံပြန်လည်လှုပ်ရှားလာနေပါတယ်။အိန္ဒိယနိုင်ငံ မွန်ဘိုင်းမှာ ကိုဗစ်ကူးစက်မှု အသစ် (၃၇၁၂) ခု ရှိပြီး တစ်လအတွင်း စံချိန်တင်ကူးစက်ခံရသူအရေအတွက်မြင့်တက်လာခဲ့တယ်လို့...

Post
ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၂ သန်း တင်ပို့နိုင်ရန် ဆောင်ရွက်သွားမည်

ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၂ သန်း တင်ပို့နိုင်ရန် ဆောင်ရွက်သွားမည်

ရွှေမန်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံတွေထံ ဆန်/ဆန်ကွဲတန်ချိန် ၂ သန်းခန့် တင်ပို့နိုင်ရေး ရည်မှန်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)ထံမှသိရသည်။ တစ်လကို ပျမ်းမျှဆန်တန်ချိန် ၂ သိန်းခန့် ပြည်ပနိုင်ငံတွေထံ တင်ပို့နေရပြီး ဖြစ်ပေါ်လာတဲ့ အခက်ခဲတွေကို နိုင်ငံတော်အစိုးရနဲ့အတူ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်။ မြန်မာ့ဆန်ကို ဥရောပ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အာဆီနိုင်ငံအချို့ကို ရောင်းချနေရပြီး တန်းမြင့်ဆန်ဖြစ်သည့် ပေါင်းဆန်ကိုတော့ ဥရောပဈေးကွက်ကို အဓိက တင်ပို့လျက်ရှိသည်။ ထိုသို့တင်ပို့ရာတွင် နိုင်ငံခြားငွေလဲနှုန်းအပေါ်မှာ သက်ရောက် မှုမရှိပေမယ့် အခြေခံကျသော ဆန်တင်ပို့မှုတွင် အနည်းငယ်ထိခိုက်မှုရှိတာကြောင့် သက်ဆိုင်ရာညှိနှိုင်းမှုနဲ့ စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။ ပြည်တွင်းမွေးမြူရေးလုပ်ငန်းများနဲ့ ယမကာချက်လုပ်တဲ့ လုပ်ငန်းများအတွက် ဆန်ကွဲဖြည့်ဆည်းပေးနေရသလို ဥရောပ၊ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်စတဲ့ ပြည်ပဈေးကွက်ရဲ့ ဝယ်လိုအားရှိတာကြောင့်လည်း ပြည်တွင်းလိုအပ်ချက်နှင့်ပြည်ပတင်ပို့မှု ထိန်းညှိဖို့ လိုကြောင်း ဆန်ကုန်သည်များကသုံးသပ်ထားသည်။ မိုးစပါးမပေါ်မီ...

Post
အားလူပေါ်ချိန် အထွက်နှုန်းနည်းတာကြောင့် စျေးကောင်းရနေသည့် အာလူးဈေးကွက်

အားလူပေါ်ချိန် အထွက်နှုန်းနည်းတာကြောင့် စျေးကောင်းရနေသည့် အာလူးဈေးကွက်

ရွှေမန်း ယခုနှစ်အာလူးပေါ်ချိန် အထွက်နှုန်းနည်းသည့်အတွက် စျေးကောင်းရနေကြောင်း အာလူးစိုက် တောင်သူများနှင့် ကုန်သည်များထံမှသိရသည်။ထို့အပြင်ယခင်နှစ်များက ဝင်ရောက်လေ့ရှိသည့် တရားမဝင် တရုတ်အာလူးများမှာလည်း လက်ရှိ နယ်စပ်ကုန်သွယ်ရေးများ ကန့်သတ်ထားသည့်အတွက် ဝင်ရောက်ခြင်းမရှိတော့သည့်အတွက်ကြောင့် စျေးကွက်ယှဉ်ပြိုင်စရာနည်းကာ စျေးကောင်းရနေခြင်း ဖြစ်သည်။ “အဓိက စိုက်ဧကလျော့ခဲ့တယ်။ ပုံမှန်ထက် သုံးပုံပုံရင်နှစ်ပုံခန့်လောက်ပဲ စိုက်ခဲ့ကြတယ်။ အထွက်နှုန်းလျော့ကျလို့ ဟိုအရင်နှစ်တွေ ထပ်စျေးကောင်းရတယ်။ ဟိုအရင်ကဒီအချိန်ဆို တရုတ်အာလူးတွေနဲ့ စျေးကွက်ယှဉ်လုနေရတယ်။ အခု ပြည်တွင်းစာသုံးမှုနဲ့ ထွက်ရှိမှုလည်း ညီမျှနေတယ်လို့ပြောလို့ရတယ်” ဟုအာလူးစိုက်တောင်သူတစ်ဦးက ပြောသည်။ ယခင်နှစ်များက အာလူးတစ်ပိဿာ ကျပ် ၅၀၀ မှအများဆုံး ကျပ် ၈၀၀ ခန့်သာရှိခဲ့ရာမှ လက်ရှိတွင် တပိသာလျှင် ၁,၃၀၀ မှ ၂,၀၀၀ ကျပ်အထိ ရှိကြောင်းသိရသည်။ မြန်မာနိုင်ငံဈေးကွက်တွင် ၂၀၁၅ ခုနှစ်မှစပြီး တရုတ်အာလူးများ တရားမဝင်ရောက်ခဲ့ပြီး ပြည်တွင်းစိုက်အာလူးများ...

