Home lasted post

Tag: <span>lasted post</span>

Post
မြန်မာ-တရုတ်ကြားRCEPသဘောတူစာချုပ်စတင်အသက်ဝင်ပြီ

မြန်မာ-တရုတ်ကြားRCEPသဘောတူစာချုပ်စတင်အသက်ဝင်ပြီ

ရွှေမန်း မြန်မာနှင့် တရုတ်တို့အကြား RCEP သဘောတူစာချုပ် စတင်အသက်ဝင်ပြီဖြစ်ပြီး အကောက်ခွန်ဆိုင်ရာ ဦးစားပေး အခွင့်အရေးနှင့် အခြားခံစားခွင့်များကို စတင်ခံစားနိုင်ပြီ ဖြစ်ကြောင်းသိရသည်။ ဒေသတွင်း ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (Regional Compre-hensive Economic Partnership-RCEP) သဘောတူစာချုပ်၏ စာချုပ်အသက်ဝင်းခြင်းအရ မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ၂၀၂၂ ခုနှစ် မေလ (၁)ရက်နေ့မှ စတင်အသက်ဝင်ပြီဖြစ်ကြောင်း သိရသည်။ RCEP သဘောတူစာချုပ်ကို ပါဝင်လက်မှတ် ရေးထိုးခဲ့သည့် အာဆီယံ၏ မိတ်ဖက်နိုင်ငံများ အနက် တရုတ်နိုင်ငံက ပထမဆုံးအနေဖြင့် မြန်မာနိုင်ငံ၏ အသက်ဝင်ကြောင်း အကြောင်းကြားစာကို အသိအမှတ် ပြုခဲ့ပြီး မေလ ၁ ရက်နေ့မှ စတင်၍ RCEP သဘောတူစာချုပ်အောက်မှ တရုတ်နိုင်ငံမှ ပေးအပ်မည့် အကောက်ခွန်ဆိုင်ရာ ဦးစားပေး အခွင့်အရေးနှင့် အခြားခံစားခွင့်များကို...

