မြေလွတ်၊ မြေလပ်၊ မြေရိုင်းများအဓိကထား အသုံးပြု၍ ကော်ဖီစိုက်ဧကများ တိုးချဲ့စိုက်ပျိုးသွားမည်

ရွှေမန်း

မြန်မာ့ကော်ဖီကို လက်ရှိ ဈေးကွက်အပြင် ဈေးကွက်အသစ် သို့ တင်ပို့ရောင်းနိုင်ရန် အဆိုပြု ဖိတ်ခေါ်လာတာကြောင့် ပြည်တွင်း ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုကို မြှင့် တင်နိုင်ရန် ဆောင်ရွက်သွားမည်  ဖြစ်သည်။  

လက်ရှိမှာ Arabica ကော်ဖီ ဧက ၄၀၀၀၀ ခန့်နှင့် Robusta ကော်ဖီဧက ၁၀၀၀၀ ခန့် စိုက်ပျိုး လျက်ရှိရာ နှစ်စဉ်ကော်ဖီတန်ချိန်  ၅၀၀၀ ကျော်ကို ပြည်ပသို့တင်ပို့ နေသည်။

ကမ္ဘာပေါ်မှာ ကော်ဖီစိုက်ပျိုး ထုတ်လုပ်တင်ပို့သည့် နိုင်ငံများ မှာ မြန်မာနိုင်ငံအပါအဝင် ၇၅ နိုင်ငံ တင်ပို့လျက်ရှိရာ မြန်မာ့ ကော်ဖီသည် အနံ့အရသာနှင့် အရည်အသွေးပိုင်းမှာ ထိပ်တန်း အဆင့်မြင့်ဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်မှာ နာမည်ကောင်းရရှိ နေတာဖြစ်သည်။
ကော်ဖီသည် ကမ္ဘာ့ဈေးကွက် မှာ ရောင်းသူပမာဏ ဒုတိယ အများဆုံးဖြစ်ခြင်းကြောင့် မြန်မာ ကော်ဖီကို ကမ္ဘာ့ဈေးကွက်သို့ အမြောက်အများ တင်ပို့နိုင်ရန် ကော်ဖီစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကော်ဖီတိုးချဲ့စိုက်ပျိုးနိုင်ရန် ကော်ဖီ လုပ်ငန်းလုပ်ကိုင်လိုသူများ ဖိတ် ခေါ်ကာ ဆောင်ရွက်နေခြင်း ဖြစ်သည်။  
လက်ရှိမှာ မြန်မာ့ကော်ဖီ ကို တရုတ်၊ ထိုင်း၊ အမေရိကန်၊ နယ်သာလန်၊ ဩစတြေးလျ၊ ဂျပန်၊ ပြင်သစ်၊ ဂျာမဏီ၊ ဘယ် ဂျီယံနှင့် ဆွစ်ဇာလန်နိုင်ငံများ သို့ တင်ပို့လျက်ရှိသည်။

၂၀၂၂-၂၀၂၃ ခုနှစ် ကော်ဖီ စိုက်ပျိုးမှုစာရင်းများအရ မြန်မာ တစ်နိုင်ငံလုံးတွင်  ကော်ဖီဧက  ၅၀၀၀၀ ကျော် စိုက်ပျိုးလျက်ရှိ ရာ ပြည်ပပို့ကုန်ကဏ္ဍတိုးတက် နိုင်ရန်အတွက် မြေလွတ်၊မြေလပ်၊  မြေရိုင်းများကို အဓိကအသုံးပြု ရာ ဘဏ္ဍာနှစ်အလိုက် တိုးချဲ့ စိုက်ပျိုးပြီး စုစုပေါင်း ကော်ဖီ ဧက တစ်သိန်းထိ စိုက်ပျိုးထုတ်  လုပ်နိုင်ရန် လျာထားဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.