မကွေး စက်တင်ဘာ ၂
“Covid 19ကပ်ရောဂါ ပြည်တွင်းကူးစက်မှုမြင့်မားနေသည့်အတွက်
ရခိုင်ပြည်နယ် အမ်းမြို့ဘက်ကနေမကွေးတိုင်းကို ဖြတ်သန်းသွားလာနေကြတဲ့ကုန်တင်ကားတွေကိုစုစည်းပြီး မကွေးတိုင်းအဆုံးထိ ရဲတပ်ဖွဲ့ပွိုင့်ကားနဲ့ လိုက်ပါပို့ဆောင်ပေးနေတယ်လို့ မကွေးတိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။
“ရခိုင်ပြည်နယ်ဘက်ကလာတဲ့ ကုန်ကားတွေ မကွေးတိုင်းကိုဖြတ်သန်းကြတဲ့အခါ လမ်းခရီးမှာနားတာ၊ ကားသမားတွေလမ်းဘေးဆိုင်တွေ၊ ရွာတွေမှာလမ်းဆင်းလျှောက်တာတွေ မပြုလုပ်စေဖို့ ကုန်ကားတွေကိုစုပြီး တိုင်းနယ်နမိတ်အဆုံးအထိ ရဲတပ်ဖွဲ့ပွိုင့်ကားတွေနဲ့ လိုက်ပါပို့ဆောင်ပေးတာဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့မှူးရဲမှူးကြီးလှိုင်တင့်က ပြောပါတယ်။
“ကုန်တင်ကားတွေအနေနဲ့ မကွေးတိုင်းအတွင်းမှာ ဆီဖြည့်လိုပါကလည်းဆီဆိုင်တစ်ဆိုင်ကို သီးသန့်သတ်မှတ်ပေးထားတယ်လို့သိရပါတယ်၊ ကုန်ကားတွေအနေနဲ့ပုလင်းခွံတွေ၊ ဂဏန်းပုစွန်၊ သစ်သီး၊ ဆန်၊ဖွဲနု၊ ကတ္တူ၊ စပါး၊ ဇကွဲ၊ သံတိုသံစ၊ ငါး၊ကြက်ဥ၊လသီဟိုစေ့တွေကို သယ်ဆောင်တာများတယ်လို့ သိရပါတယ်။
“ကိုဗစ်ဖြစ်ပွားမှုကြောင့် ကုန်ကားမောင်းသူတွေအနေနဲ့လည်း လမ်းခရီးမှာအခက်အခဲတွေကြုံတွေ့ရတယ်လို့ သိရပါတယ်၊ ဂိတ်တွေအဆင့်ဆင့်မှာ ရပ်နားစစ်ဆေးတာဖြစ်တဲ့အတွက် အစားအသောက်အခက်အခဲတွေလည်းကြုံတွေ့ရတယ်လို့ မင်းဘူးခရိုင် ငဖဲမြို့နယ်ပဒါန်းကျေးရွာ ပျဥ်းဝဂိတ်မှာ အစစ်ဆေးခံနေတဲ့ ရန်ကုန်-အမ်းကုန်ကားမောင်းသူ ကိုကျော်ခိုင်ကပြောပါတယ်။
“ရခိုင်ပြည်နယ်ကနေ မကွေးတိုင်းကိုဖြတ်သန်းသွားလာတဲ့ ကုန်တင်ကားတွေကိုသြဂုတ်လ(၂၆)ရက်နေ့မှ (၃၁)ရက်နေ့အ
ထိ အစီးပေါင်း(၂၄၅)စီးကို ရဲလုံခြုံရေးပွိုင့်ကားနဲ့ လိုက်ပါပို့ဆောင်ပေးထားကြောင်း၊ ရန်ကုန်ဘက်ကိုသွားတာ(၇၁)စီး၊ မန္တလေးဘက်သွားတာ(၅၈)စီး၊ ရှမ်းပြည်ဘက်သွားတာက(၁၁၆)စီးဖြစ်တယ်လို့ မကွေးတိုင်းရဲတပ်ဖွဲ့မှ သိရပါတယ်။
ရွာသား(မကွေး)
မကွေးဂျာနယ်
FlashNews:
ပြည်ပ တင်ပို့နိုင်ရန် ပို့ကုန်အရည် အသွေး ရှိသော မြန်မာ့ စိန်တလုံး သရက်သီးများကို စျေးကောင်းပေး ဝယ်မည်
မြန်မာ့စိန်တလုံး ပြည်တွင်းဈေးကွက်တွင် ဈေးကောင်းရနေမန္တလေး ဧပြီ ၂၂
သုဓမ္မာဇရပ် ၁၅ ဆောင်မှ ယာယီနေထိုင်သူများအား ကုသိုလ်တော်ဘုရားဝင်းနှင့် အထက (၁၇) ကျောင်းဝင်းအတွင်းပြောင်းရွေ့နေရာချထား
မန္တလေး ဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၄၂၀ ဦး ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရ
ပြင်းထန်ငလျင်ကြီးလှုပ်ရှားပြီးနောက်ပိုင်း နောက်ဆက်တွဲငလျင်လှုပ်ရှားမှု ၉၀ ကျော်ရှိ
မန္တလေးတိုင်းဒေသကြီးတွင် နေရာကွက်ကျားနင့် နေရာကျဲကျဲ မိုးရွာသွန်းနိုင်ပြီး မုန်တိုင်းဖြစ်ပေါ်နိုင်မှု အခြေအနေမရှိသေးဟုဆို
သူနဲ့ မျိုးဆက်သစ်တို့ ကမ္ဘာသူရဲ့ အလင်းဆုံးလင်းတဲ့ နေရာဆီ
သူ့ရဲ့ ကဗျာပန်းပွင့်သူနဲ့ အလွမ်းပြာည
ပြောင်းစျေးနှုန်းကောင်းမွန်နေပြီး မတ်ပဲ၊ပဲစင်းငုံ စျေးနှုန်းသိသိသာသာပြောင်း လဲမှုမရှိ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
ပြည်ပပို့ကုန်ပဲအမျိုးအစားများဖြစ်သည့် ပဲစင်းငုံနှင့် မတ်ပဲ စျေးနှုန်းတည်ငြိမ်နေ
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ၁၅ ကျပ် စျေးကျဆင်း
သူနဲ့ မေတ္တာ သံစဉ်၊ သူ့ရဲ့နှငါးဖြူလေး
၁၁ လတာအတွင်း ဆန်တင်ပို့မှုမှဒေါ်လာ ၁၀၈၇ သန်း ရရှိကြောင်း MRF ထုတ်ပြန်
ပို့ကုန်ပဲများ ဈေးပြန်မြင့်တက်လာသလို အသစ်ဝင် ကုလားပဲများ အဝယ်သွက်နေ
နွေသီးနှံအဖြစ် ကန်စွန်းဥများကို အများဆုံးပြန်လည်စိုက်ပျိုး
စိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များ အသုံးပြုသင့်
စိုက်ခင်းများတွင် ဖျက်ပိုးအန္တရာယ်ကာကွယ်ရန်အတွက် မီးထောင်ချောက်များ အသုံးပြုသင့်
စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း နှစ်ပတ်ဆက်တိုက်စျေးတည်ငြိမ်နေ
သတင်းများ
“ရခိုင်ပြည်နယ်ဘက်မှ မကွေးတိုင်းကိုဖြတ်သန်းသွားနေတဲ့ ကုန်တင်ယာဥ်တွေကိုစုစည်းပြီး ရဲတပ်ဖွဲ့ပွိုင့်ကားဖြင့် တိုင်းနယ်မြေအဆုံးထိ လိုက်ပါပို့ဆောင်ပေးနေ”

Leave a Reply