Post
ပွင့်ဝေနေရမဲ့အစား..လွင့်ခြွေကြွေသွားတဲ့ပန်းကလေး

ပွင့်ဝေနေရမဲ့အစား..လွင့်ခြွေကြွေသွားတဲ့ပန်းကလေး

မင်းမင်းအောင်(စလင်း) ”ကလင်လင်”….”ကလင်လင်”…”ကလင်လင်”….. (၃)နာရီလောက်မှ…အိပ်ရာဝင်ခဲ့ရတယ်။ဖုန်းမြည်သံကြားလို့…ခေါင်းထဲကမကြည်မလင်..အိပ်ချင်မူးတူးနဲ့…ဖုန်းကိုင်လိုက်တော့…..”ဟလို…စလင်းကြက်ခြေနီကလားရှင့်”…”ဟုတ်…အမိန့်ရှိ..ပါ..ခင်ဗျ””ကျွန်မတို့ဆေးရုံ….သီးသန့်လူနာထားတဲ့အခန်းထဲက…ကိုဗစ်ရောဂါနဲ့…တစ်ယောက်…ဆုံး…သွားလို့ပါ…ရှင့်”….”အဲဒါ…မီးသင်္ဂြိုလ်ပေး..ဖို့…အကြောင်းကြားတာပါ…ရှင့်””ဘယ်အချိန်..လောက်..သင်္ဂြိုလ်ပေးနိုင်မလဲ…ရှင့်”…”ကာယကံရှင်တွေကို…အကြောင်းကြားရဦးမှာ…မို့ပါရှင့်””ဟုတ်..ဆရာမ..မြို့နယ်ကြက်ခြေနီ.တပ်ဖွဲ့မှူးနဲ့…တိုင်ပင်ပြီး…အကြောင်းပြန်ပေးပါ့မယ်…ခင်ဗျ” ပိုးတွေ့လူနာတွေကို..ကူညီသယ်ဆောင်ပေးနိုင်မဲ့သူတွေ…မရှိခဲ့ကြပါဘူး။ကျွန်တော်တို့မြန်မာနိုင်ငံကြက်ခြေနီအသင်းကတော့..အမျှော်အမြင်ကြီးစွာနဲ့..ကိုဗစ်ရောဂါ.ကူးစက်မှု..ကို..ကာကွယ်နိုင်တဲ့P.P.Eဝတ်စုံ..ဝတ်ဆင်နည်းတွေကိုအွန်လိုင်းကနေ…သင်တန်းပေးခဲ့ကြပါတယ်။အဲဒီတော့..ရောဂါပိုးကူးစက်သူ၊ထိစပ်သူတွေကိုကူညီသယ်ဆောင်ဖို့အတွက်ကျွန်တော်တို့ကြက်ခြေနီတွေကပဲ…လိုအပ်ချက်အရတာဝန်ယူ.ခဲ့ကြရပါတယ်။..ပိုးတွေ့လူနာတွေ၊ထိစပ်သူတွေကို…သီးသန့်ထားတဲ့ဆေးရုံနဲ့စင်တာတွေကို..ကူညီပို့ဆောင်ပေးရုံမကပဲ…ပိုးတွေ့လူနာတွေနေထိုင်ခဲ့တဲ့နေအိမ်တွေမှာ…ပိုးသတ်ဆေးဖြန်းပေးတဲ့ကိစ္စတွေကိုပါ…တာဝန်ယူကူညီနိုင်ခဲ့ကြပါတယ်။ သိမြင်လာပြီးကိုယ်ချင်းစာတတ်လာခဲ့ပါတယ်။ အတူမနေရတဲ့…ဆင်းရဲဒုက္ခ..အခုလို.ကိုဗစ်ရောဂါနဲ့…ဆုံးပါးသွားလို့..ပူဆွေးရတဲ့..ဆင်းရဲဒုက္ခ..တွေနဲ့..သောက.အပူမီးတွေ.ဆင့်ကဲဆင့်ကဲ.လောင်နေလိုက်ကြတာ….။ဒီကြားထဲ…ကိုဗစ်ရောဂါပိုးကြောင့်သေဆုံးခဲ့ရင်…ရောဂါပိုးကူးစက်မှုတွေဖြစ်လာနိုင်လို့.အကြောက်တရားတွေနဲ့..ဘယ်သူမှမကိုင်ရဲ..သင်္ဂြိုလ်ပေးရဲတဲ့သူက..မရှိ။ဒုက္ခဆင်းရဲတွေတစ်ပုံကြီးဖြစ်နေတဲ့..သူတွေရဲ့ဆင်းရဲဒုက္ခတွေကိုလျော့ချပေးရမဲ့..ကျွန်တော်တို့ကြက်ခြေနီတွေရဲ့..ရည်ရွယ်ချက်နဲ့အညီ..လိုအပ်ချက်တစ်ခုအရကျွန်တော်တို့..ကြက်ခြေနီ..စေတနာဝန်ထမ်းတွေ..အနေနဲ့ရောဂါပိုးကူးစက်ခဲရသူတွေ..ထိစပ်တွေကိုသယ်ယူပို့ဆောင်ရေးလုပ်ပေးဖို့တင်မကတော့ပဲ..