ပြည်တွင်းဒေါ်လာဈေးကျဆင်းမှုနှင့်အတူ ပို့ကုန်ပဲများ အနည်းငယ်ကျဆင်းသွားသော်လည်း  မြေပဲ ၊နှမ်း ၊ အသစ်ဝင် ပဲမာလိုင်းများ ဆက်လက်ဈေးကောင်းရနေ

ရွှေမန်း

ပြည်တွင်းဒေါ်လာဈေးကျဆင်းမှုနှင့်အတူ ပို့ကုန်ပဲများ အနည်းငယ်ကျဆင်းသွားသော်လည်း မြေပဲ ၊နှမ်း ၊ အသစ်ဝင် ပဲမာလိုင်းများ ဆက်လက်ဈေးကောင်းရနေ ကြောင်း ပဲ၊နှမ်းကုန်သည်များ ထံမှသိရသည်။

ပြည်တွင်းမှာ ဒေါ်လာငွေပေါက်ဈေးမှာ အမြင့်ဆုံး တစ်ဒေါ်လာလျှင် ကျပ် ၁၇၈၀ ဖြင့် ၁၀ရက် အတွင်း တည်ငြိမ်နေကြောင်း ဈေးကွက်ပေါက်ဈေးအရပြီး ပို့ကုန်ရငွေ ဒေါ်လာပေါက်ဈေးမှာလည်း ကွာခြားမှုမရှိတာကြောင့် ပဲ၊နှမ်းဈေးကွက်၏ ပို့ကုန်ပဲဈေးများ အနည်းငယ်ကျဆင်းသွားခြင်းဖြစ်ပြီး ပစ္စည်းအဝင်ရှိသလောက် အရောင်းအဝယ်ကောင်းနေကြောင်း ပို့ကုန်သမားများက သုံးသပ်ထားသည်။

ပို့ကုန် မတ်ပဲ၊ပဲစင်းငုံ ပေါက်ဈေးမှာ တက်ဈေးကနေ အနည်းငယ်ကျသွားတာကြောင့် ဇန်နဝါရီ လကုန်ပိုင်းတွင် မတ်ပဲသုံးတင်းဝင် တစ်အိတ်ကျပ် ၁၂၆၀၀၀ ၊ ပဲစင်းငုံ တစ်အိတ် ကျပ် ၁၂၉၀၀၀ ပေါက်ဈေးဖြစ်သွားသည်။ မြေပဲဆံဈေးကွက်မှာ အမျိုးအစားအလိုက် တစ်ပိသာကျပ် ၅၀-၁၀၀ ကြားဆက်လက်ဈေးမြင့်လာသည်။

နှမ်းနက်များမှာလည်းပစ္စည်းဝင်ရောက်မှုနည်းလာတာကြောင့် နှမ်းနက်အလတ်စများပင် တစ်အိတ်ကျပ် ၂၀၀၀၀၀ အထက်ဈေးကောင်းရလာသည်။ ယခုသီ တင်းပတ်မှာ ပို့ကုန်ပဲ နှစ်မျိုးမှလွဲ ၍ အခြား မြေပဲ၊ နှမ်းနှင့် အသစ်ဝင်ပဲမာလိုင်းများ ဆက်လက်ဈေးမြင့်တက်နေကြောင်းမန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များ အသင်း ဒုတိယဥက္ကဋ္ဌ ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြောသည်။