Post
ရင်ဆိုင်ရင်း ရုန်းကန်ရဦးမှာလား

ရင်ဆိုင်ရင်း ရုန်းကန်ရဦးမှာလား

ကောင်းဇော် ဘောလုံးပွဲတပွဲကစားတဲ့အခါ ဖွင့်ပြီး ပြိုင်ဖက်နဲ့အပြိုင် ဖွင့်ကစားတဲ့နည်းက စိတ်လှုပ်ရှားစရာကောင်းပေမယ့် ပေးဂိုးများသွားနိုင်ပါတယ်။ခံစစ်အားပြုပြီး အပိတ်နဲ့ ကစားတဲ့နည်းလမ်းက အဆုံးအရှုံးကို သက်သာစေနိုင်ပေမယ့် ပြိုင်ဖက်က အားကြီးတဲ့ ခွက်ခွက်လန် အရှုံးကို ရင်မှာ ပိုက်သွားရနိုင်ပါတယ်။ကိုဗစ် 19က မျိုးကွဲအမျိုးမျိုးနဲ့ တိုက်ခိုက်တာကို ရေရှည်ရင်ဆိုင်ဖို့ ပြင်ထားရမှာပါ။ အားနည်းတဲ့နိုင်ငံနဲ့ လူတစ်ဦးချင်းစီကို ဒုက္ခပင်လယ်ဝေသွား စေနိုင်မယ်ဆိုတာ သတိပြုရင်း ကျန်းမာရေးအသိတွေကို အမြဲလက်ကိုင်ထားရမှာပါ။လူတစ်ဦးချင်းစီအနေနဲ့ နှာခေါင်းစီး တပ်ဖို့၊ လက်ဆေးဖို့၊ အတတ်နိုင်ဆုံး အကွာအဝေးတစ်ခုကို သတိပြု နေထိုင်ဖို့ဆိုတာ ကိုဗစ် 19ကို ကာကွယ်နိုင်ဖို့ အမြဲ ပြုနေရမယ့် အခြေခံကျန်းမာရေးကျင့်ဝတ်တွေပါ။‌ဥပါဒ်မပေးနိုင်တဲ့အခါ သူ့ကို မေ့လျော့နေတတ်ကြပါတယ်။အိမ်နီးချင်းနိုင်ငံတွေမှာ ကိုဗစ် 19က ထပ်မံပြန်လည်လှုပ်ရှားလာနေပါတယ်။အိန္ဒိယနိုင်ငံ မွန်ဘိုင်းမှာ ကိုဗစ်ကူးစက်မှု အသစ် (၃၇၁၂) ခု ရှိပြီး တစ်လအတွင်း စံချိန်တင်ကူးစက်ခံရသူအရေအတွက်မြင့်တက်လာခဲ့တယ်လို့...

Post
မတ်ပဲ၊ပဲစင်းငုံ ပဲများနှင့်အတူ မြေပဲဆံ ၊ကုလားပဲအုပ်စု နှင့် ပဲမာလိုင်းပဲ အချို့ ပဲများ ဈေးမြင့်တက် အဝယ်သွက်နေ

မတ်ပဲ၊ပဲစင်းငုံ ပဲများနှင့်အတူ မြေပဲဆံ ၊ကုလားပဲအုပ်စု နှင့် ပဲမာလိုင်းပဲ အချို့ ပဲများ ဈေးမြင့်တက် အဝယ်သွက်နေ

ရွှေမန်း ပို့ကုန် မတ်ပဲ၊ပဲစင်းငုံ ပဲများနှင့်အတူ မြေပဲဆံ ၊ကုလားပဲအုပ်စု နှင့် ပဲမာလိုင်းပဲ အချို့ ပဲများ ဈေးမြင့်တက် အဝယ်သွက်နေကြောင်း ပဲနှမ်းကုန်သည်များထံမှသိရသည်။မန္တလေးပဲနှမ်းဈေးကွက်တွင်သာ ဝယ်ယူနိုင်သည့် မြေပဲဆံဈေးမှာ အသစ်ဝင်ရောက်မှုနည်းသွားတာနှင့် အတူ တစ်ပိသာကျပ် ၄၀၀၀ ခန့် ယခင်ဈေးကို ပြန်လည်ရောက်ရှိလာကြောင်း ၊ အိန္ဒိယ လိုင်းအဝယ်ကောင်းလာတာကြောင့် မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေးမြင့်တက်လာပြီး အဝယ်သွက်နေသည်။ တရုတ်လိုင်းတင်ပို့သည့် ပဲတီးစိမ်းမှာလည်း ဈေးအနည်းငယ်ကျဆင်းမှုရှိသော်လည်း ပေါက်ဈေးအတိုင်း အရောင်းအဝယ်ကောင်းနေသည်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ တစ်အိတ်ကျပ် ၅၀၀၀ ဈေးတက်သွားပြီး ပဲမာလိုင်းမှ ပဲအချို့ ဈေမြင့်တက်လာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌဦးကျော် သွင် (ရွှေစင်သိန်းပွဲရုံ) က ပြောသည်။“ မြေပဲဆံမှာ မန္တလေးဈေးကွက်တွင်သာ ဝယ်လို့ရတာမို့...