ကိုဗစ်နဲ့သေဆုံးသူတွေရဲ့အလောင်းတွေကို..အန္တရာယ်ကင်းစွာနဲ့မီးသင်္ဂြိုလ်ပေးဖို့အတွက်ပါကူညီကြရပါတော့တယ်။ကိုဗစ်နဲ့သေဆုံးသူတွေရဲ့အလောင်းတွေကို…မီးသင်္ဂြိုလ်ဖို့အတွက်.P.P.E..ဝတ်စုံတွေ..ဝတ်ပြီးကိုင်တွယ်ထုတ်ပိုးမှုတွေ..ပြုလုပ်ကြရလို့မိသားစုတွေမှာ…ကိုင်တွယ်ထိတွေ့ခွင့်တွေ..မရကြ..တဲ့အပြင်…သေဆုံးသူအလောင်းကို..ဆေးအထပ်ထပ်ဖြန်းပြီးစနစ်တကျ..လုံခြုံအောင်ထုတ်ပိုးကြရတာမို့..မျက်နှာလေးတောင်..ကြည့်ခွင့်မရတဲ့…အဖြစ်။အားရပါးရ…ဖက်ပြီး..ငိုခွင့်မရတဲ့အဖြစ်….။သူတို့လေးတွေရဲ့..စိတ်ထဲမှာထိခိုက်စွာခံစားနေရတဲ့..စိတ်ဒဏ်ရာတွေကိုလည်း…စိတ်ပိုင်းဆိုင်ရာအားပေးမှုတွေပြုလုပ်ပေးကြရပြန်ပါတယ်။ကျွန်တော်တို့မြို့လေးမှာတော့…ဒုတိယလှိုင်း၊တတိယလှိုင်းနဲ့ခု..မျိုးဆက်သစ်..”အိုမီခရွန်”..ကာလတွေမှာရောဂါပိုးကူးစက်ခံရသူနဲ့သေဆုံးသူတွေကို..ထိတွေ့ကိုင်တွယ်ကြရတဲ့..စေတနာဝန်ထမ်းအဖွဲ့..ကတော့ကျွန်တော်တို့ကြက်ခြေနီတွေပဲရှိကြပါတယ်။”မလိုအပ်ပဲ..အင်အားမသုံးပါနဲ့”ဆိုတဲ့မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့..အမှာစကားကြောင့်…ကျွန်တော်တို့..စလင်းကြက်ခြေနီအနေနဲ့…ကိုဗစ်ရောဂါကူးစက်သူတွေနဲ့သေဆုံးသူတွေကို.ထိတွေ့ကိုင်တွယ်ဖို့…မိမိဆန္ဒအလျှောက်..စေတနာဝန်ထမ်းဖို့…ဆန္ဒပြုကြတဲ့သူတွေထဲက…လေးဦးကိုရွေးချယ်…ပြီးထိထိရောက်ရောက်…ကူညီ.နိုင်.ခဲ့ကြ..ပါတယ်။ မြို့သူမြို့သားတွေက…ချစ်စနိုးနဲ့အမည်ပေးထားခြင်းကိုခံလိုက်ကြရပြန်ပါတယ်…”စလင်းတွတ်ပီ…လေးယောက်”..တဲ။တတိယလှိုင်းမှာအောက်စီဂျင်လိုအပ်မှုတွေများခဲ့လို့…နောက်နောင်မဖြစ်ရအောင်ဆိုပြီး…မြို့မိမြို့ဖများရဲ့ကြိုးပမ်းအားထုတ်မှု၊ကြောင့်အောက်စီဂျင်စက်ရုံတစ်ခုဆောက်လုပ်သုံးစွဲခွင့်ရလာတော့လည်းကျွန်တော်တို့စလင်းတွတ်ပီတွေ…ကပဲတာဝန်ယူ…လည်ပတ်ပေးနေ..ရ..ပြန်ပါတယ်။”ကလင်လင်”….”ကလင်လင်”…”ကလင်လင်”….အတွေးတွေထဲ…နစ်မြောပြီးပြုံးမိနေတုန်း….ဖုန်းဝင်လာလို့..နီတည်လိုက်တော့….မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူးဆီက…ဖုန်း။”ဟယ်လို…ဟုတ်…တပ်ဖွဲ့မှူး..အော်…ဟုတ်ကဲ့…ဟုတ်ကဲ့…အခုထွက်ခဲ့ပါမယ်….ခင်ဗျ”…..”အိုမီခရွန်”…ကူးစက်ခံရပြီး…သေဆုံးတဲ့…အသက်အငယ်ဆုံး…မိန်းကလေးရဲ့..အလောင်းကို….