“ ပို့ကုန်ပဲတွေထဲ မတ်ပဲ ပဲစင်းငုံ ဈေးလေးတွေက အတက်ဈေးကနေ အနည်းငယ် ဈေးပြန်ကျဆင်းသွားပါတယ်။မတ်ကဈေးကျပ်၁၂၅၀၀၀-၁၂၆၀၀၀ ပေါက်ဈေးဖြစ် သွားတယ်။ သုံးတင်းဝင်တစ်အိတ်ကို အရင်သီတင်းပတ်ထက် ကျပ် ၇၀၀၀-၈၀၀၀ လောက် ဈေးကျသွားတယ်။ ပဲစင်းငုံ ယခုပတ်မှာ တစ်အိတ် ကျပ် ၁၃၀၀၀၀ ကနေ ၁၂၉၀၀၀ လောက်ဈေးဖြစ်သွားတယ်။ ပဲတီစိမ်းရွှေဝါတွေကတော့ ဈေးကွက်ထဲ မလာသေးပါဘူး။လက်ရှိမှာ လမ်းပဲတွေကတော့ တစ်အိတ် ပျအ် ၁၂၀၀၀၀ ဝန်းကျင်ပေါက်ဈေးရှိနေပါတယ်။ မြေပဲဆံဈေးတွေကတော့ တစ်ပိသာ ကျပ် ၅၀-၁၀၀ လောက် ဆက်လက်မြင့်တက်နေပါတယ်။ မြေပဲလုံးဆံတစ်ပိသာကျပ် ၃၅၀၀ ထိပေါက်ဈေးကောင်းနေပါတယ်။ ဒီအပတ်မှာ ထူးခြားတာက အသစ်စဝင်ရောက်စဉ်က မြေထောက်ပဲ တစ်အိတ် ကျပ် ၁၅၇၀၀၀-၁၅၈၀၀၀ ရှိရာကနေ ဒီအပတ်မှာ အဝင်များလို့ တစ်အိတ်ကျပ် ၁၄၀၀၀၀ လောက်သာပေါက်ဈေးရှိတော့ တစ်အိတ်ကျပ် ၁၇၀၀၀ လောက်ဈေးကျဆင်းသွားတယ်။အရင်က စိုက်ခင်းထဲ ခြောက်သွေ့အောင် ထားပြီးမှာ ပို့တာ ဒီရက်ပိုင်း အချိန်အခါမဟုတ်မိုးရွာသွန်းနိုင်တော ရိတ်သိမ်းပြီးသားတွေ အကုန်ပို့လိုက်တော့ အခုလိုဈေးကျဆင်းသွားတာပါ။ နှမ်းနက်လိုင်းကတော့ ဆက်လက်ဈေးကောင်းနေပါတယ်။ နှမ်းအဝင်ကလည်း ပစ္စည်းနည်းသွားတော့ ဈေးဆက်လက်တက်နေတယ်။ အလတ်စနမ်းနှက်များပင် တစ်အိတ်ကျပ် ၂၀၀၀၀၀ အထက်ရှိလာတယ်။ ပဲမာလိုင်းက ပဲမျိုးစုံလည်း အသစ်တွေ ဝင်လာပေမယ့် ဈေးကျဆင်းမှုမရှိ ဈေးကောင်းရတယ်။ပဲသစ်ရာသီ ပဲစုံပေါ်လာချိန်ဆိုတော့ ကုန်စည်ဒိုင်အတွင်း အရောင်းအဝယ် ပြန်ကောင်းလာပါတယ်။ ” ဟု ၄င်းကပြောသည်။

ပဲစင်းငုံ၊ မတ်ပဲ

ဇန်နဝါရီလကုန်ပိုင်း ရက်များတွင် ပြည်တွင်း ဒေါ်လာဈေးတည်ငြိမ်နေတာကြောင့် ပို့ကုန် ပဲစင်းငုံနှင့် မတ်ပဲ ပေါက်ဈေးမှာဈေးအနည်းငယ် ကျဆင်းသွားခဲ့ရာ သုံးတင်းဝင်တစ်အိတ်လျှင် ကျပ် ၄၀၀၀ ခန့်လျော့ကျခဲ့သည်။ဇန်နဝါရီ ၂၇ ရက်နေ့ မတ်ပဲ သုံးတင်းဝင် တစ်အိတ်လျှင် ကျပ် ၁၂၆၀၀၀ ၊ ပဲစင်းငုံမှာပိဿာ၆၀ဝင်တစ်အိတ်လျှင်ကျပ်၁၂၉၀၀၀ပေါက်ဈေးရှိနေပြီးဈေးကွက် အတွင်း ပစ္စည်းဝင်ရောက်မှုအားလည်းကောင်းလာတာကြောင်းအရောင်းအဝယ်ကောင်းနေသည်။

