ကုန်သွယ်မှုမှ ပို့ကုန်ရငွေ ဒေါ်လာငွေသက်မှတ်ချက်က အခြား ယွမ်၊ဘတ် ငွေလဲနှှုန်းထက်နှိမ့်ကျနေတာကြောင့် ပဲ၊နှမ်းဈေးကွက်ကျဆင်းနေ

ရွှေမန်း

နယ်စပ်ကုန်သွယ်မှုနှင့် ပုံမှန်ကုန်သွယ်မှု အတွက် ဒေါ်လာငွေ သက်မှတ်ချက်က အခြား ယွမ်၊ ဘတ် ငွေလဲနှုန်းထက် နှိမ့်ကျနေတာကြောင့် ပို့ကုန် ပဲ၊နှမ်းဈေးကွက် ကျဆင်းနေ ကြောင်း ပဲ၊ နှမ်း ၊ပြောင်း ကုန်သည်များထံ ကသိရသည်။

တရုတ်ပို့ကုန်ပဲများ ဈေးကျဆင်းနေပြီး နယ်စပ်ပို့ကုန်ဆိုင်ရာ မူဝါဒ အပြောင်းအလဲကြောင့် ကုန်သည့်များ ဒေါ်လာလဲလှယ်ရာတွင် ငွေလဲ နှုန်းသက်မှတ်ချက် ၁၈၅၀ ကျပ် သက်မှတ်ချက်က အခြား ယွမ် ၊ဘတ် ဖြင့် လဲလှယ်ရာထက် နှိမ့်ကျနေတာကြောင့် ပို့ကုန်သမားများ အရှုံးပေါ်တာ ကြောင့် ပဲနှမ်းဈေးကွက်မှာ ဈေးကျဆင်းမှုများနှင့်အတူ အရောင်းအဝယ် အေးသွားကြောင်း ၊ထိုပြင် ပို့ကုန်လိုင်စင် ပြန်လည်လျှောက်ထားရမည့် အခြေအနေနှင့် ငွေလဲလှယ်နှုန်းကွာဟချက်က ကုန်သည်များ အတွက် အဆင်မပြေဖြစ်နေကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဒုတိယ ဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ) က ပြောသည်။

“ တရုတ်ပို့ကုန်ပဲတွေ တစ်အိတ် ကျပ် ၅၀၀၀-၁၀၀၀၀ ဈေးပြုတ်ကျတယ်။ပို့ကုန်ဆိုင်ရာမူဝါဒ အပြောင်းအလဲ မြန်တာနဲ့ ၁၀၅မိုင်မှာ ပို့ကုန်ပဲကားတွေကို တားဆီးထားတယ်။ လိုင်စင်အသစ်လျှောက်ဖို့လိုအပ်တယ်ပြောသည်။ ဒေါ်လာသက်မှတ်နှုန်းအပေါ်ပြန်လဲရတာတွေက ကုန်သည်တွေအတွက် အဆင်မပြေဖြစ်နေတယ်။ မြေပဲဆန်ဈေးကတော့ တရုတ်လိုင်းဝယ်တဲ့ မြေပဲအနီဆန် တစ်ပိသာကျပ် ၅၀၀၀ ထိပေါက်ဈေး၊ အဖြူလုံးဆန် ၄၆၀၀-၄၈၀၀ ပေါက်ဈေးဖြစ်လာပါတယ်။ ဆီဆန်က တော့ စားဆီတွေ ဈေးကွက်ထဲ များလာတော့ ဈေးကျလာပါတယ်။ ပို့ကုန်မတ်ပဲ ဈေးက ပြန်အေးသွားတော့ တစ်အိတ် ၁၆၁၀၀၀ လောက်ပဲရှိတော့တယ်။ ရန်ကုန်ဈေးကွက်မှာ ဒေါ်လာပေါက်ဈေးနဲ့ တွက်ခြေကိုက်မှု မရှိဘူးလို့ကြားတယ်။ပဲမာလိုင်းတွေ ကတော့ ဈေးဆင်းမှုမရှိပေမယ့်အရောင်းအဝယ်အေးသွားပါတယ်။ ပဲနှမ်းဈေးကွက်မှာ နိုင်ငံတော်က ကုန်သွယ်ရေးမှာ ပို့ကုန်မှုဝါဒ မှာ ဒေါ်လာသက်မှတ်ဈေးနဲ့ ပြုလုပ်တာက ပို့ကုန်သမားတွေ အဆင်မပြေဘူးဖြစ်နေတယ်။ဒီလိုနဲ့ ပဲ၊နှမ်းပေါက်ဈေးက အောက်ကိုဆွဲချသွားတယ် ” ဟု ၎င်းက ပြောသည်။