မီးသင်္ဂြိုလ်ပေးရဖို့…ဆေးရုံကို…”စလင်းတွတ်ပီလေးယောက်”သွားခဲ့ကြရပြန်ပါတယ်။”အမေကမရှိတော့ဘူး”….”မွေးချင်းငါးယောက်”…”အကိုလေးယောက်ရဲ့အငယ်ဆုံးညီမလေး”..တဲ့။…တစ်ဦးတည်းသောညီမလေးမို့အကိုတွေကဘယ်လောက်တောင်ဝိုင်းပြီးချစ်ကြမလဲ။.မိသားစုထဲမှာတစ်ယောက်ထဲသောမိန်းကလေး…..မို့ဘယ်လောက်များတန်ဖိုးထားလိုက်ကြမလဲ။ရက်စက်လိုက်တာ…ကိုဗစ်ရယ်။”အမည်က…..မစုပုံချစ်”….”အသက်က(၂၁)နှစ်”…..”နေရပ်က… ”…….”ရွာ။ဟောဗျာ..ရွာက….မြို့နဲ့နီးနီးလေး။”သူ..ငယ်ငယ်လေးထဲက…အမေကဆုံးသွားတာ”။အော်..ကံကြမ္မာရယ်လုပ်ရက်လိုက်တာ။.”မိတစ်ဆိုးလေးဆိုတော့ဝိုင်းပြီးချစ်လိုက်ကြတာ”…”အလိုလိုက်ချက်ကလည်းမျက်နှာတစ်ချက်အညိုးမခံကြဘူး”…တဲ့။ဟော..အဲ့လိုကျတော့လည်း…လောကကြီးက…မျက်နှာသာပေး..ပြန်ရော။ကောင်မလေး…ငယ်ငယ်လေးကတည်းက….နှလုံးရောဂါသည်လေးဖြစ်နေပေမဲ့…ပုံမှန်စားရမဲ့ဆေးတောင်သူတို့ညီမလေးမစားချင်ရင်…စိတ်ဆင်းရဲမှာစိုးလို့…..မကျွေးခဲ့ကြဘူး…ဆိုပဲ။နှလုံးရောဂါကို…စနစ်တကျ…ကုသမှုမလုပ်ခဲ့လေတော့….ရောဂါမွေးထားသလိုဖြစ်နေတာ…ကို…အချစ်ကြီးချစ်ကြတဲ့…မိသားစုတွေ..သတိမထားမိခဲ့ဟန်တူပါသည်။ကိုဗစ်(၁၉)မျိုးဆက်သစ်”အိုမီခရွန်”ကူးစက်ခံနေရပြီလို့ယူဆမိကြပေမဲ့…..သူတို့ညီမလေးရဲ့…စိတ်ချမ်းသာမှုကိုရှေးရှုပြီး…ဆေးရုံဆေးခန်းတွေမှာစနစ်တကျကုသမှုတွေ…ပြုလုပ်ဖို့…ပျက်ကွက်ခဲ့ကြပြန်တယ်။”အိုမီခရွန်က..မပြင်းထန်ပါဘူးသာမန်ရာသီတုတ်ကွေးလိုပဲ….သူ့ဘာသာသူ…သက်သာသွားမှာ”….လို့လဲ…ပါတ်ဝန်းကျင်မှာပြောဆိုနေကြ….တာ…ကို။”မနေ့ကမှ…အသက်ရှူတွေကျပ်…အောက်စီဂျင်တွေကျ…ပြီးအမောဖောက်နေလို့….ဆေးရုံကိုပို့လိုက်ရတာ…ဒီနေ့မနက်စောစောမှာ…ဆုံးသွားတာ”။ကျန်းမာရေးအသိတွေနည်းပြီး…နောက်ဆုံးအချိန်တွေ…မှဆေးရုံကိုရောက်လာ….တော့…ဆရာဝန်တွေသူနာပြုတွေအစွမ်းကုန်ကြိုးစားကြပေမဲ့အချိန်မမီတော့…လက်လျော့လိုက်ကြရတာပေါ့။ဒီကြားထဲ….ပြောလိုက်ကြသေးတယ်…”ဆေးရုံရောက်ရင်…သေတာပဲ”…တဲ့။ ကျွန်တော်တို့…အဖွဲ့တွေ..P.P.Eဝတ်စုံတွေဝတ်ပြီး…ကိုဗစ်လူနာသီးသန့်ထားတဲ့..အခန်းထဲကိုဝင်ပြီး…သေဆုံးသူရဲ့အလောင်းကို…ဆေးအထပ်ထပ်ဖြန်း…စနစ်တကျအထပ်ထပ်ထုတ်ပိုးပြီး…ဆေးရုံမှလူနာတင်ယာဥ်တစ်စီး၊ကြက်ခြေနီလူနာတင်ယာဥ်နှစ်စီးတို့နှင့်ဆေးရုံမှမီးသင်္ဂြိုလ်စက်ရှိရာသို့…ထွက်ခွာခဲ့ကြပါတယ်။လမ်းတစ်လျောက်မှာအရေးပေါ်လူနာတင်ယာဥ်ရဲ့အမှတ်အသားအသံ”တီးတောင်..