မတ်ပဲ၊ပဲစင်းငုံ ပဲများနှင့်အတူ မြေပဲဆံ ၊ကုလားပဲအုပ်စု နှင့် ပဲမာလိုင်းပဲ အချို့ ပဲများ ဈေးမြင့်တက် အဝယ်သွက်နေ

ရွှေမန်း


ပို့ကုန် မတ်ပဲ၊ပဲစင်းငုံ ပဲများနှင့်အတူ မြေပဲဆံ ၊ကုလားပဲအုပ်စု နှင့် ပဲမာလိုင်းပဲ အချို့ ပဲများ ဈေးမြင့်တက် အဝယ်သွက်နေကြောင်း ပဲနှမ်းကုန်သည်များထံမှသိရသည်။
မန္တလေးပဲနှမ်းဈေးကွက်တွင်သာ ဝယ်ယူနိုင်သည့် မြေပဲဆံဈေးမှာ အသစ်ဝင်ရောက်မှုနည်းသွားတာနှင့် အတူ တစ်ပိသာကျပ် ၄၀၀၀ ခန့် ယခင်ဈေးကို ပြန်လည်ရောက်ရှိလာကြောင်း ၊ အိန္ဒိယ လိုင်းအဝယ်ကောင်းလာတာကြောင့် မတ်ပဲနှင့် ပဲစင်းငုံမှာ ဈေးမြင့်တက်လာပြီး အဝယ်သွက်နေသည်။ တရုတ်လိုင်းတင်ပို့သည့် ပဲတီးစိမ်းမှာလည်း ဈေးအနည်းငယ်ကျဆင်းမှုရှိသော်လည်း ပေါက်ဈေးအတိုင်း အရောင်းအဝယ်ကောင်းနေသည်။ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ တစ်အိတ်ကျပ် ၅၀၀၀ ဈေးတက်သွားပြီး ပဲမာလိုင်းမှ ပဲအချို့ ဈေမြင့်တက်လာကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်း ဒုတိယဥက္ကဋ္ဌဦးကျော် သွင် (ရွှေစင်သိန်းပွဲရုံ) က ပြောသည်။
“ မြေပဲဆံမှာ မန္တလေးဈေးကွက်တွင်သာ ဝယ်လို့ရတာမို့ ပြည်တွင်းဆီစက်ပိုင်များ ဝယ်လိုအားကောင်းတော့ တစ်ပိသာကျပ် ၄၀၀၀ ဈေးပြန်ဖြစ်လာပါတယ်။ ပဲတီစိမ်းမှာ တစ်အိတ် ၁၃၇၀၀၀-၁၃၈၀၀၀ ဈေးထိ ကျဆင်းသွားပါတယ်။ ရန်ကုန် အဝယ်ရှိလာလို့ မတ်ပဲနဲ့ ပဲစင်းငုံမှာ ဈေးမှာ အရောင်းအဝယ်သွက် ဈေးမြင့်တက်လာပါတယ်။ မတ်ပဲ ဈေးက တစ်အိတ် ၁၄၅၀၀၀-၁၄၇၀၀၀ ပေါက်ဈေးရှိပါတယ်။ ပဲစင်းငုံ တစ်အိတ် ၁၃၀၀၀၀ ဈေးထိ မြင့်တက်လာပါတယ်။နှမ်းနက်ဈေးကတော့ ဈေးကျဆင်းနေပါတယ်။ အိန္ဒိယပို့ကုန်ပဲတွေ ဈေးငြိမ်အဝယ်သွက်လာပါတယ်။ တရုတ်လိုင်းပဲတွေကတော့ ဈေးကျဆင်းမှုရှိနေပေမယ့် အဝယ်တော့သွက်ပါတယ်။ ပဲမာလိုင်းတွေကတော့ ကုလာပဲအုပ်စု ဈေးတက်လာပါတယ်။ မြေထောက်ပဲ စွန်တာပြာ တို့ တစ်အိတ်ကျပ် ၁၀၀၀၀ ခန့် ကျွန်းစားတော်ပဲ တစ်အိတ်ကျပ် ၂၀၀၀၀ တက်လာတာကလွဲရင် အခြားပဲတွေထူခြားမှုမရှိ ဈေးဆက်ငြိမ်နေပါတယ်။” ဟု ၎င်းက ပြောသည်။
ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း
အိန္ဒိယ ပို့ကုန် မတ်ပဲနှင့် ပဲတီစိမ်းမှာ ဈေးငြိမ်ငြိမ်လေးနှင့် အဝယ်သွက်လာပြီး ယခင်သီးတင်းပတ်ထက် ဈေးအနည်းငယ်မြင့်တက်လာရာ ဇွန် ၉ ရက်နေ့ ဈေးကွက်မှာ မှာ ဈေးမြင့်တက်လာသော်လည်း ပဲစင်းငုံမှာ တစ်အိတ်ကျပ် ၁၃၀၀၀၀ ခန့်ဖြင့်ဈေးတည်ငြိမ်နေသည်။ မတ်ပဲ တစ်အိတ် ကျပ်၁၄၅၀၀၀-၁၄၇၀၀၀ ပဲတီစိမ်းရွှေဝါ မှာ ဈေးကျဆင်းရာ တစ်အိတ်ကျပ် ၁၀၀၀၀ လောက် ဈေးကျဆင်းသွားသည်။ လက်ရှိပေါက်ဈေး ထိပ်စ တစ်အိတ်ကျပ် ၁၃၇၀၀၀-၁၃၈၀၀၀ ဖြင့် အရောင်းအဝယ် သွက်နေသည်။ပဲတီစိမ်းခွဲပဲဈေးမှာ ပိုမိုဈေးကျဆင်းနေသည်။
မြေပဲ
မန္တလေးကုန်စည်ဒိုင်သို့ မြေပဲဆံ အသစ်ဝင်ရောက်မှု ရပ်သွားပြီးနောက် မြေပဲဆံဈေးမှာ ဆီစက်ပိုင်များ ကုန်ကြမ်းဝယ်ယူမှုများကြောင့် တစ်ပိသာ ကျပ် ၄၀၀၀ အောက်ကို ရက်ပိုင်ခန့် ကျဆင်းပြီး ပြန်လည်မြင့်တက်လာကြောင်း ဇွန် ၂ ရက်တွင် S1မြေပဲဆံတစ်ပိဿာ ငွေကျပ်၄၀၀၀-၄၁၅၀ ပေါက်ဈေးဖြစ်လာသည်။ အနီလုံးဆံနှင့် နှင့်အခြား အမျိုးအစားများမှာ တစ်ပိသာကျပ် ၃၉၀၀နှင့်အောက်တွင်ပေါက်ဈေးရှိနေသည်။ မြေပဲဆီပေါက်ဈေးမှာ တစ်ပိဿာ ငွေကျပ် ၉၀၀၀-၉၅၀၀၊ နှမ်းဆီတစ်ပိဿာ ၈၀၀၀ ၊စားအုန်းဆီမှာ ကုန်စည်ဒိုင်အတွင်းအရောင်းအဝယ်မရှိကြောင်းသိရသည်။
ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ကုလားပဲဗွီးတူး ကျပ် ၁၄၈၀၀၀၊ ကုလားပဲအမျိုးအစားအလိုက် တစ်အိတ် ၅၀၀၀ကျပ် ဈေးမြင့်တက်လာ ပြီး၊ပဲယင်းတစ်အိတ်ကျပ် ၁၄၂၀၀၀ ၊ ပဲကြီးတစ်အိတ်ကျပ် ၁၉၇၀၀၀၊ ပဲထောပတ်တစ်အိတ် ကျပ် ၁၄၀၀၀၀ ၊ စွန်တာပြာ တစ်အိတ် ကျပ် ၁၃၂၀၀၀၊မြေထောက်ပဲ တစ်အိတ် ကျပ် ၁၇၀၀၀၀ ၊ကျွန်းစားတော်ပဲတစ်အိတ် ကျပ် ၂၈၀၀၀၀ အသီးသီးပေါက်ဈေးရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published.