ယခုဘဏ္ဍာနှစ်အတွင်း ပြည်ပသို့ ဆန်တန်ချိန် ၂ သန်း တင်ပို့နိုင်ရန် ဆောင်ရွက်သွားမည်

ရွှေမန်း

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပနိုင်ငံတွေထံ ဆန်/ဆန်ကွဲတန်ချိန် ၂ သန်းခန့် တင်ပို့နိုင်ရေး ရည်မှန်းဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)ထံမှသိရသည်။

တစ်လကို ပျမ်းမျှဆန်တန်ချိန် ၂ သိန်းခန့် ပြည်ပနိုင်ငံတွေထံ တင်ပို့နေရပြီး ဖြစ်ပေါ်လာတဲ့ အခက်ခဲတွေကို နိုင်ငံတော်အစိုးရနဲ့အတူ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်။

မြန်မာ့ဆန်ကို ဥရောပ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အာဆီနိုင်ငံအချို့ကို ရောင်းချနေရပြီး တန်းမြင့်ဆန်ဖြစ်သည့် ပေါင်းဆန်ကိုတော့ ဥရောပဈေးကွက်ကို အဓိက တင်ပို့လျက်ရှိသည်။

ထိုသို့တင်ပို့ရာတွင် နိုင်ငံခြားငွေလဲနှုန်းအပေါ်မှာ သက်ရောက် မှုမရှိပေမယ့် အခြေခံကျသော ဆန်တင်ပို့မှုတွင် အနည်းငယ်ထိခိုက်မှုရှိတာကြောင့် သက်ဆိုင်ရာညှိနှိုင်းမှုနဲ့ စီစဉ်ဆောင်ရွက်နေကြောင်းသိရသည်။

ပြည်တွင်းမွေးမြူရေးလုပ်ငန်းများနဲ့ ယမကာချက်လုပ်တဲ့ လုပ်ငန်းများအတွက် ဆန်ကွဲဖြည့်ဆည်းပေးနေရသလို ဥရောပ၊ တရုတ်နဲ့ ဘင်္ဂလားဒေ့ရှ်စတဲ့ ပြည်ပဈေးကွက်ရဲ့ ဝယ်လိုအားရှိတာကြောင့်လည်း ပြည်တွင်းလိုအပ်ချက်နှင့်ပြည်ပတင်ပို့မှု ထိန်းညှိဖို့ လိုကြောင်း ဆန်ကုန်သည်များကသုံးသပ်ထားသည်။

မိုးစပါးမပေါ်မီ ဇူလိုင်နဲ့ ဩဂုတ်လတွေမှာ ဆန်နှင့် ဆန်ကွဲ တည်ငြိမ်တဲ့ ဈေးကွက်တစ်ခုဖြစ်ပေါ်စေရန် ကုန်စည်ဒိုင်များ ကုန်စည်စီးဆင်းမှု၊ ဆန်ပိုဒေသနှင့် ဆန်လိုဒေသ ချိန်ညှိဆောင်ရွက် မှု၊ နယ်စပ်ဒေသတို့မှာ ဆန်လက်ကျန်အခြေအနေတို့ကို MRF နဲ့ ဆန်စပါးရောင်းဝယ်သူတို့ ညှိနှိုင်းဆောင်ရွက်နေကြောင်းသိရသည်။
ထိုသို့ဆန်တန်ချိန် ၂သန်းခန့် တင်ပို့ရန်လျာထားသော်လည်း ပြည်တွင်း နွေစပါး မိုးစပါး စိုက်ဧကမှာ ဒေသတွင်းမတည်ငြိမ်မှု နှင့် သွင်းအားစု စက်သုံးဆီ စျေးကြီးမြင့်မှုတို့ကြောင့် စိုက်ဧက ယခင်နှစ်ထက်လျော့ကျစိုက်ပျိုးထားကြောင်းသိရသည်။
၂၀၂၀-၂၀၂၁ခုနှစ်အတွင်း တစ်နီုင်ငံလုံးတွင် မိုးစပါးဧက ၂.၄သန်းစိုက်ပျိုးနိုင်ခဲ့ပြီး လက်ရှိနွေးစပါးစိုက်ပျိုးမှု အနေဖြင့် တစ်နိုင်ငံလုံးတွင် နွေစပါး ၂၄၂၀၇၈၇ ဧက စိုက်ပျိုးရန်လျှာထားပြီး ယခုှနှစ်မေ ၁၅ ရက်နေ့အထိ နွေစပါး ၁၈၃၂၇၆၀ ရိတ်သိမ်းပြီးဖြစ်ကြောင်းသိရသည်။

Leave a Reply

Your email address will not be published.