တီးတောင်…တီးတောင်”နဲ့သုံးစီးပြိုင်ဖွင့်ပြီး…ဖြေးဖြေးချင်းမောင်းနှင်ခဲ့ကြပါတယ်။ဒီအသံတွေကြားတဲ့သူတိုင်း…ရောဂါတွေကူးစက်နေကြတုန်းပါ…သေဆုံးသူတွေရှိနေဆဲပါ…နောက်ဆုံးခရီးမှာ..ဒီလိုအဖြစ်ဆီုးမျိုးတွေမဖြစ်ရလေအောင်…ကျန်းမာရေး..အသိရှိကြပါ…လို့ကျွန်တော်တို့သတိပေးနေကြတာပါ။”မသာတစ်ခေါက်…ကျောင်းဆယ်ခေါက်”ဆိုတဲ့စကားပုံအတိုင်းသာဆိုရင်…ကွန်တော်တို့…အခေါက်ပေါင်းများစွာမီးသင်္ဂြိုလ်ပေးခဲ့ကြရလို့…ကုသိုလ်တွေမနည်းတော့ပါဘူး…သံဝေဂ…တွေလည်းရလှပါပြီ။မီးသင်္ဂြိုလ်စက်ရောက်တော့…ငိုလိုက်ကြတဲ့.ဗမွးချင်းတွေ…အကိုတွေ..တိုင်နဲ့ခေါင်းနဲ့ဆောင့်သူတွေဆောင့်၊နံရံကိုလက်သီးနဲ့ထိုးတဲ့သူတွေကထိုး…ဝမ်းနည်းကျေကွဲနေလိုက်ကြတာ။သူတို့ညီမလေးကို…သူတို့ကချစ်ခဲ့ကြတယ်လို့..ထင်နေကြပေမဲ့..ချစ်ရာမရောက်နှစ်..ရာရောက်..သွားတယ်ဆိုတာကိုရောသိမှသိကြပါ့မလား။ကိုဗစ်လူနာအလောင်းကို..ကားပေါ်ကနေ..ချကတည်းကပိုးသတ်ဆေးလိုက်ဖြန်းရပါတယ်။မီးသင်္ဂြိုလ်စက်ထဲကိုအလောင်းထည့်ခဲ့ပြီးပြန်ထွက်လာတာနဲ့..အဖွဲ့သားတွေအားလုံးကို..ပိုးသတ်ဆေးနဲ့..ဖြန်းပြီး..P.P.Eဝတ်စုံတွေကို..စနစ်တကျလေ့ကျင့်သင်ကြားထားတဲ့အတိုင်းချွတ်ပြီး…မီးရပစ်လိုက်ကြပါတယ်။မီးသင်္ဂြိုလ်စက်က..ထွက်လာတဲ့..မီးခိုးမဲမဲတွေ..ထိုကတဆင့်..မီးခိုးဖြူဖြူတွေ..တလိမ့်လိမ့်နဲ့…မိုးကောင်းကင်ပေါ်ကို..လွင့်တက်..သွားနေပါတော့တယ်။အသက်(၂၁)နှစ်အရွယ်သမီးလေး..ရဲ့ခန္တာကိုယ်ကိုစွဲလောင်နေတဲ့မီးခိုးဖြူဖြူတွေ…ကောင်းကင်ယံထက်…တိုးဝှေ့..ထိုးတက်…ရင်း..နှုတ်ဆက်.ခွဲထွက်…နေပြီလေ။ဒီအသက်အရွယ်လေးတွေက…အပင်ပေါ်မှာရနံမွှေးမွှေး…မာန.လေးတွေနဲ့လှသွေးကြွယ်စွာ…ပွင့်ဝေဖြာနေရမဲ့..အချိန်လေးပါ။ခုတော့လည်း..ကျန်းမာရေးအသိတွေနည်း..ခဲ့ရလို့မွှေးရနံမဖြာ…မာနတွေခဝါချ..လို့လွင့်ကြွေကာ…ကျခဲ့ရရှာပေါ့လေ။.ကိုရိုနာဗိုင်းရပ်(ကိုဗစ်)က..ဘယ်တော့မှပြီးသွားတယ်လို့ရှိမှာမဟုတ်ဘူး….ဘယ်လိုအတူယှဥ်တွဲနေထိုင်ရမလဲဆိုတာကိုပဲ…လေ့လာသင်ယူနေကြရမှာပါ။နောက်ထပ်ပန်းကလေးပေါင်းများစွာလည်း…ကိုဗစ်…ချွေလို့..မကြွေ…ကိုယ်ချစ်တဲ့သူတွေနဲ့..အတူတူနေပြီးမွှေးရနံတွေနဲ့…ပင်ယံထက်မှာဝေဖြာနိုင်ကြရအောင်….ကျန်းမာရေးအသိ၊ကျန်းမာရေးသတိတွေရှိကြပါ…လို့တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း။ ။