နှမ်းနက် ၊ မြေပဲ ၊မြေထောက်ပဲ

နှမ်းနက် ထိပ်စဈေးတွေကတော့ အပြောင်းအလဲ မရှိ အဝယ်ကောင်းနေပြီး ဇန်နဝါရီလ ၂၇ရက်နေ့တွင် နှမ်းနက်ထိပ်စသုံးတင်းဝင် တစ်အိတ် သုံးတင်းဝင်တစ်အိတ်ကျပ် ၂၂၀၀၀၀ ဈေးရှိနေသည်။အရည်အသွေးအလိုက် အဝယ်ရှိနေ ရာ သုံးတင်းဝင်တစ်အိတ် ကျပ် ၁၇၀၀၀၀-၁၉၀၀၀၀- ၂၁၀၀၀၀ ပေါက်ဈေးရှိနှမ်းနက် အလတ်စများ အရောင်းအဝယ် သွက်နေသည်။ နှမ်းဖြူသစ်ရိုးရိုးမှာ တစ်အိတ်လျှင် ကျပ် ၁၅၈၀၀၀ ၊ နှမ်းညိုသစ်မှာ ကျပ် ၁၂၅၀၀၀ အသီးသီး ပေါက်ဈေးမြင့်တက်လာသည်။ မြေပဲဆံတွေက မြေပဲဆီဈေးမတက်ပေမယ့် ဆီစက်ပိုင်တွေ ဝယ်လိုအားကောင်းတော့ ဇန်နဝါရီလဆန်းထက် တစ်ပိဿာကျပ် ၂၅၀-၃၀၀ လောက် ဈေးမြင့်တက်လာတယ်။ မြေပဲလုံးဆံတွေ က တစ်ပိဿာကျပ် ၃၃၀၀ လောက် ပေါက်ဈေးဖြစ်လာသည်။ မြေပဲဆံဈေးတွေကတော့ တစ်ပိသာ ကျပ် ၅၀-၁၀၀ လောက် ဆက်လက်မြင့်တက်ပြီး မြေပဲလုံးဆံတစ်ပိသာကျပ် ၃၅၀၀ ထိပေါက်ဈေးကောင်းနေသည်။ ယခုအပတ်မှာ ထူးခြားတာက အသစ်စဝင်ရောက်စဉ်က မြေထောက်ပဲ တစ်အိတ် ကျပ် ၁၅၇၀၀၀-၁၅၈၀၀၀ ရှိရာကနေ ဒီအပတ်မှာ အဝင်များလို့ တစ်အိတ်ကျပ် ၁၄၀၀၀၀ လောက်သာပေါက်ဈေးရှိတော့ တစ်အိတ်ကျပ် ၁၇၀၀၀ လောက်ဈေးကျဆင်းသွားသည်။ မြေထောက်ပဲကိုအရင်က စိုက်ခင်းထဲ ခြောက်သွေ့အောင် ထားပြီးမှဈေးကွက်ထဲ ပို့တာ ဒီရက်ပိုင်း အချိန်အခါမဟုတ်မိုးရွာသွန်းသဖြင့် ရိတ်သိမ်းပြီးသားတွေ အကုန် မန္တလေးဈေးကွက်ပို့လိုက်တော့ အခုလိုဈေးကျဆင်းသွားခြင်းဖြစ်သည်။

ပဲဈေးအတွင်းဝင်ရောက်လာသည့် ပို့ကုန်ပဲများ အနည်းငယ်ဈေးကျဆင်းသွားသော်လည်း အသစ်ဝင်ရောက်လာသည့် စွန်တာပြာ တစ်အိတ် ကျပ် ၁၃၅၀၀၀ ၊ ပဲဇီးကွက် တစ်အိတ်ကျပ် ၁၄၃၀၀၀၊နိုင်လွန်ပဲ-ပုဂံပဲတစ်အိတ် ကျပ် ၁၄၅၀၀၀၊ဘိုကိတ်ပဲတစ်အိတ် ကျပ် ၁၅၅၀၀၀၊ပဲထောပတ် ရှယ်သစ် တစ်အိတ် ကျပ် ၁၇၀၀၀၀၊ ကျွန်းစားတော်ပဲ တစ်အိတ်ကျပ် ၃၁၀၀၀၀၊ ပြည်တွင်းသုံး ကုလားပဲဗွီးတူး ကုလားပဲ တစ်အိတ်၅၇.၂၅ ပိသာ ကျပ်၁၃၅၀၀၀ ဖြင့် အမြင့်ဈေးရှိနေသည်။

Leave a Reply

Your email address will not be published.