မြန်မာ့ပို့ကုန်များ တရုတ်ဈေးကွက်ကို မှီခိုနေရဆဲဖြစ်ကြောင်း ပို့ကုန်အများဆုံးတင်ပို့နေ

ရွှေမန်း

ပြီးခဲ့တဲ့ မီနီဘတ်ဂျက် ၆ လအတွင်း တရုတ်နိုင်ငံက မြန်မာ့ပို့ကုန်လုပ်ငန်းရှင်တွေ အဓိကမှီခိုနေရသည့် ဈေးကွက်တစ်ခုအဖြစ် ရှိနေဆဲဖြစ်ပြီးပို့ကုန်အများဆုံးတင်ပို့နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC)ရဲ့ တရားဝင်အချက်အလက်တွေထုတ်ပြန်ထားသည်။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှ ယခုနှစ် မတ်လကုန်အထိ တရုတ်နိုင်ငံက မြန်မာအတွက် အကြီးမားဆုံး ပို့ကုန်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ပြီး ပြည်ပပို့ကုန်စုစုပေါင်းရဲ့ ၂၄ ရာခိုင်နှုန်းအထိ တင်ပို့နေထား​သည်။

ဒီပမာဏက ၆ လအတွင်း ကန်ဒေါ်လာ ၁.၉၈ ဘီလီယံတန်ဖိုးရှိတဲ့ ပို့ကုန်ရငွေဖြစ်ပြီး ၂၀၁၉-၂၀၂၀ ၊ ၂၀၂၀-၂၁ စတဲ့ ဘဏ္ဍာနှစ်တွေမှာလည်း မြန်မာနိုင်ငံရဲ့ ပို့ကုန်နိုင်ငံစာရင်းတွင် ထိပ်ဆုံးမှာ ရပ်တည်ခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံကို ကုန်ပစ္စည်းတင်ပို့မှုက ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ ကန်ဒေါ်လာ ၅.၄၂ ဘီလီယံကျော်၊ နိုင်ငံ့ပို့ကုန်စုစုပေါင်းရဲ့ ၃၃.၆ ရာခိုင်နှုန်းရှိခဲ့သလို ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာလည်း ပို့ကုန်စုစုပေါင်းရဲ့ ၃၃.၇ ရာခိုင်နှုန်း၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၅.၁၇ ဘီလီယံအထိ ရရှိခဲ့ကြောင်းသိရသည်။

မြန်မာနိုင်ငံရဲ့ လက်ရှိ ပို့ကုန်ကဏ္ဍက စိုက်ပျိုးရေးနဲ့ ကုန်ထုတ်ကဏ္ဍအပေါ် အဓိကမှီခိုနေရဆဲပြီး ကုန်သွယ်မှုလိုငွေ လျှော့ချရေး၊ ပို့ကုန်မြှင့်တင်ရေး၊ သွင်းကုန်အစားထိုးခြင်းတို့ကို ဆောင်ရွက်နေကြောင်း စီးပွား/ကူးသန်း ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။
တရုတ်-မြန်မာကုန်သွယ်ရေးတွင် တရုတ်နိုင်ငံက နယ်စပ်တစ်လျှောက်ကုန်သွယ်မှုကို ယခင်လို နယ်စပ်ကုန်သွယ်မှုကိုရပ်ဆိုင်းလိုက်ပြီး နိုင်ငံတကာ ကုန်သွယ်မှုပုံစံအတိုင်း ပုံမှန်ကုန်သွယ်ရေး မှုဝါဒအတိုင်း​ပြောင်းလဲဆောင်ရွက်လာသည်။

Leave a Reply

Your email address will not be published.