Post
အခါမဲ့ရွာသွန်းခဲ့သည့် မုန်တိုင်းမိုးကြောင့် ကြက်သွန်နီခင်းအများအပြား ပျက်စီးခဲ့

အခါမဲ့ရွာသွန်းခဲ့သည့် မုန်တိုင်းမိုးကြောင့် ကြက်သွန်နီခင်းအများအပြား ပျက်စီးခဲ့

ဝေနှင်းခက် မတ် ၂၂ ရက်နှင့် ၂၃ ရက်နေ့များက အချိန်အခါမဲ့ရွာသွန်းခဲ့သည့် မုန်တိုင်းမိုးကြောင့် မကွေးတိုင်း ဒေသကြီးရှိ ချောင်းများအတွင်း စိုက်ပျိုးထားသော ကြက်သွန်နီခင်းအများအပြား ပျက်စီးခဲ့ပြီး ပိဿာချိန် သန်းနှင့်ချီ ဆုံးရှုံနိုင်သည်ဟု ဒေသခံတောင်သူများနှင့် ကြက်သွန် လုပ်ငန်းရှင်များထံမှ သိရသည်။ ဇန်နဝါရီလပိုင်းက စတင်စိုက်ပျိုးခဲ့သည့် ကြက်သွန်ခင်းများကို မတ်လကုန်၊ ဧပြီလပိုင်းများတွင် ပြန်လည်နုတ်သိမ်း ရလေ့ရှိကြောင်း မုန်တိုင်းမိုးများကြောင့် အဆိုပါချောင်းများအတွင်းရှိ ကြက်သွန်ခင်းများ မျောပါခြင်း၊ ရေဝင်နစ်မြုပ်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။ မကွေးတိုင်းဒေသကြီးအတွင်း ယော၊ ဆော၊ မုန်း၊ မန်း၊ စလင်း၊ ပင်း၊ ယင်း၊ ဒေါင်းနေ၊ ဗွက်ကြီး စသည့်ချောင်းများအတွင်း နှစ်စဉ် ပွင့်လင်းရာသီတိုင်း ကြက်သွန်နီ စိုက်ပျိုးလေ့ရှိသည်ဟုသိရသည်။ ကြက်သွန်နီ၏ သဘာဝအရ ရေမြုပ်သည်နှင့် အထားမခံဘဲ ပုပ်ကုန်လေ့ရှိသဖြင့် ရေမြုပ်ခဲ့သည့် ကြက်သွန်ခင်းများကို သက်တမ်းမစေ့ဘဲ...