ပဲစင်းငုံ၊ မတ်ပဲ၊ ပဲတီစိမ်း

ပို့ကုန်မှုဝါဒ အပြောင်းအလဲကြောင့် ပို့ကုန်လမ်းကြောင်းပေါ်က ပဲကားတွေ ၁၀၅ မိုင်မှာ တားဆီးထားတာကြောင့် ပဲတီစိမ်းတစ်အိတ် ငွေကျပ် ၁၅၂၀၀၀၊၁၅၃၀၀၀ ပေါက်ဈေးရှိရာမှ တစ်အိတ်ကျပ် ၁၄၀၀၀၀ ခန့်သို့ ကျဆင်းသွား သည်။ အလားတူ မတ်ပဲဈေးမှာလည်း ဒေါ်လာငွေ ပြန်လည်လဲရာမှာ ပို့ကုန်သမားတွေ အရှုံးပေါ်နေလို့ မတ်ပဲဈေးက တစ်အိတ် ကျပ် ၁၅၁၀၀၀ ပေါက်ဈေးဖြစ်သွားတာကြောင့် အရောင်းအဝယ် မရှိသလောက်ဖြစ်သွားပြီး စောင့်ကြည့်နေတဲ့ အခြေအနေဖြစ်သွားသည်။ အတက်ဈေးဖြစ်နေသည့် ပဲစင်းငုံမှာလည်း အတက်ရပ်သွားကာ တစ်အိတ်ကျပ် ၁၃၈၀၀၀ ထိဈေးကျဆင်းနေသည်။ လက်ရှိသီးတင်းပတ်မှာတော့ နယ်စပ်မှာ ပို့ကုန်ဆိုင်ရာ မူဝါဒက ယွမ်ဖြင့် ရောင်းဝယ်ရာကနေ ဒေါ်လာဖြင့်ရောင်းဝယ်မှု ပြန်လည်သက်မှတ်ချက်က ပို့ကုန်သမားတွေ အတွက် ငွေ လဲနှုန်းနှင့် အခွန်ဆောင်ရတာကြောင့် အဆင်အပြေဖြစ်နေကြောင်းသိရသည်။

မြေပဲ

တရုတ်ဝယ်လက်မျာ းအကြိုက် မြေပဲအနီလုံးဆန် အဖြူလုံးဆန်များမှာ ဈေးကောင်းနေရနေသော်လည်း ဆီဆန်များမှာ စားအုန်းဆီဈေးကျဆင်းတာနှင့် အတူ ဈေးကျဆင်းလာရာ ဇွန် ၁၄ ရက်နေ့ တွင် S1 မြေပဲဆံ တစ်ပိဿာ ငွေကျပ် ၄၉၀၀-၅၀၀၀ ၊ ဆီဆန်များမှာ တစ်ပိသာ ငွေကျပ် ၄၅၀၀ ခန့် ပေါက် ဈေးဖြစ်လာသည်။ မြေပဲဆီ ပေါက်ဈေးမှာ တစ်ပိဿာငွေကျပ် ၉၅၀၀၊ နှမ်းဆီတစ်ပိဿာ ငွေကျပ် ၈၀၀၀၊ စားအုန်းဆီမှာ တစ်ပိဿာ ငွေကျပ် ၈၈၀၀ခန့် ပေါက်ဈေးဖြင့် ဈေးကွက်အတွင်း လိုအပ်သလောက်ဝယ်ယူနိုင်ကြောင်းသိရသည်။

ပြည်တွင်းသုံး ပဲမာလိုင်းများ မှာ ကုလားပဲ ဗွီၤးတူးကုလားပဲ တစ်အိတ် ငွေ ကျပ် ၁၅၄၀၀၀၊ ကုလားပဲ အမျိုး အစားအလိုက် တစ်အိတ်ငွေကျပ် ၁၀၀၀ခန့် ဈေးကျဆင်းလာသည်။ ပဲယင်းတစ်အိတ် ငွေကျပ်၁၃၅၀၀၀၊ ပဲကြီးတစ်အိတ် ငွေကျပ် ၂၂၀၀၀၀၊ ပဲထောပတ် တစ်အိတ် ငွေကျပ် ၁၅၃၀၀၀၊ စွန်တာ ပြာတစ်အိတ် ငွေကျပ် ၁၃၃၀၀၀၊ မြေထောက်ပဲ တစ်အိတ်ငွေကျပ် ၁၈၇၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ် ငွေကျပ် ၂၉၅၀၀၀ -၃၀၀၀၀၀ အသီးသီး ပေါက်ဈေးရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published.