8202

မြန်မာနိုင်ငံမှ ပြောင်းများ ကို အိန္ဒိယနိုင်ငံသို့ ဈေးကွက် အသစ်အဖြစ် ပထမဦးဆုံး တင်ပို့ လျက်ရှိ

ရွှေမန်း

 ယခုနှစ် ၂၀၂၄ ခုနှစ် အတွင်း မြန်မာနိုင်ငံမှ ပြောင်းများ ကို အိန္ဒိယနိုင်ငံသို့ ဈေးကွက် အသစ်အဖြစ် ပထမဦးဆုံး တင်ပို့ လျက်ရှိကြောင်း မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းမှ အထွေ ထွေအတွင်းရေးမှူး ဒေါက်တာဖြိုး ကိုကိုနိုင်က ပြောသည်။

“ အများဆုံးက ရှမ်းပြည် ပြောင်းကို တင်ပို့ပြီး ဧရာ၀တီ ပြောင်းထွက်ချိန်ဆိုရင် ဧရာ၀တီ ပြောင်းတွေကိုလည်း တင်ပို့ပါ တယ်။  အခုဆိုရင် ဝယ်လက် အသစ်ဖြစ်တဲ့ အိန္ဒိယကလည်း ဝယ်ယူလာပါတယ်။၂ လအတွင်း မှာ သင်္ဘော ၁၀ စီးစာ တန်ချိန် တစ်သိန်းနီးပါးလောက် ဝယ်ယူ ထားပါတယ်။ အိန္ဒိယကပြောင်း တင်ပို့တဲ့ နိုင်ငံပါ။ ဒီနှစ်ကျမှ ပြန် သွင်းတာဆိုတော့ ဈေးကွက်သစ် လို့ ပြောလို့ရပါတယ်။ တစ်လ ကိုတန်ချိန် တစ်သိန်းလောက် တင်ပို့နေပါတယ်။ လက်ရှိမှာ အများစုကတော့ တာချီလိတ် လမ်းကြောင်းကနေ ကားတွေနဲ့ တင်ပို့နေပါတယ်။ ရန်ကုန်ဆိပ် ကမ်းကနေ ရနောင်းဆိပ်ကမ်း  ကို သင်္ဘောနဲ့ တင်ပို့ပါတယ်´´ ဟု ၎င်းက ပြောသည်။

 မြန်မာနိုင်ငံပြောင်းထွက်     ရှိမှု၏  ၇၅ ရာခိုင်နှုန်းကို ထိုင်း နိုင်ငံသို့ နှစ်စဉ် ဖေဖော်ဝါရီလ       မှ ဩဂုတ်လထိ အကောက်ခွန် ကင်းလွတ်ခွင့်ဖြင့် တင်ပို့လျက်ရှိ သည်။

လက်ရှိအချိန်တွင် ပြောင်း ကို ကုန်သည်များထံတွင်သာ လက်ကျန်ရှိပြီး တောင်သူများမှာ မကြာမီ ပြောင်းပြန်လည်စိုက်ပျိုး တော့မည့်ရာသီဖြစ်ကြောင်း သိရ  သည်။

မြန်မာ-ထိုင်း ပြောင်းတင် ပို့မှုစတင်ခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ တစ် လလျှင် ပြောင်းတန်ချိန် ၁ သိန်း ခန့် တင်ပို့လျက်ရှိသည်။
 မေလဆန်းပိုင်းက ထိုင်း နိုင်ငံသို့ မြ၀တီကုန်သွယ်ရေး စခန်းပြန်လည် ဖွင့်လှစ်နေပြီဖြစ် တာကြောင့် ပြည်တွင်းပြောင်း ဈေးပြန်လည် ကောင်းမွန်လာ   ကာ မန္တလေးဈေးကွက်တွင် ၅၄ ပိဿာ တစ်အိတ်လျှင် ငွေကျပ် ၅၂၀၀၀ ကျော် ပေါက်ဈေးဖြစ် လာသည်။

Leave a Reply

Your email address will not be published.