Post
ပြည်တွင်းသုံးကုလားပဲများ နှင့် ပဲများလိုင်းများ ဈေးမြင့်တက်လာရာ ယခင်နှစ်ကာလတူပေါက်ဈေးထက် ၂ဆ ကျော်ဈေးဖြစ်လာတာကြောင့် ပဲကုန်သည်များ အရင်းအနှီးကြီးမြင့်လာ

ပြည်တွင်းသုံးကုလားပဲများ နှင့် ပဲများလိုင်းများ ဈေးမြင့်တက်လာရာ ယခင်နှစ်ကာလတူပေါက်ဈေးထက် ၂ဆ ကျော်ဈေးဖြစ်လာတာကြောင့် ပဲကုန်သည်များ အရင်းအနှီးကြီးမြင့်လာ

ရွှေမန်း ပြည်တွင်းသုံးကုလားပဲများ နှင့် ပဲများလိုင်းများ ဈေးမြင့်တက်လာရာ ယခင်နှစ်ကာလတူ ပေါက်ဈေးထက် ၂ဆ ကျော် ဈေးဖြစ်လာတာကြောင့် ကုန်သည်များ အရင်းအနှီးကြီးမြင့်လာကြောင်း ပဲကုန်သည်များထံမှသိရသည်။ ယခုသီတင်းပတ်တွင် ပို့ကုန်ပဲများ ဈေးငြိမ်နေသော်လည်း ပြည်တွင်းသုံး ကုလားပဲများနှင့် ပဲမာလိုင်းများမှာ ရန်ကုန် အဝယ်နှင့် လှောင်သမား အဝယ်များ ကြောင့် မတ်လ ၁၀ ရက်နေ့တွင် ပဲအမျိုးအစားလိုက် သုံးတင်းဝင် တစ်အိတ် ကျပ် ၅၀၀၀ မှ ကျပ် ၂၀၀၀၀ အသီးသီး ဈေးမြင့်တက်လာကြောင်း ယခုနှစ်တွင် ပဲမျိုးစုံ ပေါက်ဈေးမှာ ယခင်နှစ်ထက် ၂ ဆ ကျော် ဈေးမြင့်တက်နေခြင်း ကျွန်းစားတော်ပဲများမှာ ၃ ဆ ခန့် ဈေးမြင့်တက်လာတာကြောင့် ပွဲစားကုန်သည်များ ငွေ အရင်းအနှီးကြီးလာကြောင်း အရောင်းအဝယ် လည်ပတ်ငွေ...

Post
ကိန်းဂဏန်းတွေက ခေါင်းလောင်းထိုးလာနေ

ကိန်းဂဏန်းတွေက ခေါင်းလောင်းထိုးလာနေ

ကောင်းဆက်ဇော် အမှန်ကို မသိတာ ပိုအန္တရာယ်ကြီးတယ်။ တမြို့လုံး ဇွန်ဘီဖြစ်မှန်းမသိ ဖြစ်ကုန်ပြီး၊ ဇွန်ဘီ မကြောက်သလို ဖြစ်နေတာလားလို့ တွေးမိတယ်။အရေအတွက်တွေက အန္တရာယ်ကို ပြနေပါပြီး။ မြင်ရတဲ့ကိန်းဂဏန်းတွေက စိုးရိမ်ရေမှတ်ကို ပြလာနေပြီလို့ တွေးမိရင်၊ မမြင်ရတဲ့ ဂဏန်းတွေက အမှောင်ထုကို ညွှန်ပြနေတာပဲ ဖြစ်ပါတယ်။ ကိန်းဂဏန်းအရေအတွက်တွေကို မမြင်ရလေ၊ မှန်းဆနိုင်ရုံပဲ ရှိနေလေ၊ အကြောက်တရားထဲမှာ စိတ်ထင်မြင်ချက်တွေနဲ့ ရပ်တည်နေရလေ ရောဂါအန္တရာယ်ကိုတကယ်တန်း သတိမပြုမိပဲ၊ မကာကွယ်ပဲ ပိုပြီးဖိတ်ခေါ်နေလေ ဖြစ်နေမယ်။ မသိတော့ မကြောက်၊ မကြောက်တော့ မသိမှုနဲ့နေထိုင်၊ မသိမှုနဲ့ နေထိုင်တော့ အန္တရာယ်က ပိုပျံ့နှံဆိုတာလို ဖြစ်နေတယ်။မှန်းဆဝါးပြီး အန္တရာယ်ကို ရင်ဆိုင်တာထက် ကိန်းဂဏန်းအမှန်တွေကို သိပြီး ကာကွယ်တာ၊ ကုသတာက ပိုထိရောက်မှာ ဖြစ်တယ်။ SARS-CoV-2 Variant Omicron (အိုမီခရွန်)...