👩‍⚕️👨‍⚕️👨‍⚕️👨‍⚕️…….……..👀

ညပိုင်းဆို မျက်လုံးက ကောင်းကောင်း မမြင်ရဘူး၊ မီးရောင် ရှိနေတာတောင် မှုန်နေတယ်

ကလေးတွေမှာတော့ လူကြီးတွေလို ပြောတတ်ချင်မှ ပြောတတ်မယ်။ မီးရောင် ရှိနေရက်နဲ့ ခလုတ် ခဏခဏ တိုက်မိနေတာမျိုးကို သတိထား သိနိုင်ပါတယ်။

ဘာလို့လဲ?

အရပ်အခေါ်တော့ “ကြက်မျက်သင်း” တာပေါ့။ အလင်းရောင် အားကောင်းတဲ့ နေရာကနေ အလင်းရောင် မှိန်တဲ့၊ ဖျော့တဲ့ နေရာကို ရောက်တဲ့အခါ မျက်လုံး သူငယ်အိမ်က ကျယ်ပေးရတယ်။ ဒါမှ အလင်း များများ ဝင်မယ်။ ဝင်လာတဲ့ အလင်းရောင်က မြင်လွှာ (Retina) ကို ရောက်တဲ့အခါ ပတ်ဝန်းကျင်ကို ရှင်းရှင်း မြင်ရအောင် လုပ်ပေးတယ်။

ကြက်မျက်သင်းသူတွေမှာကျ မြင်လွှာမှာ ချို့ယွင်းချက် ရှိနေလို့ နေ့မှာ မြင်၊ ညမှာ ကန်းရတာပါ။ ကြက်မျက်သင်းတာကို ဖြစ်စေတဲ့ အကြောင်းတရားတွေထဲမှာ ဆီးချို မထိန်းနိုင်လို့၊ နဂိုကတိုင် အဝေးမှုန်လို့၊ ဆေးဝါးတချို့ကို သောက်နေရလို့ စသဖြင့် အကြောင်းတရားတွေ ရှိပါတယ်။

ခုစာမှာတော့ အဲဒီအကြောင်းတရားတွေထဲက ဗိုက်တာမင်-အေ ချို့တဲ့လို့ ဖြစ်ရတဲ့ ကြက်မျက်သင်းတဲ့ အကြောင်းကိုပဲ ပြောမှာပါ။ ထင်ရှားအောင်တော့ စာအောက်မှာ ထည့်ပေးထားတဲ့ ပုံတွေကို ကြည့်နိုင်ပါတယ်။

ဗိုက်တာမင်-အေ ချို့တဲ့တဲ့ လက္ခဏာ?

-ညပိုင်းဆို မျက်လုံးက အကန်းလိုပဲ
-မျက်သားဖြူလွှာ ခြောက်ကပ်နေမယ်
-မျက်သားဖြူပေါ်မှာ ဂွမ်းစလို အဖြူဖတ်လေးတွေ တွေ့ရမယ်
-မျက်စံနက်ပေါ်က အလွှာမြှေးပါးမှာလည်း ခြောက်ကပ်နေမယ်
-မျက်စံနက်ပေါ်က အလွှာမြှေးပါးမှာ အနာ ဖြစ်မယ်

ဒီလက္ခဏာတွေက ဗိုက်တာမင်-အေ ချို့တဲ့တဲ့ လက္ခဏာတွေပါ။ ချက်ချင်း သိတာနဲ့ ကုသမှု မရရင် နောက်ဆက်တွဲတွေကြောင့် လုံးဝ မျက်လုံး ကန်းတဲ့အထိ ဖြစ်နိုင်ပါတယ်။

ဘယ်သူတွေမှာ အဖြစ်များလဲ?

-ဒုက္ခသည်စခန်းလို နေရာတွေမှာ အစားအသောက် ခွဲတမ်း မလောက်မငနဲ့ ရှင်သန်နေရသူတွေနဲ့
-အာဟာရချို့တဲ့တဲ့ ကလေးတွေမှာ နောက်ဆက်တွဲအနေနဲ့ ဖြစ်တတ်ပါတယ်။

ကာကွယ်နည်း?

-အာဟာရ ချို့တဲ့တဲ့ ကလေးတွေကို ဖြည့်စွက်စာ RUTF ထပ်စောင်း ကျွေးတာ
-ဗိုက်တာမင်-အေ ကြွယ်ဝတဲ့ သရက်သီး၊ သဘေ်ာသီး၊ ငှက်ပျောသီးတွေကို စားသောက်ပေးရင် ဗိုက်တာမင်-အေဓါတ်ကို ရနိုင်ပါတယ်။

ကုသနည်း?

ကုသနည်းအတွက်တော့ သောက်ရမယ့် ဆေးအချိုးအစားနဲ့ အကြိမ်ရေကို နီးစပ်ရာ ဆရာဝန်နဲ့ ပြသတိုင်ပင်နိုင်ပါတယ်။ ကိုယ့်သဘောနဲ့ကို မသောက်ဖို့တော့ လိုပါတယ်။ ဗိုက်တာမင်ဒီ စာမှာတုန်းက ပြောခဲ့သလိုပဲ။ ဗိုက်တာမင်အေက အဆီမှာ ပျော်ဝင်တဲ့ ဗိုက်တာမင် အုပ်စုက ဖြစ်လို့ ပိုလျှံရင် အဆိပ်အတောက် ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင် သုံးလအတွင်းမှာ သောက်မိခဲ့ရင် သန္ဓေသား ဖွဲ့စည်းဖြစ်တည်မှုမှာ ချို့ယွင်းချက်တွေ ဖြစ်နိုင်ပါတယ်။ ခြောက်လအောက် ကလေးပေါက်စတွေမှာဆိုလည်း ဆိုးကျိုးတွေ များပါတယ်။

အခုလို စာတွေကို ရေးရတာက မိမိနဲ့ ကိုယ့်မိသားစုရဲ့ ကျန်းမာရေးအတွက် သတိပြုမိတတ်အောင်နဲ့ နီးစပ်ရာ ဆရာဝန်နဲ့ အချိန်မှီ ပြသဆွေးနွေးနိုင်ဖို့ ရည်ရွယ်ပါတယ်။ ကိုယ့်ဘာသာ သံသယနဲ့ ကုသရင်တော့ ဆေးဆိုတာ အဆိပ် ဆိုတဲ့ အချက်ကို သတိထားစေချင်ပါတယ်။ အနာနဲ့ဆေး မတည့်ရင် ဆေးက အဆိပ် ဖြစ်တတ်ကြောင်းပါ။

အားလုံး ကျန်းမာ၊ ချမ်းသာကြပါစေလို့ ဆုတောင်းလျှက်

ဒေါက်တာဥာဏ်
မိသားစုဆေးခန်း၊
ကြာအင်းဆိပ်ကြီးမြို့။

https://m.facebook.com/story.php?story_fbid=174259841605195&id=102321498799030

Leave a Reply

Your email address will not be published.